Match Report Premier League

ပဲလေ့စ်နဲ့ ဗီယာရာကို အဝေးကွင်းမှာ ချေမှုန်းခဲ့ပြီး နှစ်ပွဲဆက်အနိုင်နဲ့ ဂျရတ်ရဲ့ ဗီလာ

ခရစ္စတယ်လ်ပဲလေ့စ်အသင်းအနေနဲ့ အိမ်ကွင်း ဆဲလ်ဟာ့စ်ပါ့ခ်မှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အဓိက နောက်ခံလူ အန်ဒါဆန်ကလွဲလို့ လူစုံ ပါဝင်လာခဲ့ပြီး ဇာဟာ၊ အိုလီဆေး၊ ဘန်တီကီတို့ကို တိုက်စစ်မှာ ထားခဲ့သလို ကွင်းလယ်မှာလည်း ခြေစွမ်းပြနေတဲ့ ဂယ်လာဂါကို မီလီဗိုယေဗစ်ချ်နဲ့ ကူယာတေးတို့ ခြံရံပြီး နည်းပြ ပက်ထရစ် ဗီယာရာက ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အဝေးကွင်းကို လာကစားရတဲ့ အက်စ်တန်ဗီလာအသင်းရဲ့ နည်းပြ စတီဗင် ဂျရတ်ကတော့ ကတ်ရှ်၊ တားဂက်၊ မင်းစ်၊ ကွန်ဆာတို့ရဲ့ ခံစစ်ရှေ့မှာ ရမ်ဆေး၊ မက်ဂင်းနဲ့ နာကမ်ဘာတို့ရဲ့ လုပ်အားနှုန်း ဦးစားပေးတဲ့ ကွင်းလယ်ကို ထုတ်သုံးသွားခဲ့ပြီး တိုက်စစ်မှာတော့ ဝါရင့်တောင်ပံကစားသမား အက်ရှ်လီယန်း ပါဝင်လာခဲ့သလို ဝပ်ကင်းစ်၊ ဘေလီတို့နဲ့ တွဲကစားခဲ့ပါတယ်။

အိမ်ရှင်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၁၄ မိနစ်မှာတော့ ဧည့်သည် ဗီလာတို့က အဖွင့်ဂိုး စတင်ရရှိသွားခဲ့ပြီး ညာခြမ်းက ထောင့်ကန်ဘောကို အက်ရှ်လီယန်း ကန်တင်ပေးရာမှာ လူကြားထဲ ကျလာတဲ့ ဘောလုံးကို ဘယ်နောက်ခံလူ တားဂက်က တစ်ချက်ထိန်းပြီးမှ ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား ဂွိုင်တာ ကာကွယ်ဖို့ မမီလိုက်တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အန်ဒါဆန်နေရာ ကစားခွင့်ရတဲ့ တွမ်ကင်းစ်နဲ့ ကွင်းလယ်လူ ဂယ်လာဂါတို့ ခြေစွမ်းသိပ်မကောင်းခဲ့သလို အချင်းများခဲ့တဲ့ ဗီလာရဲ့ မက်တီ ကတ်ရှ်နဲ့ ပဲလေ့စ်ရဲ့ ဇာဟာတို့ တစ်ဝါစီ ထိခဲ့ကြပြီး ပထမပိုင်းမှာ အိမ်ရှင်တွေအနေနဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဘန်တီကီနဲ့ ဇာဟာတို့ အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဧည့်သည်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ပဲလေ့စ်တို့ တိုက်စစ်မြှင့်ကစားလာခဲ့သလို ဘောလုံးပိုင်ဆိုင်မှု အများစုကို ရယူခဲ့ပြီး ပေးပို့မှုက ၈၇ ရာခိုင်နှုန်းအထိ တိကျခဲ့ချိန်မှာ ဗီလာတို့ကတော့ ကောင်တာချောင်းကစားခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာတော့ အိမ်ရှင်တွေဘက်က မီလီဗိုယေဗစ်ချ်အစား အီဇီ ဝင်ကစားခဲ့သလို ဗီလာဘက်ကတော့ ရမ်ဆေးအစား ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ထည့်ပြီး ထိန်းကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ လူစားဝင်လာတာ ၅ မိနစ်သာ ကြာသေးတဲ့ ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ် အဖျက်ကြမ်းလို့ အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရပေမယ့် VAR ပြန်ကြည့်ခဲ့ချိန်မှာတော့ ခြေတစ်ဖက်နဲ့သာ ဝင်ခဲ့တာဖြစ်လို့ တိုက်ရိုက်အနီကတ်ကို ပယ်ဖျက်ပြီး အဝါကတ်အဖြစ် ပြန်လည် ပြောင်းလဲပေးခဲ့လို့ ဧည့်သည်တွေ တစ်ယောက်မလျော့ဘဲ ကစားခွင့်ရရှိခဲ့တာပါ။

နှစ်သင်းစလုံး လူစားလဲမှုတွေကို နည်းဗျူဟာကျကျ ပြောင်းလဲသွားခဲ့သလို ဒီတစ်ပတ်မှာ လူတွေ စိတ်ဝင်စားနေခဲ့ကြတဲ့ နာမည်ကြီး ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်းနှစ်ဦးရဲ့ တွေ့ဆုံမှုကတော့ စိတ်လှုပ်ရှားစရာလဲဖြစ်ခဲ့ပြီး ပဲလေ့စ်ဘက်က ဇာဟာနဲ့ အိုလီဆေးအစား အေဒူယာနဲ့ အာယူးတို့ ဝင်ကစားခဲ့သလို ဗီလာဘက်ကတော့ ဘိုင်လီနဲ့ အက်ရှ်လီယန်းအစား အယ်လ်ဂါဇီနဲ့ ဘွင်ဒီယာတို့ကို ထည့်သွင်းသွားခဲ့ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ ဗီလာတို့ ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဘယ်တောင်ပံကနေ အတွင်းကို ဆွဲဝင်လာခဲ့တဲ့ လူစားဝင် ကစားသမား အယ်လ်ဂါဇီရဲ့ ပေးပို့မှုကို ဧရိယာထိပ်မှာ လွတ်နေတဲ့ မက်ဂင်းက နောက်ခံလူနှစ်ယောက်ကြားကနေ ဝိုက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဂွိုက်တာ မကာကွယ်နိုင်ခဲ့ဘဲ ပဲလေ့စ်တို့ အထိနာခဲ့ရတာပါ။

ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို VAR ကြည့်ပေးခဲ့ရတာကြောင့် ဒီနေ့ပွဲမှာ သာမန်ပွဲကစားအချိန်အပြင် နာကျင်အချိန်ပို ၇ မိနစ်အထိ ကစားခဲ့ရပြီး ပွဲချိန် ၉၅ မိနစ်မှာတော့ ဖရီးကစ်က ပြန်ထွက်လာတဲ့ ဘောလုံးကို ညာခြမ်းကနေ ကူယာတေက ဖြတ်တင်ပေးရာမှာ နောက်ခံလူ ဂေဟီက ပိတ်သွင်းပြီး အိမ်ရှင် ပဲလေ့စ်တို့အတွက် ချေပဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပဲလေ့စ်တို့ သရေကျစေဖို့အထိ မစွမ်းနိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ အက်စ်တန်ဗီလာတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပြိုင်ဘက်ဟောင်း ဗီယာရာအပေါ် ဂျရတ်အနေနဲ့ အောင်ပွဲခံနိုင်ခဲ့သလို သူ့ရဲ့ ပထမဆုံးကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်နည်းပြဘဝမှာ နှစ်ပွဲဆက်တိုက် အနိုင်ယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားရပ်တည်မှု အဆင့် ၁၁ ကိုလည်း ပို့ဆောင်ပေးနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတယ္လ္ပဲေလ့စ္အသင္းအေနနဲ႔ အိမ္ကြင္း ဆဲလ္ဟာ့စ္ပါ့ခ္မွာ ကစားခဲ့ရတဲ့ ပြဲစဥ္မွာ အဓိက ေနာက္ခံလူ အန္ဒါဆန္ကလြဲလို႔ လူစုံ ပါဝင္လာခဲ့ၿပီး ဇာဟာ၊ အိုလီေဆး၊ ဘန္တီကီတို႔ကို တိုက္စစ္မွာ ထားခဲ့သလို ကြင္းလယ္မွာလည္း ေျခစြမ္းျပေနတဲ့ ဂယ္လာဂါကို မီလီဗိုေယဗစ္ခ်္နဲ႔ ကူယာေတးတို႔ ၿခံရံၿပီး နည္းျပ ပက္ထရစ္ ဗီယာရာက ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အေဝးကြင္းကို လာကစားရတဲ့ အက္စ္တန္ဗီလာအသင္းရဲ႕ နည္းျပ စတီဗင္ ဂ်ရတ္ကေတာ့ ကတ္ရွ္၊ တားဂက္၊ မင္းစ္၊ ကြန္ဆာတို႔ရဲ႕ ခံစစ္ေရွ႕မွာ ရမ္ေဆး၊ မက္ဂင္းနဲ႔ နာကမ္ဘာတို႔ရဲ႕ လုပ္အားႏႈန္း ဦးစားေပးတဲ့ ကြင္းလယ္ကို ထုတ္သုံးသြားခဲ့ၿပီး တိုက္စစ္မွာေတာ့ ဝါရင့္ေတာင္ပံကစားသမား အက္ရွ္လီယန္း ပါဝင္လာခဲ့သလို ဝပ္ကင္းစ္၊ ေဘလီတို႔နဲ႔ တြဲကစားခဲ့ပါတယ္။

အိမ္ရွင္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ ဧည့္သည္ ဗီလာတို႔က အဖြင့္ဂိုး စတင္ရရွိသြားခဲ့ၿပီး ညာျခမ္းက ေထာင့္ကန္ေဘာကို အက္ရွ္လီယန္း ကန္တင္ေပးရာမွာ လူၾကားထဲ က်လာတဲ့ ေဘာလုံးကို ဘယ္ေနာက္ခံလူ တားဂက္က တစ္ခ်က္ထိန္းၿပီးမွ ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား ဂြိဳင္တာ ကာကြယ္ဖို႔ မမီလိုက္တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ အန္ဒါဆန္ေနရာ ကစားခြင့္ရတဲ့ တြမ္ကင္းစ္နဲ႔ ကြင္းလယ္လူ ဂယ္လာဂါတို႔ ေျခစြမ္းသိပ္မေကာင္းခဲ့သလို အခ်င္းမ်ားခဲ့တဲ့ ဗီလာရဲ႕ မက္တီ ကတ္ရွ္နဲ႔ ပဲေလ့စ္ရဲ႕ ဇာဟာတို႔ တစ္ဝါစီ ထိခဲ့ၾကၿပီး ပထမပိုင္းမွာ အိမ္ရွင္ေတြအေနနဲ႔ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ ဘန္တီကီနဲ႔ ဇာဟာတို႔ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဧည့္သည္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ပဲေလ့စ္တို႔ တိုက္စစ္ျမႇင့္ကစားလာခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ရယူခဲ့ၿပီး ေပးပို႔မႈက ၈၇ ရာခိုင္ႏႈန္းအထိ တိက်ခဲ့ခ်ိန္မွာ ဗီလာတို႔ကေတာ့ ေကာင္တာေခ်ာင္းကစားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ အိမ္ရွင္ေတြဘက္က မီလီဗိုေယဗစ္ခ်္အစား အီဇီ ဝင္ကစားခဲ့သလို ဗီလာဘက္ကေတာ့ ရမ္ေဆးအစား ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို ထည့္ၿပီး ထိန္းကစားဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ လူစားဝင္လာတာ ၅ မိနစ္သာ ၾကာေသးတဲ့ ဗီလာကြင္းလယ္လူ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ အဖ်က္ၾကမ္းလို႔ အနီကတ္နဲ႔ အထုတ္ပယ္ခံခဲ့ရေပမယ့္ VAR ျပန္ၾကည့္ခဲ့ခ်ိန္မွာေတာ့ ေျခတစ္ဖက္နဲ႔သာ ဝင္ခဲ့တာျဖစ္လို႔ တိုက္႐ိုက္အနီကတ္ကို ပယ္ဖ်က္ၿပီး အဝါကတ္အျဖစ္ ျပန္လည္ ေျပာင္းလဲေပးခဲ့လို႔ ဧည့္သည္ေတြ တစ္ေယာက္မေလ်ာ့ဘဲ ကစားခြင့္ရရွိခဲ့တာပါ။

ႏွစ္သင္းစလုံး လူစားလဲမႈေတြကို နည္းဗ်ဴဟာက်က် ေျပာင္းလဲသြားခဲ့သလို ဒီတစ္ပတ္မွာ လူေတြ စိတ္ဝင္စားေနခဲ့ၾကတဲ့ နာမည္ႀကီး ပရီးမီးယားလိဂ္ ကြင္းလယ္လူေဟာင္းႏွစ္ဦးရဲ႕ ေတြ႕ဆုံမႈကေတာ့ စိတ္လႈပ္ရွားစရာလဲျဖစ္ခဲ့ၿပီး ပဲေလ့စ္ဘက္က ဇာဟာနဲ႔ အိုလီေဆးအစား ေအဒူယာနဲ႔ အာယူးတို႔ ဝင္ကစားခဲ့သလို ဗီလာဘက္ကေတာ့ ဘိုင္လီနဲ႔ အက္ရွ္လီယန္းအစား အယ္လ္ဂါဇီနဲ႔ ဘြင္ဒီယာတို႔ကို ထည့္သြင္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ဗီလာတို႔ ဒုတိယဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ဘယ္ေတာင္ပံကေန အတြင္းကို ဆြဲဝင္လာခဲ့တဲ့ လူစားဝင္ ကစားသမား အယ္လ္ဂါဇီရဲ႕ ေပးပို႔မႈကို ဧရိယာထိပ္မွာ လြတ္ေနတဲ့ မက္ဂင္းက ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ဝိုက္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဂြိဳက္တာ မကာကြယ္ႏိုင္ခဲ့ဘဲ ပဲေလ့စ္တို႔ အထိနာခဲ့ရတာပါ။

ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို VAR ၾကည့္ေပးခဲ့ရတာေၾကာင့္ ဒီေန႔ပြဲမွာ သာမန္ပြဲကစားအခ်ိန္အျပင္ နာက်င္အခ်ိန္ပို ၇ မိနစ္အထိ ကစားခဲ့ရၿပီး ပြဲခ်ိန္ ၉၅ မိနစ္မွာေတာ့ ဖရီးကစ္က ျပန္ထြက္လာတဲ့ ေဘာလုံးကို ညာျခမ္းကေန ကူယာေတက ျဖတ္တင္ေပးရာမွာ ေနာက္ခံလူ ေဂဟီက ပိတ္သြင္းၿပီး အိမ္ရွင္ ပဲေလ့စ္တို႔အတြက္ ေခ်ပဂိုးတစ္ဂိုး ရယူေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ပဲေလ့စ္တို႔ သေရက်ေစဖို႔အထိ မစြမ္းႏိုင္ခဲ့တာေၾကာင့္ အေဝးကြင္းမွာ အက္စ္တန္ဗီလာတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး ၿပိဳင္ဘက္ေဟာင္း ဗီယာရာအေပၚ ဂ်ရတ္အေနနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့သလို သူ႔ရဲ႕ ပထမဆုံးကိုင္တြယ္တဲ့ ပရီးမီးယားလိဂ္နည္းျပဘဝမွာ ႏွစ္ပြဲဆက္တိုက္ အႏိုင္ယူႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားရပ္တည္မႈ အဆင့္ ၁၁ ကိုလည္း ပို႔ေဆာင္ေပးႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.