Other Leagues Premier League Transfer News

ဂ်ဳိနသန္ ေဒးဗစ္အတြက္ အာဆင္နယ္နဲ႔အၿပဳိင္ေခၚယူမယ့္ မန္ခ်က္စတာယူႏုိက္တက္

အာဆင္နယ္အသင္းက စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့ ဘယ္လ္ဂ်ီယမ္ကလပ္ ဂ်န္႔တုိက္စစ္မွဴး ဂ်ဳိနသန္ ေဒးဗစ္ကို မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ အၿပဳိင္ေခၚယူသြားဖို႔ စိတ္ဝင္စားေနၿပီး ခ်ဥ္းကပ္စုံစမ္းမွဳေတြကို ျပဳလုပ္ေနတယ္လုိ႔ ဆုိပါတယ္။

အုိဒီယြန္ အီဂါလိုကို လာမယ့္ေဆာင္းရာသီအထိ ထိန္းသိမ္းထားႏုိင္လိုက္တာဟာ ယူႏုိက္တက္တို႔ရဲ႕ အေျပာင္းအေရႊ႕အတြက္ ရည္ရြယ္ခ်က္ေတြကို ထင္ထင္ရွားရွားျပသလိုက္တာျဖစ္ၿပီး သူနဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္တုိ႔ႏွစ္ဦးအျပင္ အန္တိုနီ မာစီယယ္လ္နဲ႔ လူငယ္တုိက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္တုိ႔ ရွိေနခ်ိန္မွာ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ ေတာင္ပံနဲ႔ ခံစစ္ပိုင္းကိုပဲ အဓိက အာ႐ုံစိုက္ေတာ့မွာလို႔ ဆုိလုိက္သလိုလည္းျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္ တုိက္စစ္ပုိင္းအတြက္ေတာ့ အသက္အရြယ္ ငယ္ေသးၿပီး ကြင္းလယ္တုိက္စစ္အျဖစ္ပါ ကစားႏုိင္တဲ့ ေဒးဗစ္လို လူငယ္တစ္ဦးကို ေဈးကြက္ေအးေနခ်ိန္မွာ သက္သာတဲ့ ႏွဳန္းထားတစ္ရပ္နဲ႔ ရယူသြားတာမ်ဳိးေလာက္ပဲ အလိုရွိေနၿပီး ဒီကစားသမားကို အနာဂတ္မွာ အသုံးဝင္လာႏုိင္ရင္ သုံးစြဲၿပီး အဆင္မေျပရင္လည္း ျပန္လည္ေရာင္းထုတ္သြားဖို႔ ျဖစ္လာႏုိင္နေတာပါ။

အသက္ ၂၀ အရြယ္ရွိၿပီျဖစ္တဲ့ ယူ႐ို ၂၅ သန္းတန္ ကေနဒါတုိက္စစ္မွဴး ေဒးဗစ္ဟာ သူ႕ရဲ႕ ပရီးမီးယားလိဂ္မွာ ကစားခ်င္တဲ့ ဆႏၵကို ျပသထားသူျဖစ္ၿပီး ေအးဂ်င့္ နစ္ခ္ မာဗ႐ိုမာရက္စ္ကို အဂၤလန္အသင္းအခ်ဳိ႕ေတြဆီက ဆက္သြယ္မွဳေတြ ရရွိထားတယ္လုိ႔လည္း ဆိုသလို အသင္းႀကီးေတြကေတာ့ လက္ရွိအခ်ိန္ထိ လွဳပ္ရွားေသးျခင္းမရွိတာကိုလည္း သိရပါတယ္။

ဂ်န္႔အသင္းအတြက္ ဒီရာသီမွာ ပြဲ ၄၀ ကစားထားခဲ့ၿပီးျဖစ္တဲ့ ေဒးဗစ္ဟာ အသင္းအတြက္ ၂၃ ဂိုးသြင္း၊ ၁၀ ဂိုး ဖန္တီးေပးထားၿပီး အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာမွာ ရပ္တည္ေပးႏုိင္ေအာင္ စြမ္းေဆာင္ထားခဲ့သူျဖစ္တဲ့အတြက္ သူ႕ကို ပရီးမီးယားလိဂ္ေတြက စိတ္ဝင္စားေနၾကတာျဖစ္ၿပီး ယူႏုိက္တက္အေနနဲ႔ေတာ့ ခါးသီးတဲ့ၿပဳိင္ဘက္ျဖစ္တဲ့ အာဆင္နယ္နဲ႔ ယွဥ္ၿပဳိင္ေခၚယူရႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဘယ်လ်ဂျီယမ်ကလပ် ဂျန့်တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကို မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အပြိုင်ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ချဉ်းကပ်စုံစမ်းမှုတွေကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အိုဒီယွန် အီဂါလိုကို လာမယ့်ဆောင်းရာသီအထိ ထိန်းသိမ်းထားနိုင်လိုက်တာဟာ ယူနိုက်တက်တို့ရဲ့ အပြောင်းအရွှေ့အတွက် ရည်ရွယ်ချက်တွေကို ထင်ထင်ရှားရှားပြသလိုက်တာဖြစ်ပြီး သူနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့နှစ်ဦးအပြင် အန်တိုနီ မာစီယယ်လ်နဲ့ လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်တို့ ရှိနေချိန်မှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ တောင်ပံနဲ့ ခံစစ်ပိုင်းကိုပဲ အဓိက အာရုံစိုက်တော့မှာလို့ ဆိုလိုက်သလိုလည်းဖြစ်ခဲ့ပါတယ်။

ဒါကြောင့် တိုက်စစ်ပိုင်းအတွက်တော့ အသက်အရွယ် ငယ်သေးပြီး ကွင်းလယ်တိုက်စစ်အဖြစ်ပါ ကစားနိုင်တဲ့ ဒေးဗစ်လို လူငယ်တစ်ဦးကို ဈေးကွက်အေးနေချိန်မှာ သက်သာတဲ့ နှုန်းထားတစ်ရပ်နဲ့ ရယူသွားတာမျိုးလောက်ပဲ အလိုရှိနေပြီး ဒီကစားသမားကို အနာဂတ်မှာ အသုံးဝင်လာနိုင်ရင် သုံးစွဲပြီး အဆင်မပြေရင်လည်း ပြန်လည်ရောင်းထုတ်သွားဖို့ ဖြစ်လာနိုင်နတောပါ။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ယူရို ၂၅ သန်းတန် ကနေဒါတိုက်စစ်မှူး ဒေးဗစ်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ ဆန္ဒကို ပြသထားသူဖြစ်ပြီး အေးဂျင့် နစ်ခ် မာဗရိုမာရက်စ်ကို အင်္ဂလန်အသင်းအချို့တွေဆီက ဆက်သွယ်မှုတွေ ရရှိထားတယ်လို့လည်း ဆိုသလို အသင်းကြီးတွေကတော့ လက်ရှိအချိန်ထိ လှုပ်ရှားသေးခြင်းမရှိတာကိုလည်း သိရပါတယ်။

ဂျန့်အသင်းအတွက် ဒီရာသီမှာ ပွဲ ၄၀ ကစားထားခဲ့ပြီးဖြစ်တဲ့ ဒေးဗစ်ဟာ အသင်းအတွက် ၂၃ ဂိုးသွင်း၊ ၁၀ ဂိုး ဖန်တီးပေးထားပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်ပေးနိုင်အောင် စွမ်းဆောင်ထားခဲ့သူဖြစ်တဲ့အတွက် သူ့ကို ပရီးမီးယားလိဂ်တွေက စိတ်ဝင်စားနေကြတာဖြစ်ပြီး ယူနိုက်တက်အနေနဲ့တော့ ခါးသီးတဲ့ပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ခေါ်ယူရနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.