UCL&UEL

၁၂ ရက္အတြင္း ခ်န္ပီယံလိဂ္ကို ၿပီးဆုံးေအာင္ကစားမယ့္ ယူအီးအက္ဖ္ေအ

ယူအီးအက္ဖ္ေအအေနနဲ႔ လက္ရွိရာသီ ခ်န္ပီယံလိဂ္ၿပဳိင္ပြဲကို ၿပီးဆုံးေအာင္ ကစားဖို႔အတြက္ ကြာတားဖိုင္နယ္ေရာက္ ေနာက္ဆုံး ၈ သင္း ထြက္ေပၚလာခဲ့ရင္ ဒီအသင္းေတြကို ေပၚတူဂီႏုိင္ငံ၊ လစၥဘြန္းၿမဳိ႕မွာ ၿပဳိင္ပြဲငယ္တစ္ခု က်င္းပၿပီး ၁၂ ရက္အတြင္း ခ်န္ပီယံေပၚထြက္လာေအာင္ ကစားသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိ ၁၆ သင္းအဆင့္ ရွဳံးထြက္ကေန ေနာက္တစ္ဆင့္တက္ေရာက္ခဲ့ၾကတာကေတာ့ ပီအက္စ္ဂ်ီ၊ အတၱလန္တာ၊ အက္သလက္တီကို မက္ဒရစ္နဲ႔ RB လိုက္ပ္ဇစ္အသင္းေတြ ျဖစ္ၾကၿပီး က်န္တဲ့ ၄ ေနရာေတာ့ အေျဖမေပၚခဲ့ေသးဘဲ မန္ခ်က္စတာစီးတီး-ရီးရဲလ္မက္ဒရစ္၊ ဘိုင္ယန္ျမဴးနစ္-ခ်ဲလ္ဆီး၊ ဂ်ဴဗင္တပ္စ္-လီယြန္၊ ဘာစီလိုနာ-နာပုိလီပြဲစဥ္ေတြကေတာ့ ဒုတိယအေက်ာ့လက္က်န္အျဖစ္ အေျဖေပၚေအာင္ ကစားရဦးမွာျဖစ္ပါတယ္။

ဒီႏွစ္အတြက္ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲကို ဘင္ဖီကာအသင္းအိမ္ကြင္းျဖစ္တဲ့ အက္စေတဒီယို ဒါလုဇ္မွာ ကစားရမွာျဖစ္တဲ့ အတြက္ ယူအီးအက္ဖ္ေအအေနနဲ႔ ပြဲစဥ္ေတြကို ေပၚတူဂီႏုိင္ငံမွာပဲ က်င္းပသြားမွာျဖစ္ၿပီး အိမ္ကြင္း အေဝးကြင္းစနစ္ကို ပယ္ဖ်က္ၿပီး ၾကားကြင္း တစ္ေက်ာ့တည္းနဲ႔သာ ဆုံးျဖတ္သြားမွာလည္းျဖစ္ပါတယ္။

ၾသဂုတ္လ ၇ ရက္နဲ႔ ၈ ရက္ေန႔ေတြမွာ ကစားရမယ့္ အထက္ေဖာ္ျပပါပြဲစဥ္ေတြကို သက္ဆုိင္ရာ အိမ္ကြင္းေတြမွာ ကစားႏိုင္ျခင္းမရွိဘူးဆုိရင္ ဒီအတြက္ ေပၚတူဂီႏုိင္ငံမွာပဲ က်င္းပသြားဖို႔ ရွိေနၿပီး ေပၚတိုနဲ႔ ဂြီမာေရးစ္တို႔က ကြင္းေတြမွာ လက္ခံက်င္းပေပးသြားဖို႔ကုိလည္း အရန္အစီအစဥ္အျဖစ္ ခ်မွတ္ထားပါတယ္။

ဒီအတိုင္းပဲ ယူ႐ိုပါလိဂ္ပြဲစဥ္ေတြကိုလည္း ၾသဂုတ္လ ၅ ရက္နဲ႔ ၆ ရက္ေန႔ေတြမွာ ကစားသြားမွာျဖစ္ၿပီး ၁၆ သင္းအဆင့္ လက္က်န္ ဒုတိယအေက်ာ့ပြဲစဥ္ေတြကို ဂ်ာမနီမွာ ကစားဖို႔ အဆိုျပဳထားၿပီးနဲ႔ တစ္ေက်ာ့မွာ ကစားႏုိင္ျခင္းမရွိေသးတဲ့ အီတလီနဲ႔ စပိန္အသင္းေတြျဖစ္တဲ့ အင္တာမီလန္-ဂီတာေဖး၊ ဆီဗီလာ-႐ိုးမားတုိ႔ရဲ႕ ပြဲစဥ္ေတြကို ဂ်ာမနီမွာ တစ္ေက်ာ့တည္းသာ ကစားၿပီး ကြာတားဖိုင္နယ္အတြက္ ဆုံးျဖတ္သြားဖို႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ယူအီးအက်ဖ်အေအနေနဲ့ လက်ရှိရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကစားဖို့အတွက် ကွာတားဖိုင်နယ်ရောက် နောက်ဆုံး ၈ သင်း ထွက်ပေါ်လာခဲ့ရင် ဒီအသင်းတွေကို ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာ ပြိုင်ပွဲငယ်တစ်ခု ကျင်းပပြီး ၁၂ ရက်အတွင်း ချန်ပီယံပေါ်ထွက်လာအောင် ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ၁၆ သင်းအဆင့် ရှုံးထွက်ကနေ နောက်တစ်ဆင့်တက်ရောက်ခဲ့ကြတာကတော့ ပီအက်စ်ဂျီ၊ အတ္တလန်တာ၊ အက်သလက်တီကို မက်ဒရစ်နဲ့ RB လိုက်ပ်ဇစ်အသင်းတွေ ဖြစ်ကြပြီး ကျန်တဲ့ ၄ နေရာတော့ အဖြေမပေါ်ခဲ့သေးဘဲ မန်ချက်စတာစီးတီး-ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်-ချဲလ်ဆီး၊ ဂျူဗင်တပ်စ်-လီယွန်၊ ဘာစီလိုနာ-နာပိုလီပွဲစဉ်တွေကတော့ ဒုတိယအကျော့လက်ကျန်အဖြစ် အဖြေပေါ်အောင် ကစားရဦးမှာဖြစ်ပါတယ်။

ဒီနှစ်အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘင်ဖီကာအသင်းအိမ်ကွင်းဖြစ်တဲ့ အက်စတေဒီယို ဒါလုဇ်မှာ ကစားရမှာဖြစ်တဲ့ အတွက် ယူအီးအက်ဖ်အေအနေနဲ့ ပွဲစဉ်တွေကို ပေါ်တူဂီနိုင်ငံမှာပဲ ကျင်းပသွားမှာဖြစ်ပြီး အိမ်ကွင်း အဝေးကွင်းစနစ်ကို ပယ်ဖျက်ပြီး ကြားကွင်း တစ်ကျော့တည်းနဲ့သာ ဆုံးဖြတ်သွားမှာလည်းဖြစ်ပါတယ်။

သြဂုတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကစားရမယ့် အထက်ဖော်ပြပါပွဲစဉ်တွေကို သက်ဆိုင်ရာ အိမ်ကွင်းတွေမှာ ကစားနိုင်ခြင်းမရှိဘူးဆိုရင် ဒီအတွက် ပေါ်တူဂီနိုင်ငံမှာပဲ ကျင်းပသွားဖို့ ရှိနေပြီး ပေါ်တိုနဲ့ ဂွီမာရေးစ်တို့က ကွင်းတွေမှာ လက်ခံကျင်းပပေးသွားဖို့ကိုလည်း အရန်အစီအစဉ်အဖြစ် ချမှတ်ထားပါတယ်။

ဒီအတိုင်းပဲ ယူရိုပါလိဂ်ပွဲစဉ်တွေကိုလည်း သြဂုတ်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ကစားသွားမှာဖြစ်ပြီး ၁၆ သင်းအဆင့် လက်ကျန် ဒုတိယအကျော့ပွဲစဉ်တွေကို ဂျာမနီမှာ ကစားဖို့ အဆိုပြုထားပြီးနဲ့ တစ်ကျော့မှာ ကစားနိုင်ခြင်းမရှိသေးတဲ့ အီတလီနဲ့ စပိန်အသင်းတွေဖြစ်တဲ့ အင်တာမီလန်-ဂီတာဖေး၊ ဆီဗီလာ-ရိုးမားတို့ရဲ့ ပွဲစဉ်တွေကို ဂျာမနီမှာ တစ်ကျော့တည်းသာ ကစားပြီး ကွာတားဖိုင်နယ်အတွက် ဆုံးဖြတ်သွားဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.