La Liga Ligue1 Premier League

မက်ဆီကို CR7 နဲ့ နှိုင်းဖို့မပြောနဲ့၊ မွေးတောင်မလာသင့်ဘူးလို့ ဆိုလိုက်တဲ့ ဗန်ဒါဗတ်

ရီးရဲလ်မက်ဒရစ်နဲ့ ဒတ်ချ်ကွင်းလယ်လူဟောင်း ရာဖယ်လ် ဗန်ဒါဗတ်က လီယွန်နယ် မက်ဆီကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်ဖို့ထက် ပရော်ဖက်ရှင်နယ် မပီသတဲ့ အာဂျင်တီးနားသားဟာ ဘောလုံးကစားဖို့အတွက် မွေးမလာသင့်တဲ့သူမျိုးဖြစ်တယ်လို့ နယ်သာလန်အခြေစိုက် Ziggo Sports နဲ့ အင်တာဗျူးမှာ အဆုံးစွန်အထိ ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။

ကစားသမားဘဝမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာရဲ့ ပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ အသက် ၃၈ နှစ်အရွယ် ကွင်းလယ်လူဟောင်းအနေနဲ့ ကာတာလန်အသည်းနှလုံး မက်ဆီကို မုန်းတီးကောင်း မုန်းတီးနေနိုင်ပေမယ့် ဒီလောက်တော့ နှိမ်နှိမ်ချချ ပြောလိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြသလို သူ့ရဲ့ စကားက အားလုံးကို အံ့အားသင့်သွားစေခဲ့တာပါ။

“ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီနဲ့က နှိုင်းဖို့မှ မလိုတာဗျ။ နှိုင်းပြောနေတာတွေကတောင် လွန်လှပြီ။ ဒီကိစ္စက ကျွန်တော့်ကို တော်တော်စိတ်ပျက်စေပါတယ်။ မက်ဆီအနေနဲ့ ကျွန်တော့်စကားကို မကြိုက်လည်း မတတ်နိုင်ဘူး။ အဆင့်အတန်းချင်းရော တူလို့လား”လို့ ဒတ်ချ်တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ ဇစ်ဂိုစပို့စ်ကို ဗန်ဒါဗတ်က ပြောလိုက်ပါတယ်။

“ရော်နယ်လ်ဒိုနဲ့များ နှိုင်းရတယ်လို့ဗျာ… ဟုတ်ပါပြီ… ဒါဆိုရင်လဲ ကြည့်ပါဦး။ တစ်ယောက်က သူ့အသင်းကို နောက်တစ်ဆင့်မြင့်တက်လာအောင် ထမ်းတင်ပေးနေတယ်။ နောက်တစ်ယောက်က ဘာလုပ်နေတာလဲ… ကွင်းထဲ လမ်းလျှောက်နေတာလေ။ သူ့ကို ကြည့်ပြီး ကျွန်တော် တစ်ခွန်းပဲ မေးမိတယ်၊ မင်းမရှက်ဘူးလားလို့ပေါ့…”

ဗန်ဒါဗတ်အနေနဲ့ သူ့ရဲ့ အိုင်းယက်စ်က ဆရာဟောင်းဖြစ်ခဲ့ဖူးတဲ့ ရော်နယ်လ် ကိုးမန်းကို ဘာစီလိုနာမှာ ပုန်ကန်ခဲ့တာအတွက်လည်း မက်ဆီကို ကြည်ပုံမရဘဲ ဟိုငြင်းဒီငြင်းနဲ့ နည်းပြပြောတာကို ကလန်ကဆန်လုပ်နေတာဟာ ကစားသမားကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ကြောင်းလည်း တိုက်ခိုက်ခဲ့တာပါ။

“မက်ဆီကို ကြည့်မရတာတော့ နည်းနည်းကြာပြီဗျ။ အထူးသဖြင့်တော့ ဘာစီလိုနာမှာ ရော်နယ်လ် ကိုးမန်းကို သူလုပ်ခဲ့တာတွေ အတွက်ပေါ့။ တကယ်တမ်းမှာတော့ အလုပ်မလုပ်ဘဲ ငြင်းဆန်ခဲ့တာဖြစ်ပြီး ဒါက ဘောလုံးသမားတစ်ယောက်အတွက် မဖြစ်သင့်တဲ့ ကိစ္စမျိုးပါ။ ရှက်စရာပေါ့ဗျာ။ ဒီလိုမျိုး ကစားသမားတစ်ယောက်က မွေးတောင်မွေးမလာသင့်တော့ပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်၊

ဗန်ဒါဗတ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဘက်ကတော့ အပြည့်အဝ ရပ်တည်နေပုံပေါ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁၀ ဂိုးသွင်းယူပေးထားတဲ့ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီသားကြီးကိုတော့ အမြင့်မားဆုံးပုံစံနဲ့ ချီးကျူးထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္နဲ႔ ဒတ္ခ်္ကြင္းလယ္လူေဟာင္း ရာဖယ္လ္ ဗန္ဒါဗတ္က လီယြန္နယ္ မက္ဆီကို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ႏႈိင္းယွဥ္ဖို႔ထက္ ပေရာ္ဖက္ရွင္နယ္ မပီသတဲ့ အာဂ်င္တီးနားသားဟာ ေဘာလုံးကစားဖို႔အတြက္ ေမြးမလာသင့္တဲ့သူမ်ိဳးျဖစ္တယ္လို႔ နယ္သာလန္အေျခစိုက္ Ziggo Sports နဲ႔ အင္တာဗ်ဴးမွာ အဆုံးစြန္အထိ ေဝဖန္တိုက္ခိုက္လိုက္ပါတယ္။

ကစားသမားဘဝမွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ဘာစီလိုနာရဲ႕ ၿပိဳင္ဘက္ျဖစ္ခဲ့ဖူးတဲ့ အသက္ ၃၈ ႏွစ္အ႐ြယ္ ကြင္းလယ္လူေဟာင္းအေနနဲ႔ ကာတာလန္အသည္းႏွလုံး မက္ဆီကို မုန္းတီးေကာင္း မုန္းတီးေနႏိုင္ေပမယ့္ ဒီေလာက္ေတာ့ ႏွိမ္ႏွိမ္ခ်ခ် ေျပာလိမ့္မယ္လို႔ ဘယ္သူကမွ မထင္ခဲ့ၾကသလို သူ႔ရဲ႕ စကားက အားလုံးကို အံ့အားသင့္သြားေစခဲ့တာပါ။

“ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီနဲ႔က ႏႈိင္းဖို႔မွ မလိုတာဗ်။ ႏႈိင္းေျပာေနတာေတြကေတာင္ လြန္လွၿပီ။ ဒီကိစၥက ကြၽန္ေတာ့္ကို ေတာ္ေတာ္စိတ္ပ်က္ေစပါတယ္။ မက္ဆီအေနနဲ႔ ကြၽန္ေတာ့္စကားကို မႀကိဳက္လည္း မတတ္ႏိုင္ဘူး။ အဆင့္အတန္းခ်င္းေရာ တူလို႔လား”လို႔ ဒတ္ခ်္တီဗီအစီအစဥ္တစ္ခုျဖစ္တဲ့ ဇစ္ဂိုစပို႔စ္ကို ဗန္ဒါဗတ္က ေျပာလိုက္ပါတယ္။

“ေရာ္နယ္လ္ဒိုနဲ႔မ်ား ႏႈိင္းရတယ္လို႔ဗ်ာ… ဟုတ္ပါၿပီ… ဒါဆိုရင္လဲ ၾကည့္ပါဦး။ တစ္ေယာက္က သူ႔အသင္းကို ေနာက္တစ္ဆင့္ျမင့္တက္လာေအာင္ ထမ္းတင္ေပးေနတယ္။ ေနာက္တစ္ေယာက္က ဘာလုပ္ေနတာလဲ… ကြင္းထဲ လမ္းေလွ်ာက္ေနတာေလ။ သူ႔ကို ၾကည့္ၿပီး ကြၽန္ေတာ္ တစ္ခြန္းပဲ ေမးမိတယ္၊ မင္းမရွက္ဘူးလားလို႔ေပါ့…”

ဗန္ဒါဗတ္အေနနဲ႔ သူ႔ရဲ႕ အိုင္းယက္စ္က ဆရာေဟာင္းျဖစ္ခဲ့ဖူးတဲ့ ေရာ္နယ္လ္ ကိုးမန္းကို ဘာစီလိုနာမွာ ပုန္ကန္ခဲ့တာအတြက္လည္း မက္ဆီကို ၾကည္ပုံမရဘဲ ဟိုျငင္းဒီျငင္းနဲ႔ နည္းျပေျပာတာကို ကလန္ကဆန္လုပ္ေနတာဟာ ကစားသမားေကာင္းတစ္ေယာက္ရဲ႕ လုပ္ရပ္မဟုတ္ေၾကာင္းလည္း တိုက္ခိုက္ခဲ့တာပါ။

“မက္ဆီကို ၾကည့္မရတာေတာ့ နည္းနည္းၾကာၿပီဗ်။ အထူးသျဖင့္ေတာ့ ဘာစီလိုနာမွာ ေရာ္နယ္လ္ ကိုးမန္းကို သူလုပ္ခဲ့တာေတြ အတြက္ေပါ့။ တကယ္တမ္းမွာေတာ့ အလုပ္မလုပ္ဘဲ ျငင္းဆန္ခဲ့တာျဖစ္ၿပီး ဒါက ေဘာလုံးသမားတစ္ေယာက္အတြက္ မျဖစ္သင့္တဲ့ ကိစၥမ်ိဳးပါ။ ရွက္စရာေပါ့ဗ်ာ။ ဒီလိုမ်ိဳး ကစားသမားတစ္ေယာက္က ေမြးေတာင္ေမြးမလာသင့္ေတာ့ပါဘူး”လို႔ ေျပာၾကားသြားခဲ့ပါတယ္၊

ဗန္ဒါဗတ္ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဘက္ကေတာ့ အျပည့္အဝ ရပ္တည္ေနပုံေပၚၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၄ ပြဲမွာ ၁၀ ဂိုးသြင္းယူေပးထားတဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီသားႀကီးကိုေတာ့ အျမင့္မားဆုံးပုံစံနဲ႔ ခ်ီးက်ဴးထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.