Match Report Premier League

အာဖရိကငါးခူတွေကြောင့် စိတ်ပျက်ခဲ့ရပြီးမှ လူငယ်တွေကြောင့် နိုင်ပွဲရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ လီဗာပူးလ်နဲ့ပွဲက အရှုံးကို အကောင်းဆုံးပြန်လည်ဖာထေးနိုင်ဖို့အတွက် ကြိုးစားပြင်ဆင်လာခဲ့ပြီး တိုက်စစ်ဦးစားပေး ၄-၃-၃ လူစာရင်းကို ထုတ်သုံးခဲ့သလို လာကာဇက်နေရာမှာ အော်ဒီဂွါဒ် ဝင်ကစားခဲ့ချိန်မှာ တာဗာရက်စ်၊ ဆမ်ဘီ လိုကွန်ဂါတို့ ဆက်လက်ပါဝင်ခဲ့ပြီး ကျန်တဲ့ ပွဲထွက်ကစားသမားတွေကို ဆက်လက်သုံးစွဲခဲ့ပါတယ်။

နယူးကာဆယ်လ်အတွက် ပထမဆုံးပွဲကို ကိုင်တွယ်တဲ့ အက်ဒီဟောင်းကတော့ ၃-၄-၃ ပုံစံနဲ့ ကွင်းလယ်ကစားသမားအများစုကို အားပြုခဲ့ပြီး ဗဟိုခံစစ်မှူးသုံးယောက်ရှေ့မှာ ရှယ်လ်ဗီ၊ ဝီလော့ခ်၊ ဖရေဆာ၊ ရစ်ချီတို့ကို ထားခဲ့သလို တိုက်စစ်မှာတော့ စန်မက်ဇီမန်ကို နေရာလွတ် ရှာခိုင်းပြီး ဝီလ်ဆန်နဲ့ ဂျိုလင်တန်တို့ကို တွဲဖက်ပေးထားခဲ့တာပါ။

အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိန်းချုပ်ကစားခဲ့ချိန်မှာ နယူးကာဆယ်လ်ကလည်း တန်ပြန်တိုက်စစ်တွေကနေ ခွန်အားသုံးကစားပြီး ထိုးဖောက်ခဲ့တာကြောင့် ပွဲက နည်းနည်းကြမ်းခဲ့တယ်လို့ ဆိုရမှာဖြစ်သလို ဂန်းနားတွေရဲ့ ဘယ်နောက်ခံလူ တာဗာရက်စ်ကတော့ လုပ်အားနှုန်းကောင်းခဲ့ပေမယ့် မလိုအပ်ဘဲ ကန်သွင်းမှုတွေ ပြုလုပ်နေခဲ့တာကြောင့် အလေအလွင့်များနေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ အော်ဒီဂွါဒ်က နယူးကာဆယ်လ်ဂိုးရှေ့မှာ ရတဲ့ ဖရီးကစ်ကို ဘန်လေနဲ့ ပွဲက ပုံစံအတိုင်း ကန်သွင်းပြီး ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးက အတွင်းကို ဝိုက်တာများသွားခဲ့တာကြောင့် ဂိုးသမား ဒူဘရက်ဗ်ကာနဲ့ နီးသွားပြီး ပုတ်ထုတ်ခံခဲ့ရတာကြောင့် အိမ်ရှင်အာဆင်နယ်တို့ တစ်ဂိုးနစ်နာခဲ့ရပါတယ်။

ကွင်းလယ်လူ သောမတ်စ် ပါတေးကတော့ အာရုံစူးစိုက်မှု မကောင်းတာကို တွေ့ရပြီး ဖြတ်တောက်ရယူမှုတွေ ပြုလုပ်နိုင်ပေမယ့် ရှင်းထုတ်မှုနဲ့ လူပေးပုံတွေက အသင်းခံစစ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သလို မလိုအပ်တဲ့ အတိုပေးမှုတွေက မတိကျခဲ့တဲ့အခါ နယူးကာဆယ်လ်တို့ကို အခွင့်အရေးပေးမိခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာ သူဘောလုံးပျက်တာကနေ ရသွားတဲ့ စန်မက်ဇီမန်ရဲ့ ဖြတ်တင်မှုက လျှောထိုးဖျက်တဲ့ တိုမီယာစုရဲ့ လက်နဲ့ ထိခဲ့ပေမယ့် ဒိုင်လူကြီးက သက်ညှာသွားခဲ့လို့ အာဆင်နယ်တို့ ပင်နယ်တီ မပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာ ဖြတ်တင်ဘောကနေ ပါတေး ရှင်းထုတ်ခဲ့ရာမှာ ဖန်တီးပေးပို့သလောက် ကောင်းမွန်တဲ့ အခွင့်အရေးကို နယူးကာဆယ်လ်တို့ ရရှိခဲ့ပြီး ကွင်းလယ်လူ ရှယ်လ်ဗီက ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ အမြင့်ဘောကန်ချက်က လှပခဲ့ပေမယ့် ဂိုးသမား ရမ်းစ်ဒေးလ် လက်စွမ်းပြပုတ်ထုတ်သွားခဲ့လို့ အာဆင်နယ်တို့ Clean Sheet မပျက်ခဲ့ရတာပါ။

ပွဲချိန် ၄၁ မိနစ်မှာတော့ ဆာကာရဲ့ ဖြတ်တင်ဘောကနေ စမစ်ရိုးရဲ့ ခေါင်းတိုက်ချက်ကို ဒူဘရက်ဗ်ကာ ပုတ်ထုတ်ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို အာဆင်နယ်ကပ္ပတိန် အူဘာမီယန်းက အနီးကပ်အနေအထားကနေ အေးအေးဆေးဆေး ကန်ခဲ့ရပေမယ့် မယုံနိုင်လောက်အောင် တိုင်ထိပြီး လွဲချော်သွားခဲ့လို့ အသင်းဖော်တွေနဲ့ ပရိသတ်တွေ မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရပြီး သူနဲ့ ပါတေးကတော့ ဒီနေ့ရဲ့ အာဖရိကငါးခူတွေလို့လည်း နာမည်ပေးဖို့ ကောင်းခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ အာဆင်နယ်တို့ရဲ့ ဂိုးဧရိယာအစပ်က ဖြုန်းတီးမှုတွေကပဲ ပွဲရဲ့ ထင်သာမြင်သာတဲ့အချက်ဖြစ်ခဲ့ပြီး အဆုံးသတ်ပိုင်းတွေကတော့ နည်းပြ အာတီတာကို စိတ်ပျက်စေခဲ့သလို အမ်းမရိတ်မြေမှာ ဂိုးမရှိသရေကျနေခဲ့ပြီး အသင်းခေါင်းဆောင် အူဘာမီယန်းအတွက်တော့ သူ့ရဲ့ နေ့ရက်တွေကို လက်ချိုးရေထားဖို့ ကောင်းခဲ့ပြီလို့ ပရိသတ်တွေကလည်း အပြစ်တင်နေခဲ့ကြတာပါ။

ဒုတိယပိုင်းမှာတော့ စိတ်ပျက်နေပုံရတဲ့ လူငယ်တွေအနေနဲ့ အူဘာမီယန်းနဲ့ တတ်နိုင်သလောက် မတွဲဘဲ ကစားနေခဲ့ကြတယ်လို့တောင် ထင်ခဲ့ရပြီး ပွဲချိန် ၅၁ မိနစ်မှာ ဆာကာရဲ့ ကန်ချက်ကို နယူးကာဆယ်လ်ဂိုးသမား ကာကွယ်ခဲ့ရပြီး ၅၂ မိနစ်မှာတော့ ဖရီးကစ်ကနေ ဆာကာရဲ့ အမြော်အမြင်ရှိတဲ့ ဖြတ်တင်ဘောကို တိုမီယာစု နောက်ကျနေခဲ့လို့ အခွင့်အရေးဆုံးရှုံးခဲ့ရပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာတော့ ဘယ်ခြမ်းကနေ စမစ်ရိုးနဲ့ အပေးအယူလုပ်ပြီး ထိုးဖော်နေခဲ့တဲ့ ဆာကာက အတွင်းဝင်ပြီး Pass Option အတွက် စောင့်နေတဲ့ နောက်ခံလူ နူနို တာဗာရက်စ်နဲ့ ဝမ်းတူးရိုက်ထွက်ပြီး လူကျွံထောင်ချောက်ကို ဖြတ်ကျော်နိုင်ခဲ့ရာကနေ ထောင့်ကျဉ်းဘက်က ဘယ်ခြေနဲ့ အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဒူဘရက်ဗ်ကာ အငိုက်မိသွားခဲ့ပြီး အာဆင်နယ်တို့ အဖွင့်ဂိုးစရခဲ့ပါတယ်။

ပွဲကစားချိန် တစ်နာရီပြည့်တဲ့အချိန်အထိ စီနီယာ ကစားသမားနှစ်ဦးဖြစ်တဲ့ အူဘာမီယန်းနဲ့ ပါတေးတို့ရဲ့ ခြေစွမ်းတွေကတော့ အားရစရာ လုံးဝမရှိခဲ့ဘဲ ပွဲချိန် ၆၄ မိနစ်မှာတော့ ဒူးအနည်းငယ်နာသွားပုံရတဲ့ ဆာကာကို အာဆင်နယ်တို့ အနားပေးခဲ့ပြီး သူ့ရဲ့ ညာခြမ်းကို မာတီနယ်လီနဲ့ ပြောင်းလဲ ထည့်သွင်းခဲ့ပါတယ်။

ဒီလူစားလဲမှုက မှန်ကန်ခဲ့ပြီး ဒီနေ့ပွဲမှာ Full Back စစ်စစ်တစ်ယောက်လို Overlapping Run တွေ မကောင်းပေမယ့် ပေးပို့မှုတွေမှာ အကွက်မြင်တဲ့ တိုမီယာစုနဲ့ မာတီနယ်လီရဲ့ ပေါင်းစပ်မှုက အလုပ်ဖြစ်ခဲ့သလို ပွဲချိန် ၆၅ မိနစ်မှာတော့ ဂျပန်သား အသာအယာ မ,တင်ပေးလိုက်တဲ့ ဘောလုံးကို နောက်တန်းကို ကျော်ပြေးတဲ့ ဘရာဇီးလ်သားက ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ မြေမကျကန်သွင်းပြီး အာဆင်နယ်တို့ ဒုတိယဂိုးနဲ့ ထပ်မံဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ ပါတေးရဲ့ ခံစစ်ဇုန်ရှေ့ ဟိုလိုလို ဒီလိုလို ပေးပို့မှုကနေ ရှယ်လ်ဗီရယူပြီး ကန်သွင်းခဲ့ပေမယ့် ရမ်းစ်ဒေးလ် အမိဖမ်းနိုင်ခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာတော့ စမစ်ရိုး ထိုးပေးတဲ့ ဘောလုံးကို နှေးကွေးလေးလံနေတဲ့ အူဘာမီယန်း အသုံးမချနိုင်ခဲ့လို့ အာဆင်နယ်တို့ ဂိုးရခွင့်နဲ့ လွဲခဲ့ရသလို ပွဲချိန် ၇၅ မိနစ်မှာ မလိုအပ်ဘဲ တစ်ဝါဝယ်ယူခဲ့တဲ့ အသင်းခေါင်းဆောင်ကိုတော့ လာကာဇက်နဲ့ လူစားလဲခဲ့ရပါတယ်။

လာကာဇက် ဝင်လာခဲ့ပေမယ့် တိုက်စစ်ကတော့ သိပ်အလုပ်မဖြစ်ခဲ့သလို အော်ဒီဂွါဒ် ကစားတဲ့ပွဲမှာ စမစ်ရိုး ခြေပျောက်တာကတော့ တိုက်ဆိုင်မှု တစ်ခုလိုဖြစ်နေခဲ့ပြီး အာဆင်နယ်တို့ မာတီနယ်လီကိုပဲ အားကိုးခဲ့ရသလို ပွဲချိန်မိနစ် ၈၀ မှာတော့ တာဗာရက်စ်ရဲ့ ပေးပို့မှုကို ဘရာဇီးလ်လူငယ်ရဲ့ ထိန်းသိမ်းမှုနဲ့ အတွေ့အကြုံလိုအပ်ခဲ့မှုကြောင့် အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ရပါတယ်။

ဂိုးသမား ရမ်းစ်ဒေးလ်ကတော့ အာဆင်နယ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် ဒီနေ့မှာလည်း ဆက်လက်ပြသနိုင်ခဲ့ပြီး နယူးကာဆယ်လ်ရဲ့ ဂိုးပေါက်တည့်မှု ၅ ကြိမ်စလုံးကို လက်စွမ်းပြ ကာကွယ်သွားခဲ့သလို လက်ကျန်ပွဲချိန်တွေမှာတော့ ပွဲကို အိမ်ရှင်တွေ ထိန်းကစားသွားပြီး မိနစ် ၉၀ နဲ့ နာကျင်အချိန်ပိုအပြီးမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်တို့ ၁၃ ပွဲကစားအပြီး ၇ ပွဲနိုင် ၂ ပွဲသရေ ၄ ပွဲရှုံး၊ ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၅ နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလို နယူးကာဆယ်လ်တို့ကတော့ ဒီရာသီမှာ နိုင်ပွဲတစ်ပွဲမှ မရသေးဘဲ ၆ ပွဲသရေ ၇ ပွဲရှုံးရလဒ်နဲ့ နော့ဝစ်ချ်ရဲ့အောက် တန်းဆင်းဇုန်ဘိတ်ဆုံး အဆင့် ၂၀ မှာပဲ ဆက်လက်ရပ်တည်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ လီဗာပူးလ္နဲ႔ပြဲက အရႈံးကို အေကာင္းဆုံးျပန္လည္ဖာေထးႏိုင္ဖို႔အတြက္ ႀကိဳးစားျပင္ဆင္လာခဲ့ၿပီး တိုက္စစ္ဦးစားေပး ၄-၃-၃ လူစာရင္းကို ထုတ္သုံးခဲ့သလို လာကာဇက္ေနရာမွာ ေအာ္ဒီဂြါဒ္ ဝင္ကစားခဲ့ခ်ိန္မွာ တာဗာရက္စ္၊ ဆမ္ဘီ လိုကြန္ဂါတို႔ ဆက္လက္ပါဝင္ခဲ့ၿပီး က်န္တဲ့ ပြဲထြက္ကစားသမားေတြကို ဆက္လက္သုံးစြဲခဲ့ပါတယ္။

နယူးကာဆယ္လ္အတြက္ ပထမဆုံးပြဲကို ကိုင္တြယ္တဲ့ အက္ဒီေဟာင္းကေတာ့ ၃-၄-၃ ပုံစံနဲ႔ ကြင္းလယ္ကစားသမားအမ်ားစုကို အားျပဳခဲ့ၿပီး ဗဟိုခံစစ္မႉးသုံးေယာက္ေရွ႕မွာ ရွယ္လ္ဗီ၊ ဝီေလာ့ခ္၊ ဖေရဆာ၊ ရစ္ခ်ီတို႔ကို ထားခဲ့သလို တိုက္စစ္မွာေတာ့ စန္မက္ဇီမန္ကို ေနရာလြတ္ ရွာခိုင္းၿပီး ဝီလ္ဆန္နဲ႔ ဂ်ိဳလင္တန္တို႔ကို တြဲဖက္ေပးထားခဲ့တာပါ။

အာဆင္နယ္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ထိန္းခ်ဳပ္ကစားခဲ့ခ်ိန္မွာ နယူးကာဆယ္လ္ကလည္း တန္ျပန္တိုက္စစ္ေတြကေန ခြန္အားသုံးကစားၿပီး ထိုးေဖာက္ခဲ့တာေၾကာင့္ ပြဲက နည္းနည္းၾကမ္းခဲ့တယ္လို႔ ဆိုရမွာျဖစ္သလို ဂန္းနားေတြရဲ႕ ဘယ္ေနာက္ခံလူ တာဗာရက္စ္ကေတာ့ လုပ္အားႏႈန္းေကာင္းခဲ့ေပမယ့္ မလိုအပ္ဘဲ ကန္သြင္းမႈေတြ ျပဳလုပ္ေနခဲ့တာေၾကာင့္ အေလအလြင့္မ်ားေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ ေအာ္ဒီဂြါဒ္က နယူးကာဆယ္လ္ဂိုးေရွ႕မွာ ရတဲ့ ဖရီးကစ္ကို ဘန္ေလနဲ႔ ပြဲက ပုံစံအတိုင္း ကန္သြင္းၿပီး ဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေဘာလုံးက အတြင္းကို ဝိုက္တာမ်ားသြားခဲ့တာေၾကာင့္ ဂိုးသမား ဒူဘရက္ဗ္ကာနဲ႔ နီးသြားၿပီး ပုတ္ထုတ္ခံခဲ့ရတာေၾကာင့္ အိမ္ရွင္အာဆင္နယ္တို႔ တစ္ဂိုးနစ္နာခဲ့ရပါတယ္။

ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကေတာ့ အာ႐ုံစူးစိုက္မႈ မေကာင္းတာကို ေတြ႕ရၿပီး ျဖတ္ေတာက္ရယူမႈေတြ ျပဳလုပ္ႏိုင္ေပမယ့္ ရွင္းထုတ္မႈနဲ႔ လူေပးပုံေတြက အသင္းခံစစ္ကို ဝန္ထုပ္ဝန္ပိုးျဖစ္ေစခဲ့သလို မလိုအပ္တဲ့ အတိုေပးမႈေတြက မတိက်ခဲ့တဲ့အခါ နယူးကာဆယ္လ္တို႔ကို အခြင့္အေရးေပးမိခဲ့ၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာ သူေဘာလုံးပ်က္တာကေန ရသြားတဲ့ စန္မက္ဇီမန္ရဲ႕ ျဖတ္တင္မႈက ေလွ်ာထိုးဖ်က္တဲ့ တိုမီယာစုရဲ႕ လက္နဲ႔ ထိခဲ့ေပမယ့္ ဒိုင္လူႀကီးက သက္ညႇာသြားခဲ့လို႔ အာဆင္နယ္တို႔ ပင္နယ္တီ မေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာ ျဖတ္တင္ေဘာကေန ပါေတး ရွင္းထုတ္ခဲ့ရာမွာ ဖန္တီးေပးပို႔သေလာက္ ေကာင္းမြန္တဲ့ အခြင့္အေရးကို နယူးကာဆယ္လ္တို႔ ရရွိခဲ့ၿပီး ကြင္းလယ္လူ ရွယ္လ္ဗီက ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ အျမင့္ေဘာကန္ခ်က္က လွပခဲ့ေပမယ့္ ဂိုးသမား ရမ္းစ္ေဒးလ္ လက္စြမ္းျပပုတ္ထုတ္သြားခဲ့လို႔ အာဆင္နယ္တို႔ Clean Sheet မပ်က္ခဲ့ရတာပါ။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ဆာကာရဲ႕ ျဖတ္တင္ေဘာကေန စမစ္႐ိုးရဲ႕ ေခါင္းတိုက္ခ်က္ကို ဒူဘရက္ဗ္ကာ ပုတ္ထုတ္ရာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို အာဆင္နယ္ကပၸတိန္ အူဘာမီယန္းက အနီးကပ္အေနအထားကေန ေအးေအးေဆးေဆး ကန္ခဲ့ရေပမယ့္ မယုံႏိုင္ေလာက္ေအာင္ တိုင္ထိၿပီး လြဲေခ်ာ္သြားခဲ့လို႔ အသင္းေဖာ္ေတြနဲ႔ ပရိသတ္ေတြ မယုံႏိုင္ေလာက္ေအာင္ျဖစ္ခဲ့ရၿပီး သူနဲ႔ ပါေတးကေတာ့ ဒီေန႔ရဲ႕ အာဖရိကငါးခူေတြလို႔လည္း နာမည္ေပးဖို႔ ေကာင္းခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ အာဆင္နယ္တို႔ရဲ႕ ဂိုးဧရိယာအစပ္က ျဖဳန္းတီးမႈေတြကပဲ ပြဲရဲ႕ ထင္သာျမင္သာတဲ့အခ်က္ျဖစ္ခဲ့ၿပီး အဆုံးသတ္ပိုင္းေတြကေတာ့ နည္းျပ အာတီတာကို စိတ္ပ်က္ေစခဲ့သလို အမ္းမရိတ္ေျမမွာ ဂိုးမရွိသေရက်ေနခဲ့ၿပီး အသင္းေခါင္းေဆာင္ အူဘာမီယန္းအတြက္ေတာ့ သူ႔ရဲ႕ ေန႔ရက္ေတြကို လက္ခ်ိဳးေရထားဖို႔ ေကာင္းခဲ့ၿပီလို႔ ပရိသတ္ေတြကလည္း အျပစ္တင္ေနခဲ့ၾကတာပါ။

ဒုတိယပိုင္းမွာေတာ့ စိတ္ပ်က္ေနပုံရတဲ့ လူငယ္ေတြအေနနဲ႔ အူဘာမီယန္းနဲ႔ တတ္ႏိုင္သေလာက္ မတြဲဘဲ ကစားေနခဲ့ၾကတယ္လို႔ေတာင္ ထင္ခဲ့ရၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာ ဆာကာရဲ႕ ကန္ခ်က္ကို နယူးကာဆယ္လ္ဂိုးသမား ကာကြယ္ခဲ့ရၿပီး ၅၂ မိနစ္မွာေတာ့ ဖရီးကစ္ကေန ဆာကာရဲ႕ အေျမာ္အျမင္ရွိတဲ့ ျဖတ္တင္ေဘာကို တိုမီယာစု ေနာက္က်ေနခဲ့လို႔ အခြင့္အေရးဆုံးရႈံးခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန စမစ္႐ိုးနဲ႔ အေပးအယူလုပ္ၿပီး ထိုးေဖာ္ေနခဲ့တဲ့ ဆာကာက အတြင္းဝင္ၿပီး Pass Option အတြက္ ေစာင့္ေနတဲ့ ေနာက္ခံလူ ႏူႏို တာဗာရက္စ္နဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ႏိုင္ခဲ့ရာကေန ေထာင့္က်ဥ္းဘက္က ဘယ္ေျခနဲ႔ အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ဒူဘရက္ဗ္ကာ အငိုက္မိသြားခဲ့ၿပီး အာဆင္နယ္တို႔ အဖြင့္ဂိုးစရခဲ့ပါတယ္။

ပြဲကစားခ်ိန္ တစ္နာရီျပည့္တဲ့အခ်ိန္အထိ စီနီယာ ကစားသမားႏွစ္ဦးျဖစ္တဲ့ အူဘာမီယန္းနဲ႔ ပါေတးတို႔ရဲ႕ ေျခစြမ္းေတြကေတာ့ အားရစရာ လုံးဝမရွိခဲ့ဘဲ ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ဒူးအနည္းငယ္နာသြားပုံရတဲ့ ဆာကာကို အာဆင္နယ္တို႔ အနားေပးခဲ့ၿပီး သူ႔ရဲ႕ ညာျခမ္းကို မာတီနယ္လီနဲ႔ ေျပာင္းလဲ ထည့္သြင္းခဲ့ပါတယ္။

ဒီလူစားလဲမႈက မွန္ကန္ခဲ့ၿပီး ဒီေန႔ပြဲမွာ Full Back စစ္စစ္တစ္ေယာက္လို Overlapping Run ေတြ မေကာင္းေပမယ့္ ေပးပို႔မႈေတြမွာ အကြက္ျမင္တဲ့ တိုမီယာစုနဲ႔ မာတီနယ္လီရဲ႕ ေပါင္းစပ္မႈက အလုပ္ျဖစ္ခဲ့သလို ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဂ်ပန္သား အသာအယာ မ,တင္ေပးလိုက္တဲ့ ေဘာလုံးကို ေနာက္တန္းကို ေက်ာ္ေျပးတဲ့ ဘရာဇီးလ္သားက ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ ေျမမက်ကန္သြင္းၿပီး အာဆင္နယ္တို႔ ဒုတိယဂိုးနဲ႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ပါေတးရဲ႕ ခံစစ္ဇုန္ေရွ႕ ဟိုလိုလို ဒီလိုလို ေပးပို႔မႈကေန ရွယ္လ္ဗီရယူၿပီး ကန္သြင္းခဲ့ေပမယ့္ ရမ္းစ္ေဒးလ္ အမိဖမ္းႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ စမစ္႐ိုး ထိုးေပးတဲ့ ေဘာလုံးကို ေႏွးေကြးေလးလံေနတဲ့ အူဘာမီယန္း အသုံးမခ်ႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ ဂိုးရခြင့္နဲ႔ လြဲခဲ့ရသလို ပြဲခ်ိန္ ၇၅ မိနစ္မွာ မလိုအပ္ဘဲ တစ္ဝါဝယ္ယူခဲ့တဲ့ အသင္းေခါင္းေဆာင္ကိုေတာ့ လာကာဇက္နဲ႔ လူစားလဲခဲ့ရပါတယ္။

လာကာဇက္ ဝင္လာခဲ့ေပမယ့္ တိုက္စစ္ကေတာ့ သိပ္အလုပ္မျဖစ္ခဲ့သလို ေအာ္ဒီဂြါဒ္ ကစားတဲ့ပြဲမွာ စမစ္႐ိုး ေျခေပ်ာက္တာကေတာ့ တိုက္ဆိုင္မႈ တစ္ခုလိုျဖစ္ေနခဲ့ၿပီး အာဆင္နယ္တို႔ မာတီနယ္လီကိုပဲ အားကိုးခဲ့ရသလို ပြဲခ်ိန္မိနစ္ ၈၀ မွာေတာ့ တာဗာရက္စ္ရဲ႕ ေပးပို႔မႈကို ဘရာဇီးလ္လူငယ္ရဲ႕ ထိန္းသိမ္းမႈနဲ႔ အေတြ႕အႀကဳံလိုအပ္ခဲ့မႈေၾကာင့္ အခြင့္အေရးတစ္ခု ဆုံးရႈံးခဲ့ရပါတယ္။

ဂိုးသမား ရမ္းစ္ေဒးလ္ကေတာ့ အာဆင္နယ္ရဲ႕ အေကာင္းဆုံး ကစားသမားတစ္ေယာက္အျဖစ္ ဒီေန႔မွာလည္း ဆက္လက္ျပသႏိုင္ခဲ့ၿပီး နယူးကာဆယ္လ္ရဲ႕ ဂိုးေပါက္တည့္မႈ ၅ ႀကိမ္စလုံးကို လက္စြမ္းျပ ကာကြယ္သြားခဲ့သလို လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ပြဲကို အိမ္ရွင္ေတြ ထိန္းကစားသြားၿပီး မိနစ္ ၉၀ နဲ႔ နာက်င္အခ်ိန္ပိုအၿပီးမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ အာဆင္နယ္တို႔ ၁၃ ပြဲကစားအၿပီး ၇ ပြဲႏိုင္ ၂ ပြဲသေရ ၄ ပြဲရႈံး၊ ရမွတ္ ၂၃ မွတ္နဲ႔ အဆင့္ ၅ ေနရာကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့သလို နယူးကာဆယ္လ္တို႔ကေတာ့ ဒီရာသီမွာ ႏိုင္ပြဲတစ္ပြဲမွ မရေသးဘဲ ၆ ပြဲသေရ ၇ ပြဲရႈံးရလဒ္နဲ႔ ေနာ့ဝစ္ခ်္ရဲ႕ေအာက္ တန္းဆင္းဇုန္ဘိတ္ဆုံး အဆင့္ ၂၀ မွာပဲ ဆက္လက္ရပ္တည္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.