Premier League

နယူးကာဆယ္လ္ကို ေဆာ္ဒီေတြဆီက ၾကားဝင္ကမ္းလွမ္းမယ့္ အေမရိကန္သူေဌး

ေဆာ္ဒီအိမ္ေရွ႕မင္းသားဦးေဆာင္တဲ့ လုပ္ငန္းစုက လႊဲေျပာင္းရယူဖို႔ ကမ္းလွမ္းထားခဲ့ၿပီး အသင္းပုိင္ရွင္ မုိက္ခ္ အက္ရွ္လီနဲ႔လည္း သေဘာတူညီမွဳ ရယူထားခဲ့ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ ႐ုပ္သံထုတ္လႊင့္ခြင့္ေတြကို ခ်ဳိးေဖာက္မွဳ ရွိေနတယ္ဆုိၿပီး စြပ္စြဲမွဳေတြေၾကာင့္ ၾကန္႔ၾကာေနခဲ့တဲ့ နယူးကာဆယ္လ္ယူႏုိက္တက္အတြက္ ဝယ္လက္အသစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

အေမရိကန္လုပ္ငန္းရွင္သူေဌးတစ္ဦးျဖစ္တဲ့ ဟင္နရီ ေမာရစၥအေနနဲ႔ နယူးကာဆယ္လ္ယူႏုိက္တက္နဲ႔ ပရီးမီးယားလိဂ္မွာ ၿပဳိင္ဆုိင္သြားဖို႔ စိတ္ဝင္စားေနၿပီး လက္လႊဲရယူဖို႔ ေပါင္သန္း ၃၅၀ ေပးအပ္သြားဖို႔ ရွိေနသလို လာမယ့္ရာသီမွာ အသင္းနဲ႔ စတင္လက္တြဲႏိုင္ဖုိ႔ ဆႏၵရွိေနတယ္လုိ႔လည္း ဆုိပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလအတြင္းက မိုက္ခ္ အက္ရွ္လီအေနနဲ႔ ေဆာ္ဒီလုပ္ငန္းစုကို ေပါင္သန္း ၃၀၀ နဲ႔ ေရာင္းခ်ဖို႔ စီစဥ္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ အေမရိကန္ႏုိင္ငံရဲ႕ မီဒီယာသူေဌးျဖစ္တဲ့ Clear TV Media ကို ဦးေဆာင္ေနတဲ့ ေမာရစၥက ေပါင္သန္း ၅၀ အျမတ္ေပးကမ္းလွမ္းမွာလည္းျဖစ္ပါတယ္။

ေဆး႐ုံေတြနဲ႔ ေလယာဥ္လုပ္ငန္းေတြအတြက္ အဓိကထားၿပီး ထုတ္လႊင့္တဲ့ ႐ုပ္သံျဖစ္တဲ့ Clear TV Media ဟာ ၾကည့္ရွဳသူေပါင္း ၈၅ သန္းကို လႊမ္းၿခဳံထားႏိုင္တဲ့ ႐ုပ္သံတစ္ခုျဖစ္ၿပီး ၂၀၁၄ ခုႏွစ္ကေန ကုမၸဏီထူေထာင္ၿပီး ေအာင္ျမင္ခဲ့တဲ့ ေမာရစၥဟာ နယူးကာဆယ္လ္ပရိသတ္ေတြအတြက္ေတာ့ စိတ္ခ်လက္ခ် လႊဲအပ္ႏုိင္တဲ့ ပုိင္ရွင္တစ္ဦးလည္းျဖစ္ပါတယ္။

တစ္ဦးခ်င္း ၾကြယ္ခ်မ္းသာမွဳအရ ေပါင္ ၇ ဘီလီယံ ပုိင္ဆုိင္ထားတဲ့ ေမာရစၥအေနနဲ႔ နယူးကာဆယ္လ္ယူႏုိက္တက္အသင္းကို ဝယ္ယူၿပီးရင္ အေမရိကန္ေတြပဲျဖစ္ၾကတဲ့ လီဗာပူးလ္ရဲ႕ ဂၽြန္ ဟင္နရီနဲ႔ တြမ္ဝါနာတုိ႔လိုမ်ဳိး ေအာင္ျမင္မွဳေတြ ရယူဖို႔ ရည္ရြယ္ထားတယ္လုိ႔လည္း ေျပာၾကားခဲ့ဖူးလို႔ သူ႕အေနနဲ႔ ေဆာ္ဒီလုပ္ငန္းရွင္ေတြဆီကေန ၾကားျဖတ္ရယူဖို႔ လုပ္ေဆာင္သြားႏုိင္မလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဆော်ဒီအိမ်ရှေ့မင်းသားဦးဆောင်တဲ့ လုပ်ငန်းစုက လွှဲပြောင်းရယူဖို့ ကမ်းလှမ်းထားခဲ့ပြီး အသင်းပိုင်ရှင် မိုက်ခ် အက်ရှ်လီနဲ့လည်း သဘောတူညီမှု ရယူထားခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ရုပ်သံထုတ်လွှင့်ခွင့်တွေကို ချိုးဖောက်မှု ရှိနေတယ်ဆိုပြီး စွပ်စွဲမှုတွေကြောင့် ကြန့်ကြာနေခဲ့တဲ့ နယူးကာဆယ်လ်ယူနိုက်တက်အတွက် ဝယ်လက်အသစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန်လုပ်ငန်းရှင်သူဌေးတစ်ဦးဖြစ်တဲ့ ဟင်နရီ မောရစ္စအနေနဲ့ နယူးကာဆယ်လ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်သွားဖို့ စိတ်ဝင်စားနေပြီး လက်လွှဲရယူဖို့ ပေါင်သန်း ၃၅၀ ပေးအပ်သွားဖို့ ရှိနေသလို လာမယ့်ရာသီမှာ အသင်းနဲ့ စတင်လက်တွဲနိုင်ဖို့ ဆန္ဒရှိနေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက မိုက်ခ် အက်ရှ်လီအနေနဲ့ ဆော်ဒီလုပ်ငန်းစုကို ပေါင်သန်း ၃၀၀ နဲ့ ရောင်းချဖို့ စီစဉ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံရဲ့ မီဒီယာသူဌေးဖြစ်တဲ့ Clear TV Media ကို ဦးဆောင်နေတဲ့ မောရစ္စက ပေါင်သန်း ၅၀ အမြတ်ပေးကမ်းလှမ်းမှာလည်းဖြစ်ပါတယ်။

ဆေးရုံတွေနဲ့ လေယာဉ်လုပ်ငန်းတွေအတွက် အဓိကထားပြီး ထုတ်လွှင့်တဲ့ ရုပ်သံဖြစ်တဲ့ Clear TV Media ဟာ ကြည့်ရှုသူပေါင်း ၈၅ သန်းကို လွှမ်းခြုံထားနိုင်တဲ့ ရုပ်သံတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်ကနေ ကုမ္ပဏီထူထောင်ပြီး အောင်မြင်ခဲ့တဲ့ မောရစ္စဟာ နယူးကာဆယ်လ်ပရိသတ်တွေအတွက်တော့ စိတ်ချလက်ချ လွှဲအပ်နိုင်တဲ့ ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။

တစ်ဦးချင်း ကြွယ်ချမ်းသာမှုအရ ပေါင် ၇ ဘီလီယံ ပိုင်ဆိုင်ထားတဲ့ မောရစ္စအနေနဲ့ နယူးကာဆယ်လ်ယူနိုက်တက်အသင်းကို ဝယ်ယူပြီးရင် အမေရိကန်တွေပဲဖြစ်ကြတဲ့ လီဗာပူးလ်ရဲ့ ဂျွန် ဟင်နရီနဲ့ တွမ်ဝါနာတို့လိုမျိုး အောင်မြင်မှုတွေ ရယူဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောကြားခဲ့ဖူးလို့ သူ့အနေနဲ့ ဆော်ဒီလုပ်ငန်းရှင်တွေဆီကနေ ကြားဖြတ်ရယူဖို့ လုပ်ဆောင်သွားနိုင်မလား စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.