Premier League Serie A Transfer News

ေဂ်ာ္ဂ်င္ညဳိအတြက္ အလဲအထပ္နဲ႔ ဂ်ဴဗီရဲ႕ ကမ္းလွမ္းမွဳကို ခ်ဲလ္ဆီးပယ္ခ်ဖြယ္ရွိ

ခ်ဲလ္ဆီးကေန ထြက္ခြာဖို႔ နီးစပ္ေနသလို အသင္းဘက္ကလည္း ေရာင္းခ်ဖို႔ စိတ္ကူးထားတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိအတြက္ ကမ္းလွမ္းမွဳ တစ္ခုကို ဂ်ဴဗင္တပ္စ္က ျပဳလုပ္လာခဲ့ၿပီး ေတာင္ပံကစားသမား ေဒါက္ဂလပ္စ္ ေကာ္စတာနဲ႔ ကစားသမားခ်င္း တုိက္႐ိုက္လဲလွယ္ဖို႔ အဆုိျပဳလာခဲ့ေပမယ့္ ပယ္ခ်သြားဖို႔ပဲ ရွိေနပါတယ္။

ေဂ်ာ္ဂ်င္ညဳိကို အသည္းအသန္အလိုရွိေနတဲ့ ဂ်ဴဗီနည္းျပ ေမာ္ရီဇီယို ဆာရီရဲ႕ ေတာင္းဆုိမွဳအရ ခ်ဲလ္ဆီးရဲ႕ လိုအပ္ခ်က္တစ္ခုလည္းျဖစ္ေနတဲ့ ေတာင္ပံတုိက္စစ္သမားတစ္ဦးကို ေပးၿပီး ကမ္းလွမ္းခဲ့ေပမယ့္ အသင္းအေနနဲ႔ အေျပာင္းအေရႊ႕အသုံးစရိတ္ရရွိေအာင္ ေငြသားသက္သက္နဲ႔ပဲ ေရာင္းခ်သြားဖို႔ စိတ္ကူးေနတဲ့အတြက္ လက္ခံဖို႔ ျဖစ္ႏုိင္ေျခနည္းေနတာလည္းျဖစ္ပါတယ္။

နည္းျပ ဖရန္႔ လမ္းပတ္ရဲ႕ စိတ္ကူးထဲက အနာဂတ္အသင္းမွာ အသက္ ၂၉ ႏွစ္အရြယ္ရွိၿပီး ပရီးမီးယားလိဂ္မွာ တစ္ခါမွ မကစားဖူးတဲ့ ေတာင္ပံကစားသမားတစ္ေယာက္ေတာ့ ပါဝင္မွာ မဟုတ္ဘဲ လူငယ္ေတြကို အေျချပဳဖို႔ ႀကဳိးစားေနခ်ိန္မွာ ေဂ်ာ္ဂ်င္ညဳိအတြက္ ေပါင္ ၄၅ သန္းရရွိဖို႔ ခ်ဲလ္ဆီးတာဝန္ရွိသူေတြက ေမွ်ာ္လင့္ေနတာပါ။

အသက္ ၂၉ ႏွစ္အရြယ္ အီတလီကြင္းလယ္ဖန္တီးရွင္ဟာ ကိုယ့္ရဲ႕ကြင္းျခမ္းမွာ စတင္အေျချပဳၿပီး တုိက္စစ္ကို ျပန္လည္စတင္ေပးရာမွာ ထူးခၽြန္တဲ့ Deep-Lying Playmaker တစ္ဦးျဖစ္ၿပီး အီတလီကလပ္ေတြအတြက္ေတာ့ အဓိကက်တဲ့ ကစားသမားတစ္ဦးျဖစ္ေနေပမယ့္ လမ္းပတ္အတြက္ေတာ့ အဂၤလိပ္ကစားဟန္နဲ႔ ပုံစံက် ကစားသမားတစ္ဦး အစားထိုးႏုိင္ရင္ လက္လႊတ္သြားႏုိင္မယ့္သူတစ္ဦးျဖစ္လို႔ ဆရာေဟာင္းနဲ႔ ပူးေပါင္းခ်င္ေနတဲ့ ဆႏၵကိုလည္း ခြင့္ျပဳသြားဖို႔ ရွိေနပါတယ္။

ဒါေပမယ့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူ႕ကို ေရာင္းမထုတ္ႏုိင္ရင္လည္း ေကာင္းေကာင္းအသုံးဝင္ႏုိင္ေသးတဲ့ အဆင့္အတန္းတစ္ခုမွာ ရွိေနဆဲ ျဖစ္လို႔ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၅ သန္း ပတ္ဝန္းက်င္နဲ႔ ကမ္းလွမ္းတာမ်ဳိး မလုပ္ခဲ့ဘူးဆုိရင္ေတာ့ ေဂ်ာ္ဂ်င္ညဳိကို နည္းျပ ဆာရီအေနနဲ႔ လြမ္းတသသနဲ႔ ဆက္လက္တမ္းတေနရဦးမွာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးကနေ ထွက်ခွာဖို့ နီးစပ်နေသလို အသင်းဘက်ကလည်း ရောင်းချဖို့ စိတ်ကူးထားတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုအတွက် ကမ်းလှမ်းမှု တစ်ခုကို ဂျူဗင်တပ်စ်က ပြုလုပ်လာခဲ့ပြီး တောင်ပံကစားသမား ဒေါက်ဂလပ်စ် ကော်စတာနဲ့ ကစားသမားချင်း တိုက်ရိုက်လဲလှယ်ဖို့ အဆိုပြုလာခဲ့ပေမယ့် ပယ်ချသွားဖို့ပဲ ရှိနေပါတယ်။

ဂျော်ဂျင်ညိုကို အသည်းအသန်အလိုရှိနေတဲ့ ဂျူဗီနည်းပြ မော်ရီဇီယို ဆာရီရဲ့ တောင်းဆိုမှုအရ ချဲလ်ဆီးရဲ့ လိုအပ်ချက်တစ်ခုလည်းဖြစ်နေတဲ့ တောင်ပံတိုက်စစ်သမားတစ်ဦးကို ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် အသင်းအနေနဲ့ အပြောင်းအရွှေ့အသုံးစရိတ်ရရှိအောင် ငွေသားသက်သက်နဲ့ပဲ ရောင်းချသွားဖို့ စိတ်ကူးနေတဲ့အတွက် လက်ခံဖို့ ဖြစ်နိုင်ခြေနည်းနေတာလည်းဖြစ်ပါတယ်။

နည်းပြ ဖရန့် လမ်းပတ်ရဲ့ စိတ်ကူးထဲက အနာဂတ်အသင်းမှာ အသက် ၂၉ နှစ်အရွယ်ရှိပြီး ပရီးမီးယားလိဂ်မှာ တစ်ခါမှ မကစားဖူးတဲ့ တောင်ပံကစားသမားတစ်ယောက်တော့ ပါဝင်မှာ မဟုတ်ဘဲ လူငယ်တွေကို အခြေပြုဖို့ ကြိုးစားနေချိန်မှာ ဂျော်ဂျင်ညိုအတွက် ပေါင် ၄၅ သန်းရရှိဖို့ ချဲလ်ဆီးတာဝန်ရှိသူတွေက မျှော်လင့်နေတာပါ။

အသက် ၂၉ နှစ်အရွယ် အီတလီကွင်းလယ်ဖန်တီးရှင်ဟာ ကိုယ့်ရဲ့ကွင်းခြမ်းမှာ စတင်အခြေပြုပြီး တိုက်စစ်ကို ပြန်လည်စတင်ပေးရာမှာ ထူးချွန်တဲ့ Deep-Lying Playmaker တစ်ဦးဖြစ်ပြီး အီတလီကလပ်တွေအတွက်တော့ အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်နေပေမယ့် လမ်းပတ်အတွက်တော့ အင်္ဂလိပ်ကစားဟန်နဲ့ ပုံစံကျ ကစားသမားတစ်ဦး အစားထိုးနိုင်ရင် လက်လွှတ်သွားနိုင်မယ့်သူတစ်ဦးဖြစ်လို့ ဆရာဟောင်းနဲ့ ပူးပေါင်းချင်နေတဲ့ ဆန္ဒကိုလည်း ခွင့်ပြုသွားဖို့ ရှိနေပါတယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်းအနေနဲ့ သူ့ကို ရောင်းမထုတ်နိုင်ရင်လည်း ကောင်းကောင်းအသုံးဝင်နိုင်သေးတဲ့ အဆင့်အတန်းတစ်ခုမှာ ရှိနေဆဲ ဖြစ်လို့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း ပတ်ဝန်းကျင်နဲ့ ကမ်းလှမ်းတာမျိုး မလုပ်ခဲ့ဘူးဆိုရင်တော့ ဂျော်ဂျင်ညိုကို နည်းပြ ဆာရီအနေနဲ့ လွမ်းတသသနဲ့ ဆက်လက်တမ်းတနေရဦးမှာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.