Ligue1

ဘလွန်ဒေါအဆင့်သတ်မှတ်ချက်ကို ကြည့်ပြီး ဘာလို့ ပီအက်စ်ဂျီက ထွက်သင့်တာလဲဆိုတာ သေချာသွားတဲ့ အမ်ဘာပေ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ၂၀၂၁ ခုနှစ်အတွက် ဘလွန်ဒေါအဆင့်သတ်မှတ်ချက်မှာ အဆင့် ၉ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီးနောက် တော်တော်လေး ဒေါသပေါက်ကွဲသွားခဲ့ပုံပေါ်တာကို မြင်တွေ့ခဲ့ရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပဲရစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘလွန်ဒေါဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပြီး အမ်ဘာပေဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့အတွက် အသင်းကို စွန့်ခွာချင်ခဲ့ပေမယ့်လည်း ထွက်ခွာခွင့်ပြုခြင်း မခံခဲ့ရတာဖြစ်ပါတယ်။ အမ်ဘာပေဟာ ဘလွန်ဒေါဆုကို ဖာနန်ဒို အလွန်ဆိုနဲ့အတူ မိတ်ဆက်ပြသခဲ့တဲ့ ဖော်မြူလာဝမ်းကားမောင်းနှင်သူ အီစတီဘန် အိုကွန်ကို ပြင်သစ်လက်ရွေးစင်အသင်းဂျာစီအပေါ်မှာ လက်မှတ်ရေးထိုးပေးခဲ့တဲ့ အစောပိုင်းအချိန်တုန်းက ပြုံးပျော်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ်အတွက် ဘလွန်ဒေါဆု အဆင့်သတ်မှတ်ချက်က ၎င်းရဲ့ရပ်တည်မှုကို သိလိုက်ရတဲ့အချိန်မှာတော့ အမ်ဘာပေရဲ့မျက်နှာဟာ ချက်ချင်း ရှုံ့မဲ့သွားခဲ့ပြီး ကင်မရာက လီယွန်နယ် မက်ဆီ၊ လူးဝစ္စ ဆွာရက်ဇ်တို့ဘေးမှာ ထိုင်နေတဲ့ ပြင်သစ်တိုက်စစ်မှူးဆီ လှည့်ပြခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် တစ်နှစ်လုံးမှာ အမ်ဘာပေဟာ စုစုပေါင်းသွင်းဂိုး ၄၀ နဲ့ ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်ခဲ့ပေမယ့် ဘလွန်ဒေါအဆင့်သတ်မှတ်ချက် ထိပ်ဆုံး ၁၀ ဦးစာရင်းထဲမှာ ကီဗင် ဒီဘရိုင်းနား၊ မိုဟာမက် ဆာလား၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ကွန်တေ၊ ဘန်ဇီးမားနဲ့ ဂျော်ဂျင်ညိုတို့လို ကစားသမားတွေရဲ့နောက် အောက်ဆုံးနေရာနားမှာ ရပ်တည်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးရဲ့ ဘလွန်ဒေါအဆင့်သတ်မှတ်ချက် အမြင့်မားဆုံးဖြစ်ခဲ့တာက ၂၀၁၈ ခုနှစ်တုန်းကဖြစ်ပြီး ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားအောင်ပွဲမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးနိုင်ခဲ့ပြီးနောက် စတုတ္ထနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ၂၀၁၇ ခုနှစ်တုန်းက အဆင့် ၇၊ ၂၀၁၉ ခုနှစ်တုန်းက အဆင့် ၆ နေရာအထိ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ အဆင့် ၉ နေရာအထိ ကျဆင်းသွားခဲ့တာကြောင့် အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အမ်ဘာပေဟာ ၎င်းရဲ့အဆင့်သတ်မှတ်ချက်ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပေမယ့်လည်း ဘာစီလိုနာအမျိုးသမီးအသင်းအတွက် အလွန်ကောင်းမွန်တဲ့နှစ်တစ်နှစ်ကို ပိုင်ဆိုင်ပြီးနောက်ပိုင်း ဘလွန်ဒေါဆုကို ရရှိခဲ့တဲ့ ဘာစီလိုနာအမျိုးသမီးအသင်းကစားသမား အလက်စီယာ ပူတဲယက်စ်ရဲ့ ဆုကို ပေးအပ်ဖို့အတွက် စင်မြင်ပေါ်ကို တက်ရောက်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ ၂၀၂၁ ခုႏွစ္အတြက္ ဘလြန္ေဒါအဆင့္သတ္မွတ္ခ်က္မွာ အဆင့္ ၉ ေနရာမွာသာ ရပ္တည္နိုင္ခဲ့ၿပီးေနာက္ ေတာ္ေတာ္ေလး ေဒါသေပါက္ကြဲသြားခဲ့ပုံေပၚတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ပဲရစ္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ဘလြန္ေဒါဆုေပးပြဲအခမ္းအနားကို တက္ေရာက္ခဲ့တာျဖစ္ၿပီး အမ္ဘာေပဟာ စိန္ေခၚမႈအသစ္ေတြကို ရွာေဖြဖို႔အတြက္ အသင္းကို စြန႔္ခြာခ်င္ခဲ့ေပမယ့္လည္း ထြက္ခြာခြင့္ျပဳျခင္း မခံခဲ့ရတာျဖစ္ပါတယ္။ အမ္ဘာေပဟာ ဘလြန္ေဒါဆုကို ဖာနန္ဒို အလြန္ဆိုနဲ႔အတူ မိတ္ဆက္ျပသခဲ့တဲ့ ေဖာ္ျမဴလာဝမ္းကားေမာင္းႏွင္သူ အီစတီဘန္ အိုကြန္ကို ျပင္သစ္လက္ေရြးစင္အသင္းဂ်ာစီအေပၚမွာ လက္မွတ္ေရးထိုးေပးခဲ့တဲ့ အေစာပိုင္းအခ်ိန္တုန္းက ျပဳံးေပ်ာ္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၂၀၂၁ ခုႏွစ္အတြက္ ဘလြန္ေဒါဆု အဆင့္သတ္မွတ္ခ်က္က ၎ရဲ့ရပ္တည္မႈကို သိလိုက္ရတဲ့အခ်ိန္မွာေတာ့ အမ္ဘာေပရဲ့မ်က္ႏွာဟာ ခ်က္ခ်င္း ရႈံ႔မဲ့သြားခဲ့ၿပီး ကင္မရာက လီယြန္နယ္ မက္ဆီ၊ လူးဝစၥ ဆြာရက္ဇ္တို႔ေဘးမွာ ထိုင္ေနတဲ့ ျပင္သစ္တိုက္စစ္မႉးဆီ လွည့္ျပခဲ့တာျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္ တစ္ႏွစ္လုံးမွာ အမ္ဘာေပဟာ စုစုေပါင္းသြင္းဂိုး ၄၀ နဲ႔ ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ အထိ ျပဳလုပ္ခဲ့ေပမယ့္ ဘလြန္ေဒါအဆင့္သတ္မွတ္ခ်က္ ထိပ္ဆုံး ၁၀ ဦးစာရင္းထဲမွာ ကီဗင္ ဒီဘရိုင္းနား၊ မိုဟာမက္ ဆာလား၊ ခရစၥတီယာနို ေရာ္နယ္လ္ဒို၊ ကြန္ေတ၊ ဘန္ဇီးမားနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔လို ကစားသမားေတြရဲ့ေနာက္ ေအာက္ဆုံးေနရာနားမွာ ရပ္တည္ခဲ့ရတာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္တိုက္စစ္မႉးရဲ့ ဘလြန္ေဒါအဆင့္သတ္မွတ္ခ်က္ အျမင့္မားဆုံးျဖစ္ခဲ့တာက ၂၀၁၈ ခုႏွစ္တုန္းကျဖစ္ၿပီး ျပင္သစ္အသင္းရဲ့ ကမၻာ့ဖလားေအာင္ပြဲမွာ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးနိုင္ခဲ့ၿပီးေနာက္ စတုတၳေနရာမွာ ရပ္တည္နိုင္ခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ၂၀၁၇ ခုႏွစ္တုန္းက အဆင့္ ၇၊ ၂၀၁၉ ခုႏွစ္တုန္းက အဆင့္ ၆ ေနရာအထိ ရပ္တည္နိုင္ခဲ့တာျဖစ္ၿပီး ယခုႏွစ္မွာေတာ့ အဆင့္ ၉ ေနရာအထိ က်ဆင္းသြားခဲ့တာေၾကာင့္ အလြန္အမင္း စိတ္ပ်က္လက္ပ်က္ျဖစ္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

အမ္ဘာေပဟာ ၎ရဲ့အဆင့္သတ္မွတ္ခ်က္ေၾကာင့္ စိတ္ပ်က္လက္ပ်က္ျဖစ္ခဲ့ရေပမယ့္လည္း ဘာစီလိုနာအမ်ိဳးသမီးအသင္းအတြက္ အလြန္ေကာင္းမြန္တဲ့ႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ၿပီးေနာက္ပိုင္း ဘလြန္ေဒါဆုကို ရရွိခဲ့တဲ့ ဘာစီလိုနာအမ်ိဳးသမီးအသင္းကစားသမား အလက္စီယာ ပူတဲယက္စ္ရဲ့ ဆုကို ေပးအပ္ဖို႔အတြက္ စင္ျမင္ေပၚကို တက္ေရာက္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.