Other

ကစားသမားဘဝကနေ အနားယူပြီးနောက် ဘောလုံးအသင်းဝယ်ခဲ့ကြတဲ့ ကစားသမား ၈ ဦး

ဘောလုံးသမားတွေဟာ ကစားသမားဘဝ ကုန်ဆုံးတဲ့အချိန်ကျရင် နည်းပြထိုင်ခုံ ဒါမှမဟုတ် တီဗွီ စတူဒီယိုထဲက သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံမှာ ပြောင်းလဲနေရာယူတတ်ကြပေမယ့် အချို့ကစားသမားတွေအတွက်တော့ မြက်ခင်းစိမ်းကို နှုတ်ဆက်ရတဲ့အချိန်ရောက်လာရင် အခြားရွေးချယ်စရာတွေက စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားဟောင်းတွေအတွက် အားကစားလောကမှ ဆက်လက်ပါဝင်ပတ်သက်နေရတာက ဘဝရဲ့ ညှိနှိုင်းလို့မရနိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘောလုံးအကြောင်းပဲ သိတဲ့ ဘောလုံးသမားတွေအနေနဲ့ ဒီနယ်ပယ်ထဲမှာပဲ ကျင်လည်ရတာက သဘာဝဖြစ်ပါတယ်။ အချို့က နည်းပြအလုပ်နဲ့ အချို့က ဘောလုံးဝေဖန်သုံးသပ်သူအလုပ်တွေ လုပ်ကိုင်ကြပေမယ့် တခြားကစားသမားတွေကတော့ အဲဒီထက်ပိုမိုတဲ့ ခြေလှမ်းကို ဆက်လှမ်းကြပြီး အသင်းပိုင်ရှင်ဖြစ်လာခဲ့ကြတာဖြစ်ပါတယ်။

ဒေးဗစ် ဘက်ခမ်းဟာ အင်တာ မိုင်ယာမီအသင်းရဲ့ပိုင်ရှင်ဆိုတာ အားလုံးသိကြမှာဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမားတစ်ဦးတည်းက ဘောလုံးကလပ်အသင်းကို ပိုင်ဆိုင်ထားသူမဟုတ်ဘဲ ကမ္ဘာတလွှားမှာ ဘောလုံးကလပ်ကို ဝယ်ယူခဲ့တဲ့ ကစားသမားတွေလည်း ရှိနေပြီး အဲဒီကစားသမား ၈ ဦးက ဘယ်သူတွေလဲ…

၁။ ဒေးဗစ် ဘက်ခမ်း

ဒေးဗစ် ဘက်ခမ်းဟာ ကစားသမားဘဝ နောက်ဆုံးအချိန်တွေမှာ အယ်လ်အေ ဂလက်ဆီအသင်းကို သွားရောက်ကစားခဲ့ပြီး ယူအက်စ်က ဘောလုံးပရိသတ်တွေကို တိုးပွားလာစေခဲ့ပါတယ်။ ဒါ့အပြင် ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ဘောလုံးအားကစားကို နိုင်ငံအဆင့် သိသာထင်ရှားတဲ့ အာရုံစိုက်မှုတွေ သယ်ဆောင်နိုင်ခဲ့တာကြောင့် အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းဟာ ယူအက်စ်မှာ ဘောလုံးအားကစား တိုးတက်မှုကို ဆက်လက်ဦးဆောင်ချင်တာကြောင့် ၂၀၁၄ ခုနှစ်မှာ အသင်းသစ် တိုးချဲ့ခွင့်ကို ဝယ်ယူခဲ့ပြီး အသင်းသစ်ရဲ့အခြေစိုက်ရာနေရာအဖြစ် ဖလော်ရီဒါကို ရွေးချယ်ခဲ့ပါတယ်။ အင်တာ မိုင်ယာမီအသင်းဟာ ၂၀၂၀ ခုနှစ်မှာ မေဂျာလိဂ်ပြိုင်ပွဲကို စတင်ပွဲဦးထွက် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ကီရန် ဂစ်ဘ်စ်၊ ရိုင်ယန် ရှောခရော့စ်၊ မတွီဒီနဲ့ ဟီဂူအင်တို့ဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

၂။ ရော်နယ်လ်ဒို

ဘလွန်ဒေါ ၃ ဆုရှင်ဟာ ပြီးခဲ့တဲ့မေလမှာ တန်းဆင်းခဲ့တဲ့ စပိန်ကလပ်အသင်း ရီးရဲလ် ဗယ်လာဒိုးလစ်ရဲ့ အဓိကပိုင်ရှင်ဖြစ်ပြီး ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ၂ သင်းစလုံးအတွက် ကစားပေးခဲ့ပြီးနောက်ပိုင်း ရော်နယ်လ်ဒိုဟာ စပိန်မှာ ဘဝကို ထူထောင်ခဲ့ပါတယ်။ အဲဒီတော့ မြောက်အမေရိကလိဂ်မှာ ကစားနေတဲ့ Fort Lauderdale Strikers အသင်းမှာ အစုရှယ်ယာအနည်းငယ် ရင်းနှီးမြှုပ်နှံခဲ့ပြီးနောက် စပိန်ဘောလုံးလောကကို အာရုံပြောင်းဖို့ ဆုံးဖြတ်ခဲ့တာက မထူးဆန်းတော့ပါဘူး။ ရော်နယ်လ်ဒိုဟာ ၂၀၁၈ ခုနှစ်မှာ ဗယ်လာဒိုးလစ်အသင်းကို ထိန်းချုပ်နိုင်တဲ့ ရှယ်ယာအများစုကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ဝယ်ယူခဲ့ပြီး အဲဒီကတည်းက အသင်းကို ပြန်ကိုလှည့်မကြည့်တော့တာဖြစ်ပါတယ်။

၃။ ၉၂ မျိုးဆက်

ဂယ်ရီ နဗီး၊ ရိုင်ယန် ဂစ်၊ ပေါလ် စခိုး၊ နစ်ကီ ဘတ်၊ ဖီးလ် နဗီးတို့ဟာ ၉၂ မျိုးဆက်လို့ လူသိများတဲ့ မန်ချက်စတာယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ရွှေရောင်မျိုးဆက်တွေဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ စုပေါင်းပြီး လူသိနည်းပြီး လိဂ်မရှိတဲ့ ဆဲလ်ဖို့ဒ်စီးတီးအသင်းကို ဝယ်ယူခဲ့ကြပါတယ်။ နောက်ထပ်တစ်နှစ်အကြာမှာ စင်ကာပူလူမျိုး ဘီလျံနာ ပီတာ လင်းမ်က အသင်းရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ နောက်ထပ် ၁၀ ရာခိုင်နှုန်း ထပ်ဝယ်ခဲ့ပြီးနောက် ဘုတ်အဖွဲ့မှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ၉၂ မျိုးဆက်ဟာ ဆဲလ်ဖို့ဒ်အသင်းရဲ့အရောင်ဖြစ်တဲ့ လိမ္မော်ရောင်ကနေ အနီရောင်ကို ပြောင်းလဲခဲ့ပြီး ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ကွင်းအတွင်းမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ ဆဲလ်ဖို့ဒ်စီးတီးဟာ ၂၀၁၉ ခုနှစ်မှာ ဘောလုံးလိဂ်မှာ စတင်ယှဉ်ပြိုင်နိုင်ခဲ့ပြီး လာမယ့် ရာသီအတွင်း ချန်ပီယံရှစ်ပြိုင်ပွဲကို တက်ရောက်နိုင်ဖို့ ပစ်မှတ်ထားထားတာဖြစ်ပါတယ်။

၄။ ဒီဒီယာ ဒရော့ဂ်ဘာ

ချဲလ်ဆီးဂန္တဝင်တိုက်စစ်မှူးဟာ ၎င်းရဲ့တောက်ပတဲ့ ကစားသမားဘဝ နောက်ဆုံးနှစ်အပိုင်းအခြားကို မြောက်အမေရိကမှာ ကုန်ဆုံးခဲ့သူဖြစ်ပြီး ပထမဆုံး ကနေဒါက မွန်ထရီရယ်လ် အင်းပက်အတွက် ကစားပေးခဲ့ပြီး နောက်ပိုင်းမှာ ယူအက်စ်က ဖီးနစ် ရိုက်ဆင်းအတွက် ကစားပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဖီးနစ်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ဒရော့ဂ်ဘာဟာ ရှယ်ယာအနည်းစုကို ပိုင်ဆိုင်သူ ဖြစ်လာခဲ့ပြီး ဘောလုံးသမိုင်းမှာ ပထမဆုံး ကစားသမား-ပိုင်ရှင်ဖြစ်ခဲ့ပါတယ်။ အိုင်ဗရီကို့စ်တိုက်စစ်မှူးဟာ နောက်တစ်နှစ်အကြာမှာ အနားယူခဲ့ပေမယ့် အသင်းရဲ့ စီမံအုပ်ချုပ်ရေးဌာနမှာ ဆက်လက်ပါဝင်ပတ်သက်နေဆဲဖြစ်ပါတယ်။

၅။ ဒမ်ဘာ ဘ

ချဲလ်ဆီးနဲ့ နယူးကာဆယ်လ်တိုက်စစ်မှူးဟောင်း ဒန်ဘာ ဘဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကတည်းက အမေရိကန်ကလပ်အသင်းရဲ့ ပိုင်ရှင်တွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပါတယ်။ ဒမ်ဘာ ဘဟာ ဆန် ဒီယေဂို ၁၉၀၄ ကို အသင်းဖော်ဟောင်း အီဒင် ဟာဇက်နဲ့အတူတူ ဖန်တီးခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းရဲ့ဥက္ကဌ ဖြစ်နေသူဖြစ်ပါတယ်။ ဆန် ဒီယေဂိုအသင်းကို ၁၉၀၄ လို့ လူသိများရတဲ့အကြောင်းက S ဟာ အက္ခရာစဉ်အရ ၁၉ လုံးမြောက်စာလုံးဖြစ်ပြီး D က ၄ လုံးမြောက်ဖြစ်ပါတယ်။ ဒါပေမယ့် အချို့က အဲဒီနာမည်ဟာ အမှန်တကယ်တော့ Anchorman: The Legend of Ron Burgundy ရုပ်ရှင်ကားထဲမှာ ဘာဂန်ဒီက ဆန် ဒီယေဂိုကို ၁၉၀၄ ခုနှစ်မှာ ဂျာမန်တွေက ရှာဖွေတွေ့ရှိခဲ့တာလို့ အချက်အလက်မှားယွင်း ပြောကြားခဲ့တဲ့ ဟာသကို ရည်ညွှန်းထားတာဖြစ်တယ်လို့ မှန်းဆခဲ့ကြပါတယ်။

၆။ ဇလာတန် အီဘရာဟီမိုဗစ်

အီဘရာဟီမိုဗစ်ဟာ ဆွီဒင်ထိပ်တန်းလိဂ်အသင်းဖြစ်တဲ့ ဟမ်မာဘီအသင်းရဲ့ ပိုင်ရှင်တွေထဲက တစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အသင်းရဲ့ ရှယ်ယာ ၂၃.၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အီဘရာဟီမိုဗစ်ရဲ့ အသင်းဟောင်း မယ်လ်မို ပရိသတ်တွေက ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့ကြပြီး ၎င်းတို့ရဲ့ဘောလုံးကွင်းအပြင်ဘက်က ဆွီဒင်ဝါရင့်တိုက်စစ်မှူးရဲ့ ရုပ်ထုကို ဖြိုချပစ်ခဲ့ပါတယ်။

၇။ ဂျရတ် ပီကေး

ဘာစီလိုနာနောက်ခံကစားသမားဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ၎င်းရဲ့ကုမ္ပဏီဖြစ်တဲ့ Kosmos Holding Group ကနေတဆင့် အန်ဒေါ်ရာကလပ်ကို ဝယ်ယူခဲ့ပြီး အန်ဒေါ်ရာကလပ်ဟာ ၁၉၄၈ ခုနှစ်ကတည်းက စပိန်ဘောလုံးလိဂ်စနစ်ထဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အန်ဒေါ်ရာကလပ်အသင်းတစ်ခု ဖြစ်ပါတယ်။ အန်ဒေါ်ရာအသင်းဟာ လက်ရှိမှာတော့ စပိန်တတိယတန်းမှာ ယှဉ်ပြိုင်နေပြီး ပြီးခဲ့တဲ့နှစ်က ဘာစီလိုနာလက်ထောက်နည်းပြဟောင်း အီဒါ ဆာရာဘီယာလက်အောက်မှာ ဒုတိယတန်းကို တက်ရောက်နိုင်ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

၈။ ပါအိုလို မာလ်ဒီးနီ

မိုင်ယာမီမှာ ကလပ်အသင်းပိုင်ဆိုင်တဲ့ ဘောလုံးဂန္တဝင်ဟာ ဒေးဗစ် ဘက်ခမ်းတစ်ဦးတည်းမဟုတ်ဘဲ အီတလီဂန္တဝင်နောက်ခံကစားသမား ပါအိုလို မာလ်ဒီးနီဟာ စီးပွားရေးလုပ်ငန်းရှင် ရီကာဒို ဆေးလ်ဗားနဲ့အတူ ၂၀၁၅ ခုနှစ်မှာ မိုင်ယာမီအက်ဖ်စီကို တည်ထောင်ခဲ့ပြီး အသင်းရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ မာလ်ဒီးနီဟာ အီတလီနဲ့ အေစီမီလန်အသင်းဖော်ဟောင်း နက်စ်တာကို အသင်းရဲ့ ပထမဆုံးနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တုန်းက အမေရိကအရှေ့ပိုင်းချန်ပီယံရှစ်မှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဘာလုံးသမားေတြဟာ ကစားသမားဘဝ ကုန္ဆုံးတဲ့အခ်ိန္က်ရင္ နည္းျပထိုင္ခုံ ဒါမွမဟုတ္ တီဗြီ စတူဒီယိုထဲက သက္ေတာင့္သက္သာရွိတဲ့ ထိုင္ခုံမွာ ေျပာင္းလဲေနရာယူတတ္ၾကေပမယ့္ အခ်ိဳ႕ကစားသမားေတြအတြက္ေတာ့ ျမက္ခင္းစိမ္းကို ႏႈတ္ဆက္ရတဲ့အခ်ိန္ေရာက္လာရင္ အျခားေရြးခ်ယ္စရာေတြက ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။

ပေရာ္ဖက္ရွင္နယ္ကစားသမားေဟာင္းေတြအတြက္ အားကစားေလာကမွ ဆက္လက္ပါဝင္ပတ္သက္ေနရတာက ဘဝရဲ့ ညႇိႏွိုင္းလို႔မရနိုင္တဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ေဘာလုံးအေၾကာင္းပဲ သိတဲ့ ေဘာလုံးသမားေတြအေနနဲ႔ ဒီနယ္ပယ္ထဲမွာပဲ က်င္လည္ရတာက သဘာဝျဖစ္ပါတယ္။ အခ်ိဳ႕က နည္းျပအလုပ္နဲ႔ အခ်ိဳ႕က ေဘာလုံးေဝဖန္သုံးသပ္သူအလုပ္ေတြ လုပ္ကိုင္ၾကေပမယ့္ တျခားကစားသမားေတြကေတာ့ အဲဒီထက္ပိုမိုတဲ့ ေျခလွမ္းကို ဆက္လွမ္းၾကၿပီး အသင္းပိုင္ရွင္ျဖစ္လာခဲ့ၾကတာျဖစ္ပါတယ္။

ေဒးဗစ္ ဘက္ခမ္းဟာ အင္တာ မိုင္ယာမီအသင္းရဲ့ပိုင္ရွင္ဆိုတာ အားလုံးသိၾကမွာျဖစ္ေပမယ့္ မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ကြင္းလယ္ကစားသမားတစ္ဦးတည္းက ေဘာလုံးကလပ္အသင္းကို ပိုင္ဆိုင္ထားသူမဟုတ္ဘဲ ကမၻာတလႊားမွာ ေဘာလုံးကလပ္ကို ဝယ္ယူခဲ့တဲ့ ကစားသမားေတြလည္း ရွိေနၿပီး အဲဒီကစားသမား ၈ ဦးက ဘယ္သူေတြလဲ…

၁။ ေဒးဗစ္ ဘက္ခမ္း

ေဒးဗစ္ ဘက္ခမ္းဟာ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္ေတြမွာ အယ္လ္ေအ ဂလက္ဆီအသင္းကို သြားေရာက္ကစားခဲ့ၿပီး ယူအက္စ္က ေဘာလုံးပရိသတ္ေတြကို တိုးပြားလာေစခဲ့ပါတယ္။ ဒါ့အျပင္ ၁၉၉၄ ကမၻာ့ဖလားၿပိဳင္ပြဲေနာက္ပိုင္း ပထမဆုံးအႀကိမ္ ေဘာလုံးအားကစားကို နိုင္ငံအဆင့္ သိသာထင္ရွားတဲ့ အာ႐ုံစိုက္မႈေတြ သယ္ေဆာင္နိုင္ခဲ့တာေၾကာင့္ အဂၤလန္ကြင္းလယ္ကစားသမားေဟာင္းဟာ ယူအက္စ္မွာ ေဘာလုံးအားကစား တိုးတက္မႈကို ဆက္လက္ဦးေဆာင္ခ်င္တာေၾကာင့္ ၂၀၁၄ ခုႏွစ္မွာ အသင္းသစ္ တိုးခ်ဲ႕ခြင့္ကို ဝယ္ယူခဲ့ၿပီး အသင္းသစ္ရဲ့အေျခစိုက္ရာေနရာအျဖစ္ ဖေလာ္ရီဒါကို ေရြးခ်ယ္ခဲ့ပါတယ္။ အင္တာ မိုင္ယာမီအသင္းဟာ ၂၀၂၀ ခုႏွစ္မွာ ေမဂ်ာလိဂ္ၿပိဳင္ပြဲကို စတင္ပြဲဦးထြက္ ယွဥ္ၿပိဳင္နိုင္ခဲ့ၿပီး ကီရန္ ဂစ္ဘ္စ္၊ ရိုင္ယန္ ေရွာခေရာ့စ္၊ မတြီဒီနဲ႔ ဟီဂူအင္တို႔ဟာ အသင္းရဲ့ၾကယ္ပြင့္ကစားသမားေတြထဲမွာ အပါအဝင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

၂။ ေရာ္နယ္လ္ဒို

ဘလြန္ေဒါ ၃ ဆုရွင္ဟာ ၿပီးခဲ့တဲ့ေမလမွာ တန္းဆင္းခဲ့တဲ့ စပိန္ကလပ္အသင္း ရီးရဲလ္ ဗယ္လာဒိုးလစ္ရဲ့ အဓိကပိုင္ရွင္ျဖစ္ၿပီး ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ ၂ သင္းစလုံးအတြက္ ကစားေပးခဲ့ၿပီးေနာက္ပိုင္း ေရာ္နယ္လ္ဒိုဟာ စပိန္မွာ ဘဝကို ထူေထာင္ခဲ့ပါတယ္။ အဲဒီေတာ့ ေျမာက္အေမရိကလိဂ္မွာ ကစားေနတဲ့ Fort Lauderdale Strikers အသင္းမွာ အစုရွယ္ယာအနည္းငယ္ ရင္းႏွီးျမႇုပ္ႏွံခဲ့ၿပီးေနာက္ စပိန္ေဘာလုံးေလာကကို အာ႐ုံေျပာင္းဖို႔ ဆုံးျဖတ္ခဲ့တာက မထူးဆန္းေတာ့ပါဘူး။ ေရာ္နယ္လ္ဒိုဟာ ၂၀၁၈ ခုႏွစ္မွာ ဗယ္လာဒိုးလစ္အသင္းကို ထိန္းခ်ဳပ္နိုင္တဲ့ ရွယ္ယာအမ်ားစုကို ေပါင္ ၂၅ သန္းဝန္းက်င္နဲ႔ ဝယ္ယူခဲ့ၿပီး အဲဒီကတည္းက အသင္းကို ျပန္ကိုလွည့္မၾကည့္ေတာ့တာျဖစ္ပါတယ္။

၃။ ၉၂ မ်ိဳးဆက္

ဂယ္ရီ နဗီး၊ ရိုင္ယန္ ဂစ္၊ ေပါလ္ စခိုး၊ နစ္ကီ ဘတ္၊ ဖီးလ္ နဗီးတို႔ဟာ ၉၂ မ်ိဳးဆက္လို႔ လူသိမ်ားတဲ့ မန္ခ်က္စတာယူနိုက္တက္အကယ္ဒမီကေန ထြက္ေပၚခဲ့တဲ့ ေရႊေရာင္မ်ိဳးဆက္ေတြျဖစ္ၿပီး ၂၀၁၄ ခုႏွစ္မွာ စုေပါင္းၿပီး လူသိနည္းၿပီး လိဂ္မရွိတဲ့ ဆဲလ္ဖို႔ဒ္စီးတီးအသင္းကို ဝယ္ယူခဲ့ၾကပါတယ္။ ေနာက္ထပ္တစ္ႏွစ္အၾကာမွာ စင္ကာပူလူမ်ိဳး ဘီလ်ံနာ ပီတာ လင္းမ္က အသင္းရဲ့ ရွယ္ယာ ၅၀ ရာခိုင္ႏႈန္းကို ဝယ္ယူခဲ့ၿပီး ၂၀၁၉ ခုႏွစ္မွာ ေနာက္ထပ္ ၁၀ ရာခိုင္ႏႈန္း ထပ္ဝယ္ခဲ့ၿပီးေနာက္ ဘုတ္အဖြဲ႕မွာ ပါဝင္လာခဲ့တာျဖစ္ပါတယ္။ ၉၂ မ်ိဳးဆက္ဟာ ဆဲလ္ဖို႔ဒ္အသင္းရဲ့အေရာင္ျဖစ္တဲ့ လိေမၼာ္ေရာင္ကေန အနီေရာင္ကို ေျပာင္းလဲခဲ့ၿပီး ၎တို႔ရဲ့ ရင္းႏွီးျမႇုပ္ႏွံမႈဟာ ကြင္းအတြင္းမွာ ႀကီးမားတဲ့အက်ိဳးသက္ေရာက္မႈ ရွိခဲ့ပါတယ္။ ဆဲလ္ဖို႔ဒ္စီးတီးဟာ ၂၀၁၉ ခုႏွစ္မွာ ေဘာလုံးလိဂ္မွာ စတင္ယွဥ္ၿပိဳင္နိုင္ခဲ့ၿပီး လာမယ့္ ရာသီအတြင္း ခ်န္ပီယံရွစ္ၿပိဳင္ပြဲကို တက္ေရာက္နိုင္ဖို႔ ပစ္မွတ္ထားထားတာျဖစ္ပါတယ္။

၄။ ဒီဒီယာ ဒေရာ့ဂ္ဘာ

ခ်ဲလ္ဆီးဂႏၲဝင္တိုက္စစ္မႉးဟာ ၎ရဲ့ေတာက္ပတဲ့ ကစားသမားဘဝ ေနာက္ဆုံးႏွစ္အပိုင္းအျခားကို ေျမာက္အေမရိကမွာ ကုန္ဆုံးခဲ့သူျဖစ္ၿပီး ပထမဆုံး ကေနဒါက မြန္ထရီရယ္လ္ အင္းပက္အတြက္ ကစားေပးခဲ့ၿပီး ေနာက္ပိုင္းမွာ ယူအက္စ္က ဖီးနစ္ ရိုက္ဆင္းအတြက္ ကစားေပးခဲ့တာျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ဖီးနစ္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ ဒေရာ့ဂ္ဘာဟာ ရွယ္ယာအနည္းစုကို ပိုင္ဆိုင္သူ ျဖစ္လာခဲ့ၿပီး ေဘာလုံးသမိုင္းမွာ ပထမဆုံး ကစားသမား-ပိုင္ရွင္ျဖစ္ခဲ့ပါတယ္။ အိုင္ဗရီကို႔စ္တိုက္စစ္မႉးဟာ ေနာက္တစ္ႏွစ္အၾကာမွာ အနားယူခဲ့ေပမယ့္ အသင္းရဲ့ စီမံအုပ္ခ်ဳပ္ေရးဌာနမွာ ဆက္လက္ပါဝင္ပတ္သက္ေနဆဲျဖစ္ပါတယ္။

၅။ ဒမ္ဘာ ဘ

ခ်ဲလ္ဆီးနဲ႔ နယူးကာဆယ္လ္တိုက္စစ္မႉးေဟာင္း ဒန္ဘာ ဘဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ ကစားသမားဘဝကို အဆုံးသတ္ခဲ့ေပမယ့္ လြန္ခဲ့တဲ့ ၅ ႏွစ္ေက်ာ္ေလာက္ကတည္းက အေမရိကန္ကလပ္အသင္းရဲ့ ပိုင္ရွင္ေတြထဲက တစ္ဦးျဖစ္ခဲ့သူျဖစ္ပါတယ္။ ဒမ္ဘာ ဘဟာ ဆန္ ဒီေယဂို ၁၉၀၄ ကို အသင္းေဖာ္ေဟာင္း အီဒင္ ဟာဇက္နဲ႔အတူတူ ဖန္တီးခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ အသင္းရဲ့ဥကၠဌ ျဖစ္ေနသူျဖစ္ပါတယ္။ ဆန္ ဒီေယဂိုအသင္းကို ၁၉၀၄ လို႔ လူသိမ်ားရတဲ့အေၾကာင္းက S ဟာ အကၡရာစဥ္အရ ၁၉ လုံးေျမာက္စာလုံးျဖစ္ၿပီး D က ၄ လုံးေျမာက္ျဖစ္ပါတယ္။ ဒါေပမယ့္ အခ်ိဳ႕က အဲဒီနာမည္ဟာ အမွန္တကယ္ေတာ့ Anchorman: The Legend of Ron Burgundy ႐ုပ္ရွင္ကားထဲမွာ ဘာဂန္ဒီက ဆန္ ဒီေယဂိုကို ၁၉၀၄ ခုႏွစ္မွာ ဂ်ာမန္ေတြက ရွာေဖြေတြ႕ရွိခဲ့တာလို႔ အခ်က္အလက္မွားယြင္း ေျပာၾကားခဲ့တဲ့ ဟာသကို ရည္ညႊန္းထားတာျဖစ္တယ္လို႔ မွန္းဆခဲ့ၾကပါတယ္။

၆။ ဇလာတန္ အီဘရာဟီမိုဗစ္

အီဘရာဟီမိုဗစ္ဟာ ဆြီဒင္ထိပ္တန္းလိဂ္အသင္းျဖစ္တဲ့ ဟမ္မာဘီအသင္းရဲ့ ပိုင္ရွင္ေတြထဲက တစ္ဦးျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ အသင္းရဲ့ ရွယ္ယာ ၂၃.၅ ရာခိုင္ႏႈန္းကို ဝယ္ယူခဲ့တာျဖစ္ပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး အီဘရာဟီမိုဗစ္ရဲ့ အသင္းေဟာင္း မယ္လ္မို ပရိသတ္ေတြက ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္ခဲ့ၾကၿပီး ၎တို႔ရဲ့ေဘာလုံးကြင္းအျပင္ဘက္က ဆြီဒင္ဝါရင့္တိုက္စစ္မႉးရဲ့ ႐ုပ္ထုကို ၿဖိဳခ်ပစ္ခဲ့ပါတယ္။

၇။ ဂ်ရတ္ ပီေကး

ဘာစီလိုနာေနာက္ခံကစားသမားဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ ၎ရဲ့ကုမၸဏီျဖစ္တဲ့ Kosmos Holding Group ကေနတဆင့္ အန္ေဒၚရာကလပ္ကို ဝယ္ယူခဲ့ၿပီး အန္ေဒၚရာကလပ္ဟာ ၁၉၄၈ ခုႏွစ္ကတည္းက စပိန္ေဘာလုံးလိဂ္စနစ္ထဲမွာ ယွဥ္ၿပိဳင္ခဲ့တဲ့ အန္ေဒၚရာကလပ္အသင္းတစ္ခု ျဖစ္ပါတယ္။ အန္ေဒၚရာအသင္းဟာ လက္ရွိမွာေတာ့ စပိန္တတိယတန္းမွာ ယွဥ္ၿပိဳင္ေနၿပီး ၿပီးခဲ့တဲ့ႏွစ္က ဘာစီလိုနာလက္ေထာက္နည္းျပေဟာင္း အီဒါ ဆာရာဘီယာလက္ေအာက္မွာ ဒုတိယတန္းကို တက္ေရာက္နိုင္ဖို႔ နီးစပ္ခဲ့တာျဖစ္ပါတယ္။

၈။ ပါအိုလို မာလ္ဒီးနီ

မိုင္ယာမီမွာ ကလပ္အသင္းပိုင္ဆိုင္တဲ့ ေဘာလုံးဂႏၲဝင္ဟာ ေဒးဗစ္ ဘက္ခမ္းတစ္ဦးတည္းမဟုတ္ဘဲ အီတလီဂႏၲဝင္ေနာက္ခံကစားသမား ပါအိုလို မာလ္ဒီးနီဟာ စီးပြားေရးလုပ္ငန္းရွင္ ရီကာဒို ေဆးလ္ဗားနဲ႔အတူ ၂၀၁၅ ခုႏွစ္မွာ မိုင္ယာမီအက္ဖ္စီကို တည္ေထာင္ခဲ့ၿပီး အသင္းရဲ့ ရွယ္ယာ ၅၀ ရာခိုင္ႏႈန္း ပိုင္ဆိုင္ထားပါတယ္။ မာလ္ဒီးနီဟာ အီတလီနဲ႔ ေအစီမီလန္အသင္းေဖာ္ေဟာင္း နက္စ္တာကို အသင္းရဲ့ ပထမဆုံးနည္းျပအျဖစ္ ခန႔္အပ္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္တုန္းက အေမရိကအေရွ႕ပိုင္းခ်န္ပီယံရွစ္မွာ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.