Match Report Premier League UCL&UEL

ဆလိုဗေးနီးယားအသင်းငယ်လေးကို အရပ်ကူပါ လူဝိုင်းပါနဲ့ ရှုံးသွားခဲ့တဲ့ ကွန်တီရဲ့ စပါးစ်

NS မြူရာနဲ့ ပွဲစဉ်က တော့တင်ဟမ်ဟော့စပါးစ်အသင်းနည်းပြသစ် အန်တိုနီယို ကွန်တီအတွက်တော့ အရှက်ရခဲ့တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး အိမ်ကွင်းမှာ ငါးဂိုး-တစ်ဂိုးနဲ့ နည်းပြဟောင်း နူနို ဆန်တိုလက်ထက် အနိုင်ရရှိထားခဲ့တဲ့ အသင်းသက်တမ်း ၉ နှစ်သာ ရှိသေးတဲ့ ပြိုင်ဘက်ကို အရပ်ကူပါ လူဝိုင်းပါနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်သလို ကစားသမားအင်အားချင်း အပြတ်အသတ် ကွာတဲ့ပွဲမှာ မျက်နှာပျက်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဆလိုဗေးနီးယားကလပ် မြူရာဟာ ပြည်တွင်းလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်စွဲခဲ့တဲ့နောက် ချန်ပီယံလိဂ်ကို ပထမအဆင့် ခြေစစ်ပွဲကနေ ဝင်ခွင့်ရခဲ့ပေမယ့် ဒုတိယအဆင့်မှာ ပြုတ်ခဲ့ပြီး ယူရိုပါလိဂ်ခြေစစ်ပွဲ တတိယအဆင့်ကို ဝင်ကစားခဲ့ရသလို နောက်ဆုံးအဆင့်မှာ ပြုတ်ခဲ့ပြီးမှ ကွန်ဖရင့်လိဂ် အုပ်စုအဆင့်မှာ ကစားခဲ့ရတာဖြစ်ပြီး နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲဆက်တိုက် ရှုံးပြီး သရေ ၁ ပွဲသာ ရထားခဲ့တဲ့ အသင်းဟာ နိုင်ပွဲကို စပါးစ်နဲ့ပွဲမှာ ရှာတွေ့ခဲ့တာပါ။

ကွန်တီအနေနဲ့ ဒီပွဲမှာ နူနို ဆန်တိုလက်ထက်က ဟက်ထရစ်ရခဲ့တဲ့ ဟာရီကိန်းကို အထောင်ထားခဲ့ပြီး နောက်ကနေ ဒယ်လီ အယ်လီနဲ့ ဘရိုင်ယန် ဟေးလ်တို့ကို လိုက်ကစားစေတဲ့ ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထုတ်လာခဲ့သလို စကစ်ပ်၊ အန်ဒွမ်ဘီလီ၊ ဆီဆက်ညွန်၊ ဒိုဟာတီ၊ ဆန်ချက်ဇ်၊ ရိုဒန်၊ တန်ဂန်ဂါနဲ့ ဂိုးသမား ဂေါ်လီနီတို့ကို ခင်းကျင်းခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ကျည်မထွက်ဘဲ တစ်ဖက်အသင်းတွေအတွက် ရယ်စရာဖြစ်နေတဲ့ အင်္ဂလန်ကပ္ပတိန်ကြီးကို ယုံကြည်မှုရစေဖို့အတွက် ရည်ရွယ်ခဲ့တဲ့ပွဲမှာ အဖွင့်ဂိုးစရသူကတော့ အိမ်ရှင် မြူရာတို့ပဲဖြစ်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာတော့ ခံစစ်က ပေးလိုက်တဲ့ ဘောလုံးကို ညာတောင်ပံသမား ဟော်ဗတ်က တောက်လျှောက်ဆွဲပေးပြီးမှ အတွင်းကို ချိုးကန်ခဲ့ရာမှာ အဝေးတိုင်ဘက်ကို ဝင်သွားခဲ့တာကြောင့် ဂိုးသမား ဂေါ်လီနီ ငုတ်တုတ်မေ့ခဲ့ရတာပါ။

3 Back ကစားကွက်ကို အရည်ကျိုသောက်ထားခဲ့တယ်လို့ဆိုတဲ့ ကွန်တီအတွက်တော့ သူ့ရဲ့ ကစားသမားတွေက အိုးနင်းခွက်နင်းနဲ့ မျက်နှာပျက်စရာ အလဲလဲအကွဲကွဲဖြစ်နေခဲ့ပြီး ဒေဗင်ဆင် ဆန်ချက်ဇ်တစ်ယောက် မြူရာတိုက်စစ်မှာ လေးဘက်တွေဘာတွေ ထောက်နေခဲ့ရသလို ဂိုးသမားကတော့ ခံစစ်တွေရဲ့ ဖြစ်လိုရာဖြစ် ပစ်ထားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

စပါးစ်ရဲ့ ညာခြမ်းက စပိန်လူငယ်တိုက်စစ်မှူး ဘရိုင်ယန် ဟေးလ်ကတော့ အသင်းနဲ့ အသားမကျသလို ဘောလုံးကို ခလုပ်တိုက်လိုတိုက် ဘာမှ လုပ်မရလို့ တောင်ကန်မြောက်ကန်လိုက်နဲ့ ဖြစ်နေခဲ့ပြီး ပွဲချိန် ၃၁ မိနစ်မှာတော့ ဘောလုံးမထိဘဲ ဝင်ပိုင်းတဲ့ ဆီဆက်ညွန် နှစ်ဝါတစ်နီနဲ့ အထုတ်ခံလိုက်ရလို့ ကွန်တီခမျာမှာ စီမံခန့်ခွဲစရာ ၁၀ ယောက်ပဲ ကျန်တော့တဲ့ ဘဝဖြစ်သွားခဲ့ရတာပါ။

ပထမပိုင်းမှာ ဆယ်ယောက်ကျန် စပါးစ်တို့အတွက် ဟာရီကိန်း တတ်နိုင်သလောက် ရုန်းခဲ့ပေမယ့် ဂိုးပေါက်တော့ မတည့်ခဲ့သလို မြူရာဘက်ကလည်း အဆုံးသတ်ပိုင်းတွေ မသေချာခဲ့တာကြောင့် နှစ်ဖက်စလုံး ဂိုးထပ်မရခဲ့ဘဲ အိမ်ရှင် ဆလိုဗေးနီးယားသားတွေအနေနဲ့ တစ်ဂိုး-ဂိုးမရှိ ရလဒ်မှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ စပါးစ်တို့ ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ လူငါးယောက်လဲခွင့်ရှိတဲ့ ဥရောပပွဲတွေရဲ့ အားသာချက်ကို အခွင့်ကောင်းယူခဲ့တဲ့ ကွန်တီအနေနဲ့ ဒိုဟာတီ၊ အယ်လီ၊ ဘရိုင်ယန် ဟေးလ်နဲ့ ရိုဒန်တို့နေရာမှာ ဒေးဗီးစ်၊ ဆွန်ဟောင်မင်၊ လူးကပ်စ် မော်ရာနဲ့ ဒိုင်ယာတို့ကို အရပ်ကူ လူဝိုင်းဖို့အတွက် တစ်ပြိုင်နက်တည်း လူစားလဲခဲ့ပြီး တိုက်စစ်မြှင့်ဖို့ ကြိုးစားလာခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာ ဆွန်ဟောင်မင်ရဲ့ တစ်ကိုယ်တော်ရုန်းအားနဲ့ ကန်ချက်ကို မြူရာဂိုးသမား အိုဘရာဒိုဗစ်ချ် ကာကွယ်ခဲ့ရပြီး ဒီကနေ ရခဲ့တဲ့ ထောင့်ကန်ဘောကို ဆွန်ကပဲ ကန်တင်ပေးရာမှာ ကိန်းတစ်ယောက်တည်း အလွတ်ကြီး ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမားတည့်တည့်ကို ခပ်ပျော့ပျော့ တိုက်ခဲ့မိလို့ အပိုင်တစ်ဂိုး နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ တစ်ချိန်လုံး လွယ်ကူတဲ့ အခွင့်အရေးတွေကို ဖြုန်းနေခဲ့တဲ့ ဟာရီကိန်းက ခက်ခက်ခဲခဲ အနေအထားကနေ ချေပဂိုး ပြန်လည်ရယူပေးနိုင်ခဲ့ပြီး လူးကပ်စ် မော်ရာ ထိုးပေးလိုက်တဲ့ ဘောလုံးကို ထောင့်ကျဉ်းအနေအထားကနေ ထွက်ပိတ်တဲ့ ဂိုးသမားပေါ်ကနေ Chipping ကန်ချက်နဲ့ အသာအယာ သွင်းယူနိုင်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အန်ဒွမ်ဘီလီအစား ဟွိုင်ဘယာ့ဂ် ဝင်လာခဲ့သလို ပွဲချိန် ၈၄ မိနစ်မှာ ထောင့်ကန်ဘောကနေ ထွက်လာတဲ့ ဘောလုံးက ခေါင်းတိုက်ရုံနဲ့ ဝင်နိုင်ပေမယ့် ဟာရီကိန်း တုံ့ပြန်ပုံ နောက်ကျနေခဲ့လို့ ဘားပေါ်က ထောင်ထွက်သွားခဲ့ပြီး စပါးစ်တို့ကတော့ ချေပဂိုးရထားလို့ အားတက်နေခဲ့ချိန်မှာ ဆယ်ယောက်တည်းနဲ့ နိုင်ပွဲရယူပြီး ဂုဏ်ခံနိုင်ဖို့ ကြိုးစားနေခဲ့တာပါ။

ဒါပေမယ့် မိနစ် ၉၀ ပြည့်တဲ့အထိ ဂိုးထပ်မရခဲ့သလို နာကျင်အချိန်ပို ၄ မိနစ်မှာတော့ စပါးစ်တို့ တစ်ကွင်းလုံးတက်ဖိပြီး တိုက်စစ်ဆင်ဖို့ ကြိုးစားနေရာကနေ ဘောလုံးရယူဖို့ ကြိုးစားတဲ့ ဒေးဗီးစ် ခြေချော်ပြီး လဲကျရာကနေ မြူရာတို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ရာမှာ ညာတောင်ပံက မာရိုရှာက ဆွဲပြေးပြီး အတွင်းကို တစ်ချက်ခေါက်ပြီး ကန်သွင်းခဲ့ရာမှာ နောက်ခံလူ ဆန်ချက်ဇ်နဲ့ထိပြီး ဂိုးသမားပေါ်က ကျော်ဝင်သွားခဲ့လို့ အိမ်ရှင်တွေ အနိုင်ဂိုး ရရှိခဲ့ပါတယ်။

ဒီရလဒ်ကြောင့် နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲရှုံးထားတဲ့ မြူရာတို့ ပထမဆုံးနိုင်ပွဲရခဲ့သလို ယူရိုပါကွန်ဖရင့်လိဂ်မှာ ပထမဆုံး သုံးမှတ်ရပြီး စပါးစ်တို့ကို အိမ်ကွင်းမှာ ဒုက္ခပေးနိုင်ခဲ့ချိန်မှာ မြောက်လန်ဒန်က ဆုဖလားဘီရို ဖုန်တက်နေတဲ့ နာမည်ကြီးအသင်းကတော့ နည်းပြ ကွန်တီလက်ထက်မှာလည်း ဘာမှ မထူးခဲ့ဘဲ လာမယ့်ပွဲမှာ ရင်းနေးကို အနိုင်မယူနိုင်ခဲ့ရင် အုပ်စုက လှည့်ပြန်ရမယ့်အနေအထားကို ရောက်ရှိသွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: NS ျမဴရာနဲ႔ ပြဲစဥ္က ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနည္းျပသစ္ အန္တိုနီယို ကြန္တီအတြက္ေတာ့ အရွက္ရခဲ့တဲ့ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့ၿပီး အိမ္ကြင္းမွာ ငါးဂိုး-တစ္ဂိုးနဲ႔ နည္းျပေဟာင္း ႏူႏို ဆန္တိုလက္ထက္ အႏိုင္ရရွိထားခဲ့တဲ့ အသင္းသက္တမ္း ၉ ႏွစ္သာ ရွိေသးတဲ့ ၿပိဳင္ဘက္ကို အရပ္ကူပါ လူဝိုင္းပါနဲ႔ ရႈံးနိမ့္ခဲ့ရတာျဖစ္သလို ကစားသမားအင္အားခ်င္း အျပတ္အသတ္ ကြာတဲ့ပြဲမွာ မ်က္ႏွာပ်က္ခဲ့ရတာလည္းျဖစ္ပါတယ္။

ဆလိုေဗးနီးယားကလပ္ ျမဴရာဟာ ျပည္တြင္းလိဂ္မွာ ပထမဆုံးအႀကိမ္အျဖစ္ ဗိုလ္စြဲခဲ့တဲ့ေနာက္ ခ်န္ပီယံလိဂ္ကို ပထမအဆင့္ ေျခစစ္ပြဲကေန ဝင္ခြင့္ရခဲ့ေပမယ့္ ဒုတိယအဆင့္မွာ ျပဳတ္ခဲ့ၿပီး ယူ႐ိုပါလိဂ္ေျခစစ္ပြဲ တတိယအဆင့္ကို ဝင္ကစားခဲ့ရသလို ေနာက္ဆုံးအဆင့္မွာ ျပဳတ္ခဲ့ၿပီးမွ ကြန္ဖရင့္လိဂ္ အုပ္စုအဆင့္မွာ ကစားခဲ့ရတာျဖစ္ၿပီး ေနာက္ဆုံး ၆ ပြဲမွာ ၅ ပြဲဆက္တိုက္ ရႈံးၿပီး သေရ ၁ ပြဲသာ ရထားခဲ့တဲ့ အသင္းဟာ ႏိုင္ပြဲကို စပါးစ္နဲ႔ပြဲမွာ ရွာေတြ႕ခဲ့တာပါ။

ကြန္တီအေနနဲ႔ ဒီပြဲမွာ ႏူႏို ဆန္တိုလက္ထက္က ဟက္ထရစ္ရခဲ့တဲ့ ဟာရီကိန္းကို အေထာင္ထားခဲ့ၿပီး ေနာက္ကေန ဒယ္လီ အယ္လီနဲ႔ ဘ႐ိုင္ယန္ ေဟးလ္တို႔ကို လိုက္ကစားေစတဲ့ ၃-၄-၂-၁ ကစားကြက္နဲ႔ ပြဲထုတ္လာခဲ့သလို စကစ္ပ္၊ အန္ဒြမ္ဘီလီ၊ ဆီဆက္ၫြန္၊ ဒိုဟာတီ၊ ဆန္ခ်က္ဇ္၊ ႐ိုဒန္၊ တန္ဂန္ဂါနဲ႔ ဂိုးသမား ေဂၚလီနီတို႔ကို ခင္းက်င္းခဲ့တာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ က်ည္မထြက္ဘဲ တစ္ဖက္အသင္းေတြအတြက္ ရယ္စရာျဖစ္ေနတဲ့ အဂၤလန္ကပၸတိန္ႀကီးကို ယုံၾကည္မႈရေစဖို႔အတြက္ ရည္႐ြယ္ခဲ့တဲ့ပြဲမွာ အဖြင့္ဂိုးစရသူကေတာ့ အိမ္ရွင္ ျမဴရာတို႔ပဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ခံစစ္က ေပးလိုက္တဲ့ ေဘာလုံးကို ညာေတာင္ပံသမား ေဟာ္ဗတ္က ေတာက္ေလွ်ာက္ဆြဲေပးၿပီးမွ အတြင္းကို ခ်ိဳးကန္ခဲ့ရာမွာ အေဝးတိုင္ဘက္ကို ဝင္သြားခဲ့တာေၾကာင့္ ဂိုးသမား ေဂၚလီနီ ငုတ္တုတ္ေမ့ခဲ့ရတာပါ။

3 Back ကစားကြက္ကို အရည္က်ိဳေသာက္ထားခဲ့တယ္လို႔ဆိုတဲ့ ကြန္တီအတြက္ေတာ့ သူ႔ရဲ႕ ကစားသမားေတြက အိုးနင္းခြက္နင္းနဲ႔ မ်က္ႏွာပ်က္စရာ အလဲလဲအကြဲကြဲျဖစ္ေနခဲ့ၿပီး ေဒဗင္ဆင္ ဆန္ခ်က္ဇ္တစ္ေယာက္ ျမဴရာတိုက္စစ္မွာ ေလးဘက္ေတြဘာေတြ ေထာက္ေနခဲ့ရသလို ဂိုးသမားကေတာ့ ခံစစ္ေတြရဲ႕ ျဖစ္လိုရာျဖစ္ ပစ္ထားျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

စပါးစ္ရဲ႕ ညာျခမ္းက စပိန္လူငယ္တိုက္စစ္မႉး ဘ႐ိုင္ယန္ ေဟးလ္ကေတာ့ အသင္းနဲ႔ အသားမက်သလို ေဘာလုံးကို ခလုပ္တိုက္လိုတိုက္ ဘာမွ လုပ္မရလို႔ ေတာင္ကန္ေျမာက္ကန္လိုက္နဲ႔ ျဖစ္ေနခဲ့ၿပီး ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ေဘာလုံးမထိဘဲ ဝင္ပိုင္းတဲ့ ဆီဆက္ၫြန္ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံလိုက္ရလို႔ ကြန္တီခမ်ာမွာ စီမံခန႔္ခြဲစရာ ၁၀ ေယာက္ပဲ က်န္ေတာ့တဲ့ ဘဝျဖစ္သြားခဲ့ရတာပါ။

ပထမပိုင္းမွာ ဆယ္ေယာက္က်န္ စပါးစ္တို႔အတြက္ ဟာရီကိန္း တတ္ႏိုင္သေလာက္ ႐ုန္းခဲ့ေပမယ့္ ဂိုးေပါက္ေတာ့ မတည့္ခဲ့သလို ျမဴရာဘက္ကလည္း အဆုံးသတ္ပိုင္းေတြ မေသခ်ာခဲ့တာေၾကာင့္ ႏွစ္ဖက္စလုံး ဂိုးထပ္မရခဲ့ဘဲ အိမ္ရွင္ ဆလိုေဗးနီးယားသားေတြအေနနဲ႔ တစ္ဂိုး-ဂိုးမရွိ ရလဒ္မွာ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ စပါးစ္တို႔ ေခ်ပဂိုးရဖို႔ ႀကိဳးစားလာခဲ့ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ လူငါးေယာက္လဲခြင့္ရွိတဲ့ ဥေရာပပြဲေတြရဲ႕ အားသာခ်က္ကို အခြင့္ေကာင္းယူခဲ့တဲ့ ကြန္တီအေနနဲ႔ ဒိုဟာတီ၊ အယ္လီ၊ ဘ႐ိုင္ယန္ ေဟးလ္နဲ႔ ႐ိုဒန္တို႔ေနရာမွာ ေဒးဗီးစ္၊ ဆြန္ေဟာင္မင္၊ လူးကပ္စ္ ေမာ္ရာနဲ႔ ဒိုင္ယာတို႔ကို အရပ္ကူ လူဝိုင္းဖို႔အတြက္ တစ္ၿပိဳင္နက္တည္း လူစားလဲခဲ့ၿပီး တိုက္စစ္ျမႇင့္ဖို႔ ႀကိဳးစားလာခဲ့တာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာ ဆြန္ေဟာင္မင္ရဲ႕ တစ္ကိုယ္ေတာ္႐ုန္းအားနဲ႔ ကန္ခ်က္ကို ျမဴရာဂိုးသမား အိုဘရာဒိုဗစ္ခ်္ ကာကြယ္ခဲ့ရၿပီး ဒီကေန ရခဲ့တဲ့ ေထာင့္ကန္ေဘာကို ဆြန္ကပဲ ကန္တင္ေပးရာမွာ ကိန္းတစ္ေယာက္တည္း အလြတ္ႀကီး ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးသမားတည့္တည့္ကို ခပ္ေပ်ာ့ေပ်ာ့ တိုက္ခဲ့မိလို႔ အပိုင္တစ္ဂိုး နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ တစ္ခ်ိန္လုံး လြယ္ကူတဲ့ အခြင့္အေရးေတြကို ျဖဳန္းေနခဲ့တဲ့ ဟာရီကိန္းက ခက္ခက္ခဲခဲ အေနအထားကေန ေခ်ပဂိုး ျပန္လည္ရယူေပးႏိုင္ခဲ့ၿပီး လူးကပ္စ္ ေမာ္ရာ ထိုးေပးလိုက္တဲ့ ေဘာလုံးကို ေထာင့္က်ဥ္းအေနအထားကေန ထြက္ပိတ္တဲ့ ဂိုးသမားေပၚကေန Chipping ကန္ခ်က္နဲ႔ အသာအယာ သြင္းယူႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အန္ဒြမ္ဘီလီအစား ဟြိဳင္ဘယာ့ဂ္ ဝင္လာခဲ့သလို ပြဲခ်ိန္ ၈၄ မိနစ္မွာ ေထာင့္ကန္ေဘာကေန ထြက္လာတဲ့ ေဘာလုံးက ေခါင္းတိုက္႐ုံနဲ႔ ဝင္ႏိုင္ေပမယ့္ ဟာရီကိန္း တုံ႔ျပန္ပုံ ေနာက္က်ေနခဲ့လို႔ ဘားေပၚက ေထာင္ထြက္သြားခဲ့ၿပီး စပါးစ္တို႔ကေတာ့ ေခ်ပဂိုးရထားလို႔ အားတက္ေနခဲ့ခ်ိန္မွာ ဆယ္ေယာက္တည္းနဲ႔ ႏိုင္ပြဲရယူၿပီး ဂုဏ္ခံႏိုင္ဖို႔ ႀကိဳးစားေနခဲ့တာပါ။

ဒါေပမယ့္ မိနစ္ ၉၀ ျပည့္တဲ့အထိ ဂိုးထပ္မရခဲ့သလို နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ စပါးစ္တို႔ တစ္ကြင္းလုံးတက္ဖိၿပီး တိုက္စစ္ဆင္ဖို႔ ႀကိဳးစားေနရာကေန ေဘာလုံးရယူဖို႔ ႀကိဳးစားတဲ့ ေဒးဗီးစ္ ေျခေခ်ာ္ၿပီး လဲက်ရာကေန ျမဴရာတို႔ တန္ျပန္တိုက္စစ္ဆင္ခဲ့ရာမွာ ညာေတာင္ပံက မာ႐ိုရွာက ဆြဲေျပးၿပီး အတြင္းကို တစ္ခ်က္ေခါက္ၿပီး ကန္သြင္းခဲ့ရာမွာ ေနာက္ခံလူ ဆန္ခ်က္ဇ္နဲ႔ထိၿပီး ဂိုးသမားေပၚက ေက်ာ္ဝင္သြားခဲ့လို႔ အိမ္ရွင္ေတြ အႏိုင္ဂိုး ရရွိခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ ေနာက္ဆုံး ၆ ပြဲမွာ ၅ ပြဲရႈံးထားတဲ့ ျမဴရာတို႔ ပထမဆုံးႏိုင္ပြဲရခဲ့သလို ယူ႐ိုပါကြန္ဖရင့္လိဂ္မွာ ပထမဆုံး သုံးမွတ္ရၿပီး စပါးစ္တို႔ကို အိမ္ကြင္းမွာ ဒုကၡေပးႏိုင္ခဲ့ခ်ိန္မွာ ေျမာက္လန္ဒန္က ဆုဖလားဘီ႐ို ဖုန္တက္ေနတဲ့ နာမည္ႀကီးအသင္းကေတာ့ နည္းျပ ကြန္တီလက္ထက္မွာလည္း ဘာမွ မထူးခဲ့ဘဲ လာမယ့္ပြဲမွာ ရင္းေနးကို အႏိုင္မယူႏိုင္ခဲ့ရင္ အုပ္စုက လွည့္ျပန္ရမယ့္အေနအထားကို ေရာက္ရွိသြားခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.