Match Report Premier League

Match Report: ပရီးမီးယားလိဂ္ျပန္အစ ဗီလာပါ့ခ္မွာ တေစၧေျခာက္ခဲ့ၿပီး သေရတစ္မွတ္စီ ခြဲယူခဲ့ရ

ပရီးမီးယားလိဂ္ ျပန္လည္စတင္ခ်ိန္ရဲ႕ အေစာဆုံးပြဲျဖစ္တဲ့ ဗီလာပါ့ခ္က အက္စတန္ဗီလာနဲ႔ ရွက္ဖီးလ္ဒ္ယူႏုိက္တက္တုိ႔ရဲ႕ပြဲမွာေတာ့ ဒိုင္လူႀကီး မိုက္ကယ္ အုိလီဗာရဲ႕ နည္းပညာအေပၚ အားကိုးလြန္းမွဳကေန ဧည့္သည္ေတြ နစ္နာခဲ့ရၿပီး သူ႕ရဲ႕ မျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔အတူ ဂိုးမရွိ သေရ ရလဒ္သာ ထြက္ေပၚသြားခဲ့ပါတယ္။

တန္းဆင္းဇုန္႐ုန္းေနတဲ့ ဗီလာနဲ႔ ဥေရာပဝင္ခြင့္အတြက္ ႀကဳိးစားေနတဲ့ ရွက္ဖီးလ္ဒ္တုိ႔ ဒီေန႔ပြဲမွာ သူတုိ႔ရဲ႕ ဦးစားေပးကစားသမား အမ်ားစုကိုပဲ ထုတ္သုံးခဲ့ၾကၿပီး အိမ္ရွင္တုိ႔ ပုိမိုဖိကစားႏုိင္ခဲ့သလို ဧည့္သည္ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကလည္း လက္စြမ္းျပေနခဲ့တဲ့အတြက္ ႏွစ္ဖက္စလုံးအတြက္ ႏုိင္ပြဲနစ္နာသြားခဲ့တာျဖစ္ပါတယ္။

ဗီလာတုိ႔အတြက္ တုိက္စစ္မွာ ဝါရင့္တုိက္စစ္မွဴးတစ္ဦး ရွိမေနတာက ဒီပြဲအတြက္ အားနည္းခဲ့ၿပီး လူငယ္တုိက္စစ္မွဴး ကီနန္ ေဒးဗစ္က အေတြ႕အႀကဳံႏုေသးတဲ့အတြက္ အဆုံးသတ္ပုိင္းမွာ အလုပ္သိပ္မျဖစ္ခဲ့သလို ရွက္ဖီးလ္ဒ္တုိ႔ကေတာ့ ရာသီဝက္မွာ ေကာင္းေနခဲ့တဲ့ အထိုင္ေတြကို ကလပ္စံခ်ိန္တင္ေၾကး၊ အသင္းေခါင္းေဆာင္ကို မ်က္ႏွာသာေပးမွဳေတြနဲ႔ ဖ်က္ဆီးထားခဲ့လို႔ ကစားပုံက ရင္ခုန္စရာနည္းခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာ ရွက္ဖီးလ္တုိ႔ တေစၧေျခာက္ခံခဲ့ရၿပီး အိုလီဗာ ေနာ္ဝုဒ္ရဲ႕ ဖရီးကစ္ကို ဗီလာဂိုးသမား ေအာ္ဂ်န္ ႏိုင္လန္းဖမ္းၿပီး အေျခမခိုင္ခင္မွာပဲ အရွိန္လြန္လာတဲ့ အသင္းေဖာ္တုိက္စစ္မွဴး ေဒးဗစ္က သူ႕ဂိုးသမားကို ဝင္တိုက္မိလို႔ လူေရာ ေဘာလုံးေရာ ဂိုးထဲကို သိသိသာသာႀကီး ဝင္သြားခဲ့ေပမယ့္ ခပ္ညံ့ညံ့ အိုလီဗာတစ္ေယာက္ နာရီက အသံမျမည္ဘူးဆုိၿပီး ဂိုးမေပးခဲ့သလို တစ္ပြဲလုံးမွာလည္း အားနည္းမွဳေတြကို ျပသခဲ့တာပါ။

ေနာက္ပုိင္းမွာေတာ့ ဗီလာေရာ ရွက္ဖီးလ္ဒ္တုိ႔ပါ လူစားလဲၿပီး တုိက္စစ္ကို ျမႇင့္တင္ခဲ့ၾကေပမယ့္ ႏွစ္ဖက္ေနာက္တန္းေတြ အမွားအယြင္းနည္းခဲ့တာရယ္၊ တခ်ဳိ႕ကစားသမားေတြရဲ႕ သက္လုံက်ဆင္းမွဳေတြရယ္ေၾကာင့္ ပြဲရွိန္က ထင္သေလာက္ ျမင့္တက္မလာခဲ့ဘဲ ဧည့္သည္ဂိုးသမား ဟန္ဒါဆန္ရဲ႕ စြမ္းေဆာင္ရည္နဲ႔အတူ ဗီလာပါ့ခ္မွာ တစ္မွတ္စီသာ ရရွိခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်ရဲ့ အစောဆုံးပွဲဖြစ်တဲ့ ဗီလာပါ့ခ်က အက်စတန်ဗီလာနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ရဲ့ပွဲမှာတော့ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာရဲ့ နည်းပညာအပေါ် အားကိုးလွန်းမှုကနေ ဧည့်သည်တွေ နစ်နာခဲ့ရပြီး သူ့ရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်သွားခဲ့ပါတယ်။

တန်းဆင်းဇုန်ရုန်းနေတဲ့ ဗီလာနဲ့ ဥရောပဝင်ခွင့်အတွက် ကြိုးစားနေတဲ့ ရှက်ဖီးလ်ဒ်တို့ ဒီနေ့ပွဲမှာ သူတို့ရဲ့ ဦးစားပေးကစားသမား အများစုကိုပဲ ထုတ်သုံးခဲ့ကြပြီး အိမ်ရှင်တို့ ပိုမိုဖိကစားနိုင်ခဲ့သလို ဧည့်သည်ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကလည်း လက်စွမ်းပြနေခဲ့တဲ့အတွက် နှစ်ဖက်စလုံးအတွက် နိုင်ပွဲနစ်နာသွားခဲ့တာဖြစ်ပါတယ်။

ဗီလာတို့အတွက် တိုက်စစ်မှာ ဝါရင့်တိုက်စစ်မှူးတစ်ဦး ရှိမနေတာက ဒီပွဲအတွက် အားနည်းခဲ့ပြီး လူငယ်တိုက်စစ်မှူး ကီနန် ဒေးဗစ်က အတွေ့အကြုံနုသေးတဲ့အတွက် အဆုံးသတ်ပိုင်းမှာ အလုပ်သိပ်မဖြစ်ခဲ့သလို ရှက်ဖီးလ်ဒ်တို့ကတော့ ရာသီဝက်မှာ ကောင်းနေခဲ့တဲ့ အထိုင်တွေကို ကလပ်စံချိန်တင်ကြေး၊ အသင်းခေါင်းဆောင်ကို မျက်နှာသာပေးမှုတွေနဲ့ ဖျက်ဆီးထားခဲ့လို့ ကစားပုံက ရင်ခုန်စရာနည်းခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာ ရှက်ဖီးလ်တို့ တစ္ဆေခြောက်ခံခဲ့ရပြီး အိုလီဗာ နော်ဝုဒ်ရဲ့ ဖရီးကစ်ကို ဗီလာဂိုးသမား အော်ဂျန် နိုင်လန်းဖမ်းပြီး အခြေမခိုင်ခင်မှာပဲ အရှိန်လွန်လာတဲ့ အသင်းဖော်တိုက်စစ်မှူး ဒေးဗစ်က သူ့ဂိုးသမားကို ဝင်တိုက်မိလို့ လူရော ဘောလုံးရော ဂိုးထဲကို သိသိသာသာကြီး ဝင်သွားခဲ့ပေမယ့် ခပ်ညံ့ညံ့ အိုလီဗာတစ်ယောက် နာရီက အသံမမြည်ဘူးဆိုပြီး ဂိုးမပေးခဲ့သလို တစ်ပွဲလုံးမှာလည်း အားနည်းမှုတွေကို ပြသခဲ့တာပါ။

နောက်ပိုင်းမှာတော့ ဗီလာရော ရှက်ဖီးလ်ဒ်တို့ပါ လူစားလဲပြီး တိုက်စစ်ကို မြှင့်တင်ခဲ့ကြပေမယ့် နှစ်ဖက်နောက်တန်းတွေ အမှားအယွင်းနည်းခဲ့တာရယ်၊ တချို့ကစားသမားတွေရဲ့ သက်လုံကျဆင်းမှုတွေရယ်ကြောင့် ပွဲရှိန်က ထင်သလောက် မြင့်တက်မလာခဲ့ဘဲ ဧည့်သည်ဂိုးသမား ဟန်ဒါဆန်ရဲ့ စွမ်းဆောင်ရည်နဲ့အတူ ဗီလာပါ့ခ်မှာ တစ်မှတ်စီသာ ရရှိခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.