Match Report Premier League UCL&UEL

လီဂီယာကို အနိုင်ယူပြီး အုပ်စုတက်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်လာတဲ့ လက်စတာ

လက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ နာပိုလီရဲ့ ရုရှားမြေမှာ မထင်မှတ်ဘဲ ရှုံးပွဲတွေ့သွားမှုကို အခွင့်အကောင်းယူနိုင်ဖို့ ဗာဒီနဲ့ အီဟန်နာချိုတို့လို ပရီးမီးယားလိဂ် ဦးစားပေးတိုက်စစ်မှူးနှစ်ယောက်ကလွဲလို့ လူစုံထုတ်သုံးလာခဲ့ပြီး ရှမိုက်ကယ်၊ ဆိုယွန်ကျူ၊ ကက်စတာညာ၊ အန်ဒီဒီ၊ ဘန်းစ်၊ မက်ဒီဆန်၊ ဆူမာရေး၊ ဒါကာ၊ လွတ်ခ်မန်းတို့လို အဆင့်မြင့်ကစားသမားတွေနဲ့ အိမ်ကွင်းမှာ ပွဲထွက်လာခဲ့ပါတယ်။

ပိုလန်ချန်ပီယံ လီဂီယာ ဗာဆာဗာ(ဝါဆော)တို့ကတော့ နာမည်ကြီးကစားသမား သိပ်မပါဝင်ပေမယ့် ဥရောပနိုင်ငံတစ်ခုရဲ့ ထိပ်တန်းကလပ်ပီပီ အင်္ဂလန်မြေမှာ တတ်နိုင်သလောက် တုံ့ပြန်ကစားသွားခဲ့သလို လက်စတာတို့နဲ့စာရင် တစ်ဆင့်နိမ့်နေပေမယ့် အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့ ကစားခဲ့လို့ ပွဲက တော်တော်လေး ကြည့်ကောင်းခဲ့တာပါ။

လက်စတာတို့အနေနဲ့ ဘယ်ခြမ်းက ဟာဗီ ဘန်းစ်နဲ့ မက်ဒီဆန်တို့နှစ်ဦးရဲ့ တွဲလုံးတွေကို ပိုမိုအားပြု ထိုးဖောက်နေခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာတော့ ဘန်းစ်ရဲ့ ကန်ချက်က လီဂီယာနောက်ခံလူသုံးဦးကြားကို ရောက်လာခဲ့ရာမှာ ဒါကာက ထင်မှတ်မထားတဲ့ လျင်မြန်မှုမျိုးနဲ့ ကိုယ်တစ်ပတ်လှည့်ထွက်ပြီး တစ်ဖက်ခံစစ်ကို အငိုက်မိစေခဲ့ပြီးမှ ဂိုးသမားနဲ့ အတွေ့မှာ ဘယ်ခြေနဲ့ အဝေးတိုင်ဘက်ကို ကန်သွင်းပြီး အဆုံးသတ်နိုင်ခဲ့လို့ အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။

မက်ဒီဆန်ကတော့ ဒီနေ့မှာ အသင်းရဲ့ အဓိက ဆုံချက်ကစားသမားဖြစ်ခဲ့ပြီး တိုက်စစ်တွဲလုံးတွေမှာ ဘယ်ခြမ်းတင် မဟုတ်ဘဲ ညာခြမ်းနဲ့ပါ ချိတ်ဆက်ပြီး အကောင်းဆုံး ထိုးဖောက်သွားနိုင်ခဲ့သလို ဒဏ်ရာသာ ကင်းစင်နေရင် ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ နံပါတ်တစ် အလိုအရှိဆုံး ပစ်မှတ်အဖြစ် ရပ်တည်နိုင်မယ့် ပုံစံကို ပြသခဲ့ပြီး အသင်းအတွက် တစ်ဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာတော့ လက်စတာတို့ ဒုတိယဦးဆောင်ဂိုး ရယူနိုင်ခဲ့ပြီး ညာခြမ်းက လက်ပစ်ဘောကနေ ဆူမာရေးက ပေးခဲ့တဲ့ ဘောလုံးကို မက်ဒီဆန်က အတွင်းကို ဆွဲဝင်ပြီးမှ လွတ်ခ်မန်းဆီ ပေးခဲ့ပြီး ညာဘက်ကို ဆွဲထွက်သွားပြီးမှ အတွင်းကို Cut Back လုပ်ပေးခဲ့တဲ့ လွတ်ခ်မန်းရဲ့ အခင်းအကျင်းကနေ လီဂီယာနောက်ခံလူသုံးယောက်ကို လှည့်စားပြီးမှ ဘယ်ခြေနဲ့ အပြင်းကန်သွင်းသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ လီဂီယာတို့ရဲ့ ဘယ်ခြမ်းက ဖြတ်တင်ဘောကို အန်ဒီဒီ ခေါင်းတိုက်ရှင်းထုတ်ဖို့ ကြိုးစားရာမှာ မြှောက်ထားတဲ့ လက်နဲ့ ထိမိခဲ့တာကြောင့် လက်စတာတို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ ပိုလန်ကလပ်ရဲ့ အဇာဘိုင်ဂျန်တိုက်စစ်မှူး အမ်မရယ်လီ ကန်သွင်းခဲ့ရာမှာ ရှမိုက်ကယ် ကာကွယ်နိုင်ခဲ့ပေမယ့် နောက်က ပြေးဝင်လာတဲ့ ဆားဘီးယားနောက်ခံလူ မလာဒင်နိုဗစ်ချ်က ပိတ်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒီပွဲမကန်ခင်မှာ ၆ မှတ်အထိ စုဆောင်းထားနိုင်ခဲ့တဲ့ လီဂီယာတို့ ချေပဂိုးကြောင့် စိတ်ဓာတ်တက်လာပြီး ဖိကစားခဲ့ပေမယ့် လက်စတာခံစစ်က ထိန်းချုပ်သွားနိုင်ခဲ့သလို ပွဲချိန် ၃၃ မိနစ်မှာတော့ ဘယ်ထောင့်ကန်ဘောကနေ မက်ဒီဆန် ကန်ပို့ခဲ့တာကို ကွင်းလယ်လူ အန်ဒီဒီက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းပြီး သူ့ရဲ့ ပင်နယ်တီပေးထားခဲ့ရတဲ့ အမှားကို ပြန်လည်ချေပသွားခဲ့လို့ အိမ်ရှင်မြေခွေးတွေ တတိယဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာ လီဂီယာတို့ရဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးကို ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဆိုယွန်ကျူက နောက်ဆုံးထိချက် မတိုင်ခင်မှာ ရှင်းထုတ်သွားနိုင်ခဲ့လို့ လက်စတာတို့ သက်သာခွင့်ရခဲ့ပြီး ပထမပိုင်းကိုတော့ ကင်းပါဝါကွင်းကြီးမှာ အိမ်ရှင်တွေ သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လက်စတာရှိုင်းယားမြေမှာ နှင်းတွေ သည်းလာခဲ့သလို လီဂီယာဖန်တွေ ထွန်းညှိခဲ့တဲ့ မီးရှူးမီးတိုင်တွေကြောင့်မှာ မီးခိုးတွေနဲ့ မြင်ကွင်းမရှင်းဘဲဖြစ်ခဲ့ပြီး ဘယ်ခြမ်းကနေ ရရှိလာခဲ့တဲ့ အခွင့်အရေးတွေကိုတော့ ဟာဗီဘန်းစ် အသုံးမချနိုင်ခဲ့ဘဲ ဖြုန်းတီးခဲ့လို့ မြေခွေးတွေအတွက် ဂိုးထပ်ရဖို့ ဝေးခဲ့ရပြီး ကက်စတာညာနဲ့ ဒါကာတို့ကလည်း အဆုံးသတ်မှုတွေမှာ မကောင်းမွန်ခဲ့တာကြောင့် သုံးဂိုး-တစ်ဂိုးရလဒ်က ပွဲပြီးချိန်အထိ မပြောင်းလဲဘဲဖြစ်ခဲ့ရပါတယ်။

ဒီပွဲအနိုင်ရလဒ်ကြောင့် ပွဲမစတင်ခင်အချိန်အထိ နောက်တစ်ဆင့်တက်ဖို့ ရင်တမမဖြစ်နေခဲ့ရတဲ့ ဘရန်ဒန် ရော့ဂျားစ်ရဲ့ လက်စတာတို့ ယူရိုပါလိဂ် အုပ်စု(C)မှာ ပြန်လည်ခေါင်းထောင်လာနိုင်ခဲ့ပြီး ရမှတ် ၈ မှတ်နဲ့ ထိပ်ဆုံးက ပြန်လည်ဦးဆောင်လိုက်နိုင်သလို လာမယ့် နာပိုလီနဲ့ အုပ်စုအပိတ်ပွဲစဉ်မှာတော့ သရေရလဒ်နဲ့အထက် ရယူနိုင်ခဲ့ရင် နောက်တစ်ဆင့်တက်နိုင်ဖို့ ရှိနေတာကြောင့် မြေခွေးတွေရဲ့ ဥရောပ စစ်မျက်နှာက ရင်ခုန်စရာဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ နာပိုလီရဲ႕ ႐ုရွားေျမမွာ မထင္မွတ္ဘဲ ရႈံးပြဲေတြ႕သြားမႈကို အခြင့္အေကာင္းယူႏိုင္ဖို႔ ဗာဒီနဲ႔ အီဟန္နာခ်ိဳတို႔လို ပရီးမီးယားလိဂ္ ဦးစားေပးတိုက္စစ္မႉးႏွစ္ေယာက္ကလြဲလို႔ လူစုံထုတ္သုံးလာခဲ့ၿပီး ရွမိုက္ကယ္၊ ဆိုယြန္က်ဴ၊ ကက္စတာညာ၊ အန္ဒီဒီ၊ ဘန္းစ္၊ မက္ဒီဆန္၊ ဆူမာေရး၊ ဒါကာ၊ လြတ္ခ္မန္းတို႔လို အဆင့္ျမင့္ကစားသမားေတြနဲ႔ အိမ္ကြင္းမွာ ပြဲထြက္လာခဲ့ပါတယ္။

ပိုလန္ခ်န္ပီယံ လီဂီယာ ဗာဆာဗာ(ဝါေဆာ)တို႔ကေတာ့ နာမည္ႀကီးကစားသမား သိပ္မပါဝင္ေပမယ့္ ဥေရာပႏိုင္ငံတစ္ခုရဲ႕ ထိပ္တန္းကလပ္ပီပီ အဂၤလန္ေျမမွာ တတ္ႏိုင္သေလာက္ တုံ႔ျပန္ကစားသြားခဲ့သလို လက္စတာတို႔နဲ႔စာရင္ တစ္ဆင့္နိမ့္ေနေပမယ့္ အႏိုင္မခံ အရႈံးမေပးစိတ္ဓာတ္နဲ႔ ကစားခဲ့လို႔ ပြဲက ေတာ္ေတာ္ေလး ၾကည့္ေကာင္းခဲ့တာပါ။

လက္စတာတို႔အေနနဲ႔ ဘယ္ျခမ္းက ဟာဗီ ဘန္းစ္နဲ႔ မက္ဒီဆန္တို႔ႏွစ္ဦးရဲ႕ တြဲလုံးေတြကို ပိုမိုအားျပဳ ထိုးေဖာက္ေနခဲ့ၿပီး ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ဘန္းစ္ရဲ႕ ကန္ခ်က္က လီဂီယာေနာက္ခံလူသုံးဦးၾကားကို ေရာက္လာခဲ့ရာမွာ ဒါကာက ထင္မွတ္မထားတဲ့ လ်င္ျမန္မႈမ်ိဳးနဲ႔ ကိုယ္တစ္ပတ္လွည့္ထြက္ၿပီး တစ္ဖက္ခံစစ္ကို အငိုက္မိေစခဲ့ၿပီးမွ ဂိုးသမားနဲ႔ အေတြ႕မွာ ဘယ္ေျခနဲ႔ အေဝးတိုင္ဘက္ကို ကန္သြင္းၿပီး အဆုံးသတ္ႏိုင္ခဲ့လို႔ အဖြင့္ဂိုး စတင္ရရွိခဲ့ပါတယ္။

မက္ဒီဆန္ကေတာ့ ဒီေန႔မွာ အသင္းရဲ႕ အဓိက ဆုံခ်က္ကစားသမားျဖစ္ခဲ့ၿပီး တိုက္စစ္တြဲလုံးေတြမွာ ဘယ္ျခမ္းတင္ မဟုတ္ဘဲ ညာျခမ္းနဲ႔ပါ ခ်ိတ္ဆက္ၿပီး အေကာင္းဆုံး ထိုးေဖာက္သြားႏိုင္ခဲ့သလို ဒဏ္ရာသာ ကင္းစင္ေနရင္ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ နံပါတ္တစ္ အလိုအရွိဆုံး ပစ္မွတ္အျဖစ္ ရပ္တည္ႏိုင္မယ့္ ပုံစံကို ျပသခဲ့ၿပီး အသင္းအတြက္ တစ္ဂိုးထပ္မံသြင္းယူေပးႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ လက္စတာတို႔ ဒုတိယဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ၿပီး ညာျခမ္းက လက္ပစ္ေဘာကေန ဆူမာေရးက ေပးခဲ့တဲ့ ေဘာလုံးကို မက္ဒီဆန္က အတြင္းကို ဆြဲဝင္ၿပီးမွ လြတ္ခ္မန္းဆီ ေပးခဲ့ၿပီး ညာဘက္ကို ဆြဲထြက္သြားၿပီးမွ အတြင္းကို Cut Back လုပ္ေပးခဲ့တဲ့ လြတ္ခ္မန္းရဲ႕ အခင္းအက်င္းကေန လီဂီယာေနာက္ခံလူသုံးေယာက္ကို လွည့္စားၿပီးမွ ဘယ္ေျခနဲ႔ အျပင္းကန္သြင္းသြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ လီဂီယာတို႔ရဲ႕ ဘယ္ျခမ္းက ျဖတ္တင္ေဘာကို အန္ဒီဒီ ေခါင္းတိုက္ရွင္းထုတ္ဖို႔ ႀကိဳးစားရာမွာ ေျမႇာက္ထားတဲ့ လက္နဲ႔ ထိမိခဲ့တာေၾကာင့္ လက္စတာတို႔ ပင္နယ္တီ ေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ ပိုလန္ကလပ္ရဲ႕ အဇာဘိုင္ဂ်န္တိုက္စစ္မႉး အမ္မရယ္လီ ကန္သြင္းခဲ့ရာမွာ ရွမိုက္ကယ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေနာက္က ေျပးဝင္လာတဲ့ ဆားဘီးယားေနာက္ခံလူ မလာဒင္ႏိုဗစ္ခ်္က ပိတ္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ဒီပြဲမကန္ခင္မွာ ၆ မွတ္အထိ စုေဆာင္းထားႏိုင္ခဲ့တဲ့ လီဂီယာတို႔ ေခ်ပဂိုးေၾကာင့္ စိတ္ဓာတ္တက္လာၿပီး ဖိကစားခဲ့ေပမယ့္ လက္စတာခံစစ္က ထိန္းခ်ဳပ္သြားႏိုင္ခဲ့သလို ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ဘယ္ေထာင့္ကန္ေဘာကေန မက္ဒီဆန္ ကန္ပို႔ခဲ့တာကို ကြင္းလယ္လူ အန္ဒီဒီက လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းၿပီး သူ႔ရဲ႕ ပင္နယ္တီေပးထားခဲ့ရတဲ့ အမွားကို ျပန္လည္ေခ်ပသြားခဲ့လို႔ အိမ္ရွင္ေျမေခြးေတြ တတိယဂိုး ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာ လီဂီယာတို႔ရဲ႕ ဂိုးရႏိုင္တဲ့ အခြင့္အေရးကို ဒီေန႔ပြဲမွာ ေျခစြမ္းျပေနတဲ့ ေနာက္ခံလူ ဆိုယြန္က်ဴက ေနာက္ဆုံးထိခ်က္ မတိုင္ခင္မွာ ရွင္းထုတ္သြားႏိုင္ခဲ့လို႔ လက္စတာတို႔ သက္သာခြင့္ရခဲ့ၿပီး ပထမပိုင္းကိုေတာ့ ကင္းပါဝါကြင္းႀကီးမွာ အိမ္ရွင္ေတြ သုံးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ လက္စတာရႈိင္းယားေျမမွာ ႏွင္းေတြ သည္းလာခဲ့သလို လီဂီယာဖန္ေတြ ထြန္းညႇိခဲ့တဲ့ မီးရႉးမီးတိုင္ေတြေၾကာင့္မွာ မီးခိုးေတြနဲ႔ ျမင္ကြင္းမရွင္းဘဲျဖစ္ခဲ့ၿပီး ဘယ္ျခမ္းကေန ရရွိလာခဲ့တဲ့ အခြင့္အေရးေတြကိုေတာ့ ဟာဗီဘန္းစ္ အသုံးမခ်ႏိုင္ခဲ့ဘဲ ျဖဳန္းတီးခဲ့လို႔ ေျမေခြးေတြအတြက္ ဂိုးထပ္ရဖို႔ ေဝးခဲ့ရၿပီး ကက္စတာညာနဲ႔ ဒါကာတို႔ကလည္း အဆုံးသတ္မႈေတြမွာ မေကာင္းမြန္ခဲ့တာေၾကာင့္ သုံးဂိုး-တစ္ဂိုးရလဒ္က ပြဲၿပီးခ်ိန္အထိ မေျပာင္းလဲဘဲျဖစ္ခဲ့ရပါတယ္။

ဒီပြဲအႏိုင္ရလဒ္ေၾကာင့္ ပြဲမစတင္ခင္အခ်ိန္အထိ ေနာက္တစ္ဆင့္တက္ဖို႔ ရင္တမမျဖစ္ေနခဲ့ရတဲ့ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ လက္စတာတို႔ ယူ႐ိုပါလိဂ္ အုပ္စု(C)မွာ ျပန္လည္ေခါင္းေထာင္လာႏိုင္ခဲ့ၿပီး ရမွတ္ ၈ မွတ္နဲ႔ ထိပ္ဆုံးက ျပန္လည္ဦးေဆာင္လိုက္ႏိုင္သလို လာမယ့္ နာပိုလီနဲ႔ အုပ္စုအပိတ္ပြဲစဥ္မွာေတာ့ သေရရလဒ္နဲ႔အထက္ ရယူႏိုင္ခဲ့ရင္ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ ရွိေနတာေၾကာင့္ ေျမေခြးေတြရဲ႕ ဥေရာပ စစ္မ်က္ႏွာက ရင္ခုန္စရာျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.