Bundesliga Premier League Transfer News

ေဆးစစ္ဖုိ႔သာ က်န္ေတာ့တဲ့ ဗာနာအတြက္ ႏွစ္ဖက္အသင္း ဆက္လက္ေဆြးေႏြးေနၾက

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေခၚယူဖို႔ သေဘာတူညီခဲ့ၿပီလို႔ သတင္းထြက္ေပၚထားခဲ့တဲ့ တုိက္စစ္မွဴး တီမို ဗာနာအတြက္ RB လိုက္ပ္ဇစ္အသင္းနဲ႔ အက်ယ္တဝင့္ ဆက္လက္ေဆြးေႏြးေနခဲ့ၿပီး ကိုဗစ္-၁၉ ေၾကာင့္ ကန္႔သတ္ခ်က္ေတြကို ေျဖေလွ်ာ့တာနဲ႔ အၿပီးသတ္ေၾကျငာႏုိင္ဖို႔ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။

လာမယ့္ ဇြန္ ၁၅ ရက္ေန႔မွာ ကုန္ဆုံးမယ့္ ဗာနာရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ဒီကာလမတုိင္ခင္ သေဘာတူညီႏုိင္မွ အသက္ဝင္မွာလည္းျဖစ္ၿပီး ေနာက္ပုိင္းမွ ကမ္းလွမ္းခဲ့မယ္ဆုိရင္ ဂ်ာမန္ကလပ္ဘက္က ေဈးကိုင္ခြင့္ရွိသြားမွာျဖစ္သလို ခ်ဲလ္ဆီးကေတာ့ ဒီလိုမ်ဳိး အေျခအေနကို မေရာက္ေအာင္ အႀကဳိသေဘာတူညီသြားႏုိင္ဖို႔ လုပ္ေဆာင္ေနလည္းျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမန္တုိက္စစ္မွဴးေရာ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြနဲ႔ ေဆးအဖြဲ႕ေတြကပါ အဂၤလန္နဲ႔ ဂ်ာမနီကို အျပန္အလွန္ အသီးသီး သြားေရာက္ႏိုင္ခြင့္ မရွိေသးခ်ိန္မွာ အၿပီးသတ္ဖို႔ကေတာ့ ေႏွာင့္ေႏွးေနတာျဖစ္ၿပီး ႏွစ္ဖက္အသင္းေတြကေတာ့ သေဘာတူညီမွဳရရွိႏုိင္ဖို႔ ယုံၾကည္ေနၾကပါတယ္။

ရက္ဘူးလ္အုပ္စုဝင္ ဘြန္ဒက္စ္လီဂါအသင္းမွာ ဒီရာသီ ၄၂ ပြဲကစား ၃၁ ဂိုး သြင္းယူထားခဲ့တဲ့ ဗာနာဟာ နည္းျပ ဂ်ဴလီယန္ နာဂဲလ္စ္မန္းအတြက္ေတာ့ ႏွေျမာတသစြာ လက္လႊတ္ရမယ့္ ကစားသမားမ်ဳိးျဖစ္ၿပီး ေပါင္ ၅၃ သန္းဆုိတာကေတာ့ ႏွစ္သင္းစလုံးအတြက္ အက်ဳိးရွိေစမယ့္ ပမာဏလည္းျဖစ္ေနပါတယ္။

မၾကာခင္အခ်ိန္အတြင္းမွာ အၿပီးသတ္သေဘာတူညီမွဳကို ေၾကျငာႏုိင္ဖို႔ ႏွစ္ဖက္အသင္းေတြနဲ႔ ခ်ဲလ္ဆီးပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကၿပီး ေနာက္ဆုံးအဆင့္ ေဆးစစ္ဖို႔နဲ႔ တရားဝင္ မွတ္ပုံတင္ေရး လုပ္ငန္းစဥ္ေတြကိုေတာ့ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပမယ့္ အခ်ိန္ကာလတစ္ခုကို ေရာက္ရွိေတာ့မွ လုပ္ေဆာင္သြားၾကမွာျဖစ္္တယ္လို႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့ပြီလို့ သတင်းထွက်ပေါ်ထားခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာအတွက် RB လိုက်ပ်ဇစ်အသင်းနဲ့ အကျယ်တဝင့် ဆက်လက်ဆွေးနွေးနေခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ကန့်သတ်ချက်တွေကို ဖြေလျှော့တာနဲ့ အပြီးသတ်ကြေငြာနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

လာမယ့် ဇွန် ၁၅ ရက်နေ့မှာ ကုန်ဆုံးမယ့် ဗာနာရဲ့ စာချုပ်လျော်ကြေးဟာ ဒီကာလမတိုင်ခင် သဘောတူညီနိုင်မှ အသက်ဝင်မှာလည်းဖြစ်ပြီး နောက်ပိုင်းမှ ကမ်းလှမ်းခဲ့မယ်ဆိုရင် ဂျာမန်ကလပ်ဘက်က ဈေးကိုင်ခွင့်ရှိသွားမှာဖြစ်သလို ချဲလ်ဆီးကတော့ ဒီလိုမျိုး အခြေအနေကို မရောက်အောင် အကြိုသဘောတူညီသွားနိုင်ဖို့ လုပ်ဆောင်နေလည်းဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးရော ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေနဲ့ ဆေးအဖွဲ့တွေကပါ အင်္ဂလန်နဲ့ ဂျာမနီကို အပြန်အလှန် အသီးသီး သွားရောက်နိုင်ခွင့် မရှိသေးချိန်မှာ အပြီးသတ်ဖို့ကတော့ နှောင့်နှေးနေတာဖြစ်ပြီး နှစ်ဖက်အသင်းတွေကတော့ သဘောတူညီမှုရရှိနိုင်ဖို့ ယုံကြည်နေကြပါတယ်။

ရက်ဘူးလ်အုပ်စုဝင် ဘွန်ဒက်စ်လီဂါအသင်းမှာ ဒီရာသီ ၄၂ ပွဲကစား ၃၁ ဂိုး သွင်းယူထားခဲ့တဲ့ ဗာနာဟာ နည်းပြ ဂျူလီယန် နာဂဲလ်စ်မန်းအတွက်တော့ နှမြောတသစွာ လက်လွှတ်ရမယ့် ကစားသမားမျိုးဖြစ်ပြီး ပေါင် ၅၃ သန်းဆိုတာကတော့ နှစ်သင်းစလုံးအတွက် အကျိုးရှိစေမယ့် ပမာဏလည်းဖြစ်နေပါတယ်။

မကြာခင်အချိန်အတွင်းမှာ အပြီးသတ်သဘောတူညီမှုကို ကြေငြာနိုင်ဖို့ နှစ်ဖက်အသင်းတွေနဲ့ ချဲလ်ဆီးပရိသတ်တွေက မျှော်လင့်နေကြပြီး နောက်ဆုံးအဆင့် ဆေးစစ်ဖို့နဲ့ တရားဝင် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်တွေကိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အချိန်ကာလတစ်ခုကို ရောက်ရှိတော့မှ လုပ်ဆောင်သွားကြမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.