Premier League Transfer News

လာမယ့္ရာသီအတြက္ ဝုလ္ဗ္စ္နဲ႔ ေပါင္သန္းတစ္ရာေက်ာ္ သေဘာတူညီမွဳ ရွာေဖြမယ့္ လီဗာပူးလ္

ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ရယူသြားဖို႔ လက္တစ္ကမ္းအလိုမွာရွိေနတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ခ်န္ပီယံဆုကို ကာကြယ္ႏုိင္ဖို႔ ျပင္ဆင္တဲ့အေနနဲ႔ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းက ကြင္းလယ္နဲ႔ ေတာင္ပံကစားသမားႏွစ္ဦးကို ေပါင္သန္း ၁၀၀ ေက်ာ္နဲ႔ ေခၚယူႏုိင္ဖို႔ လုပ္ေဆာင္သြားမယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အသင္းရဲ႕ လက္ရွိကစားသမားေတြဟာ ထူးခၽြန္ထက္ျမက္ၿပီး ေျခစြမ္းေကာင္းမြန္သူေတြျဖစ္ေပမယ့္ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းထားလိုတဲ့ ဆႏၵမွာ အနားယူခြင့္နည္းပါးခဲ့ၿပီး တျခားအသင္းႀကီးေတြက ကစားသမားေတြထက္ မိနစ္ေပါင္းမ်ားစြာ ပုိမိုကစားခဲ့ရသလို ဒါကို လာမယ့္ရာသီမွာ ေလွ်ာ့ခ်သြားဖို႔လည္း ျပင္ဆင္ေနတာျဖစ္ပါတယ္။

အဓိကအားျဖင့္ေတာ့ လီဗာပူးလ္ကြင္းလယ္မွာ လုပ္အားႏွဳန္းေကာင္းၿပီး ေျခစြမ္းပုံမွန္ရွိတဲ့ ကစားသမားဆုိလို႔ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္တစ္ဦးတည္းသာ ရွိေနတာျဖစ္ၿပီး ေဂ်ာ္ဂ်င္နီယို ဗိန္နယ္လ္ဒြမ္နဲ႔ ဖာဘင္ဟိုတုိ႔ကေတာ့ မ်ားေသာအားျဖင့္ ေျခမွန္ေပမယ့္ ကြင္းလယ္ကို ဦးေဆာင္ထိန္းေက်ာင္းဖို႔ေတာ့ အဆင္မေျပေသးတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ ကြင္းလယ္အထိုင္မွာ အဓိကကစားေပးႏုိင္မယ့္ လုပ္အားႏွဳန္းေကာင္းေကာင္းနဲ႔ အကြက္ျမင္ၿပီး ဟန္ဒါဆန္နဲ႔ ပုံစံခ်င္း နီးစပ္တဲ့ ဝုလ္ဗ္စ္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ကို ေခၚယူသြားဖို႔ ရွိေနသလို သူသေဘာက်တဲ့ ႏူႏို ဆန္တိုရဲ႕ ကစားပုံတခ်ဳိ႕ကိုလည္း အသင္းမွာ ထပ္ေပါင္းထည့္ႏုိင္ဖို႔ ရည္ရြယ္ေနတာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတုိ႔ရဲ႕ အနားမရတဲ့ ေတာင္ပံႏွစ္ဖက္အတြက္လည္း ယွဥ္ကစားလို႔မရတဲ့သူလို႔ ကေလာ့ပ္ကိုယ္တုိင္ ခ်ီးက်ဴးထားခဲ့တဲ့ အဒါမာ ထရာအုိေရးကို ျဖည့္ဆည္းသြားဖို႔ ပစ္မွတ္ထားေနၿပီး ဒီကစားသမားႏွစ္ေယာက္စလုံးအတြက္ စုစုေပါင္း ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၁၀ နဲ႔ ေခၚယူႏုိင္ဖို႔ ပစ္မွတ္ထားေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရယူသွားဖို့ လက်တစ်ကမ်းအလိုမှာရှိနေတဲ့ လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းက ကွင်းလယ်နဲ့ တောင်ပံကစားသမားနှစ်ဦးကို ပေါင်သန်း ၁၀၀ ကျော်နဲ့ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသင်းရဲ့ လက်ရှိကစားသမားတွေဟာ ထူးချွန်ထက်မြက်ပြီး ခြေစွမ်းကောင်းမွန်သူတွေဖြစ်ပေမယ့် နည်းပြ ယာဂန် ကလော့ပ်ရဲ့ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားလိုတဲ့ ဆန္ဒမှာ အနားယူခွင့်နည်းပါးခဲ့ပြီး တခြားအသင်းကြီးတွေက ကစားသမားတွေထက် မိနစ်ပေါင်းများစွာ ပိုမိုကစားခဲ့ရသလို ဒါကို လာမယ့်ရာသီမှာ လျှော့ချသွားဖို့လည်း ပြင်ဆင်နေတာဖြစ်ပါတယ်။

အဓိကအားဖြင့်တော့ လီဗာပူးလ်ကွင်းလယ်မှာ လုပ်အားနှုန်းကောင်းပြီး ခြေစွမ်းပုံမှန်ရှိတဲ့ ကစားသမားဆိုလို့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်တစ်ဦးတည်းသာ ရှိနေတာဖြစ်ပြီး ဂျော်ဂျင်နီယို ဗိန်နယ်လ်ဒွမ်နဲ့ ဖာဘင်ဟိုတို့ကတော့ များသောအားဖြင့် ခြေမှန်ပေမယ့် ကွင်းလယ်ကို ဦးဆောင်ထိန်းကျောင်းဖို့တော့ အဆင်မပြေသေးတာလည်းဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်အထိုင်မှာ အဓိကကစားပေးနိုင်မယ့် လုပ်အားနှုန်းကောင်းကောင်းနဲ့ အကွက်မြင်ပြီး ဟန်ဒါဆန်နဲ့ ပုံစံချင်း နီးစပ်တဲ့ ဝုလ်ဗ်စ်ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို ခေါ်ယူသွားဖို့ ရှိနေသလို သူသဘောကျတဲ့ နူနို ဆန်တိုရဲ့ ကစားပုံတချို့ကိုလည်း အသင်းမှာ ထပ်ပေါင်းထည့်နိုင်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။

မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ရဲ့ အနားမရတဲ့ တောင်ပံနှစ်ဖက်အတွက်လည်း ယှဉ်ကစားလို့မရတဲ့သူလို့ ကလော့ပ်ကိုယ်တိုင် ချီးကျူးထားခဲ့တဲ့ အဒါမာ ထရာအိုရေးကို ဖြည့်ဆည်းသွားဖို့ ပစ်မှတ်ထားနေပြီး ဒီကစားသမားနှစ်ယောက်စလုံးအတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၁၀ နဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.