Other

ရည်းစားဟောင်းကို ထောက်ပံ့ကြေးမပေးဘဲ ပတ်ပြေးနေလို့ ထောင်နန်းစံရကိန်းရှိနေတဲ့ ရော်နယ်လ်ဒင်ညို

ဘာစီလိုနာနဲ့ အေစီမီလန်ကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ညိုဟာ ရည်းစားဟောင်းနဲ့ ထောက်ပံ့ကြေးကိစ္စ အငြင်းပွားမှုအတွက် ထောင်ထဲ ပြန်သွားရနိုင်တယ်လို့ သတိပေးခြင်း ခံခဲ့ရပါတယ်။

ဘရာဇီးလ်က သတင်းတွေအရ အသက် ၄၁ နှစ်အရွယ် ဘရာဇီးလ်ဂန္တဝင်ကစားသမားဟာ ၎င်းရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရပြီး ထောင်ကျနိုင်ခြေကို ရှောင်လွှဲနိုင်ဖို့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရည်းစားဟောင်း ပရစ်စီးလား ကိုအယ်လ်ဟိုကို ပေးစရာရှိတာ အကုန်ပေးချေဖို့ ညွှန်ကြားခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ ပရစ်စီးလားရဲ့ရှေ့နေ ဘရူနို မက်ဒရာဒိုက ဘရာဇီးလ်သတင်းစာ Extra ကို “အခု သူ ပေးစရာရှိတာတွေ အကုန်ပေးရပါတော့မယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေက အကြိမ်ကြိမ် ရှောင်ပြေးနေတဲ့ ရော်နယ်လ်ဒင်ညိုကို ထောက်ပံ့ကြေးကို နိုဝင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားပေးဆပ်သွားဖို့အကြောင်း တရားဝင် အသိပေးနိုင်ဖို့ တရားရုံးကို ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးလ်ဂန္တဝင်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်တုန်းက ပတ်စ်ပို့အတုနဲ့ ပါရာဂွေးနိုင်ငံကို သွားရောက်ခဲ့တာကြောင့် ဖမ်းဆီး ထောင်ချခံခဲ့ရပြီး လက်ရှိမှာတော့ ဒူဘိုင်းနိုင်ငံမှာ ရောက်နေတယ်လို့ ယုံကြည်ရပါတယ်။

၂၀၁၈ ခုနှစ် မေလတုန်းက ရော်နယ်လ်ဒင်ညိုဟာ ပရစ်စီးလားနဲ့ ဘိထရစ် ဆူဆာလို့ အမည်ရတဲ့ အမျိုးသမီးတို့ကို တပြိုင်တည်း လက်ထပ်ခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။ ဘရာဇီးလ်သတင်းစာက ရော်နယ်လ်ဒင်ညိုဟာ ရီယိုဒီ ဂျနေးရိုးမြို့က ဘာရာဒါ တီချူကာခရိုင်က အဆင့်မြင့်စားသောက်ဆိုင်တစ်ခုမှာ သီးသန့်အခမ်းအနားတစ်ခု ပြုလုပ်ပြီး မိန်းမချော ၂ ယောက်နဲ့ လက်ထပ်ခဲ့တာလို့ ဖော်ပြခဲ့ပြီးနောက် ဘာစီလိုနာဂန္တဝင်ကစားသမားက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

“အဲဒါက အလိမ်အညာကြီးပါ။ အားလုံးက ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောကြပေမယ့် အဲဒါက အမှန်မဟုတ်ပါဘူး။ ကျွန်တော် လက်ထပ်မှာမဟုတ်ပါဘူး”လို့ အဲဒီအချိန်တုန်းက ရော်နယ်လ်ဒင်ညိုက ပြောကြားခဲ့ပါတယ်။ နောက်ထပ်တစ်နှစ်လောက်အကြာမှာ ပရစ်စီးလားက ရော်နယ်လ်ဒင်ညိုဟာ အက်သလက်တီကို မင်နဲရိုးအသင်းအတွက် ကစားပေးခဲ့တဲ့တုန်းက ၎င်းနဲ့ စတွဲခဲ့တာလို့ ပြောကြားခဲ့ပြီး မီလျံနာရည်းစားဟောင်းဆီကနေ ပိုက်ဆံတောင်းလာခဲ့တာဖြစ်ပါတယ်။

ပရစ်စီးလားဟာ ယာယီဆုံးဖြတ်ချက်မှာ တရားဝင်လက်ထပ်ထားခြင်းမရှိတဲ့ ဇနီးအဖြစ် တရားရုံးက စီရင်ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း တစ်လကို ထောက်ပံ့ကြေး ပေါင် ၁၃၅၀၀ ဝန်းကျင် ရရှိခဲ့တယ်လို့ နားလည်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာနဲ႔ ေအစီမီလန္ၾကယ္ပြင့္ေဟာင္း ေရာ္နယ္လ္ဒင္ညိဳဟာ ရည္းစားေဟာင္းနဲ႔ ေထာက္ပံ့ေၾကးကိစၥ အျငင္းပြားမႈအတြက္ ေထာင္ထဲ ျပန္သြားရနိုင္တယ္လို႔ သတိေပးျခင္း ခံခဲ့ရပါတယ္။

ဘရာဇီးလ္က သတင္းေတြအရ အသက္ ၄၁ ႏွစ္အရြယ္ ဘရာဇီးလ္ဂႏၲဝင္ကစားသမားဟာ ၎ရဲ့ ပိုင္ဆိုင္မႈေတြ သိမ္းဆည္းခံရၿပီး ေထာင္က်နိုင္ေျခကို ေရွာင္လႊဲနိုင္ဖို႔ ဒီဇင္ဘာလ ၁ ရက္ေန႔မွာ ရည္းစားေဟာင္း ပရစ္စီးလား ကိုအယ္လ္ဟိုကို ေပးစရာရွိတာ အကုန္ေပးေခ်ဖို႔ ညႊန္ၾကားျခင္း ခံခဲ့ရတယ္လို႔ သိရပါတယ္။ ပရစ္စီးလားရဲ့ေရွ႕ေန ဘ႐ူနို မက္ဒရာဒိုက ဘရာဇီးလ္သတင္းစာ Extra ကို “အခု သူ ေပးစရာရွိတာေတြ အကုန္ေပးရပါေတာ့မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဏာပိုင္ေတြက အႀကိမ္ႀကိမ္ ေရွာင္ေျပးေနတဲ့ ေရာ္နယ္လ္ဒင္ညိဳကို ေထာက္ပံ့ေၾကးကို နိုဝင္ဘာ ၁၁ ရက္ေန႔ ေနာက္ဆုံးထားေပးဆပ္သြားဖို႔အေၾကာင္း တရားဝင္ အသိေပးနိုင္ဖို႔ တရား႐ုံးကို ဆင့္ေခၚခဲ့တယ္လို႔ သိရပါတယ္။ ဘရာဇီးလ္ဂႏၲဝင္ကစားသမားဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက ပတ္စ္ပို႔အတုနဲ႔ ပါရာေဂြးနိုင္ငံကို သြားေရာက္ခဲ့တာေၾကာင့္ ဖမ္းဆီး ေထာင္ခ်ခံခဲ့ရၿပီး လက္ရွိမွာေတာ့ ဒူဘိုင္းနိုင္ငံမွာ ေရာက္ေနတယ္လို႔ ယုံၾကည္ရပါတယ္။

၂၀၁၈ ခုႏွစ္ ေမလတုန္းက ေရာ္နယ္လ္ဒင္ညိဳဟာ ပရစ္စီးလားနဲ႔ ဘိထရစ္ ဆူဆာလို႔ အမည္ရတဲ့ အမ်ိဳးသမီးတို႔ကို တၿပိဳင္တည္း လက္ထပ္ခဲ့တယ္ဆိုတဲ့ ေျပာၾကားခ်က္ေတြကို ျငင္းပယ္ခဲ့ပါတယ္။ ဘရာဇီးလ္သတင္းစာက ေရာ္နယ္လ္ဒင္ညိဳဟာ ရီယိုဒီ ဂ်ေနးရိုးၿမိဳ႕က ဘာရာဒါ တီခ်ဴကာခရိုင္က အဆင့္ျမင့္စားေသာက္ဆိုင္တစ္ခုမွာ သီးသန႔္အခမ္းအနားတစ္ခု ျပဳလုပ္ၿပီး မိန္းမေခ်ာ ၂ ေယာက္နဲ႔ လက္ထပ္ခဲ့တာလို႔ ေဖာ္ျပခဲ့ၿပီးေနာက္ ဘာစီလိုနာဂႏၲဝင္ကစားသမားက ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

“အဲဒါက အလိမ္အညာႀကီးပါ။ အားလုံးက ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ေျပာၾကေပမယ့္ အဲဒါက အမွန္မဟုတ္ပါဘူး။ ကၽြန္ေတာ္ လက္ထပ္မွာမဟုတ္ပါဘူး”လို႔ အဲဒီအခ်ိန္တုန္းက ေရာ္နယ္လ္ဒင္ညိဳက ေျပာၾကားခဲ့ပါတယ္။ ေနာက္ထပ္တစ္ႏွစ္ေလာက္အၾကာမွာ ပရစ္စီးလားက ေရာ္နယ္လ္ဒင္ညိဳဟာ အက္သလက္တီကို မင္နဲရိုးအသင္းအတြက္ ကစားေပးခဲ့တဲ့တုန္းက ၎နဲ႔ စတြဲခဲ့တာလို႔ ေျပာၾကားခဲ့ၿပီး မီလ်ံနာရည္းစားေဟာင္းဆီကေန ပိုက္ဆံေတာင္းလာခဲ့တာျဖစ္ပါတယ္။

ပရစ္စီးလားဟာ ယာယီဆုံးျဖတ္ခ်က္မွာ တရားဝင္လက္ထပ္ထားျခင္းမရွိတဲ့ ဇနီးအျဖစ္ တရား႐ုံးက စီရင္ဆုံးျဖတ္ခဲ့ၿပီးေနာက္ပိုင္း တစ္လကို ေထာက္ပံ့ေၾကး ေပါင္ ၁၃၅၀၀ ဝန္းက်င္ ရရွိခဲ့တယ္လို႔ နားလည္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.