Analysis Article Premier League

ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ အတွက် ပေါလ် မာဆန်ရဲ့ ခန့်မှန်းချက်များ

အာဆင်နယ်-နယူးကာဆယ်လ်ယူနိုက်တက်
အာဆင်နယ်တို့အနေနဲ့ ဒီနေ့မှာ ရလဒ်ကို ထိန်းချုပ်ခွင့်ကို ပြန်ရမယ်လို့ ထင်ပါတယ်။ ထိပ်ဆုံးသုံးသင်းနဲ့ တွေ့ခဲ့အပြီးမှာ သူတို့တွေ အနိုင်ကျင့် ခံခဲ့ရတယ်လို့ ပြောလို့ရနိုင်ပေမယ့် ဒီတစ်ပွဲကတော့ ခြားနားတဲ့ ပွဲစဉ်ဖြစ်သလို သူတို့ဟာ အနိုင်ရသင့်တဲ့ ပွဲတွေကိုတော့ အမှားအယွင်းမရှိဘဲ သုံးမှတ် ရယူနေကျဖြစ်ပါတယ်။ နယူးကာဆယ်လ်ကတော့ ဘရန့်ဖို့ဒ်ကို အခွင့်အရေး မယူနိုင်ခဲ့ပေမယ့် သူတို့ပရိသတ်တွေအတွက် ဖျော်ဖြေမှု ပေးစွမ်းနိုင်ခဲ့တာပါ။ ကစားပုံကောင်းခဲ့တဲ့ ငှက်ကျားတွေအနေနဲ့ တိုးတက်လာဖို့တော့ ရှိနေပေမယ့် အာဆင်နယ်ကို အဝေးကွင်းမှာ ဒုက္ခပေးဖို့တော့ မဖြစ်နိုင်ပါဘူး။ လီဗာပူးလ်နဲ့ ပွဲမတိုင်ခင်အထိ ၁၀ ပွဲဆက် မရှုံးတဲ့ ဂန်းနားတွေ သုံးမှတ်ရယူသွားဖို့ ရှိနေပါတယ်။ (အာဆင်နယ် 3-0 နယူးကာဆယ်လ်)

လီဗာပူးလ်-ဆောက်သမ်တန်
ဆောက်သမ်တန်တို့အနေနဲ့ ပုံစံကောင်းတွေ ပြနိုင်ခဲ့ပေမယ့် ယာဂန် ကလော့ပ်ကိုတော့ မဖြစ်နိုင်လောက်ပါဘူး။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ခြေချော်ခဲ့တဲ့ လီဗာပူးလ်အနေနဲ့ အာဆင်နယ်နဲ့ပွဲမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး နော့ဝစ်ချ်ကိုတောင် ရှုံးထားခဲ့တဲ့ စိန့်တို့အနေနဲ့ အန်းဖီးလ်မှာ ရပ်တည်စရာနေရာ မရှိဖို့က များပါတယ်။ လီဗာပူးလ်တို့အနေနဲ့ ပြတ်သားတဲ့ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်မှာဖြစ်ပြီး အာဆင်နယ်နဲ့ပွဲတုန်းကလိုပဲ အိမ်ရှင်ပရိသတ်တွေ ကျေနပ်ရမယ့် ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်။ (လီဗာပူးလ် 3-0 ဆောက်သမ်တန်)

နော့ဝစ်ချ်စီးတီး-ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်
နော့ဝစ်ချ်အတွက်တော့ နောက်ထပ်ကြီးမားတဲ့ ပွဲစဉ်တစ်ပွဲပါ။ ဆောက်သမ်တန်နဲ့ Must Win ပွဲကို သူတို့တွေ အနိုင်ယူနိုင်ခဲ့လို့ တက်ကြွနေမှာ ဖြစ်သလို နည်းပြသစ်နဲ့ စိတ်သစ်လူသစ်ဖြစ်နေတဲ့ နော့ဝစ်ချ်တို့အတွက် အိမ်ကွင်းအားနဲ့ အစွမ်းကုန် ကစားသွားဖို့လည်း ရှိနေပါတယ်။ ဝုလ်ဗ်စ်တို့ကတော့ အားလုံး စောင့်ကြည့်နေတဲ့ အသင်းဖြစ်ပြီး ခန့်မှန်းရခက်တဲ့ အသင်းပါ။ ပုံစံကောင်းရနေတဲ့ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ နှိပ်ကွပ်ခဲ့တာအတွက် ချီးကျူးရမှာ ဖြစ်ပြီး ဒီပွဲကတော့ သူတို့တွေအတွက်ရော နှစ်ပွဲဆက်နိုင်ထားတဲ့ နော့ဝစ်ချ်တို့အတွက်ရော မလွယ်ကူဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ (နော့ဝစ်ချ် 1-1 ဝုလ်ဗ်စ်)

ခရစ္စတယ်လ်ပဲလေ့စ်-အက်စတန်ဗီလာ
ပရီးမီးယားလိဂ်ရဲ့ ကျော်ကြားခဲ့ကြဖူးတဲ့ အသင်းခေါင်းဆောင်ဟောင်းနှစ်ယောက် ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ဖြစ်ပြီး ဗီယာရာလက်အောက်မှာ ပဲလေ့စ်တို့ တိုးတက်လာသလို ဂျရတ်လက်အောက်မှာလည်း ဗီလာတို့ ပုံစံကောင်း ပြန်ရှာဖွေနိုင်ခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ပွဲပြီးခါနီး သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့တာက ဂျရတ်ရဲ့ မောင်းနှင်အားကြောင့်လည်းဖြစ်နိုင်ပြီး သူတို့တွေအတွက် ယုံကြည်မှု ပြန်ရခဲ့သလို ပဲလေ့စ်ကလည်း ပုံစံကောင်းနဲ့ စောင့်ကြည့်ဖို့ ထိုက်တန်နေခဲ့တာပါ။ စတီဗင်အနေနဲ့ သူ့အသင်းကို သူပြန်တည်ဆောက်ဖို့ အချိန်ရထားတဲ့ အနေအထားမှာ ပက်ထရစ်အတွက်တော့ ပိုကောင်းတဲ့ အခွင့်အရေးက စောင့်ဆိုင်းနေမှာဖြစ်ပြီး အိမ်ကွင်းမှာ ပဲလေ့စ်တို့ စုစုစည်းစည်းနဲ့ နိုင်ပွဲရှာဖွေသွားဖို့ပဲ များနေပါတယ်။ (ပဲလေ့စ် 2-1 ဗီလာ)

ဘရိုက်တန်-လိဒ်စ်ယူနိုက်တက်
စပါးစ်နဲ့ပွဲမှာ လိဒ်စ်တို့ရဲ့ ပုံစံက တော်တော်လေး ထူးချွန်ခဲ့ပြီး ဒီပွဲကို ပထမပိုင်းကြည့်အပြီးမှာ သူတို့တွေ မရှုံးနိုင်ဘူးလို့တောင် ထင်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့တွေရဲ့ မတည်ငြိမ်မှုက ရှုံးပွဲတွေ့စေခဲ့ပြီး တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ကတော့ ဒီထက်ပိုပြီး လုပ်ပြနိုင်မှဖြစ်ပါလိမ့်မယ်။ ဘရိုက်တန်တို့ ကတော့ ပြိုင်ပွဲစုံမှာ နောက်ဆုံး ၈ ပွဲဆက်တိုက် အနိုင်မရခဲ့ဘဲ ပရီးမီးယားလိဂ်မှာတော့ ၄ ပွဲသရေ ၂ ပွဲရှုံးနိမ့်ထားပါတယ်။ ကစားပုံကောင်းပေမယ့် ရလဒ် မကောင်းတဲ့ အသင်းကို ဂရေဟမ် ပေါ့တာအနေနဲ့ နိုင်ပွဲရှာဖွေနိုင်မယ်ဆိုရင် ဒီပွဲကိုပဲ ညွှန်ပြရမှာဖြစ်ပြီး တည်ငြိမ်မှုမရှိတဲ့ လိဒ်စ်တို့ကို လွယ်လွယ်ကူကူပဲ အနိုင်ရယူနိုင်ဖို့ ရှိနေတာပါ။ (ဘရိုက်တန် 2-0 လိဒ်စ်)

ဘရန့်ဖို့ဒ်-အဲဗာတန်
အဲဗာတန်ကတော့ ရာသီအစမှာ ပုံစံကောင်းတွေ ပိုင်ဆိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေသလို ၄ ပွဲက ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ကဲလ်ဗတ်-လူဝင်များ ဒဏ်ရာသက်သာလို့ ပြန်ပါလာခဲ့ရင်တော့ သူတို့တွေအတွက် နိုင်ပွဲတစ်ပွဲကို မျှော်လင့်ချင်စရာဖြစ်ပေမယ့် မန်စီးတီးနဲ့ပွဲက ပုံစံကတော့ ယုံလို့မရသေးတာပါ။ ဘရန့်ဖို့ဒ်ကတော့ နယူးကာဆယ်လ်နဲ့ပွဲမှာ သရေခံကစားနိုင်ခဲ့ပေမယ့် သူတို့တွေအတွက် ဒီလထဲမှာ ရလဒ်တွေ ကျဆင်းနေပြီး ရာသီအစက ပုံစံကို ပြန်ယူနိုင်ဖို့ ကြိုးစားရဦးမှာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ပွဲကလိုမျိုး ပြန်လုပ်ပြနိုင်ခဲ့ရင်တော့ ဒီနေ့ပွဲက ဘရန့်ဖို့ဒ်တို့အတွက်ပဲ ဖြစ်မှာပါ။ (ဘရန့်ဖို့ဒ် 2-1 အဲဗာတန်)

မန်ချက်စတာစီးတီး-ဝက်စ်ဟမ်းယူနိုက်တက်
ဝက်စ်ဟမ်းတို့အနေနဲ့ လီဗာပူးလ်ကို အနိုင်ယူနိုင်ခဲ့လို့ အထင်ကြီးနေတုန်းပဲ ရှိသေးချိန်မှာ ဝုလ်ဗ်စ်နဲ့ပွဲမှာ သာမန်အသင်းတစ်သင်းပုံစံနဲ့ ရှုံးပြခဲ့တာပါ။ သူတို့ရဲ့ ခြေစွမ်းက နည်းနည်းတော့ သံသယဝင်ချင်စရာဖြစ်ပြီး ထိပ်ဆုံးလေးသင်းထဲ ဝင်နိုင်ခဲ့တယ်ဆိုပေမယ့် ဆက်နေဖို့က တော်တော်လေး ခက်ခဲမယ်လို့ သုံးသပ်ချင်စရာလည်းဖြစ်ပါတယ်။ မန်စီးတီးတို့ကတော့ ပီအက်စ်ဂျီကို ရလဒ်ပိုင်း ကျဉ်းမြောင်းခဲ့ပေမယ့် တစ်စစီ ဆုတ်ဖြဲပြပြီး အနိုင်ယူခဲ့ပါတယ်။ တကယ်လို့ သူတို့တွေအနေနဲ့ ဒီပွဲမှာလည်း အိမ်ကွင်းမှာ ဂိုးသိပ်မသွင်းနိုင်ဘူးဆိုရင် အခက်တွေ့နိုင်ပြီး ဝက်စ်ဟမ်းတို့ရဲ့ လျင်မြန်တဲ့ ကောင်တာတွေနဲ့ ဖော်နယ်လ်စ်၊ အန်တိုနီယိုတို့ ဒုက္ခပေးနိုင်ပေမယ့် မန်စီးတီးတို့ပဲ နိုင်သွားဖို့ ရှိပါတယ်။ (မန်စီးတီး 2-0 ဝက်စ်ဟမ်း)

လက်စတာစီးတီး-ဝတ်ဖို့ဒ်
နကျယ်ကောင်တွေကတော့ တဂျီဂျီ အော်မြည်ပြနေတဲ့ အခိုက်အတန့်ဖြစ်ပြီး သူတို့က ဒီရာသီမှာ အမြင့်ဆုံးပုံစံရော အနိမ့်ဆုံးပုံစံကိုပါ ပြသထားခဲ့တာပါ။ အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ဝုန်းခဲ့ပေမယ့် အာဆင်နယ်နဲ့ပွဲမှာတော့ အသက်မဲ့နေခဲ့ပြီး ခြုံငုံရရင်တော့ သူတို့တွေအနေနဲ့ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ လုံလုံလောက်လောက် လုပ်ပြထားနိုင်ခဲ့သလို လူတွေ ခန့်မှန်းထားတာထက်ပိုပြီး အနိုင်ရထားခဲ့တာလည်းဖြစ်ပါတယ်။ လက်စတာကတော့ ရုန်းကန်နေရပြီး သူတို့တွေအနေနဲ့ ထိုးနှက်ချက်ပြင်းပြင်းတွေနဲ့ ကြုံတွေ့ထားခဲ့ရတာပါ။ သူတို့ရဲ့ ရလဒ်တွေက တီးလီးမန်းစ်ရဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်ပေါ် မူတည်နေပြီး ဒီနေ့ပွဲမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် လက်စတာတို့ အနိုင်ရလောက်ပါတယ်။ (လက်စတာ 2-1 ဝတ်ဖို့ဒ်)

ဘန်လေ-တော့တင်ဟမ်ဟော့စပါး
အန်တိုနီယို ကွန်တီကတော့ စပါးစ်တို့အတွက် ထိရောက်တဲ့ အားဖြည့်မှုဖြစ်ပြီး သူတို့ကို ကစားပုံကောင်းအောင် လမ်းညွှန်ပေးထားနိုင်ပါတယ်။ ဟာရီကိန်းကတော့ ပုံစံကောင်း သိပ်မရသေးဘဲ ဂိုးသမားနဲ့ ဂိုးတိုင်တွေကို ပိုကန်ထားသလို ဂိုးရဖို့ တခြားကစားသမားတွေကို ပိုပြီး မှီခိုနေခဲ့ရတာပါ။ အင်္ဂလန်ကပ္ပတိန်အနေနဲ့ ဂိုးသွင်းယူနိုင်ဖို့အပြင် ကံကောင်းဖို့လည်း လိုအပ်နေသေးချိန်မှာ ဘန်လေကွင်းကို သွားကစားရမယ့် ခရီးကတော့ စပါးစ်တို့အဖို့ ခက်ခဲနေဦးမှာဖြစ်ပါတယ်။ သူတို့နှစ်သင်းအနေနဲ့ ဒီတစ်ပတ်မှာ သရေတစ်မှတ်စီ ခွဲယူကြဖို့ပဲရှိနေပါတယ်။ (ဘန်လေ 1-1 စပါးစ်)

ချဲလ်ဆီး-မန်ချက်စတာယူနိုက်တက်
ကျွန်တော့်အနေနဲ့ ခန့်မှန်းနိုင်စွမ်းတွေ ပျောက်ဆုံးသွားဦးမယ်ဆိုရင်တောင် ချဲလ်ဆီးတို့ အနိုင်ရမယ်လို့ ပြောနိုင်ပါတယ်။ သူတို့တွေအနေနဲ့ ပြိုင်ဘက်ကို ဖျစ်ညှစ်ကိုင်တွယ်ပြီး ပွဲကို စိုးမိုးဖို့ ကြိုးစားလာမှာဖြစ်သလို ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းလောက်ရမယ်ဆိုရင်လည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။ မန်ချက်စတာသားတွေကတော့ ရော်နယ်လ်ဒိုကို ရှေ့မှာ တင်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကို လာမှာဖြစ်ပေမယ့် မနှစ်ကလိုမျိုးတော့ ထက်မြက်တဲ့ တောင်ပံတွေ၊ ကာဗာနီရဲ့ Pressing တွေကို မြင်ရဖို့တော့ မရှိသေးဘူး ထင်ပါတယ်။

နာမည်တွေ အများကြီးကို ရွတ်ပြနေခဲ့ပေမယ့် သူတို့အသင်းအနေနဲ့ နည်းပြသစ်ရှာဖို့ ခက်နေတဲ့ ပုံစံကလည်း မယုံနိုင်စရာဖြစ်သလို ကစားသမားတွေအနေနဲ့ ဒီအင်္ကျီအတွက် ခံယူချက်မရှိဘဲ ကစားနေခဲ့တာကိုလည်း တွေ့ရပါတယ်။ သူတို့တွေအနေနဲ့ ဒီနေ့ပွဲမှာရော တိကျသေချာတဲ့ အစီအစဉ်ရှိပါ့မလားလို့ မေးခွန်းထုတ်ချင်စရာဖြစ်ပြီး ကာရစ်အနေနဲ့ ရော်နယ်လ်ဒိုကိုပဲ အားကိုးရဦးမှာပါ။ ဒါက ချဲလ်ဆီးအတွက်တော့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ဖို့ ကြီးမားတဲ့ အတားအဆီးဖြစ်မလာနိုင်သလို ယူနိုက်တက်တို့ ရုန်းကန်ရဦးမယ်လို့ပဲ ထင်ပါတယ်။ (ချဲလ်ဆီး 3-0 မန်ယူနိုက်တက်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္-နယူးကာဆယ္လ္ယူႏိုက္တက္
အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔မွာ ရလဒ္ကို ထိန္းခ်ဳပ္ခြင့္ကို ျပန္ရမယ္လို႔ ထင္ပါတယ္။ ထိပ္ဆုံးသုံးသင္းနဲ႔ ေတြ႕ခဲ့အၿပီးမွာ သူတို႔ေတြ အႏိုင္က်င့္ ခံခဲ့ရတယ္လို႔ ေျပာလို႔ရႏိုင္ေပမယ့္ ဒီတစ္ပြဲကေတာ့ ျခားနားတဲ့ ပြဲစဥ္ျဖစ္သလို သူတို႔ဟာ အႏိုင္ရသင့္တဲ့ ပြဲေတြကိုေတာ့ အမွားအယြင္းမရွိဘဲ သုံးမွတ္ ရယူေနက်ျဖစ္ပါတယ္။ နယူးကာဆယ္လ္ကေတာ့ ဘရန႔္ဖို႔ဒ္ကို အခြင့္အေရး မယူႏိုင္ခဲ့ေပမယ့္ သူတို႔ပရိသတ္ေတြအတြက္ ေဖ်ာ္ေျဖမႈ ေပးစြမ္းႏိုင္ခဲ့တာပါ။ ကစားပုံေကာင္းခဲ့တဲ့ ငွက္က်ားေတြအေနနဲ႔ တိုးတက္လာဖို႔ေတာ့ ရွိေနေပမယ့္ အာဆင္နယ္ကို အေဝးကြင္းမွာ ဒုကၡေပးဖို႔ေတာ့ မျဖစ္ႏိုင္ပါဘူး။ လီဗာပူးလ္နဲ႔ ပြဲမတိုင္ခင္အထိ ၁၀ ပြဲဆက္ မရႈံးတဲ့ ဂန္းနားေတြ သုံးမွတ္ရယူသြားဖို႔ ရွိေနပါတယ္။ (အာဆင္နယ္ 3-0 နယူးကာဆယ္လ္)

လီဗာပူးလ္-ေဆာက္သမ္တန္
ေဆာက္သမ္တန္တို႔အေနနဲ႔ ပုံစံေကာင္းေတြ ျပႏိုင္ခဲ့ေပမယ့္ ယာဂန္ ကေလာ့ပ္ကိုေတာ့ မျဖစ္ႏိုင္ေလာက္ပါဘူး။ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ေျခေခ်ာ္ခဲ့တဲ့ လီဗာပူးလ္အေနနဲ႔ အာဆင္နယ္နဲ႔ပြဲမွာ အေကာင္းဆုံး ျပန္လာႏိုင္ခဲ့ၿပီး ေနာ့ဝစ္ခ်္ကိုေတာင္ ရႈံးထားခဲ့တဲ့ စိန႔္တို႔အေနနဲ႔ အန္းဖီးလ္မွာ ရပ္တည္စရာေနရာ မရွိဖို႔က မ်ားပါတယ္။ လီဗာပူးလ္တို႔အေနနဲ႔ ျပတ္သားတဲ့ ႏိုင္ပြဲတစ္ပြဲကို ေဖာ္ေဆာင္မွာျဖစ္ၿပီး အာဆင္နယ္နဲ႔ပြဲတုန္းကလိုပဲ အိမ္ရွင္ပရိသတ္ေတြ ေက်နပ္ရမယ့္ ပြဲတစ္ပြဲျဖစ္လာပါလိမ့္မယ္။ (လီဗာပူးလ္ 3-0 ေဆာက္သမ္တန္)

ေနာ့ဝစ္ခ်္စီးတီး-ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္
ေနာ့ဝစ္ခ်္အတြက္ေတာ့ ေနာက္ထပ္ႀကီးမားတဲ့ ပြဲစဥ္တစ္ပြဲပါ။ ေဆာက္သမ္တန္နဲ႔ Must Win ပြဲကို သူတို႔ေတြ အႏိုင္ယူႏိုင္ခဲ့လို႔ တက္ႂကြေနမွာ ျဖစ္သလို နည္းျပသစ္နဲ႔ စိတ္သစ္လူသစ္ျဖစ္ေနတဲ့ ေနာ့ဝစ္ခ်္တို႔အတြက္ အိမ္ကြင္းအားနဲ႔ အစြမ္းကုန္ ကစားသြားဖို႔လည္း ရွိေနပါတယ္။ ဝုလ္ဗ္စ္တို႔ကေတာ့ အားလုံး ေစာင့္ၾကည့္ေနတဲ့ အသင္းျဖစ္ၿပီး ခန႔္မွန္းရခက္တဲ့ အသင္းပါ။ ပုံစံေကာင္းရေနတဲ့ ဝက္စ္ဟမ္းကို အိမ္ကြင္းမွာ ႏွိပ္ကြပ္ခဲ့တာအတြက္ ခ်ီးက်ဴးရမွာ ျဖစ္ၿပီး ဒီပြဲကေတာ့ သူတို႔ေတြအတြက္ေရာ ႏွစ္ပြဲဆက္ႏိုင္ထားတဲ့ ေနာ့ဝစ္ခ်္တို႔အတြက္ေရာ မလြယ္ကူဘူးလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။ (ေနာ့ဝစ္ခ်္ 1-1 ဝုလ္ဗ္စ္)

ခရစၥတယ္လ္ပဲေလ့စ္-အက္စတန္ဗီလာ
ပရီးမီးယားလိဂ္ရဲ႕ ေက်ာ္ၾကားခဲ့ၾကဖူးတဲ့ အသင္းေခါင္းေဆာင္ေဟာင္းႏွစ္ေယာက္ ထိပ္တိုက္ေတြ႕တဲ့ ပြဲစဥ္ျဖစ္ၿပီး ဗီယာရာလက္ေအာက္မွာ ပဲေလ့စ္တို႔ တိုးတက္လာသလို ဂ်ရတ္လက္ေအာက္မွာလည္း ဗီလာတို႔ ပုံစံေကာင္း ျပန္ရွာေဖြႏိုင္ခဲ့ပါတယ္။ ဘ႐ိုက္တန္နဲ႔ပြဲမွာ ပြဲၿပီးခါနီး သြင္းဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာက ဂ်ရတ္ရဲ႕ ေမာင္းႏွင္အားေၾကာင့္လည္းျဖစ္ႏိုင္ၿပီး သူတို႔ေတြအတြက္ ယုံၾကည္မႈ ျပန္ရခဲ့သလို ပဲေလ့စ္ကလည္း ပုံစံေကာင္းနဲ႔ ေစာင့္ၾကည့္ဖို႔ ထိုက္တန္ေနခဲ့တာပါ။ စတီဗင္အေနနဲ႔ သူ႔အသင္းကို သူျပန္တည္ေဆာက္ဖို႔ အခ်ိန္ရထားတဲ့ အေနအထားမွာ ပက္ထရစ္အတြက္ေတာ့ ပိုေကာင္းတဲ့ အခြင့္အေရးက ေစာင့္ဆိုင္းေနမွာျဖစ္ၿပီး အိမ္ကြင္းမွာ ပဲေလ့စ္တို႔ စုစုစည္းစည္းနဲ႔ ႏိုင္ပြဲရွာေဖြသြားဖို႔ပဲ မ်ားေနပါတယ္။ (ပဲေလ့စ္ 2-1 ဗီလာ)

ဘ႐ိုက္တန္-လိဒ္စ္ယူႏိုက္တက္
စပါးစ္နဲ႔ပြဲမွာ လိဒ္စ္တို႔ရဲ႕ ပုံစံက ေတာ္ေတာ္ေလး ထူးခြၽန္ခဲ့ၿပီး ဒီပြဲကို ပထမပိုင္းၾကည့္အၿပီးမွာ သူတို႔ေတြ မရႈံးႏိုင္ဘူးလို႔ေတာင္ ထင္ခဲ့ရတာပါ။ ဒါေပမယ့္ သူတို႔ေတြရဲ႕ မတည္ၿငိမ္မႈက ရႈံးပြဲေတြ႕ေစခဲ့ၿပီး တန္းဆင္းဇုန္ကေန ႐ုန္းထြက္ဖို႔ကေတာ့ ဒီထက္ပိုၿပီး လုပ္ျပႏိုင္မွျဖစ္ပါလိမ့္မယ္။ ဘ႐ိုက္တန္တို႔ ကေတာ့ ၿပိဳင္ပြဲစုံမွာ ေနာက္ဆုံး ၈ ပြဲဆက္တိုက္ အႏိုင္မရခဲ့ဘဲ ပရီးမီးယားလိဂ္မွာေတာ့ ၄ ပြဲသေရ ၂ ပြဲရႈံးနိမ့္ထားပါတယ္။ ကစားပုံေကာင္းေပမယ့္ ရလဒ္ မေကာင္းတဲ့ အသင္းကို ဂေရဟမ္ ေပါ့တာအေနနဲ႔ ႏိုင္ပြဲရွာေဖြႏိုင္မယ္ဆိုရင္ ဒီပြဲကိုပဲ ၫႊန္ျပရမွာျဖစ္ၿပီး တည္ၿငိမ္မႈမရွိတဲ့ လိဒ္စ္တို႔ကို လြယ္လြယ္ကူကူပဲ အႏိုင္ရယူႏိုင္ဖို႔ ရွိေနတာပါ။ (ဘ႐ိုက္တန္ 2-0 လိဒ္စ္)

ဘရန႔္ဖို႔ဒ္-အဲဗာတန္
အဲဗာတန္ကေတာ့ ရာသီအစမွာ ပုံစံေကာင္းေတြ ပိုင္ဆိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းပြဲေတြမွာေတာ့ ၆ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ေနသလို ၄ ပြဲက ရႈံးနိမ့္ထားခဲ့တာျဖစ္ပါတယ္။ ကဲလ္ဗတ္-လူဝင္မ်ား ဒဏ္ရာသက္သာလို႔ ျပန္ပါလာခဲ့ရင္ေတာ့ သူတို႔ေတြအတြက္ ႏိုင္ပြဲတစ္ပြဲကို ေမွ်ာ္လင့္ခ်င္စရာျဖစ္ေပမယ့္ မန္စီးတီးနဲ႔ပြဲက ပုံစံကေတာ့ ယုံလို႔မရေသးတာပါ။ ဘရန႔္ဖို႔ဒ္ကေတာ့ နယူးကာဆယ္လ္နဲ႔ပြဲမွာ သေရခံကစားႏိုင္ခဲ့ေပမယ့္ သူတို႔ေတြအတြက္ ဒီလထဲမွာ ရလဒ္ေတြ က်ဆင္းေနၿပီး ရာသီအစက ပုံစံကို ျပန္ယူႏိုင္ဖို႔ ႀကိဳးစားရဦးမွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးနဲ႔ပြဲကလိုမ်ိဳး ျပန္လုပ္ျပႏိုင္ခဲ့ရင္ေတာ့ ဒီေန႔ပြဲက ဘရန႔္ဖို႔ဒ္တို႔အတြက္ပဲ ျဖစ္မွာပါ။ (ဘရန႔္ဖို႔ဒ္ 2-1 အဲဗာတန္)

မန္ခ်က္စတာစီးတီး-ဝက္စ္ဟမ္းယူႏိုက္တက္
ဝက္စ္ဟမ္းတို႔အေနနဲ႔ လီဗာပူးလ္ကို အႏိုင္ယူႏိုင္ခဲ့လို႔ အထင္ႀကီးေနတုန္းပဲ ရွိေသးခ်ိန္မွာ ဝုလ္ဗ္စ္နဲ႔ပြဲမွာ သာမန္အသင္းတစ္သင္းပုံစံနဲ႔ ရႈံးျပခဲ့တာပါ။ သူတို႔ရဲ႕ ေျခစြမ္းက နည္းနည္းေတာ့ သံသယဝင္ခ်င္စရာျဖစ္ၿပီး ထိပ္ဆုံးေလးသင္းထဲ ဝင္ႏိုင္ခဲ့တယ္ဆိုေပမယ့္ ဆက္ေနဖို႔က ေတာ္ေတာ္ေလး ခက္ခဲမယ္လို႔ သုံးသပ္ခ်င္စရာလည္းျဖစ္ပါတယ္။ မန္စီးတီးတို႔ကေတာ့ ပီအက္စ္ဂ်ီကို ရလဒ္ပိုင္း က်ဥ္းေျမာင္းခဲ့ေပမယ့္ တစ္စစီ ဆုတ္ၿဖဲျပၿပီး အႏိုင္ယူခဲ့ပါတယ္။ တကယ္လို႔ သူတို႔ေတြအေနနဲ႔ ဒီပြဲမွာလည္း အိမ္ကြင္းမွာ ဂိုးသိပ္မသြင္းႏိုင္ဘူးဆိုရင္ အခက္ေတြ႕ႏိုင္ၿပီး ဝက္စ္ဟမ္းတို႔ရဲ႕ လ်င္ျမန္တဲ့ ေကာင္တာေတြနဲ႔ ေဖာ္နယ္လ္စ္၊ အန္တိုနီယိုတို႔ ဒုကၡေပးႏိုင္ေပမယ့္ မန္စီးတီးတို႔ပဲ ႏိုင္သြားဖို႔ ရွိပါတယ္။ (မန္စီးတီး 2-0 ဝက္စ္ဟမ္း)

လက္စတာစီးတီး-ဝတ္ဖို႔ဒ္
နက်ယ္ေကာင္ေတြကေတာ့ တဂ်ီဂ်ီ ေအာ္ျမည္ျပေနတဲ့ အခိုက္အတန႔္ျဖစ္ၿပီး သူတို႔က ဒီရာသီမွာ အျမင့္ဆုံးပုံစံေရာ အနိမ့္ဆုံးပုံစံကိုပါ ျပသထားခဲ့တာပါ။ အဲဗာတန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ဝုန္းခဲ့ေပမယ့္ အာဆင္နယ္နဲ႔ပြဲမွာေတာ့ အသက္မဲ့ေနခဲ့ၿပီး ၿခဳံငုံရရင္ေတာ့ သူတို႔ေတြအေနနဲ႔ တန္းဆင္းဇုန္က ႐ုန္းထြက္ဖို႔ လုံလုံေလာက္ေလာက္ လုပ္ျပထားႏိုင္ခဲ့သလို လူေတြ ခန႔္မွန္းထားတာထက္ပိုၿပီး အႏိုင္ရထားခဲ့တာလည္းျဖစ္ပါတယ္။ လက္စတာကေတာ့ ႐ုန္းကန္ေနရၿပီး သူတို႔ေတြအေနနဲ႔ ထိုးႏွက္ခ်က္ျပင္းျပင္းေတြနဲ႔ ႀကဳံေတြ႕ထားခဲ့ရတာပါ။ သူတို႔ရဲ႕ ရလဒ္ေတြက တီးလီးမန္းစ္ရဲ႕ ႀကံ့ခိုင္မႈနဲ႔ စြမ္းေဆာင္ရည္ေပၚ မူတည္ေနၿပီး ဒီေန႔ပြဲမွာေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ လက္စတာတို႔ အႏိုင္ရေလာက္ပါတယ္။ (လက္စတာ 2-1 ဝတ္ဖို႔ဒ္)

ဘန္ေလ-ေတာ့တင္ဟမ္ေဟာ့စပါး
အန္တိုနီယို ကြန္တီကေတာ့ စပါးစ္တို႔အတြက္ ထိေရာက္တဲ့ အားျဖည့္မႈျဖစ္ၿပီး သူတို႔ကို ကစားပုံေကာင္းေအာင္ လမ္းၫႊန္ေပးထားႏိုင္ပါတယ္။ ဟာရီကိန္းကေတာ့ ပုံစံေကာင္း သိပ္မရေသးဘဲ ဂိုးသမားနဲ႔ ဂိုးတိုင္ေတြကို ပိုကန္ထားသလို ဂိုးရဖို႔ တျခားကစားသမားေတြကို ပိုၿပီး မွီခိုေနခဲ့ရတာပါ။ အဂၤလန္ကပၸတိန္အေနနဲ႔ ဂိုးသြင္းယူႏိုင္ဖို႔အျပင္ ကံေကာင္းဖို႔လည္း လိုအပ္ေနေသးခ်ိန္မွာ ဘန္ေလကြင္းကို သြားကစားရမယ့္ ခရီးကေတာ့ စပါးစ္တို႔အဖို႔ ခက္ခဲေနဦးမွာျဖစ္ပါတယ္။ သူတို႔ႏွစ္သင္းအေနနဲ႔ ဒီတစ္ပတ္မွာ သေရတစ္မွတ္စီ ခြဲယူၾကဖို႔ပဲရွိေနပါတယ္။ (ဘန္ေလ 1-1 စပါးစ္)

ခ်ဲလ္ဆီး-မန္ခ်က္စတာယူႏိုက္တက္
ကြၽန္ေတာ့္အေနနဲ႔ ခန႔္မွန္းႏိုင္စြမ္းေတြ ေပ်ာက္ဆုံးသြားဦးမယ္ဆိုရင္ေတာင္ ခ်ဲလ္ဆီးတို႔ အႏိုင္ရမယ္လို႔ ေျပာႏိုင္ပါတယ္။ သူတို႔ေတြအေနနဲ႔ ၿပိဳင္ဘက္ကို ဖ်စ္ညႇစ္ကိုင္တြယ္ၿပီး ပြဲကို စိုးမိုးဖို႔ ႀကိဳးစားလာမွာျဖစ္သလို ေဘာလုံးပိုင္ဆိုင္မႈ ၇၀ ရာခိုင္ႏႈန္းေလာက္ရမယ္ဆိုရင္လည္း အံ့ဩစရာေတာ့ မဟုတ္ပါဘူး။ မန္ခ်က္စတာသားေတြကေတာ့ ေရာ္နယ္လ္ဒိုကို ေရွ႕မွာ တင္ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ကို လာမွာျဖစ္ေပမယ့္ မႏွစ္ကလိုမ်ိဳးေတာ့ ထက္ျမက္တဲ့ ေတာင္ပံေတြ၊ ကာဗာနီရဲ႕ Pressing ေတြကို ျမင္ရဖို႔ေတာ့ မရွိေသးဘူး ထင္ပါတယ္။

နာမည္ေတြ အမ်ားႀကီးကို ႐ြတ္ျပေနခဲ့ေပမယ့္ သူတို႔အသင္းအေနနဲ႔ နည္းျပသစ္ရွာဖို႔ ခက္ေနတဲ့ ပုံစံကလည္း မယုံႏိုင္စရာျဖစ္သလို ကစားသမားေတြအေနနဲ႔ ဒီအက်ႌအတြက္ ခံယူခ်က္မရွိဘဲ ကစားေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။ သူတို႔ေတြအေနနဲ႔ ဒီေန႔ပြဲမွာေရာ တိက်ေသခ်ာတဲ့ အစီအစဥ္ရွိပါ့မလားလို႔ ေမးခြန္းထုတ္ခ်င္စရာျဖစ္ၿပီး ကာရစ္အေနနဲ႔ ေရာ္နယ္လ္ဒိုကိုပဲ အားကိုးရဦးမွာပါ။ ဒါက ခ်ဲလ္ဆီးအတြက္ေတာ့ ႏိုင္ပြဲတစ္ပြဲကို ရယူႏိုင္ဖို႔ ႀကီးမားတဲ့ အတားအဆီးျဖစ္မလာႏိုင္သလို ယူႏိုက္တက္တို႔ ႐ုန္းကန္ရဦးမယ္လို႔ပဲ ထင္ပါတယ္။ (ခ်ဲလ္ဆီး 3-0 မန္ယူႏိုက္တက္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.