Match Report Premier League

Match Report: အိမ္ကြင္းနဲ႔ ကစားကြက္မွာ ဆရာပဲလို႔ ျပသခဲ့တဲ့ မန္စီးတီးနဲ႔ မလွမပ အာတီတာ

ပရီးမီးယားလိဂ္ ျပန္လည္စတင္ခ်ိန္ရဲ႕ ဒုတိယပြဲအျဖစ္ ကစားခဲ့တဲ့ မန္ခ်က္စတာစီးတီးနဲ႔ အာဆင္နယ္အသင္းတုိ႔ရဲ႕ ပြဲစဥ္မွာေတာ့ အစ္တီဟတ္ကို ျပန္လာခဲ့တဲ့ နည္းျပ မီခယ္လ္ အာတီတာရဲ႕ တစ္ေက်ာ့ျပန္ခရီးက မလွပခဲ့ဘဲ အားနည္းတဲ့ လူစာရင္းနဲ႔အတူ အိမ္ရွင္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ အရွဳံးေပးခဲ့ရပါတယ္။

အေဂြ႐ိုကလြဲလို႔ ဦးစားေပးကစားသမားအမ်ားစုကို ထုတ္သုံးခဲ့တဲ့ မန္စီးတီးကို ဂန္ဒူဇီ၊ ဝီေလာ့ခ္၊ ဆာကာ၊ နကီးတီးယားတုိ႔လို လူငယ္ေတြနဲ႔ ရင္ဆုိင္ခဲ့တဲ့ အာဆင္နယ္ရဲ႕ နည္းျပ အာတီတာကေတာ့ အရဲကိုးလြန္းတယ္လို႔ ပြဲမစခင္ကတည္းက ပရိသတ္ေတြ စိုးရိမ္ခဲ့ၾကရၿပီး ႀကံ့ခိုင္မွဳ မေကာင္းတဲ့ ကစားသမားေတြက ပုံစံကို ပိုဆုိးရြားေစခဲ့ပါတယ္။

ပြဲအစ ၅ မိနစ္မွာ ခ်ာကာနာသြားလို႔ စီဘာေယာ့စ္အစားဝင္ခဲ့ရသလို ပြဲခ်ိန္ ၂၂ မိနစ္မွာလည္း ပါဘလို မာရီနာသြားတာေၾကာင့္ ေဒးဗစ္ လူးဝစ္ဇ္ကို ထည့္သြင္းခဲ့ရပါတယ္။ ဒီေနာက္ပုိင္းမွာ အာဆင္နယ္တုိ႔ ကစားပုံ အနည္းငယ္တက္သလို ျဖစ္ခဲ့ေပမယ့္ လူငယ္ေတြကို ပါးပါးနပ္နပ္ အႏုိင္ယူသြားခဲ့တဲ့ မန္စီးတီးေၾကာင့္ အိမ္ရွင္တုိ႔ စီးမိသြားခဲ့ၿပီး နာက်င္အခ်ိန္ပုိမွာေတာ့ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ အမွားကေန စတာလင္က အျပင္းကန္သြင္းၿပီး အဖြင့္ဂိုးသြင္းခဲ့ပါတယ္။

ဒုတိယပုိင္းအစမွာလည္း အေျပာင္းအလဲမရွိခဲ့တဲ့ အာဆင္နယ္တုိ႔ ထပ္ၿပီး ကံဆုိးခဲ့ၿပီး မာရက္ဇ္ကို ပင္နယ္တီဧရိယာထဲမွာ ဆြဲလွဲတဲ့ ေဒးဗစ္ လူးဝစ္ဇ္ အနီကတ္ထိခဲ့သလို ပင္နယ္တီ အေပးခံခဲ့ရပါတယ္။ ပြဲခ်ိန္ ၄၉ မိနစ္မွာရတဲ့ ဒီပင္နယ္တီကို ဒီဘ႐ိုင္းနားက တည္တည္ၿငိမ္ၿငိမ္ပဲ ကန္သြင္းယူခဲ့ၿပီး ဂိုးသမား လီႏိုကို ေက်ာ္ျဖတ္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ မန္စီးတီးတုိ႔ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ေဘာလုံးထြက္ရွင္းတဲ့ ဂိုးသမား အီဒါဆန္နဲ႔ ထိခိုက္မိတဲ့ အဲရစ္ ဂါစီယာ ဒဏ္ရာျပင္းထန္ခဲ့တာေၾကာင့္ ဆက္မကစားႏုိင္ခ်ိန္မွာ လူစား ၅ ဦးလုံး လဲလွယ္ၿပီးတာေၾကာင့္ မန္စီးတီးတုိ႔ ဆယ္ေယာက္နဲ႔ ကစားခဲ့ရလို႔ အာဆင္နယ္တုိ႔ အျပန္အလွန္ထိုးေဖာက္ႏုိင္ခဲ့ၿပီး နာက်င္အခ်ိန္ပုိကိုလည္း ၁၁ မိနစ္အထိ သတ္မွတ္ေပးခဲ့ပါတယ္။

ဆယ္ေယာက္ခ်င္း ကစားရခ်ိန္မွာ ဂိုးထပ္ရခဲ့သူက ေခ်ပဖို႔ လိုအပ္ေနတဲ့ ဧည့္သည္ေတြမဟုတ္ဘဲ အိမ္ရွင္ေတြပဲ ျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၉၃ မိနစ္မွာ လူငယ္ကြင္းလယ္လူ ဖိုဒန္က တုိက္စစ္မွဴးအေဂြ႐ိုရဲ႕ ကန္ခ်က္ ဂိုးသမားနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းခဲ့ၿပီးမွ တုိင္ထိထြက္လာတာကို အပုိင္ပိတ္သြင္းယူခဲ့ပါတယ္။

ဒီေန႔ပြဲမွာ မန္ခ်က္စတာစီးတီးတုိ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ပီသမွဳနဲ႔ ကြင္းပိတ္ကစားခ်ိန္မွာလည္း လုံးဝအင္အားမေလွ်ာ့ဘဲ ကစားသြားႏုိင္ခဲ့တာကို ေတြ႕ျမင္ခဲ့ရၿပီး နည္းစနစ္ပုိင္းမွာလည္း အာဆင္နယ္ရဲ႕ Pressing ေတြကို Break လုိ႔ ေခၚတဲ့ လြတ္ေအာင္ေပးပုိ႔တဲ့ ေဘာလုံးေတြကို အသုံးခ်ၿပီး ထုိးႏွက္သြားႏုိင္ခဲ့တာကို ေတြ႕ခဲ့ရသလို သုံးဂိုးစလုံးဟာ တန္ျပန္ Break ေတြ ေကာင္းလြန္းလုိ႔ ရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဒီပြဲကို အႏုိင္ရရွိခဲ့တဲ့ မန္စီးတီးကေတာ့ ခ်န္ပီယံျဖစ္ဖို႔ လက္တစ္ကမ္းပဲ လိုေတာ့တဲ့ လီဗာပူးလ္ကို ေနာက္ထပ္တစ္ပြဲ ထပ္ေစာင့္ရေအာင္ လုပ္ႏုိင္ခဲ့ၿပီး အာဆင္နယ္ကေတာ့ လက္ထဲမွာ က်န္ေနတဲ့ တစ္ပြဲကေန အမွတ္ရယူၿပီး အမွတ္ေပးဇယားမွာ အေပၚဘက္တုိးႏုိင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရသလို ဥေရာပဝင္ခြင့္အတြက္လည္း ခက္ခဲတဲ့ စိန္ေခၚမွဳေတြနဲ႔ ရင္ဆုိင္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်ရဲ့ ဒုတိယပွဲအဖြစ် ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အစ်တီဟတ်ကို ပြန်လာခဲ့တဲ့ နည်းပြ မီခယ်လ် အာတီတာရဲ့ တစ်ကျော့ပြန်ခရီးက မလှပခဲ့ဘဲ အားနည်းတဲ့ လူစာရင်းနဲ့အတူ အိမ်ရှင်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပါတယ်။

အဂွေရိုကလွဲလို့ ဦးစားပေးကစားသမားအများစုကို ထုတ်သုံးခဲ့တဲ့ မန်စီးတီးကို ဂန်ဒူဇီ၊ ဝီလော့ခ်၊ ဆာကာ၊ နကီးတီးယားတို့လို လူငယ်တွေနဲ့ ရင်ဆိုင်ခဲ့တဲ့ အာဆင်နယ်ရဲ့ နည်းပြ အာတီတာကတော့ အရဲကိုးလွန်းတယ်လို့ ပွဲမစခင်ကတည်းက ပရိသတ်တွေ စိုးရိမ်ခဲ့ကြရပြီး ကြံ့ခိုင်မှု မကောင်းတဲ့ ကစားသမားတွေက ပုံစံကို ပိုဆိုးရွားစေခဲ့ပါတယ်။

ပွဲအစ ၅ မိနစ်မှာ ချာကာနာသွားလို့ စီဘာယော့စ်အစားဝင်ခဲ့ရသလို ပွဲချိန် ၂၂ မိနစ်မှာလည်း ပါဘလို မာရီနာသွားတာကြောင့် ဒေးဗစ် လူးဝစ်ဇ်ကို ထည့်သွင်းခဲ့ရပါတယ်။ ဒီနောက်ပိုင်းမှာ အာဆင်နယ်တို့ ကစားပုံ အနည်းငယ်တက်သလို ဖြစ်ခဲ့ပေမယ့် လူငယ်တွေကို ပါးပါးနပ်နပ် အနိုင်ယူသွားခဲ့တဲ့ မန်စီးတီးကြောင့် အိမ်ရှင်တို့ စီးမိသွားခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ ဒေးဗစ် လူးဝစ်ဇ်ရဲ့ အမှားကနေ စတာလင်က အပြင်းကန်သွင်းပြီး အဖွင့်ဂိုးသွင်းခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာလည်း အပြောင်းအလဲမရှိခဲ့တဲ့ အာဆင်နယ်တို့ ထပ်ပြီး ကံဆိုးခဲ့ပြီး မာရက်ဇ်ကို ပင်နယ်တီဧရိယာထဲမှာ ဆွဲလှဲတဲ့ ဒေးဗစ် လူးဝစ်ဇ် အနီကတ်ထိခဲ့သလို ပင်နယ်တီ အပေးခံခဲ့ရပါတယ်။ ပွဲချိန် ၄၉ မိနစ်မှာရတဲ့ ဒီပင်နယ်တီကို ဒီဘရိုင်းနားက တည်တည်ငြိမ်ငြိမ်ပဲ ကန်သွင်းယူခဲ့ပြီး ဂိုးသမား လီနိုကို ကျော်ဖြတ်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ မန်စီးတီးတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ ဘောလုံးထွက်ရှင်းတဲ့ ဂိုးသမား အီဒါဆန်နဲ့ ထိခိုက်မိတဲ့ အဲရစ် ဂါစီယာ ဒဏ်ရာပြင်းထန်ခဲ့တာကြောင့် ဆက်မကစားနိုင်ချိန်မှာ လူစား ၅ ဦးလုံး လဲလှယ်ပြီးတာကြောင့် မန်စီးတီးတို့ ဆယ်ယောက်နဲ့ ကစားခဲ့ရလို့ အာဆင်နယ်တို့ အပြန်အလှန်ထိုးဖောက်နိုင်ခဲ့ပြီး နာကျင်အချိန်ပိုကိုလည်း ၁၁ မိနစ်အထိ သတ်မှတ်ပေးခဲ့ပါတယ်။

ဆယ်ယောက်ချင်း ကစားရချိန်မှာ ဂိုးထပ်ရခဲ့သူက ချေပဖို့ လိုအပ်နေတဲ့ ဧည့်သည်တွေမဟုတ်ဘဲ အိမ်ရှင်တွေပဲ ဖြစ်ခဲ့ပြီး ပွဲချိန် ၉၃ မိနစ်မှာ လူငယ်ကွင်းလယ်လူ ဖိုဒန်က တိုက်စစ်မှူးအဂွေရိုရဲ့ ကန်ချက် ဂိုးသမားနဲ့ထိပြီး လမ်းကြောင်းပြောင်းခဲ့ပြီးမှ တိုင်ထိထွက်လာတာကို အပိုင်ပိတ်သွင်းယူခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်ချက်စတာစီးတီးတို့ရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ ကွင်းပိတ်ကစားချိန်မှာလည်း လုံးဝအင်အားမလျှော့ဘဲ ကစားသွားနိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပြီး နည်းစနစ်ပိုင်းမှာလည်း အာဆင်နယ်ရဲ့ Pressing တွေကို Break လို့ ခေါ်တဲ့ လွတ်အောင်ပေးပို့တဲ့ ဘောလုံးတွေကို အသုံးချပြီး ထိုးနှက်သွားနိုင်ခဲ့တာကို တွေ့ခဲ့ရသလို သုံးဂိုးစလုံးဟာ တန်ပြန် Break တွေ ကောင်းလွန်းလို့ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ မန်စီးတီးကတော့ ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းပဲ လိုတော့တဲ့ လီဗာပူးလ်ကို နောက်ထပ်တစ်ပွဲ ထပ်စောင့်ရအောင် လုပ်နိုင်ခဲ့ပြီး အာဆင်နယ်ကတော့ လက်ထဲမှာ ကျန်နေတဲ့ တစ်ပွဲကနေ အမှတ်ရယူပြီး အမှတ်ပေးဇယားမှာ အပေါ်ဘက်တိုးနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသလို ဥရောပဝင်ခွင့်အတွက်လည်း ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.