La Liga

အိမ္ကြင္းကစားဖို႔အတြက္ ၿမဳိ႕ခံၿပဳိင္ဘက္ရဲ႕ အဆင့္ျမင့္ကြင္းကို ျငင္းပယ္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲမက္ဒရစ္အသင္းအေနနဲ႔ လာမယ့္ လာလီဂါပြဲစဥ္ေတြ ျပန္လည္စတင္မွဳအတြက္ အိမ္ကြင္းအျဖစ္ အသုံးျပဳႏုိင္မယ့္ ၿမဳိ႕ခံၿပဳိင္ဘက္ အက္သလက္တီကို မက္ဒရစ္ရဲ႕ ဝန္တ မက္ထ႐ိုပိုလီတာႏိုကြင္းမွာ ကစားခြင့္ကို ပယ္ခ်ခဲ့ၿပီး ပရိသတ္ ၆ ေထာင္သာ ဆန္႔တဲ့ အယ္လ္ဖရက္ဒို ဒီစတီဖာႏုိကြင္းကို ေရြးခ်ယ္သြားခဲ့တယ္လုိ႔ သိရပါတယ္။

ေဆာက္လုပ္ေရးလုပ္ငန္းစဥ္ေတြေၾကာင့္ အိမ္ကြင္း ဘာေနဗ်ဴးဟာ လာမယ့္ရာသီမတုိင္ခင္ အသုံးျပဳႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ သိရၿပီး ကိုဗစ္-၁၉ ေၾကာင့္ ပြဲစဥ္ေတြ ရပ္နားထားခ်ိန္မွာ သူတို႔အေနနဲ႔ ေပါင္သန္း ၅၀၀ တန္ အဆင့္ျမႇင့္တင္ေရးလုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္ခဲ့တာျဖစ္သလို ကြင္းေျပာင္းကစားရဖို႔လည္း ရွိေနခဲ့တာပါ။

ၿမဳိ႕ခံၿပဳိင္ဘက္ အက္သလက္တီကိုတုိ႔အေနနဲ႔ သူတုိ႔ရဲ႕ ကမာၻ႔အဆင့္မီကြင္းႀကီးကို ရီးရဲလ္မက္ဒရစ္တို႔ အိမ္ကြင္းအျဖစ္ အသုံးျပဳႏုိင္ဖို႔ အခြင့္အေရးကို ကမ္းလွမ္းခဲ့ေပမယ့္ တစ္ဖက္ကေတာ့ လက္မခံခဲ့ဘဲ ကြင္းပိတ္ကစားရမွာျဖစ္တာနဲ႔အညီ အသင္းဂႏၴဝင္ရဲ႕ အမည္နဲ႔ကြင္းကိုပဲ ေရြးခ်ယ္သြားတာျဖစ္ပါတယ္။

အယ္လ္ဖရက္ဒို ဒီစတီဖာႏုိကြင္းဟာ ရီးရဲလ္မက္ဒရစ္မွာ ၁၁ ႏွစ္ၾကာ ကစားခဲ့ၿပီး ၂၈၂ ပြဲမွာ ၂၁၆ ဂိုး သြင္းယူခဲ့တဲ့ အာဂ်င္တီးနား၊ ကိုလံဘီယာနဲ႔ စပိန္လက္ေရြးစင္ေဟာင္းႀကီးရဲ႕ အမည္ကို ဂုဏ္ျပဳေပးအပ္ထားခဲ့တာျဖစ္ၿပီး အသင္းရဲ႕ ေလ့က်င့္ေရးကြင္းအျဖစ္လည္း သုံးစြဲေနတာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ပထမဆုံး လာလီဂါျပန္လည္စတင္ပြဲကို အဆိုပါကြင္းငယ္ေလးမွာ အီဘာအသင္းကို လာမယ့္ တနဂၤေႏြေန႔မွာ လက္ခံယွဥ္ၿပဳိင္ကစားရမွာလည္းျဖစ္ၿပီး ပရိသတ္ေတြ မပါဝင္ဘဲ ကြင္းပိတ္ကစားမယ့္ပြဲျဖစ္တာေၾကာင့္ ကြင္းရဲ႕ အရြယ္အစားကေတာ့ အဓိက မက်ဘဲ ေရြးခ်ယ္ခဲ့တာကို လက္ခံႏုိင္စရာရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရီးရဲမက်ဒရစ်အသင်းအနေနဲ့ လာမယ့် လာလီဂါပွဲစဉ်တွေ ပြန်လည်စတင်မှုအတွက် အိမ်ကွင်းအဖြစ် အသုံးပြုနိုင်မယ့် မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ရဲ့ ဝန်တ မက်ထရိုပိုလီတာနိုကွင်းမှာ ကစားခွင့်ကို ပယ်ချခဲ့ပြီး ပရိသတ် ၆ ထောင်သာ ဆန့်တဲ့ အယ်လ်ဖရက်ဒို ဒီစတီဖာနိုကွင်းကို ရွေးချယ်သွားခဲ့တယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေကြောင့် အိမ်ကွင်း ဘာနေဗျူးဟာ လာမယ့်ရာသီမတိုင်ခင် အသုံးပြုနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပြီး ကိုဗစ်-၁၉ ကြောင့် ပွဲစဉ်တွေ ရပ်နားထားချိန်မှာ သူတို့အနေနဲ့ ပေါင်သန်း ၅၀၀ တန် အဆင့်မြှင့်တင်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့တာဖြစ်သလို ကွင်းပြောင်းကစားရဖို့လည်း ရှိနေခဲ့တာပါ။

မြို့ခံပြိုင်ဘက် အက်သလက်တီကိုတို့အနေနဲ့ သူတို့ရဲ့ ကမ္ဘာ့အဆင့်မီကွင်းကြီးကို ရီးရဲလ်မက်ဒရစ်တို့ အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ဖို့ အခွင့်အရေးကို ကမ်းလှမ်းခဲ့ပေမယ့် တစ်ဖက်ကတော့ လက်မခံခဲ့ဘဲ ကွင်းပိတ်ကစားရမှာဖြစ်တာနဲ့အညီ အသင်းဂန္ထဝင်ရဲ့ အမည်နဲ့ကွင်းကိုပဲ ရွေးချယ်သွားတာဖြစ်ပါတယ်။

အယ်လ်ဖရက်ဒို ဒီစတီဖာနိုကွင်းဟာ ရီးရဲလ်မက်ဒရစ်မှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီး ၂၈၂ ပွဲမှာ ၂၁၆ ဂိုး သွင်းယူခဲ့တဲ့ အာဂျင်တီးနား၊ ကိုလံဘီယာနဲ့ စပိန်လက်ရွေးစင်ဟောင်းကြီးရဲ့ အမည်ကို ဂုဏ်ပြုပေးအပ်ထားခဲ့တာဖြစ်ပြီး အသင်းရဲ့ လေ့ကျင့်ရေးကွင်းအဖြစ်လည်း သုံးစွဲနေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ ပထမဆုံး လာလီဂါပြန်လည်စတင်ပွဲကို အဆိုပါကွင်းငယ်လေးမှာ အီဘာအသင်းကို လာမယ့် တနင်္ဂနွေနေ့မှာ လက်ခံယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပြီး ပရိသတ်တွေ မပါဝင်ဘဲ ကွင်းပိတ်ကစားမယ့်ပွဲဖြစ်တာကြောင့် ကွင်းရဲ့ အရွယ်အစားကတော့ အဓိက မကျဘဲ ရွေးချယ်ခဲ့တာကို လက်ခံနိုင်စရာရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.