International

အက်ဇ်ပလီကွေတာက အချိုးမပြေလို့ တံတောင်နဲ့တမင်တွတ်တာ ကျေနပ်လားလို့ ဒဲ့ဖြဲခဲ့တဲ့ ဇလာတန်

ဆွီဒင်ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ဟာ စပိန်အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း ဆီဇာ အက်ဇ်ပလီကွေတာကို တံတောင်နဲ့ နောက်ကနေ ဝင်တွတ်ခဲ့ပြီးနောက် ယခုလအစောပိုင်းမှာ လူပြောစရာဖြစ်စေခဲ့ပါတယ်။

ကစားသမား ၂ ဦး ပင်နယ်တီဧရိယာထဲမှာ ထိတွေ့မှုဖြစ်ခဲ့တဲ့အချိန်မှာ စပိန်အသင်းက နာကျင်အချိန်ပိုမှာ ၁-၀ နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး အက်ဇ်ပလီကွေတာ မြေကြီးပေါ်လဲကျသွားချိန်မှာ ဇလာတန်က ၎င်းအနေနဲ့ အပြစ်ကင်းစင်ကြောင်း ဆန္ဒပြဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဇလာတန်ဟာ အနီကတ် ပြသခံရမယ့်အရေးကနေ လွတ်မြောက်ခဲ့ပြီး အဝါကတ်ပြားသာ ပြသခြင်း ခံခဲ့ရပေမယ့် ရုပ်သံအနှေးပြကွက်တွေအရ ၎င်းအနေနဲ့ ကွင်းအတွင်းမှာ ဆက်ရှိနေခွင့်ရခဲ့တာက ကံကောင်းခဲ့တယ်ဆိုတာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဇလာတန်အနေနဲ့ ယင်းဖြစ်စဉ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာလား ဒါမှမဟုတ် မတော်တဆဖြစ်ခဲ့တာလားဆိုတာ အရင်တုန်းက မသိခဲ့ပေမယ့် the Guardian နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အေစီမီလန်တိုက်စစ်မှူးက ချဲလ်ဆီးကြယ်ပွင့်ကို တမင်ကို လုပ်ခဲ့တာလို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“လက်ရွေးစင်အသင်းမှာ ကစားခဲ့တဲ့ နေ့တစ်နေ့မှာ ကျွန်တော် သူ့ကို လူချခဲ့ပါတယ်။ ကျွန်တော် အဲဒါကို တမင်ကို ရည်ရွယ်ပြီး လုပ်ခဲ့တာပါ။ အဲဒီလို ပြောရတာ မရှက်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကစားသမားတွေကို ရူးကြောင်ကြောင်လုပ်ခဲ့လို့ပါ။ ကျွန်တော့်ကစားသမားတွေကို ဆရာကြီးအထာဖမ်းခဲ့ပါတယ်”

“အဲဒါက ရူးကြောင်ကြောင်နိုင်တဲ့အရာဖြစ်ပေမယ့် သူ နားလည်အောင် လုပ်ဖို့ ကျွန်တော် လုပ်ဦးမှာပဲ။ မင်း ဒီသောက်ချိုးမျိုး မလုပ်နဲ့။ မင်းမှာ ငါ့ကို ပြန်ဖြဲရဲတဲ့ ဇရှိလို့လား။ ဒါပေမယ့် မင်းငါ့ကို လုပ်ရင် ဘာဖြစ်သွားမလဲဆိုတာပြပေးမယ်ဆိုတဲ့သဘောနဲ့ လုပ်ခဲ့တာပါ။ အဲဒါကြောင့် သူ့ကို ကျွန်တော် ဆော်ထည့်လိုက်တာပါ”

ဇလာတန်က ပွဲအပြီးမှာ အက်ဇ်ပလီကွေတာက ၎င်းကို ဘာတစ်ခုမှ လာမပြောခဲ့တဲ့အကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “သူ ဘာပြောနိုင်မှာမို့လို့လဲ။ သူ ကျွန်တော့်ကို လာပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူ ဘာမှမလုပ်တဲ့ ကျွန်တော့်ကစားသမားတွေကိုတော့ ပြောလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက အရမ်းသဘောကောင်းလို့ပါ။ ကျွန်တော်လုပ်ခဲ့တဲ့ဟာက ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် အဲဒါကို လုပ်နေဦးမှာပါပဲ။ အဲဒါက ကျွန်တော်ပဲလေ။ အဲဒီလို ပြောရတာ ကျွန်တော် မရှက်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဆွီဒင်ဝါရင့်တိုက်စစ်မှူးဟာ လက်ရှိမှာတော့ မတ်လမှာ ကစားရမယ့် ဆွီဒင်အသင်းရဲ့ ပထမဆုံး play-off ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပေမယ့်လည်း အက်ဇ်ပလီကွေတာကို ဆော်ပလော်တီးခဲ့တာနဲ့ပတ်သက်ပြီး နောင်တမရဘဲ နောက်တစ်ခါတွေ့ရင် ထပ်ဗျင်းဦးမယ်လို့ ကတိပေးခဲ့ပါတယ်။

“play-off ပွဲကို လွဲချော်တာနဲ့ မဆိုင်ပါဘူး။ အဲဒါက မြေကြီးပေါ်မှာ လဲနေတဲ့ တစ်စုံတယောက်ကို ဒေါသထွက်မနေရဘူးဆိုတာကို နားလည်ရမယ့်ကောင်နဲ့ပဲ ဆိုင်ပါတယ်။ ခင်ဗျား စကားမပြောနိုင်တဲ့ခွေးကို မတိုက်ခိုက်ရဘူး။ တစ်စုံတရာလုပ်နိုင်တဲ့သူကိုပဲ တိုက်ခိုက်ပါ”

“အသက် ၂၀ အရွယ်ပဲရှိသေးပြီး အရမ်းသဘောကောင်းတဲ့ ကျွန်တော့်အသင်းဖော် ကောင်လေးကို ဖြဲဖို့ ရွေးချယ်ရတာ အရမ်းလွယ်ကူပါတယ်။ သူ အခု နားလည်သွားပြီလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် ရူးမိုက်တဲ့အရာတွေကို လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် နောက်ထပ်တစ်ကြိမ် ထပ်လုပ်ဦးမှာပါ။ ၁၀၀ ရာခိုင်နှုန်းပဲ”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဆြီဒင္ဝါရင့္တိုက္စစ္မႉးႀကီး ဇလာတန္ အီဘရာဟီမိုဗစ္ဟာ စပိန္အသင္းနဲ႔ ကစားခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲစဥ္အတြင္း ဆီဇာ အက္ဇ္ပလီေကြတာကို တံေတာင္နဲ႔ ေနာက္ကေန ဝင္တြတ္ခဲ့ၿပီးေနာက္ ယခုလအေစာပိုင္းမွာ လူေျပာစရာျဖစ္ေစခဲ့ပါတယ္။

ကစားသမား ၂ ဦး ပင္နယ္တီဧရိယာထဲမွာ ထိေတြ႕မႈျဖစ္ခဲ့တဲ့အခ်ိန္မွာ စပိန္အသင္းက နာက်င္အခ်ိန္ပိုမွာ ၁-၀ နဲ႔ ဦးေဆာင္ေနခဲ့တာျဖစ္ၿပီး အက္ဇ္ပလီေကြတာ ေျမႀကီးေပၚလဲက်သြားခ်ိန္မွာ ဇလာတန္က ၎အေနနဲ႔ အျပစ္ကင္းစင္ေၾကာင္း ဆႏၵျပဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။ ဇလာတန္ဟာ အနီကတ္ ျပသခံရမယ့္အေရးကေန လြတ္ေျမာက္ခဲ့ၿပီး အဝါကတ္ျပားသာ ျပသျခင္း ခံခဲ့ရေပမယ့္ ႐ုပ္သံအေႏွးျပကြက္ေတြအရ ၎အေနနဲ႔ ကြင္းအတြင္းမွာ ဆက္ရွိေနခြင့္ရခဲ့တာက ကံေကာင္းခဲ့တယ္ဆိုတာ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဇလာတန္အေနနဲ႔ ယင္းျဖစ္စဥ္မွာ ရည္ရြယ္ခ်က္ရွိရွိနဲ႔ လုပ္ခဲ့တာလား ဒါမွမဟုတ္ မေတာ္တဆျဖစ္ခဲ့တာလားဆိုတာ အရင္တုန္းက မသိခဲ့ေပမယ့္ the Guardian နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ေအစီမီလန္တိုက္စစ္မႉးက ခ်ဲလ္ဆီးၾကယ္ပြင့္ကို တမင္ကို လုပ္ခဲ့တာလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“လက္ေရြးစင္အသင္းမွာ ကစားခဲ့တဲ့ ေန႔တစ္ေန႔မွာ ကၽြန္ေတာ္ သူ႔ကို လူခ်ခဲ့ပါတယ္။ ကၽြန္ေတာ္ အဲဒါကို တမင္ကို ရည္ရြယ္ၿပီး လုပ္ခဲ့တာပါ။ အဲဒီလို ေျပာရတာ မရွက္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူက ကၽြန္ေတာ့္ကစားသမားေတြကို ႐ူးေၾကာင္ေၾကာင္လုပ္ခဲ့လို႔ပါ။ ကၽြန္ေတာ့္ကစားသမားေတြကို ဆရာႀကီးအထာဖမ္းခဲ့ပါတယ္”

“အဲဒါက ႐ူးေၾကာင္ေၾကာင္နိုင္တဲ့အရာျဖစ္ေပမယ့္ သူ နားလည္ေအာင္ လုပ္ဖို႔ ကၽြန္ေတာ္ လုပ္ဦးမွာပဲ။ မင္း ဒီေသာက္ခ်ိဳးမ်ိဳး မလုပ္နဲ႔။ မင္းမွာ ငါ့ကို ျပန္ျဖဲရဲတဲ့ ဇရွိလို႔လား။ ဒါေပမယ့္ မင္းငါ့ကို လုပ္ရင္ ဘာျဖစ္သြားမလဲဆိုတာျပေပးမယ္ဆိုတဲ့သေဘာနဲ႔ လုပ္ခဲ့တာပါ။ အဲဒါေၾကာင့္ သူ႔ကို ကၽြန္ေတာ္ ေဆာ္ထည့္လိုက္တာပါ”

ဇလာတန္က ပြဲအၿပီးမွာ အက္ဇ္ပလီေကြတာက ၎ကို ဘာတစ္ခုမွ လာမေျပာခဲ့တဲ့အေၾကာင္းလည္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ “သူ ဘာေျပာနိုင္မွာမို႔လို႔လဲ။ သူ ကၽြန္ေတာ့္ကို လာေျပာမွာမဟုတ္ပါဘူး။ ဒါေပမယ့္ သူ ဘာမွမလုပ္တဲ့ ကၽြန္ေတာ့္ကစားသမားေတြကိုေတာ့ ေျပာလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ သူက အရမ္းသေဘာေကာင္းလို႔ပါ။ ကၽြန္ေတာ္လုပ္ခဲ့တဲ့ဟာက ေကာင္းတဲ့အရာမဟုတ္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ အဲဒါကို လုပ္ေနဦးမွာပါပဲ။ အဲဒါက ကၽြန္ေတာ္ပဲေလ။ အဲဒီလို ေျပာရတာ ကၽြန္ေတာ္ မရွက္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆြီဒင္ဝါရင့္တိုက္စစ္မႉးဟာ လက္ရွိမွာေတာ့ မတ္လမွာ ကစားရမယ့္ ဆြီဒင္အသင္းရဲ့ ပထမဆုံး play-off ပြဲစဥ္ကို လြဲေခ်ာ္ေတာ့မွာျဖစ္ေပမယ့္လည္း အက္ဇ္ပလီေကြတာကို ေဆာ္ပေလာ္တီးခဲ့တာနဲ႔ပတ္သက္ၿပီး ေနာင္တမရဘဲ ေနာက္တစ္ခါေတြ႕ရင္ ထပ္ဗ်င္းဦးမယ္လို႔ ကတိေပးခဲ့ပါတယ္။

“play-off ပြဲကို လြဲေခ်ာ္တာနဲ႔ မဆိုင္ပါဘူး။ အဲဒါက ေျမႀကီးေပၚမွာ လဲေနတဲ့ တစ္စုံတေယာက္ကို ေဒါသထြက္မေနရဘူးဆိုတာကို နားလည္ရမယ့္ေကာင္နဲ႔ပဲ ဆိုင္ပါတယ္။ ခင္ဗ်ား စကားမေျပာနိုင္တဲ့ေခြးကို မတိုက္ခိုက္ရဘူး။ တစ္စုံတရာလုပ္နိုင္တဲ့သူကိုပဲ တိုက္ခိုက္ပါ”

“အသက္ ၂၀ အရြယ္ပဲရွိေသးၿပီး အရမ္းသေဘာေကာင္းတဲ့ ကၽြန္ေတာ့္အသင္းေဖာ္ ေကာင္ေလးကို ျဖဲဖို႔ ေရြးခ်ယ္ရတာ အရမ္းလြယ္ကူပါတယ္။ သူ အခု နားလည္သြားၿပီလို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္။ ကၽြန္ေတာ္ ႐ူးမိုက္တဲ့အရာေတြကို လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ေနာက္ထပ္တစ္ႀကိမ္ ထပ္လုပ္ဦးမွာပါ။ ၁၀၀ ရာခိုင္ႏႈန္းပဲ”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.