International UCL&UEL

မက်ဆီကို ဆုပေးလိုက်ပြီး ပြင်သစ်မဂ္ဂဇင်းရဲ့ ပျားရည်နဲ့ ဝမ်းချခံသူ လီဗန်ဒေါ့ဗ်စကီး

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ပေးအပ်တဲ့ ၂၀၂၁ ခုနှစ်အတွက် ဘယ်လွန်ဒေါဆုကိုတော့ ကြိုတင်ပေါက်ကြားထားခဲ့တဲ့အတိုင်း ပီအက်စ်ဂျီနဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီကပဲ ရရှိသွားခဲ့ပြီး ဘောလုံးကမ္ဘာမှာတော့ ဒီဆုအတွက် ကန့်ကွက်ပြစ်တင်သံတွေနဲ့ ဟားတိုက်သံတွေလည်း ဆူညံနေခဲ့တာဖြစ်ပါတယ်။

တချို့ကတော့ ဒီဆုဟာ ကိုပါအမေရိကဖလားကို တစ်သက်နဲ့တစ်ကိုယ် တစ်ခါတောင် မနည်းရအောင် ကုတ်ကပ်ရယူအပြီးမှာ ဒီဆုကို နာမည်ကြီးမှု တစ်ခုတည်းနဲ့ ၇ ကြိမ်မြောက် ရယူခဲ့တာဟာ သူ့အတွက် ဂုဏ်သိက္ခာရှိတဲ့ ဆုမဖြစ်ဘဲ ဂုဏ်သိက္ခာကျစရာအဖြစ် ရှုတ်ချခံရစရာဆုကို ရယူလိုက်တာလည်းဖြစ်တယ်လို့ ဝေဖန်သံတွေ ထွက်နေခဲ့သလို လီဗန်ဒေါ့စကီးနဲ့ ဂျော်ဂျင်ညိုတို့လို ပရိသတ်အကြိုက် ကစားသမားနှစ်ဦး ရှိနေလျက်နဲ့ မျက်နှာပြောင်တိုက်တဲ့ လုပ်ရပ်လို့လည်း အပြောအဆိုခံနေရတာပါ။

ဘယ်လွန်ဒေါဆုကို မက်ဆီရအောင်နဲ့ လူတွေကို လက်ခံလာနိုင်အောင်လုပ်ဖို့ ဒီနှစ်မှာမှ စတင်ဖန်တီးလိုက်တဲ့ Best Striker of the Year ဆုကို ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၁ ဂိုးသွင်းတဲ့ လီဗန်ဒေါ့ဗ်စကီးအတွက် ပေးအပ်ခဲ့ပေမယ့် ပရိသတ်တွေအတွက် ပိုကြီးတဲ့ အဖုအထစ်ဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရို ၂၀၂၀ ချန်ပီယံဆုရ ဂျော်ဂျင်ညိုအတွက် ဘာမှ ပါမလာခဲ့တာကတော့ ဟားတိုက်စရာဖြစ်ခဲ့ရပါတယ်။

လာလီဂါအမှတ်ပေးဖလားလိုဆုမျိုး၊ ဥရောပအဆင့် ကလပ်အသင်းအောင်မြင်မှုမျိုး ဘာမှ မရခဲ့တဲ့ မက်ဆီဟာ ဆယ်သင်းထဲ ပြိုင်ပြီး တစ်ခါမှ မရဖူးတဲ့ ကိုပါအမေရိကဆုကို ရခဲ့ချိန်မှာ ၂၄ သင်းပြိုင်ပြီး ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့ ယူရိုဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူခဲ့တဲ့ ဂျော်ဂျင်ညိုရဲ့ စွမ်းရည်နဲ့ နှိုင်းယှဉ်ရင် နိမ့်ပါးနေချိန်မှာ လီဗန်ဒေါ့ဗ်စကီးရဲ့ စွမ်းရည်နဲ့ နှိုင်းယှဉ်ရင်လည်း ခပ်ဆိုးဆိုးပဲဖြစ်နေခဲ့တာပါ။

တရားဝင် ထုတ်ပြန်ခဲ့တဲ့ အမှတ်ပေးမှုတွေမှာတော့ မက်ဆီက ၆၁၃ မှတ်၊ လီဗန်ဒေါ့ဗ်စကီးက ၅၈၀ မှတ်နဲ့ ဂျော်ဂျင်ညိုက ၄၆၀ မှတ် အသီးသီး ရရှိခဲ့ပြီး ထိပ်ဆုံးသုံးဦးအဖြစ် ရပ်တည်ခဲ့သလို ပြင်သစ်သားတွေဖြစ်ကြတဲ့ ဘန်ဇီးမားက ၂၃၉ မှတ်နဲ့ အန်ဂိုလို ကွန်တေက ၁၈၆ မှတ်ရရှိခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ အဆင့် ၆ မှာ ၁၇၈ မှတ် ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အမျိုးသမီးအကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballon d’Or Féminin ဆုကိုတော့ ဘာစီလိုနာနဲ့ စပိန်တိုက်စစ်မှူး အလက်ဆီယာ ပူတယ်လာက ၁၈၆ မှတ်နဲ့ ရရှိသွားခဲ့ပြီး သူ့ရဲ့ နိုင်ငံအသင်းဖော် ဂျနီဖာ ဟာမိုဆိုက ဒုတိယနေရာမှာ ၈၄ မှတ်၊ အာဆင်နယ်ရဲ့ ဗီဗီယန် မီဒမ်မာနဲ့ ချဲလ်ဆီးရဲ့ ဆမ် ကားရ်တို့က အဆင့် ၃ နဲ့ ၄ မှာ ၄၆ မှတ်စီနဲ့ ရပ်တည်ခဲ့ပြီး ဘာစီလိုနာနဲ့ ဒတ်ချ်တိုက်စစ်မှူး လီကီ မာတင်စ်ကတော့ ရမှတ် ၄၀ နဲ့ အဆင့် ၅ အတွင်း ဝင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ကစားသမားဟောင်း ရေမွန် ကိုပါရဲ့ အမည်ကို ဂုဏ်ပြုပြီး ၂၀၁၈ ခုနှစ်က စတင်ချီးမြှင့်ခဲ့တဲ့ လူငယ်အကောင်းဆုံး ကိုပါဆုကိုတော့ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်ကွင်းလယ်လူ ပက်ဒရီက ၈၉ မှတ်နဲ့ ရရှိသွားခဲ့ပြီး ဒေါ့မွန်နဲ့ အင်္ဂလန်ရဲ့ ဂျုဒ် ဘယ်လင်ဂမ်က ၃၉ မှတ်နဲ့ ဒုတိယ၊ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီလက်ရွေးစင် ဂျမဲလ် မူစီယာလာက ၃၈ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ကြပါတယ်။

ဂိုးသမားအကောင်းဆုံးဖြစ်တဲ့ ယာရှင်ဆုကိုတော့ ယူရို ၂၀၂၀ ချန်ပီယံဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာက ရမှတ် ၅၉၄ မှတ်နဲ့ ဒုတိယနေရာက ချန်ပီယံလိဂ်ချန်ပီယံဂိုးသမား အေဒူယာ မန်ဒီကို အမှတ် ၁၉၀ ဖြတ်ပြီး ဗိုလ်စွဲနိုင်ခဲ့ပြီး တတိယနေရာမှာတော့ အက်သလက်တီကို မက်ဒရစ်ဂိုးသမား ယန် အော့ဘ်လက်ခ်က ၁၅၅ မှတ်နဲ့ ရပ်တည်ခဲ့ပါတယ်။

Best Striker of the Year ဆုကိုတော့ လီဗန်ဒေါ့ဗ်စကီးက တစ်နှစ်တာ သွင်းဂိုး ၅၉ ဂိုးနဲ့ ရရှိသွားခဲ့ပြီး အကောင်းဆုံးကလပ်အသင်းဆုကိုတော့ ချဲလ်ဆီးအသင်းက ဆန်ကာတင်ကစားသမား (အမျိုးသား+အမျိုးသမီး+အခြားဆု) ၁၀ ဦးအထိ ရွေးချယ်ခံရမှုနဲ့အတူ ရရှိသွားခဲ့ကြောင်း ၂၀၂၁ ခုနှစ်ရဲ့ ဘယ်လွန်ဒေါနဲ့ ဆက်စပ်ဆုများ ချီးမြင့်မှုကို စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ျပင္သစ္ေဘာလုံးမဂၢဇင္းက ေပးအပ္တဲ့ ၂၀၂၁ ခုႏွစ္အတြက္ ဘယ္လြန္ေဒါဆုကိုေတာ့ ႀကိဳတင္ေပါက္ၾကားထားခဲ့တဲ့အတိုင္း ပီအက္စ္ဂ်ီနဲ႔ အာဂ်င္တီးနားတိုက္စစ္မႉး လီယြန္နယ္ မက္ဆီကပဲ ရရွိသြားခဲ့ၿပီး ေဘာလုံးကမာၻမွာေတာ့ ဒီဆုအတြက္ ကန႔္ကြက္ျပစ္တင္သံေတြနဲ႔ ဟားတိုက္သံေတြလည္း ဆူညံေနခဲ့တာျဖစ္ပါတယ္။

တခ်ိဳ႕ကေတာ့ ဒီဆုဟာ ကိုပါအေမရိကဖလားကို တစ္သက္နဲ႔တစ္ကိုယ္ တစ္ခါေတာင္ မနည္းရေအာင္ ကုတ္ကပ္ရယူအၿပီးမွာ ဒီဆုကို နာမည္ႀကီးမႈ တစ္ခုတည္းနဲ႔ ၇ ႀကိမ္ေျမာက္ ရယူခဲ့တာဟာ သူ႔အတြက္ ဂုဏ္သိကၡာရွိတဲ့ ဆုမျဖစ္ဘဲ ဂုဏ္သိကၡာက်စရာအျဖစ္ ရႈတ္ခ်ခံရစရာဆုကို ရယူလိုက္တာလည္းျဖစ္တယ္လို႔ ေဝဖန္သံေတြ ထြက္ေနခဲ့သလို လီဗန္ေဒါ့စကီးနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔လို ပရိသတ္အႀကိဳက္ ကစားသမားႏွစ္ဦး ရွိေနလ်က္နဲ႔ မ်က္ႏွာေျပာင္တိုက္တဲ့ လုပ္ရပ္လို႔လည္း အေျပာအဆိုခံေနရတာပါ။

ဘယ္လြန္ေဒါဆုကို မက္ဆီရေအာင္နဲ႔ လူေတြကို လက္ခံလာႏိုင္ေအာင္လုပ္ဖို႔ ဒီႏွစ္မွာမွ စတင္ဖန္တီးလိုက္တဲ့ Best Striker of the Year ဆုကို ဂ်ာမန္ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ၄၁ ဂိုးသြင္းတဲ့ လီဗန္ေဒါ့ဗ္စကီးအတြက္ ေပးအပ္ခဲ့ေပမယ့္ ပရိသတ္ေတြအတြက္ ပိုႀကီးတဲ့ အဖုအထစ္ျဖစ္တဲ့ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ို ၂၀၂၀ ခ်န္ပီယံဆုရ ေဂ်ာ္ဂ်င္ညိဳအတြက္ ဘာမွ ပါမလာခဲ့တာကေတာ့ ဟားတိုက္စရာျဖစ္ခဲ့ရပါတယ္။

လာလီဂါအမွတ္ေပးဖလားလိုဆုမ်ိဳး၊ ဥေရာပအဆင့္ ကလပ္အသင္းေအာင္ျမင္မႈမ်ိဳး ဘာမွ မရခဲ့တဲ့ မက္ဆီဟာ ဆယ္သင္းထဲ ၿပိဳင္ၿပီး တစ္ခါမွ မရဖူးတဲ့ ကိုပါအေမရိကဆုကို ရခဲ့ခ်ိန္မွာ ၂၄ သင္းၿပိဳင္ၿပီး ခက္ခက္ခဲခဲ ရယူခဲ့ရတဲ့ ယူ႐ိုဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ရယူခဲ့တဲ့ ေဂ်ာ္ဂ်င္ညိဳရဲ႕ စြမ္းရည္နဲ႔ ႏႈိင္းယွဥ္ရင္ နိမ့္ပါးေနခ်ိန္မွာ လီဗန္ေဒါ့ဗ္စကီးရဲ႕ စြမ္းရည္နဲ႔ ႏႈိင္းယွဥ္ရင္လည္း ခပ္ဆိုးဆိုးပဲျဖစ္ေနခဲ့တာပါ။

တရားဝင္ ထုတ္ျပန္ခဲ့တဲ့ အမွတ္ေပးမႈေတြမွာေတာ့ မက္ဆီက ၆၁၃ မွတ္၊ လီဗန္ေဒါ့ဗ္စကီးက ၅၈၀ မွတ္နဲ႔ ေဂ်ာ္ဂ်င္ညိဳက ၄၆၀ မွတ္ အသီးသီး ရရွိခဲ့ၿပီး ထိပ္ဆုံးသုံးဦးအျဖစ္ ရပ္တည္ခဲ့သလို ျပင္သစ္သားေတြျဖစ္ၾကတဲ့ ဘန္ဇီးမားက ၂၃၉ မွတ္နဲ႔ အန္ဂိုလို ကြန္ေတက ၁၈၆ မွတ္ရရွိခဲ့ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ အဆင့္ ၆ မွာ ၁၇၈ မွတ္ ရရွိခဲ့တယ္လို႔လည္း သိရပါတယ္။

အမ်ိဳးသမီးအေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballon d’Or Féminin ဆုကိုေတာ့ ဘာစီလိုနာနဲ႔ စပိန္တိုက္စစ္မႉး အလက္ဆီယာ ပူတယ္လာက ၁၈၆ မွတ္နဲ႔ ရရွိသြားခဲ့ၿပီး သူ႔ရဲ႕ ႏိုင္ငံအသင္းေဖာ္ ဂ်နီဖာ ဟာမိုဆိုက ဒုတိယေနရာမွာ ၈၄ မွတ္၊ အာဆင္နယ္ရဲ႕ ဗီဗီယန္ မီဒမ္မာနဲ႔ ခ်ဲလ္ဆီးရဲ႕ ဆမ္ ကားရ္တို႔က အဆင့္ ၃ နဲ႔ ၄ မွာ ၄၆ မွတ္စီနဲ႔ ရပ္တည္ခဲ့ၿပီး ဘာစီလိုနာနဲ႔ ဒတ္ခ်္တိုက္စစ္မႉး လီကီ မာတင္စ္ကေတာ့ ရမွတ္ ၄၀ နဲ႔ အဆင့္ ၅ အတြင္း ဝင္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္ကစားသမားေဟာင္း ေရမြန္ ကိုပါရဲ႕ အမည္ကို ဂုဏ္ျပဳၿပီး ၂၀၁၈ ခုႏွစ္က စတင္ခ်ီးျမႇင့္ခဲ့တဲ့ လူငယ္အေကာင္းဆုံး ကိုပါဆုကိုေတာ့ ဘာစီလိုနာနဲ႔ စပိန္လက္ေ႐ြးစင္ကြင္းလယ္လူ ပက္ဒရီက ၈၉ မွတ္နဲ႔ ရရွိသြားခဲ့ၿပီး ေဒါ့မြန္နဲ႔ အဂၤလန္ရဲ႕ ဂ်ဳဒ္ ဘယ္လင္ဂမ္က ၃၉ မွတ္နဲ႔ ဒုတိယ၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ဂ်ာမနီလက္ေ႐ြးစင္ ဂ်မဲလ္ မူစီယာလာက ၃၈ မွတ္နဲ႔ တတိယေနရာမွာ ရပ္တည္ခဲ့ၾကပါတယ္။

ဂိုးသမားအေကာင္းဆုံးျဖစ္တဲ့ ယာရွင္ဆုကိုေတာ့ ယူ႐ို ၂၀၂၀ ခ်န္ပီယံဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာက ရမွတ္ ၅၉၄ မွတ္နဲ႔ ဒုတိယေနရာက ခ်န္ပီယံလိဂ္ခ်န္ပီယံဂိုးသမား ေအဒူယာ မန္ဒီကို အမွတ္ ၁၉၀ ျဖတ္ၿပီး ဗိုလ္စြဲႏိုင္ခဲ့ၿပီး တတိယေနရာမွာေတာ့ အက္သလက္တီကို မက္ဒရစ္ဂိုးသမား ယန္ ေအာ့ဘ္လက္ခ္က ၁၅၅ မွတ္နဲ႔ ရပ္တည္ခဲ့ပါတယ္။

Best Striker of the Year ဆုကိုေတာ့ လီဗန္ေဒါ့ဗ္စကီးက တစ္ႏွစ္တာ သြင္းဂိုး ၅၉ ဂိုးနဲ႔ ရရွိသြားခဲ့ၿပီး အေကာင္းဆုံးကလပ္အသင္းဆုကိုေတာ့ ခ်ဲလ္ဆီးအသင္းက ဆန္ကာတင္ကစားသမား (အမ်ိဳးသား+အမ်ိဳးသမီး+အျခားဆု) ၁၀ ဦးအထိ ေ႐ြးခ်ယ္ခံရမႈနဲ႔အတူ ရရွိသြားခဲ့ေၾကာင္း ၂၀၂၁ ခုႏွစ္ရဲ႕ ဘယ္လြန္ေဒါနဲ႔ ဆက္စပ္ဆုမ်ား ခ်ီးျမင့္မႈကို စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.