Match Report Premier League UCL&UEL

အဝေးကွင်းမှာ ရက်ပစ်ကို ဖြုတ်ပြီး အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့်ရောက်တဲ့ ဝက်စ်ဟမ်း

ပြီးခဲ့တဲ့ ဂျင့်ခ်နဲ့ အဝေးကွင်းပွဲစဉ်မှာ နှစ်ဂိုးစီ သရေကျခဲ့လို့ စောစောစီးစီး အုပ်စုတက်ခွင့်ကို လက်လွှတ်ခဲ့ရတဲ့ ဝက်စ်ဟမ်းတို့အနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ နှစ်ပွဲဆက်တိုက် ကစားခဲ့ရတဲ့ အဝေးကွင်းပွဲစဉ်အတွက် အဓိကကစားသမားနဲ့ အရန်တွေကို မျှမျှတတ သုံးစွဲလာခဲ့ပြီး နည်းပြ ဒေးဗစ်မွိုက်စ်ကလည်း တစ်ပွဲဆိုတစ်ပွဲ အမျှင်ပြတ်မှ ပရီးမီးယားလိဂ်ကို ပိုမိုအာရုံစိုက်နိုင်မှာဖြစ်တာကြောင့် ကောင်းကောင်းပြင်ဆင်လာခဲ့ပါတယ်။

ဂိုးသမားနေရာမှာ အာရီယိုးလားပဲ ဆက်ဖမ်းခဲ့ပေမယ့် ခံစစ်မှာ ဆိုဖာလ်၊ ဒီယော့ပ်၊ ဒေါ်ဆန်နဲ့ မာဆူအာကူး၊ ကွင်းလယ်မှာ အသင်းခေါင်းဆောင် နိုဘယ်လ်၊ လန်ဇီနီ၊ ဆိုးချက်ခ်၊ ဗလာရှစ်ချ်နဲ့ ယာမိုလန်ကိုတို့ကို သုံးစွဲခဲ့ပြီး တိုက်စစ်မှာတော့ အန်တိုနီယိုအစား ဘိုဝင်ကို အထောင်ထားပြီး ၄-၅-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်။

အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် အိမ်စာကောင်းကောင်းလုပ်ထားတဲ့ ဝက်စ်ဟမ်းယူနိုက်တက်တို့ အကောင်းဆုံးပုံစံနဲ့ ပွဲကို စိုးမိုးထားနိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှု အသာစီးကိုလည်း ရယူနိုင်ခဲ့ပြီး တိုက်စစ်မှာတော့ စာရွက်ပေါ်မှာ ချထားတဲ့ ညာတောင်ပံနဲ့ အထောင်က ယာမိုလန်ကိုနဲ့ ဘိုဝင်တို့က တစ်လှည့်စီ အဆင်ပြေသလို နေရာယူကစားသွားခဲ့ကြတာပါ။

ဘယ်နောက်ခံလူ မာဆူအာကူးကတော့ ခရက်စ်ဝဲလ်ရဲ့ နေရာမှာ ပွဲထွက်ကစားခွင့်ရချိန်မှာ တောင်ပံတစ်လျှောက် အတက်အဆင်းမှန်မှန်နဲ့ ရက်ပစ် ဗီယင်နာတို့ရဲ့ ညာခြမ်းကို တောက်လျှောက် ထိုးဖောက်နိုင်ခဲ့ပြီး သူ့ကြောင့်ပဲ ချက်တောင်ပံကစားသမား ဗလာရှစ်ချ်က ဒီနေ့ပွဲမှာ ခြေစွမ်းမှန်ကို ဖော်ထုတ်ပြသနိုင်ခဲ့သလို ညာဘက်မှာတော့ နောက်ခံလူ ဆိုဖာလ်က ခပ်ကြမ်းကြမ်း ဖြုတ်နေခဲ့တာကိုလည်း မြင်ခဲ့ရပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ ဧည့်သည် ဟမ်းမားတွေ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဘိုဝင်ရဲ့ ညာခြမ်းက ဖြတ်တင်ဘော ရှင်းထုတ်ခံရတာကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဘယ်ခြမ်းက ဗလာရှစ်ချ်က လိုက်လံရယူပြီး ဖြတ်တင်ပေးခဲ့တာကို ယာမိုလန်ကိုက ဂိုးသမားနဲ့ အနီးကပ်အနေအထားက ခေါင်းတိုက်ပြီး ဦးဆောင်မှု ပေးစွမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဘောလုံးနဲ့ လှည့်ထွက်ပြေးဖို့ ကြိုးစားတဲ့ ယာမိုလန်ကို,ကို ရက်ပစ် ဗီယင်နာနောက်တန်းက ပင်နယ်တီဧရိယာ အတွင်းမှာ ခြေချိတ်ခဲ့လို့ ပင်နယ်တီ ရရှိခဲ့ပြီး ဒီအခွင့်အရေးကိုတော့ အသင်းခေါင်းဆောင် နိုဘယ်လ်က ဂိုးသမားရဲ့ ဘယ်ဘက်အပေါ်ထောင့်ကို ကန်သွင်းပြီး နောက်တစ်ဂိုးရယူနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ ဝက်စ်ဟမ်းတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာလည်း ဝက်စ်ဟမ်းတို့ပဲ ဖိကစားနိုင်ခဲ့ပေမယ့် ဘိုဝင်ရဲ့ End Product တွေ ကောင်းမွန်ခြင်းမရှိခဲ့သလို ဒီနေ့ပွဲမှာ အနားပေးထားခဲ့တဲ့ အန်တိုနီယိုကတောင် တိုက်စစ်မှူးစစ်စစ် မဟုတ်ခဲ့ချိန်မှာ သူတို့ရဲ့ အရန်တိုက်စစ်မှူးတစ်ယောက် လိုအပ်မှုကို ပြသနေခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ ဘိုဝင်၊ လန်ဇီနီနဲ့ ဆိုးချက်ခ်တို့အစား ဘင်ရာမာ၊ ဖော်နယ်လ်စ်နဲ့ ခရယ်လ်တို့ကို လူစားလဲကစားသွားခဲ့ကြပါတယ်။

တိုက်စစ်မှာတော့ ယာမိုလန်ကို,ကို ပွဲချိန်ပြည့် သုံးစွဲသွားခဲ့ပေမယ့် ယူကရိန်းသားရဲ့ ထိုးဖောက်မှုနဲ့ အဆုံးသတ်ပိုင်းတွေက ပထမပိုင်းက ခေါင်းတိုက်ဂိုးကလွဲရင် အလုပ်မဖြစ်တဲ့ အနေအထားမှာပဲ ရှိနေခဲ့သလို လူစားဝင်တောင်ပံကစားသမား ဘင်ရာမာကလည်း နောက်ပိုင်းပွဲတွေမှာ အနည်းငယ် ခြေကျနေသလိုဖြစ်နေခဲ့တာကြောင့် ဒုတိယပိုင်းမှာလည်း ပွဲရလဒ်မပြောင်းခဲ့ဘဲ ပြီးဆုံးသွားခဲ့တာပါ။

ဒီပွဲအနိုင်ကြောင့် ယူရိုပါလိဂ် အုပ်စု(H)ကို ဝက်စ်ဟမ်းကို ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲသရေ၊ ရမှတ် ၁၃ မှတ်နဲ့ ဗိုလ်စွဲနိုင်ခဲ့ပြီး တစ်ပွဲကစားဖို့ပဲ ကျန်တော့ချိန်မှာ ပထမနေရာကနေ ရှုံးထွက် ၁၆ သင်းအဆင့်မှာ ဦးစားပေး ဆီဒင်ရအသင်းအဖြစ် မဲခွဲရေးဆွဲခံနိုင်ဖို့ တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်သလို နည်းပြ ဒေးဗစ်မွိုက်စ်ကတော့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရလဒ်ကောင်းရနိုင်ဖို့ပဲ အာရုံစိုက်ရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ဂ်င့္ခ္နဲ႔ အေဝးကြင္းပြဲစဥ္မွာ ႏွစ္ဂိုးစီ သေရက်ခဲ့လို႔ ေစာေစာစီးစီး အုပ္စုတက္ခြင့္ကို လက္လႊတ္ခဲ့ရတဲ့ ဝက္စ္ဟမ္းတို႔အေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ ႏွစ္ပြဲဆက္တိုက္ ကစားခဲ့ရတဲ့ အေဝးကြင္းပြဲစဥ္အတြက္ အဓိကကစားသမားနဲ႔ အရန္ေတြကို မွ်မွ်တတ သုံးစြဲလာခဲ့ၿပီး နည္းျပ ေဒးဗစ္မြိဳက္စ္ကလည္း တစ္ပြဲဆိုတစ္ပြဲ အမွ်င္ျပတ္မွ ပရီးမီးယားလိဂ္ကို ပိုမိုအာ႐ုံစိုက္ႏိုင္မွာျဖစ္တာေၾကာင့္ ေကာင္းေကာင္းျပင္ဆင္လာခဲ့ပါတယ္။

ဂိုးသမားေနရာမွာ အာရီယိုးလားပဲ ဆက္ဖမ္းခဲ့ေပမယ့္ ခံစစ္မွာ ဆိုဖာလ္၊ ဒီေယာ့ပ္၊ ေဒၚဆန္နဲ႔ မာဆူအာကူး၊ ကြင္းလယ္မွာ အသင္းေခါင္းေဆာင္ ႏိုဘယ္လ္၊ လန္ဇီနီ၊ ဆိုးခ်က္ခ္၊ ဗလာရွစ္ခ်္နဲ႔ ယာမိုလန္ကိုတို႔ကို သုံးစြဲခဲ့ၿပီး တိုက္စစ္မွာေတာ့ အန္တိုနီယိုအစား ဘိုဝင္ကို အေထာင္ထားၿပီး ၄-၅-၁ ပုံစံနဲ႔ ပြဲထြက္လာခဲ့တာလည္းျဖစ္ပါတယ္။

အေဝးကြင္းမွာ ကစားခဲ့ရေပမယ့္ အိမ္စာေကာင္းေကာင္းလုပ္ထားတဲ့ ဝက္စ္ဟမ္းယူႏိုက္တက္တို႔ အေကာင္းဆုံးပုံစံနဲ႔ ပြဲကို စိုးမိုးထားႏိုင္ခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈ အသာစီးကိုလည္း ရယူႏိုင္ခဲ့ၿပီး တိုက္စစ္မွာေတာ့ စာ႐ြက္ေပၚမွာ ခ်ထားတဲ့ ညာေတာင္ပံနဲ႔ အေထာင္က ယာမိုလန္ကိုနဲ႔ ဘိုဝင္တို႔က တစ္လွည့္စီ အဆင္ေျပသလို ေနရာယူကစားသြားခဲ့ၾကတာပါ။

ဘယ္ေနာက္ခံလူ မာဆူအာကူးကေတာ့ ခရက္စ္ဝဲလ္ရဲ႕ ေနရာမွာ ပြဲထြက္ကစားခြင့္ရခ်ိန္မွာ ေတာင္ပံတစ္ေလွ်ာက္ အတက္အဆင္းမွန္မွန္နဲ႔ ရက္ပစ္ ဗီယင္နာတို႔ရဲ႕ ညာျခမ္းကို ေတာက္ေလွ်ာက္ ထိုးေဖာက္ႏိုင္ခဲ့ၿပီး သူ႔ေၾကာင့္ပဲ ခ်က္ေတာင္ပံကစားသမား ဗလာရွစ္ခ်္က ဒီေန႔ပြဲမွာ ေျခစြမ္းမွန္ကို ေဖာ္ထုတ္ျပသႏိုင္ခဲ့သလို ညာဘက္မွာေတာ့ ေနာက္ခံလူ ဆိုဖာလ္က ခပ္ၾကမ္းၾကမ္း ျဖဳတ္ေနခဲ့တာကိုလည္း ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ဧည့္သည္ ဟမ္းမားေတြ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၾကၿပီး ဘိုဝင္ရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာ ရွင္းထုတ္ခံရတာကေန ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဘယ္ျခမ္းက ဗလာရွစ္ခ်္က လိုက္လံရယူၿပီး ျဖတ္တင္ေပးခဲ့တာကို ယာမိုလန္ကိုက ဂိုးသမားနဲ႔ အနီးကပ္အေနအထားက ေခါင္းတိုက္ၿပီး ဦးေဆာင္မႈ ေပးစြမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ေဘာလုံးနဲ႔ လွည့္ထြက္ေျပးဖို႔ ႀကိဳးစားတဲ့ ယာမိုလန္ကို,ကို ရက္ပစ္ ဗီယင္နာေနာက္တန္းက ပင္နယ္တီဧရိယာ အတြင္းမွာ ေျခခ်ိတ္ခဲ့လို႔ ပင္နယ္တီ ရရွိခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ အသင္းေခါင္းေဆာင္ ႏိုဘယ္လ္က ဂိုးသမားရဲ႕ ဘယ္ဘက္အေပၚေထာင့္ကို ကန္သြင္းၿပီး ေနာက္တစ္ဂိုးရယူႏိုင္ခဲ့လို႔ ပထမပိုင္းအၿပီးမွာ ဝက္စ္ဟမ္းတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကပါတယ္။

ဒုတိယပိုင္းမွာလည္း ဝက္စ္ဟမ္းတို႔ပဲ ဖိကစားႏိုင္ခဲ့ေပမယ့္ ဘိုဝင္ရဲ႕ End Product ေတြ ေကာင္းမြန္ျခင္းမရွိခဲ့သလို ဒီေန႔ပြဲမွာ အနားေပးထားခဲ့တဲ့ အန္တိုနီယိုကေတာင္ တိုက္စစ္မႉးစစ္စစ္ မဟုတ္ခဲ့ခ်ိန္မွာ သူတို႔ရဲ႕ အရန္တိုက္စစ္မႉးတစ္ေယာက္ လိုအပ္မႈကို ျပသေနခဲ့ၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဘိုဝင္၊ လန္ဇီနီနဲ႔ ဆိုးခ်က္ခ္တို႔အစား ဘင္ရာမာ၊ ေဖာ္နယ္လ္စ္နဲ႔ ခရယ္လ္တို႔ကို လူစားလဲကစားသြားခဲ့ၾကပါတယ္။

တိုက္စစ္မွာေတာ့ ယာမိုလန္ကို,ကို ပြဲခ်ိန္ျပည့္ သုံးစြဲသြားခဲ့ေပမယ့္ ယူကရိန္းသားရဲ႕ ထိုးေဖာက္မႈနဲ႔ အဆုံးသတ္ပိုင္းေတြက ပထမပိုင္းက ေခါင္းတိုက္ဂိုးကလြဲရင္ အလုပ္မျဖစ္တဲ့ အေနအထားမွာပဲ ရွိေနခဲ့သလို လူစားဝင္ေတာင္ပံကစားသမား ဘင္ရာမာကလည္း ေနာက္ပိုင္းပြဲေတြမွာ အနည္းငယ္ ေျခက်ေနသလိုျဖစ္ေနခဲ့တာေၾကာင့္ ဒုတိယပိုင္းမွာလည္း ပြဲရလဒ္မေျပာင္းခဲ့ဘဲ ၿပီးဆုံးသြားခဲ့တာပါ။

ဒီပြဲအႏိုင္ေၾကာင့္ ယူ႐ိုပါလိဂ္ အုပ္စု(H)ကို ဝက္စ္ဟမ္းကို ၅ ပြဲကစား ၄ ပြဲႏိုင္ ၁ ပြဲသေရ၊ ရမွတ္ ၁၃ မွတ္နဲ႔ ဗိုလ္စြဲႏိုင္ခဲ့ၿပီး တစ္ပြဲကစားဖို႔ပဲ က်န္ေတာ့ခ်ိန္မွာ ပထမေနရာကေန ရႈံးထြက္ ၁၆ သင္းအဆင့္မွာ ဦးစားေပး ဆီဒင္ရအသင္းအျဖစ္ မဲခြဲေရးဆြဲခံႏိုင္ဖို႔ တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္သလို နည္းျပ ေဒးဗစ္မြိဳက္စ္ကေတာ့ လာမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းရႏိုင္ဖို႔ပဲ အာ႐ုံစိုက္ရေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.