Bundesliga La Liga Ligue1 Premier League Serie A

၂၀၂၁ ခုနှစ်ရဲ့ ထိပ်တန်းကစားသမား ၁၀ ဦးစာရင်းမှာ မက်ဆီကို ကျော်ဖြတ်ခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီး

လီဗန်ဒေါ့ဗ်စကီးနဲ့ လီယွန်နယ် မက်ဆီတို့ဟာ လာမယ့်ရက်ပိုင်းမှာ ပေးအပ်ချီးမြှင့်သွားမယ့် ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးဆုပေးပွဲဖြစ်တဲ့ ဘလွန်ဒေါဆုအတွက် ထိပ်ဆုံးကနေ ယှဉ်ပြိုင်နေကြသူတွေဖြစ်ပါတယ်။

ဂျော်ဂျင်ညို၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ကွန်တေတို့ကလည်း ဘလွန်ဒေါဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ပါဝင်ခဲ့ကြပေမယ့်လည်း ဘလွန်ဒေါဆုအတွက် ဘိုင်ယန်မြူးနစ်ကြယ်ပွင့်နဲ့ ပီအက်စ်ဂျီကြယ်ပွင့်တို့ကြား ယှဉ်ပြိုင်နေတဲ့ မြင်း ၂ ကောင်ပြေးတဲ့ပြိုင်ပွဲလို့ စတင်ခံစားနေရပြီဖြစ်ပါတယ်။

မက်ဆီဟာ ယခုနွေရာသီမှာ အာဂျင်တီးနားအတွက် ကိုပါအမေရိကဖလားကို ရယူပေးခဲ့ပြီးနောက် နိုင်ငံတကာအဆင့် ဆုဖလားပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပြီး သမိုင်းဝင် ဘာစီလိုနာကစားသမားဘဝကိုလည်း နောက်ထပ် ပီချီချီဖလားနဲ့အတူ အဆုံးသတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ ပြီးခဲ့တဲ့ရာသီက ပွဲ ၄၀ မှာ သွင်းဂိုး ၄၈ ဂိုး စံချိန်တင်သွင်းယူပြီး ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့သူဖြစ်ပြီး ယခုရာသီမှာလည်း ၁၉ ပွဲ ပါဝင်ကစားပေးထားရာမှာ ၂၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ ဘောလုံးသမိုင်းနဲ့ ကိန်းဂဏန်းအချက်အလက်များ ဖက်ဒရေးရှင်း(IFFHS)က ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား ကစားသမား ၁၀ ဦးကို ရမှတ်တွေနဲ့ အဆင့်သတ်မှတ်ပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တဲ့ထိပ်တန်း ကစာသမား ၁၀ ဦးထဲက ရမှတ်စာရင်းမှာတော့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်က ၂၀၂၁-၂၀၂၂ အစကို အကောင်းဆုံးစတင်နိုင်ခဲ့မှုကြောင့် ဒုတိယနေရာက မက်ဆီရဲ့အထက် ၄၅ မှတ်အသာနဲ့ စောစောစီးစီး အောင်ပွဲ ရရှိနေတာဖြစ်ပါတယ်။

France Football နဲ့ ဖီဖာတို့ရဲ့ ဆုပေးပွဲတွေမတိုင်မီ ထွက်ပေါ်လာတဲ့ ထိပ်တန်းကစားသမား ၁၀ ဦးစာရင်းက ယခုနှစ်အတွက် အကောင်းဆုံးကစားသမားဆုတွေကို ဘယ်သူတွေ သိမ်းကြုံးရယူသွားနိုင်မလဲဆိုတာကို လှစ်ဟပြနေပြီး IFFHS က ကြေညာခဲ့တဲ့ အကောင်းဆုံးကစားသမား ၁၀ ဦးက ဘယ်သူတွေဖြစ်မလဲ…

၁၀။ အာလန်း ဟာလန်း- ၅ မှတ်

၉။ ဒွန်နာရမ်းမား-၈ မှတ်

၈။ အန်ဂိုလို ကွန်တေ-၈ မှတ်

၇။ ခရစ္စတီယာနို ရော်နယ်လ်ဒို-၁၅ မှတ်

၅။ ခီလီယန် အမ်ဘာပေ-၂၀ မှတ်

၅။ မိုဟာမက် ဆာလား-၂၀ မှတ်

၄။ ကီဗင် ဒီဘရိုင်းနား-၃၅ မှတ်

၃။ ဂျော်ဂျင်ညို-၄၀ မှတ်

၂။ လီယွန်နယ် မက်ဆီ-၁၀၅ မှတ်

၁။ ရောဘတ် လီဗန်ဒေါ့ဗ်စကီး-၁၅၀ မှတ်

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ရော်နယ်လ်ဒိုအနေနဲ့ အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာက မဖြစ်သင့်ဘူးလို့ ခံစားရကောင်း ခံစားနေရမှာဖြစ်ပြီး စီးရီးအေရွှေဖိနပ်ဆုနဲ့ ယူရို ၂၀၂၀ မှာ သမိုင်းတလျှောက် ကမ္ဘာ့နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကို ရိုက်ချိုးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်အနေနဲ့ အမ်ဘာပေရဲ့အောက်မှာ ရပ်တည်နေရတာက ရက်စက်လွန်းရာ ကျပါတယ်။

မက်ဆီကို လီဗန်ဒေါ့ဗ်စကီးက ကျော်ဖြတ်ခဲ့တဲ့နေရာမှာတော့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးရဲ့ ကြောက်မက်ဖွယ် ဂိုးသွင်းစံချိန်ကြောင့် ပထမနေရာမှာ ရွေးချယ်ခဲ့တာက သဘာဝကျတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လီဗန်ဒေါ့ဗ်စကီး ယခုနှစ်မှာ ရရှိထားတဲ့ ဖလားတွေက မက်ဆီနဲ့ သိပ်ယှဉ်လို့မရပေမယ့် နောက်ဆုံးမှာတော့ ဒါဟာ တစ်ဦးချင်း ဆုတံဆိပ်ဖြစ်ပြီး လူတွေက ၎င်းတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်မှာ လီဗန်ဒေါ့ဗ်စကီးထက် ဘယ်သူကမှ ပိုကောင်းခဲ့တယ်လို့ ယူဆနေမှာမဟုတ်တာကို သတိရဖို့ လိုပါတယ်။

ဘလွန်ဒေါနဲ့ ဖီဖာရဲ့ အကောင်းဆုံးကစားသမားဆုအတွက် အနိုင်ရရှိသူက ဘယ်သူတွေ ဖြစ်မလဲ။ အားလုံးရဲ့ဆန္ဒနဲ့ တထပ်တည်းကျတဲ့ ကစားသမားဖြစ်မလားဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗန္ေဒါ့ဗ္စကီးနဲ႔ လီယြန္နယ္ မက္ဆီတို႔ဟာ လာမယ့္ရက္ပိုင္းမွာ ေပးအပ္ခ်ီးျမႇင့္သြားမယ့္ ေဘာလုံးေလာကရဲ့ ဂုဏ္သိကၡာအႀကီးမားဆုံးဆုေပးပြဲျဖစ္တဲ့ ဘလြန္ေဒါဆုအတြက္ ထိပ္ဆုံးကေန ယွဥ္ၿပိဳင္ေနၾကသူေတြျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ညိဳ၊ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ ကြန္ေတတို႔ကလည္း ဘလြန္ေဒါဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာ ပါဝင္ခဲ့ၾကေပမယ့္လည္း ဘလြန္ေဒါဆုအတြက္ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္နဲ႔ ပီအက္စ္ဂ်ီၾကယ္ပြင့္တို႔ၾကား ယွဥ္ၿပိဳင္ေနတဲ့ ျမင္း ၂ ေကာင္ေျပးတဲ့ၿပိဳင္ပြဲလို႔ စတင္ခံစားေနရၿပီျဖစ္ပါတယ္။

မက္ဆီဟာ ယခုေႏြရာသီမွာ အာဂ်င္တီးနားအတြက္ ကိုပါအေမရိကဖလားကို ရယူေပးခဲ့ၿပီးေနာက္ နိုင္ငံတကာအဆင့္ ဆုဖလားေပ်ာက္ဆုံးေနမႈကို အဆုံးသတ္နိုင္ခဲ့ၿပီျဖစ္ၿပီး သမိုင္းဝင္ ဘာစီလိုနာကစားသမားဘဝကိုလည္း ေနာက္ထပ္ ပီခ်ီခ်ီဖလားနဲ႔အတူ အဆုံးသတ္နိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ ၿပီးခဲ့တဲ့ရာသီက ပြဲ ၄၀ မွာ သြင္းဂိုး ၄၈ ဂိုး စံခ်ိန္တင္သြင္းယူၿပီး ဥေရာပေရႊဖိနပ္ဆုကို ရရွိခဲ့သူျဖစ္ၿပီး ယခုရာသီမွာလည္း ၁၉ ပြဲ ပါဝင္ကစားေပးထားရာမွာ ၂၅ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီး ျဖစ္ပါတယ္။ နိုင္ငံတကာ ေဘာလုံးသမိုင္းနဲ႔ ကိန္းဂဏန္းအခ်က္အလက္မ်ား ဖက္ဒေရးရွင္း(IFFHS)က ၂၀၂၁ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသား ကစားသမား ၁၀ ဦးကို ရမွတ္ေတြနဲ႔ အဆင့္သတ္မွတ္ၿပီး ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ထုတ္ျပန္ခဲ့တဲ့ထိပ္တန္း ကစာသမား ၁၀ ဦးထဲက ရမွတ္စာရင္းမွာေတာ့ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္က ၂၀၂၁-၂၀၂၂ အစကို အေကာင္းဆုံးစတင္နိုင္ခဲ့မႈေၾကာင့္ ဒုတိယေနရာက မက္ဆီရဲ့အထက္ ၄၅ မွတ္အသာနဲ႔ ေစာေစာစီးစီး ေအာင္ပြဲ ရရွိေနတာျဖစ္ပါတယ္။

France Football နဲ႔ ဖီဖာတို႔ရဲ့ ဆုေပးပြဲေတြမတိုင္မီ ထြက္ေပၚလာတဲ့ ထိပ္တန္းကစားသမား ၁၀ ဦးစာရင္းက ယခုႏွစ္အတြက္ အေကာင္းဆုံးကစားသမားဆုေတြကို ဘယ္သူေတြ သိမ္းၾကဳံးရယူသြားနိုင္မလဲဆိုတာကို လွစ္ဟျပေနၿပီး IFFHS က ေၾကညာခဲ့တဲ့ အေကာင္းဆုံးကစားသမား ၁၀ ဦးက ဘယ္သူေတြျဖစ္မလဲ…

၁၀။ အာလန္း ဟာလန္း- ၅ မွတ္

၉။ ဒြန္နာရမ္းမား-၈ မွတ္

၈။ အန္ဂိုလို ကြန္ေတ-၈ မွတ္

၇။ ခရစၥတီယာနို ေရာ္နယ္လ္ဒို-၁၅ မွတ္

၅။ ခီလီယန္ အမ္ဘာေပ-၂၀ မွတ္

၅။ မိုဟာမက္ ဆာလား-၂၀ မွတ္

၄။ ကီဗင္ ဒီဘရိုင္းနား-၃၅ မွတ္

၃။ ေဂ်ာ္ဂ်င္ညိဳ-၄၀ မွတ္

၂။ လီယြန္နယ္ မက္ဆီ-၁၀၅ မွတ္

၁။ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး-၁၅၀ မွတ္

မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္ ေရာ္နယ္လ္ဒိုအေနနဲ႔ အဆင့္ ၇ ေနရာမွာသာ ရပ္တည္နိုင္ခဲ့တာက မျဖစ္သင့္ဘူးလို႔ ခံစားရေကာင္း ခံစားေနရမွာျဖစ္ၿပီး စီးရီးေအေရႊဖိနပ္ဆုနဲ႔ ယူရို ၂၀၂၀ မွာ သမိုင္းတေလၽွာက္ ကမၻာ့နိုင္ငံတကာသြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ရိုက္ခ်ိဳးနိုင္ခဲ့တဲ့ ကစားသမားတစ္ေယာက္အေနနဲ႔ အမ္ဘာေပရဲ့ေအာက္မွာ ရပ္တည္ေနရတာက ရက္စက္လြန္းရာ က်ပါတယ္။

မက္ဆီကို လီဗန္ေဒါ့ဗ္စကီးက ေက်ာ္ျဖတ္ခဲ့တဲ့ေနရာမွာေတာ့ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္း ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးရဲ့ ေၾကာက္မက္ဖြယ္ ဂိုးသြင္းစံခ်ိန္ေၾကာင့္ ပထမေနရာမွာ ေရြးခ်ယ္ခဲ့တာက သဘာဝက်တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ လီဗန္ေဒါ့ဗ္စကီး ယခုႏွစ္မွာ ရရွိထားတဲ့ ဖလားေတြက မက္ဆီနဲ႔ သိပ္ယွဥ္လို႔မရေပမယ့္ ေနာက္ဆုံးမွာေတာ့ ဒါဟာ တစ္ဦးခ်င္း ဆုတံဆိပ္ျဖစ္ၿပီး လူေတြက ၎တို႔ရဲ့ ကိုယ္ပိုင္ထင္ျမင္ယူဆခ်က္မွာ လီဗန္ေဒါ့ဗ္စကီးထက္ ဘယ္သူကမွ ပိုေကာင္းခဲ့တယ္လို႔ ယူဆေနမွာမဟုတ္တာကို သတိရဖို႔ လိုပါတယ္။

ဘလြန္ေဒါနဲ႔ ဖီဖာရဲ့ အေကာင္းဆုံးကစားသမားဆုအတြက္ အနိုင္ရရွိသူက ဘယ္သူေတြ ျဖစ္မလဲ။ အားလုံးရဲ့ဆႏၵနဲ႔ တထပ္တည္းက်တဲ့ ကစားသမားျဖစ္မလားဆိုတာကို ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.