La Liga

ဗီလာရီးရဲလ်ကို နောက်ကျဂိုးတွေနဲ့ အနိုင်ယူပြီး ဇာဗီလက်ထက် ရှုံးပွဲမရှိစံချိန်ရှေ့ဆက်ခဲ့တဲ့ ဘာဆာ

ဘာစီလိုနာအသင်းဟာ တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ နောက်ကျအနိုင်ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး နည်းပြသစ် ဇာဗီလက်ထက် ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဗီလာရီးရဲလ်အိမ်ကွင်းဟာ အမြဲတမ်း ယှဉ်ပြိုင်ကစားဖို့ ခက်ခဲတဲ့နေရာဖြစ်ခဲ့ပေမယ့် ဘာစီလိုနာနည်းပြသစ် ဇာဗီက အနိုင် ၃ မှတ်နဲ့ အိမ်ပြန်နိုင်ခဲ့ပြီး ဒီပွဲစဉ်မှာ ကတ်တလန်အသင်းကြီးက နိုင်ပွဲ ရယူနိုင်ဖို့အတွက် လိုအပ်တဲ့ စိတ်ဆန္ဒနဲ့ သရုပ်မှန်ကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဇာဗီဟာ ၎င်းရဲ့အသင်းကို အမြဲတမ်း ဘောလုံးပိုင်ဆိုင်မှု ရှိနေစေချင်ကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြခဲ့ပေမယ့် ဘာစီလိုနာဟာ ဗီလာရီးရဲလ်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရဖို့ ခက်ခဲခဲ့တာဖြစ်ပါတယ်။

ဖရန်ကီ ဒီ ယုံးရဲ့ အဖွင့်ဂိုးကို ဆမ်မြူရယ် ချက်ဝဇ်က ချေပနိုင်ခဲ့ပြီးနောက်မှာတော့ ဘာစီလိုနာအသင်းအတွက် အခြေအနေ မကောင်းတော့တဲ့ပုံ ပေါ်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းပွဲကစားချိန်ပြည့်ဖို့ မိနစ်ပိုင်းအလိုမှာ မန်းဖစ် ဒီပိုင်းနဲ့ ကော်တင်ညိုတို့က ၃-၁ နဲ့ အနိုင်ရရှိအောင် နောက်ကျအနိုင်ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဇာဗီရဲ့ ကစားကွက်မှာ အံဝင်ဖို့ ကြိုးပမ်းနေရဆဲဖြစ်ပေမယ့် လက်ရှိမှာတော့ တိုးတက်မှု ရှိလာပြီဖြစ်ပြီး ဒီလို ခက်ခဲတဲ့ပွဲစဉ်တွေကို အနိုင်ရယူနိုင်မှသာ နူးကမ့်မှာ အောင်ပွဲဆင်လိုတဲ့စိတ်ဓာတ်တွေ ပြန်လည်ရယူနိုင်ဖို့ အလှမ်းမဝေးတော့မှာဖြစ်ပါတယ်။

ဇာဗီဟာ အသင်းသားတွေနဲ့ အလုပ်လုပ်ဖို့ အချိန်အများကြီး ရခဲ့သူမဟုတ်ဘဲ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အတွင်း လူငယ်ကစားသမားအများအပြားနဲ့သာ လေ့ကျင့်ရေး ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၄၁ နှစ်အရွယ် စပိန်လူမျိုး နည်းပြက အသင်းကို စိတ်အားတက်ကြွအောင် ထားဖို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တာကြောင့် ၎င်းရဲ့လက်ထက်မှာ ရှုံးပွဲမရှိသေးဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ခဲ့ပါတယ်။

ဇာဗီအနေနဲ့ ၃ ပွဲသာ နည်းပြရသေးတယ်ဆိုပြီး ငြင်းခုံနိုင်ပေမယ့် အဲဒီ ၃ ပွဲစလုံးဟာ ဖိအားအရမ်းများတဲ့ ပွဲကြီးပွဲကောင်းတွေ ဖြစ်ခဲ့ပြီး ရှုံးနိမ့်မှုက အဝတ်လဲခန်းအတွင်း မကျေမနပ်ဖြစ်မှုနဲ့ ၎င်းရဲ့ နည်းပြအလုပ်ကို အနှောင့်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ မျှော်မှန်းခဲ့သလို ပွဲကို မလွှမ်းမိုးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အရမ်းကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပါတယ်။ ဗီလာရီးရဲလ်က ရှုံးနိမ့်ဖို့အတွက် မထိုက်တန်ခဲ့တဲ့အတွက် ကျွန်တော်တို့ ကံကောင်းခဲ့တာပါ။ ဒီည အဲဒီပွဲက ကျွန်တော်တို့ဆီကနေ အင်အားတွေအများကြီး ယူသွားခဲ့ပါတယ်။ ကျွန်တော်တို့ မန်းဖစ်ရဲ့ ဂိုးကြောင့် ကံကောင်းခဲ့တာဖြစ်ပြီး ကျွန်တော်တို့အတွက် ၃ မှတ်က ရွှေရောင် ၃ မှတ်ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာအသင္းဟာ တနဂၤေႏြေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဗီလာရီးရဲလ္နဲ႔ပြဲစဥ္မွာ ေနာက္က်အနိုင္ဂိုးေတြနဲ႔ အနိုင္ရရွိခဲ့ၿပီး နည္းျပသစ္ ဇာဗီလက္ထက္ ရႈံးပြဲမရွိစံခ်ိန္ကို ဆက္လက္ ထိန္းသိမ္းထားနိုင္ခဲ့တာျဖစ္ပါတယ္။

ဗီလာရီးရဲလ္အိမ္ကြင္းဟာ အျမဲတမ္း ယွဥ္ၿပိဳင္ကစားဖို႔ ခက္ခဲတဲ့ေနရာျဖစ္ခဲ့ေပမယ့္ ဘာစီလိုနာနည္းျပသစ္ ဇာဗီက အနိုင္ ၃ မွတ္နဲ႔ အိမ္ျပန္နိုင္ခဲ့ၿပီး ဒီပြဲစဥ္မွာ ကတ္တလန္အသင္းႀကီးက နိုင္ပြဲ ရယူနိုင္ဖို႔အတြက္ လိုအပ္တဲ့ စိတ္ဆႏၵနဲ႔ သ႐ုပ္မွန္ကို ျပသနိုင္ခဲ့တာျဖစ္ပါတယ္။ ဇာဗီဟာ ၎ရဲ့အသင္းကို အျမဲတမ္း ေဘာလုံးပိုင္ဆိုင္မႈ ရွိေနေစခ်င္ေၾကာင္း ရွင္းရွင္းလင္းလင္း ညႊန္ျပခဲ့ေပမယ့္ ဘာစီလိုနာဟာ ဗီလာရီးရဲလ္နဲ႔ပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈရဖို႔ ခက္ခဲခဲ့တာျဖစ္ပါတယ္။

ဖရန္ကီ ဒီ ယုံးရဲ့ အဖြင့္ဂိုးကို ဆမ္ျမဴရယ္ ခ်က္ဝဇ္က ေခ်ပနိုင္ခဲ့ၿပီးေနာက္မွာေတာ့ ဘာစီလိုနာအသင္းအတြက္ အေျခအေန မေကာင္းေတာ့တဲ့ပုံ ေပၚခဲ့ေပမယ့္လည္း ဒုတိယပိုင္းပြဲကစားခ်ိန္ျပည့္ဖို႔ မိနစ္ပိုင္းအလိုမွာ မန္းဖစ္ ဒီပိုင္းနဲ႔ ေကာ္တင္ညိဳတို႔က ၃-၁ နဲ႔ အနိုင္ရရွိေအာင္ ေနာက္က်အနိုင္ဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဇာဗီရဲ့ ကစားကြက္မွာ အံဝင္ဖို႔ ႀကိဳးပမ္းေနရဆဲျဖစ္ေပမယ့္ လက္ရွိမွာေတာ့ တိုးတက္မႈ ရွိလာၿပီျဖစ္ၿပီး ဒီလို ခက္ခဲတဲ့ပြဲစဥ္ေတြကို အနိုင္ရယူနိုင္မွသာ ႏူးကမ့္မွာ ေအာင္ပြဲဆင္လိုတဲ့စိတ္ဓာတ္ေတြ ျပန္လည္ရယူနိုင္ဖို႔ အလွမ္းမေဝးေတာ့မွာျဖစ္ပါတယ္။

ဇာဗီဟာ အသင္းသားေတြနဲ႔ အလုပ္လုပ္ဖို႔ အခ်ိန္အမ်ားႀကီး ရခဲ့သူမဟုတ္ဘဲ နိုင္ငံတကာပြဲစဥ္ အားလပ္ရက္အတြင္း လူငယ္ကစားသမားအမ်ားအျပားနဲ႔သာ ေလ့က်င့္ေရး ျပဳလုပ္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသက္ ၄၁ ႏွစ္အရြယ္ စပိန္လူမ်ိဳး နည္းျပက အသင္းကို စိတ္အားတက္ႂကြေအာင္ ထားဖို႔ ေကာင္းေကာင္းလုပ္နိုင္ခဲ့ၿပီး တနဂၤေႏြေန႔မွာ ဗီလာရီးရဲလ္ကို အနိုင္ရရွိခဲ့တာေၾကာင့္ ၎ရဲ့လက္ထက္မွာ ရႈံးပြဲမရွိေသးဘူးဆိုတဲ့ အဓိပၸာယ္ျဖစ္ခဲ့ပါတယ္။

ဇာဗီအေနနဲ႔ ၃ ပြဲသာ နည္းျပရေသးတယ္ဆိုၿပီး ျငင္းခုံနိုင္ေပမယ့္ အဲဒီ ၃ ပြဲစလုံးဟာ ဖိအားအရမ္းမ်ားတဲ့ ပြဲႀကီးပြဲေကာင္းေတြ ျဖစ္ခဲ့ၿပီး ရႈံးနိမ့္မႈက အဝတ္လဲခန္းအတြင္း မေက်မနပ္ျဖစ္မႈနဲ႔ ၎ရဲ့ နည္းျပအလုပ္ကို အေႏွာင့္အယွက္ျဖစ္ေစမွာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ေမၽွာ္မွန္းခဲ့သလို ပြဲကို မလႊမ္းမိုးနိုင္ခဲ့ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အရမ္းေကာင္းတဲ့အသင္းနဲ႔ ရင္ဆိုင္ကစားခဲ့ရပါတယ္။ ဗီလာရီးရဲလ္က ရႈံးနိမ့္ဖို႔အတြက္ မထိုက္တန္ခဲ့တဲ့အတြက္ ကၽြန္ေတာ္တို႔ ကံေကာင္းခဲ့တာပါ။ ဒီည အဲဒီပြဲက ကၽြန္ေတာ္တို႔ဆီကေန အင္အားေတြအမ်ားႀကီး ယူသြားခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ မန္းဖစ္ရဲ့ ဂိုးေၾကာင့္ ကံေကာင္းခဲ့တာျဖစ္ၿပီး ကၽြန္ေတာ္တို႔အတြက္ ၃ မွတ္က ေရႊေရာင္ ၃ မွတ္ျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.