Premier League

ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ တစ္ေယာက္ေတာ့ အသင္းအတြက္ အနစ္နာခံရမယ္လို႔ဆုိတဲ့ ဖလက္ခ်ာ

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္း ဒါရင္ ဖလက္ခ်ာက အသင္းရဲ႕ကြင္းလယ္မွာ ထိေရာက္တဲ့ ကစားပုံနဲ႔ ၿပဳိင္ဘက္ကို စိုးမိုးႏုိင္ဖို႔အတြက္ ေပါလ္ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တုိ႔ထဲက တစ္ေယာက္ကေတာ့ ကိုယ္ကစားခ်င္တဲ့ပုံစံအတိုင္း မကစားရဘဲ အနစ္နာခံရမယ္လို႔ ေျပာၾကားလိုက္ပါတယ္။

စပို႔တင္းလစၥဘြန္းအသင္းကေန မန္ခ်က္စတာယူႏုိက္တက္ကို ေျပာင္းေရႊ႕လာခဲ့ၿပီးကတည္းက တုိက္စစ္မွဴးႏွစ္ေယာက္ေနာက္က လိုက္ပါကစားၿပီး နံပါတ္ ၁၀ ေနရာမွာ ေျခစြမ္းျပႏုိင္ခဲ့တဲ့ ဖာနန္ဒက္စ္ကို နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားက ေပါ့ဘာကို ပိုမိုေျခစြမ္းျပႏုိင္ေစဖို႔ ေနာက္က နံပါတ္ ၈ ေနရာကို ဆင္းကစားဖို႔ ညႊန္ၾကားထားခဲ့တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဝက္စ္ဘရြန္းအသင္းနဲ႔ ေျခစမ္းပြဲစဥ္မွာ သူတုိ႔ႏွစ္ဦးအေနနဲ႔ ပထမဆုံးတြဲဖက္ ပြဲထြက္ခဲ့ၾကတာျဖစ္ၿပီး ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရွဳံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ကေတာ့ အသင္းအတြက္ တစ္လုံးတည္းေသာ ဂိုးကို သြင္းယူႏုိင္ခဲ့သလို သူတုိ႔ေတြ မပါဝင္တဲ့ ဒုတိယပြဲမွာေတာ့ ယူႏုိက္္တက္က သုံးဂိုး-တစ္ဂိုးနဲ႔ ျပန္လည္အႏုိင္ရယူခဲ့ပါတယ္။

“သူတုိ႔ႏွစ္ေယာက္တြဲကစားဖို႔ ျပႆနာမရွိေလာက္ပါဘူး။ ကစားသမားေကာင္းေတြအေနနဲ႔ အတူတူလုပ္ေဆာင္ႏုိင္ၾကပါတယ္။ အသင္းလိုက္ ကစားနည္းမွာ တစ္ေယာက္ေယာက္ကေတာ့ နည္းနည္းပါးပါး အနစ္နာခံရမွာပဲဗ်… ဒါက တစ္ဦးခ်င္းကစားနည္းမွ မဟုတ္တာကိုး။ ကြင္းလယ္ကစားပုံတစ္ခုကုိ ပိုင္ဆုိင္ႏုိင္ဖို႔အတြက္ ကစားသမားသုံးေယာက္ဟာ ကိုယ့္တာဝန္နဲ႔ကိုယ္ တစ္ဦးကိုတစ္ဦး ကူညီျဖည့္ဆည္းေပးရမွာပါပဲ”လို႔ ဖလက္ခ်ာက ဆုိပါတယ္။

ဖလက္ခ်ာက ကိုယ့္ရဲ႕ ကစားေဖာ္တစ္ေယာက္ ေျခစြမ္းျပႏုိင္ဖို႔ဆိုတာ သူတစ္ေယာက္တည္း ေကာင္းေနလို႔ မရဘဲ သူ႕ရဲ႕ အေကာင္းဆုံး အရည္အေသြးမွာ ကိုယ့္ရဲ႕ အေကာင္းဆုံးအရာေတြနဲ႔ ျဖည့္ဆည္းေပးရႏုိင္သလို ဒါဟာလည္း အသင္းကို ကူညီရာေရာက္ၿပီး သူ႕ရဲ႕ ကစားသမားဘဝမွာေတာ့ ဒီလိုမ်ဳိး လုပ္ေဆာင္ၿပီး မတူညီတဲ့ အခန္းက႑ေတြမွာ ကစားဖို႔ ႀကဳံလာရင္ အျမဲတမ္းအဆင္သင့္ရွိခဲ့တယ္လုိ႔လည္း ဖလက္ခ်ာက ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဒါရင် ဖလက်ချာက အသင်းရဲ့ကွင်းလယ်မှာ ထိရောက်တဲ့ ကစားပုံနဲ့ ပြိုင်ဘက်ကို စိုးမိုးနိုင်ဖို့အတွက် ပေါလ် ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ထဲက တစ်ယောက်ကတော့ ကိုယ်ကစားချင်တဲ့ပုံစံအတိုင်း မကစားရဘဲ အနစ်နာခံရမယ်လို့ ပြောကြားလိုက်ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးကတည်းက တိုက်စစ်မှူးနှစ်ယောက်နောက်က လိုက်ပါကစားပြီး နံပါတ် ၁၀ နေရာမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ကို နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ပေါ့ဘာကို ပိုမိုခြေစွမ်းပြနိုင်စေဖို့ နောက်က နံပါတ် ၈ နေရာကို ဆင်းကစားဖို့ ညွှန်ကြားထားခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ သူတို့နှစ်ဦးအနေနဲ့ ပထမဆုံးတွဲဖက် ပွဲထွက်ခဲ့ကြတာဖြစ်ပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ကတော့ အသင်းအတွက် တစ်လုံးတည်းသော ဂိုးကို သွင်းယူနိုင်ခဲ့သလို သူတို့တွေ မပါဝင်တဲ့ ဒုတိယပွဲမှာတော့ ယူနိုက်တက်က သုံးဂိုး-တစ်ဂိုးနဲ့ ပြန်လည်အနိုင်ရယူခဲ့ပါတယ်။

“သူတို့နှစ်ယောက်တွဲကစားဖို့ ပြဿနာမရှိလောက်ပါဘူး။ ကစားသမားကောင်းတွေအနေနဲ့ အတူတူလုပ်ဆောင်နိုင်ကြပါတယ်။ အသင်းလိုက် ကစားနည်းမှာ တစ်ယောက်ယောက်ကတော့ နည်းနည်းပါးပါး အနစ်နာခံရမှာပဲဗျ… ဒါက တစ်ဦးချင်းကစားနည်းမှ မဟုတ်တာကိုး။ ကွင်းလယ်ကစားပုံတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကစားသမားသုံးယောက်ဟာ ကိုယ့်တာဝန်နဲ့ကိုယ် တစ်ဦးကိုတစ်ဦး ကူညီဖြည့်ဆည်းပေးရမှာပါပဲ”လို့ ဖလက်ချာက ဆိုပါတယ်။

ဖလက်ချာက ကိုယ့်ရဲ့ ကစားဖော်တစ်ယောက် ခြေစွမ်းပြနိုင်ဖို့ဆိုတာ သူတစ်ယောက်တည်း ကောင်းနေလို့ မရဘဲ သူ့ရဲ့ အကောင်းဆုံး အရည်အသွေးမှာ ကိုယ့်ရဲ့ အကောင်းဆုံးအရာတွေနဲ့ ဖြည့်ဆည်းပေးရနိုင်သလို ဒါဟာလည်း အသင်းကို ကူညီရာရောက်ပြီး သူ့ရဲ့ ကစားသမားဘဝမှာတော့ ဒီလိုမျိုး လုပ်ဆောင်ပြီး မတူညီတဲ့ အခန်းကဏ္ဍတွေမှာ ကစားဖို့ ကြုံလာရင် အမြဲတမ်းအဆင်သင့်ရှိခဲ့တယ်လို့လည်း ဖလက်ချာက ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.