Match Report Premier League

စနေနေ့မှာ ဂိုးပြတ်အနိုင်ယူပြီး ချဲလ်ဆီးကို တစ်မှတ်အကွာက ဖိအားပေးတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကို သုံးစွဲလာခဲ့ပြီး ခံစစ်မှာ ဗန်ဒိုက်ကို ကိုနာတေနဲ့ တွဲပေးခဲ့သလို ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ သီယာဂို ပါဝင်လာခဲ့ပြီး ကျန်တဲ့ ပွဲထွက်ကစားသမားတွေအဖြစ် အယ်လစ်ဆန်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်၊ ဟန်ဒါဆန်၊ ဖာဘင်ညို၊ ဂျိုတာ၊ မာနေးနဲ့ ဆာလားတို့ ပွဲထွက်လာခဲ့ကြပါတယ်။

ဆောက်သမ်တန်ကတော့ ဒီနေ့ပွဲမှာ ဘယ်သူမှ အမှတ်ခွဲယူနိုင်လိမ့်မယ်လို့ ထင်မထားတဲ့ အောက်သင်းပီပီ ၃-၄-၃ ပုံစံနဲ့ တုံ့ပြန်နိုင်ဖို့အတွက်ပဲ တိုက်စစ်မှူးသုံးယောက်အထိ ထည့်ကစားလာပြီး ရှေအက်ဒမ်စ်၊ အဒမ် အမ်းစ်ထရောင်း၊ ဘရိုဂျာတို့ ပါဝင်ခဲ့ကြပြီး အသင်းခေါင်းဆောင် ဝါ့ဒ်ပရောက်စ်နဲ့ ရိုမီယူတို့က ကွင်းလယ်ကို ဦးဆောင်ခဲ့ကြတာပါ။

အန်းဖီးလ်က ပွဲစစချင်းမှာပဲ ဆောက်သမ်တန်တိုက်စစ်မှူး အမ်းစ်ထရောင်းက ဘယ်ခြမ်းကနေ ရှေအက်ဒမ်စ်ပေးတဲ့ ဘောလုံးကို ဆွဲပြေးပြီး ဖြတ်တင်မှုနဲ့ လီဗာပူးလ်တို့ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် နောက်ခံလူ ဗန်ဒိုက်က သတိကြီးကြီးနဲ့ ဖျက်ထုတ်သွားခဲ့ရာမှာ သူတို့အတွက်တော့ စက္ကန့်ပိုင်း အတွင်းမှာ ထောင့်ကန်ဘောနဲ့ ဂုဏ်ဆာနိုင်ခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲချိန် ၂ မိနစ်မှာ လီဗာပူးလ်တို့ အဖွင့်ဂိုးရယူနိုင်ခဲ့ပြီး ဆောက်သမ်တန်ခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ဘယ်ခြမ်းကနေ မာနေးနဲ့ အပေးအယူလုပ်ပြီး ဖောက်ထွက်သွားခဲ့တဲ့ ရောဘတ်ဆန်က ဂိုးတိုင်နားကနေ အနီးကပ်ပြန်ချိုးပြီး Cut Back လုပ်ပေးခဲ့ရာမှာ ပထမအကြိမ်မှာ အခွင့်အရေးကို အသုံးမချနိုင်ခဲ့တဲ့ ဂျိုတာက ဆာလားထက်အရင် ဦးအောင်ပိတ်သွင်းနိုင်ခဲ့ပြီး အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာတော့ သီယာဂိုရဲ့ အမှားကနေ ဝါ့ဒ်ပရောက်စ် ဖြတ်လုပြီး ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ခြေထဲက ဘောလုံးကို အယ်လစ်ဆန် ပြေးဝင်လုနိုင်ခဲ့လို့ လီဗာပူးလ်တို့ သက်သာခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာတော့ မာနေးက ရောဘတ်ဆန်ရဲ့ ဖရီးကစ်ကနေ အသင်းဟောင်းဘက်ကို ခေါင်းတိုက်ပြီး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အနည်းငယ်လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။

လီဗာပူးလ်ကစားသမားတွေအနေနဲ့ ကစားပုံကောင်းခဲ့ပေမယ့် ဂိုးသမား အယ်လစ်ဆန်ကိုတော့ အနည်းနဲ့အများ ဆေးပြန်ထိုးနေခဲ့ကြပြီး ပွဲချိန် ၂၄ မိနစ်မှာလည်း အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ လက်ပစ်ဘောပေးတာမှာ လူမှားရာကနေ ဘရိုဂျာက ဆွဲပြေးပြီး ထိုးဖောက်လာခဲ့မှုကို ဘရာဇီးလ်သားကြီး အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့လို့သာ သက်သာခဲ့တာပါ။

ဒီနေ့ပွဲမှာတော့ လီဗာပူးလ်အသင်းရဲ့ ဂိုးလာဘ်က ဆာလားနဲ့ မာနေးတို့ဆီမှာ မဟုတ်ဘဲ ပေါ်တူဂီသား ဂျိုတာဆီမှာ ဖြစ်နေခဲ့သလို အာဖရိက တိုက်စစ်မှူးတွေ အလွဲတွေပဲ များနေခဲ့သလို ဆောက်သမ်တန်နောက်တန်းတွေရဲ့ အာရုံက သူတို့နှစ်ဦးဆီပဲ ရောက်နေခဲ့ချိန်မှာ ပွဲချိန် ၃၂ မိနစ်မှာတော့ ဆာလားရဲ့ ညာခြမ်းက ဖြတ်တင်ဘောကနေ ဂျိုတာကပဲ လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းပြီး နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ လီဗာပူးလ်တို့ တတိယဂိုးရရှိခဲ့ပြီး ထောင့်ကန်ဘောက ထွက်လာခဲ့တဲ့ ဘောလုံးကို ဆာလားထပ်ပြီး ဖြတ်တင်ရာကနေ ပြန်ကျလာချိန်မှာ ကွင်းလယ်လူ သီယာဂိုက ပေါ်တိုနဲ့ပွဲကလို ပုံစံနဲ့ နောက်ကနေ ပြေးဝင်လာခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဂိုးဧရိယာအပြင်ကနေ အပြင်းမကန်ဘဲ အတွင်းကို ဆွဲဝင်ပြီးမှ ဆောက်သမ်တန်နောက်ခံလူနှစ်ဦးကြားကနေ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ နောက်ခံလူ လီယန်ကိုနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာ ဆောက်သမ်တန်တို့ တန်ပြန်တိုက်စစ်ကနေ ဘရိုဂျာက ရောဘတ်ဆန်ကို ကျော်ပြေးပြီး ဖြတ်တင်ခဲ့ရာမှာ လိုချင်တဲ့ နေရာကို မရောက်ခဲ့ပေမယ့် လိုက်လံရယူခဲ့တဲ့ အမ်းစ်ထရောင်းရဲ့ ကန်ချက်ကို အယ်လစ်ဆန်ကပဲ ပုတ်ထုတ်ခဲ့ရပြီး လက်ကျန် နာကျင်အချိန်ပို မိနစ်တွေမှာတော့ ဆာလားနဲ့ ဂျိုတာတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းကို သုံးဂိုး-ဂိုးမရှိနဲ့ပဲ လီဗာပူးလ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ မာနေးရဲ့ လှပတဲ့ အဝေးကန်ချက်ကို ဂိုးသမား မက္ကာသီ လက်စွမ်းပြ ပုတ်ထုတ်သွားခဲ့သလို့ ဆီနီဂေါ တိုက်စစ်မှူးရဲ့ အသင်းဟောင်းကို ဂိုးသွင်းနိုင်ဖို့ ရည်မှန်းချက်က ပျက်ပြားခဲ့ရပြီး ဒီကနေ ရတဲ့ ထောင့်ကန်ဘောကို အလက်ဇန်းဒါး-အာနိုးလ်ဒ် ကန်တင်ပေးရာမှာတော့ ရိုမီယူရဲ့ မာကင်ကို ခွာထွက်ခဲ့တဲ့ ဗန်ဒိုက်က ခေါင်းမတိုက်ဘဲ Volley ကန်သွင်းပြီး အသင်းအတွက် စတုတ္ထဂိုး ရယူပေးနိုင်ခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဆောက်သမ်တန်တို့ ထိုးဖောက်လာခဲ့ရာမှာ တယ်လာရဲ့ ဖြတ်တင်ဘောကို အမ်းစ်ထရောင်းရဲ့ ပိတ်ချက်က ကိုနာတေနဲ့ထိပြီး ပြန်ထွက်လာရာမှာ သူပဲ ထပ်ပိတ်ခဲ့ပေမယ့် အယ်လစ်ဆန်က ကာကွယ်သွားခဲ့ပြီး ဒုတိယအခွင့်အရေးကို တကယ်လို့သာ မကန်ဘဲ နောက်ကို ပြန်ချိုးပေးခဲ့ရင် ဧည့်သည်တွေအတွက် ချေပဂိုးပြန်လည်ရှာဖွေနိုင်ခဲ့ပေမယ့် တစ်ကိုယ်ကောင်းဆန်မှုက ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်ကွင်းလယ်ခံစစ်ရဲ့ တစ်ဖက်တန်ပြန်တိုက်စစ်တွေကို ဖြတ်တောက်နိုင်မှုကတော့ ဒီနေ့မှာ စာမေးပွဲကျရှုံးခဲ့ပြီး ဆောက်သမ်တန်တို့ကို အကြိမ်ကြိမ် အခွင့်အရေးပေးနေခဲ့သလို ဂိုးသမား အယ်လစ်ဆန်ကို အလုပ်များစေခဲ့ပြီး နည်းပြ ကလော့ပ်အတွက်တော့ ဒါက အချိန်မီ ဖြေရှင်းရမယ့် ပုစ္ဆာ တစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ လီဗာပူးလ်တို့ရဲ့ ဘယ်ခြမ်းတိုက်စစ်ကနေ ရောဘတ်ဆန်ရဲ့ ဖြတ်တင်ဘောကို ဂျိုတာရဲ့ လျှောထိုးပိတ်သွင်းချက်က လွဲချော်သွားခဲ့လို့ ဟက်ထရစ်ရနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသလို ပွဲချိန် ၇၈ မိနစ်မှာတော့ လူစားဝင် ကွင်းလယ်လူ ချိမ်ဘာလိန်က ဂိုးဧရိယာထိပ်ကနေ အလွတ်ကန်ခွင့် ရခဲ့ပေမယ့် ဂိုးသမားတည့်တည့်ပဲ ကန်မိခဲ့ပြီး သူလည်းပဲ အသင်းဟောင်းကို ဂိုးသွင်းဖို့ မတတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ အန်းဖီးလ်မှာ လီဗာပူးလ်တို့ လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးက မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ချဲလ်ဆီးထက် တစ်ပွဲပိုကစားပြီးချိန်မှာ တစ်မှတ်အကွာကနေ ရမှတ် ၂၈ မှတ်နဲ့ အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းကို သုံးစြဲလာခဲ့ၿပီး ခံစစ္မွာ ဗန္ဒိုက္ကို ကိုနာေတနဲ႔ တြဲေပးခဲ့သလို ကြင္းလယ္မွာ ေျခစြမ္းျပေနတဲ့ သီယာဂို ပါဝင္လာခဲ့ၿပီး က်န္တဲ့ ပြဲထြက္ကစားသမားေတြအျဖစ္ အယ္လစ္ဆန္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္၊ ဟန္ဒါဆန္၊ ဖာဘင္ညိဳ၊ ဂ်ိဳတာ၊ မာေနးနဲ႔ ဆာလားတို႔ ပြဲထြက္လာခဲ့ၾကပါတယ္။

ေဆာက္သမ္တန္ကေတာ့ ဒီေန႔ပြဲမွာ ဘယ္သူမွ အမွတ္ခြဲယူႏိုင္လိမ့္မယ္လို႔ ထင္မထားတဲ့ ေအာက္သင္းပီပီ ၃-၄-၃ ပုံစံနဲ႔ တုံ႔ျပန္ႏိုင္ဖို႔အတြက္ပဲ တိုက္စစ္မႉးသုံးေယာက္အထိ ထည့္ကစားလာၿပီး ေရွအက္ဒမ္စ္၊ အဒမ္ အမ္းစ္ထေရာင္း၊ ဘ႐ိုဂ်ာတို႔ ပါဝင္ခဲ့ၾကၿပီး အသင္းေခါင္းေဆာင္ ဝါ့ဒ္ပေရာက္စ္နဲ႔ ႐ိုမီယူတို႔က ကြင္းလယ္ကို ဦးေဆာင္ခဲ့ၾကတာပါ။

အန္းဖီးလ္က ပြဲစစခ်င္းမွာပဲ ေဆာက္သမ္တန္တိုက္စစ္မႉး အမ္းစ္ထေရာင္းက ဘယ္ျခမ္းကေန ေရွအက္ဒမ္စ္ေပးတဲ့ ေဘာလုံးကို ဆြဲေျပးၿပီး ျဖတ္တင္မႈနဲ႔ လီဗာပူးလ္တို႔ကို ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ ေနာက္ခံလူ ဗန္ဒိုက္က သတိႀကီးႀကီးနဲ႔ ဖ်က္ထုတ္သြားခဲ့ရာမွာ သူတို႔အတြက္ေတာ့ စကၠန႔္ပိုင္း အတြင္းမွာ ေထာင့္ကန္ေဘာနဲ႔ ဂုဏ္ဆာႏိုင္ခဲ့ေသးတာျဖစ္ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၂ မိနစ္မွာ လီဗာပူးလ္တို႔ အဖြင့္ဂိုးရယူႏိုင္ခဲ့ၿပီး ေဆာက္သမ္တန္ခံစစ္က ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ဘယ္ျခမ္းကေန မာေနးနဲ႔ အေပးအယူလုပ္ၿပီး ေဖာက္ထြက္သြားခဲ့တဲ့ ေရာဘတ္ဆန္က ဂိုးတိုင္နားကေန အနီးကပ္ျပန္ခ်ိဳးၿပီး Cut Back လုပ္ေပးခဲ့ရာမွာ ပထမအႀကိမ္မွာ အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့တဲ့ ဂ်ိဳတာက ဆာလားထက္အရင္ ဦးေအာင္ပိတ္သြင္းႏိုင္ခဲ့ၿပီး အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာေတာ့ သီယာဂိုရဲ႕ အမွားကေန ဝါ့ဒ္ပေရာက္စ္ ျဖတ္လုၿပီး ကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေျခထဲက ေဘာလုံးကို အယ္လစ္ဆန္ ေျပးဝင္လုႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ သက္သာခဲ့ၿပီး ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ မာေနးက ေရာဘတ္ဆန္ရဲ႕ ဖရီးကစ္ကေန အသင္းေဟာင္းဘက္ကို ေခါင္းတိုက္ၿပီး ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ အနည္းငယ္လူကြၽံေနတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရပါတယ္။

လီဗာပူးလ္ကစားသမားေတြအေနနဲ႔ ကစားပုံေကာင္းခဲ့ေပမယ့္ ဂိုးသမား အယ္လစ္ဆန္ကိုေတာ့ အနည္းနဲ႔အမ်ား ေဆးျပန္ထိုးေနခဲ့ၾကၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာလည္း အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ လက္ပစ္ေဘာေပးတာမွာ လူမွားရာကေန ဘ႐ိုဂ်ာက ဆြဲေျပးၿပီး ထိုးေဖာက္လာခဲ့မႈကို ဘရာဇီးလ္သားႀကီး အမွားအယြင္းမရွိ ကာကြယ္ႏိုင္ခဲ့လို႔သာ သက္သာခဲ့တာပါ။

ဒီေန႔ပြဲမွာေတာ့ လီဗာပူးလ္အသင္းရဲ႕ ဂိုးလာဘ္က ဆာလားနဲ႔ မာေနးတို႔ဆီမွာ မဟုတ္ဘဲ ေပၚတူဂီသား ဂ်ိဳတာဆီမွာ ျဖစ္ေနခဲ့သလို အာဖရိက တိုက္စစ္မႉးေတြ အလြဲေတြပဲ မ်ားေနခဲ့သလို ေဆာက္သမ္တန္ေနာက္တန္းေတြရဲ႕ အာ႐ုံက သူတို႔ႏွစ္ဦးဆီပဲ ေရာက္ေနခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ဆာလားရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာကေန ဂ်ိဳတာကပဲ လြတ္လြတ္ကြၽတ္ကြၽတ္ပိတ္သြင္းၿပီး ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ တတိယဂိုးရရွိခဲ့ၿပီး ေထာင့္ကန္ေဘာက ထြက္လာခဲ့တဲ့ ေဘာလုံးကို ဆာလားထပ္ၿပီး ျဖတ္တင္ရာကေန ျပန္က်လာခ်ိန္မွာ ကြင္းလယ္လူ သီယာဂိုက ေပၚတိုနဲ႔ပြဲကလို ပုံစံနဲ႔ ေနာက္ကေန ေျပးဝင္လာခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ဂိုးဧရိယာအျပင္ကေန အျပင္းမကန္ဘဲ အတြင္းကို ဆြဲဝင္ၿပီးမွ ေဆာက္သမ္တန္ေနာက္ခံလူႏွစ္ဦးၾကားကေန ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ေနာက္ခံလူ လီယန္ကိုနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာ ေဆာက္သမ္တန္တို႔ တန္ျပန္တိုက္စစ္ကေန ဘ႐ိုဂ်ာက ေရာဘတ္ဆန္ကို ေက်ာ္ေျပးၿပီး ျဖတ္တင္ခဲ့ရာမွာ လိုခ်င္တဲ့ ေနရာကို မေရာက္ခဲ့ေပမယ့္ လိုက္လံရယူခဲ့တဲ့ အမ္းစ္ထေရာင္းရဲ႕ ကန္ခ်က္ကို အယ္လစ္ဆန္ကပဲ ပုတ္ထုတ္ခဲ့ရၿပီး လက္က်န္ နာက်င္အခ်ိန္ပို မိနစ္ေတြမွာေတာ့ ဆာလားနဲ႔ ဂ်ိဳတာတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းကို သုံးဂိုး-ဂိုးမရွိနဲ႔ပဲ လီဗာပူးလ္တို႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ မာေနးရဲ႕ လွပတဲ့ အေဝးကန္ခ်က္ကို ဂိုးသမား မကၠာသီ လက္စြမ္းျပ ပုတ္ထုတ္သြားခဲ့သလို႔ ဆီနီေဂါ တိုက္စစ္မႉးရဲ႕ အသင္းေဟာင္းကို ဂိုးသြင္းႏိုင္ဖို႔ ရည္မွန္းခ်က္က ပ်က္ျပားခဲ့ရၿပီး ဒီကေန ရတဲ့ ေထာင့္ကန္ေဘာကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ကန္တင္ေပးရာမွာေတာ့ ႐ိုမီယူရဲ႕ မာကင္ကို ခြာထြက္ခဲ့တဲ့ ဗန္ဒိုက္က ေခါင္းမတိုက္ဘဲ Volley ကန္သြင္းၿပီး အသင္းအတြက္ စတုတၳဂိုး ရယူေပးႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေဆာက္သမ္တန္တို႔ ထိုးေဖာက္လာခဲ့ရာမွာ တယ္လာရဲ႕ ျဖတ္တင္ေဘာကို အမ္းစ္ထေရာင္းရဲ႕ ပိတ္ခ်က္က ကိုနာေတနဲ႔ထိၿပီး ျပန္ထြက္လာရာမွာ သူပဲ ထပ္ပိတ္ခဲ့ေပမယ့္ အယ္လစ္ဆန္က ကာကြယ္သြားခဲ့ၿပီး ဒုတိယအခြင့္အေရးကို တကယ္လို႔သာ မကန္ဘဲ ေနာက္ကို ျပန္ခ်ိဳးေပးခဲ့ရင္ ဧည့္သည္ေတြအတြက္ ေခ်ပဂိုးျပန္လည္ရွာေဖြႏိုင္ခဲ့ေပမယ့္ တစ္ကိုယ္ေကာင္းဆန္မႈက ဖ်က္ဆီးခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္ကြင္းလယ္ခံစစ္ရဲ႕ တစ္ဖက္တန္ျပန္တိုက္စစ္ေတြကို ျဖတ္ေတာက္ႏိုင္မႈကေတာ့ ဒီေန႔မွာ စာေမးပြဲက်ရႈံးခဲ့ၿပီး ေဆာက္သမ္တန္တို႔ကို အႀကိမ္ႀကိမ္ အခြင့္အေရးေပးေနခဲ့သလို ဂိုးသမား အယ္လစ္ဆန္ကို အလုပ္မ်ားေစခဲ့ၿပီး နည္းျပ ကေလာ့ပ္အတြက္ေတာ့ ဒါက အခ်ိန္မီ ေျဖရွင္းရမယ့္ ပုစာၦ တစ္ပုဒ္လည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ရဲ႕ ဘယ္ျခမ္းတိုက္စစ္ကေန ေရာဘတ္ဆန္ရဲ႕ ျဖတ္တင္ေဘာကို ဂ်ိဳတာရဲ႕ ေလွ်ာထိုးပိတ္သြင္းခ်က္က လြဲေခ်ာ္သြားခဲ့လို႔ ဟက္ထရစ္ရႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရသလို ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ လူစားဝင္ ကြင္းလယ္လူ ခ်ိမ္ဘာလိန္က ဂိုးဧရိယာထိပ္ကေန အလြတ္ကန္ခြင့္ ရခဲ့ေပမယ့္ ဂိုးသမားတည့္တည့္ပဲ ကန္မိခဲ့ၿပီး သူလည္းပဲ အသင္းေဟာင္းကို ဂိုးသြင္းဖို႔ မတတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္ဖက္စလုံး အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ အန္းဖီးလ္မွာ လီဗာပူးလ္တို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဒီႏိုင္ပြဲေၾကာင့္ ထိပ္ဆုံးက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားရမယ့္ ခ်ဲလ္ဆီးထက္ တစ္ပြဲပိုကစားၿပီးခ်ိန္မွာ တစ္မွတ္အကြာကေန ရမွတ္ ၂၈ မွတ္နဲ႔ အေကာင္းဆုံး ဖိအားေပးႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.