Premier League

လူမည္းနည္းျပေတြကို အသင္းႀကီးေတြမွာ ေနရာေပးသင့္တယ္လုိ႔ ေျပာလုိက္တဲ့ စတာလင္

အေမရိကန္လူမည္း ေဂ်ာ့ခ်္ ဖလြဳိက္ရဲ႕ အသက္ဆုံးရွဳံးခဲ့ရမွဳေနာက္ပုိင္းမွာ လူမည္း Celebrity ေတြအေနနဲ႔ ပုိၿပီး ေလးနက္တဲ့ စကားေတြကို ေျပာၾကားခဲ့ၾကၿပီး Black Lives Matter ဆုိတဲ့ စကားလုံးကို တြင္တြင္က်ယ္က်ယ္ သုံးစြဲခဲ့ၾကသလို မန္ခ်က္စတာစီးတီးကစားသမား ရာဟင္းမ္ စတာလင္ကေတာ့ ေဘာလုံး ေလာကထဲက လူမ်ဳိးေရးခြဲျခားမွဳေတြထက္ နည္းျပအဆင့္မွာ ခြဲျခားမွဳေတြ မ်ားေနတာကို ေထာက္ျပေျပာၾကားသြားခဲ့ပါတယ္။

စတာလင္က လူမည္းကစားသမားေဟာင္းေတြ၊ နည္းျပေတြအေနနဲ႔ အသင္းႀကီးေတြကို ကိုင္တြယ္ခြင့္ ရရွိဖို႔ ခက္ခဲေနတယ္လို႔ ေျပာၾကားလိုက္သလို ဖရန္႔ လမ္းပတ္နဲ႔ စတီဗင္ ဂ်ရတ္တုိ႔ အသင္းႀကီးေတြမွာ ေနရာရေနခ်ိန္မွာ ဆုိးလ္ ကမ္းဘဲလ္နဲ႔ အက္ရွ္လီ ကိုးလ္တုိ႔လို႔ ထူးခၽြန္တဲ့ ကစားသမားေဟာင္းေတြက လိဂ္ၿပဳိင္ပြဲေတြရဲ႕ ေအာက္ဆုံးအဆင့္က စတင္ေနရတယ္လုိ႔လည္း ေထာက္ျပလုိက္ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ အဂၤလန္ေတာင္ပံကစားသမားကေတာ့ ဒါဟာ အႀကီးအက်ယ္ အထင္အရွား မျဖစ္ခဲ့ေပမယ့္ ေဘာလုံးေလာကရဲ႕ လူမ်ဳိးေရးခြဲျခားမွဳကို သိသာထင္ရွားေစခဲ့တဲ့ အခ်က္လည္းျဖစ္တယ္လို႔ ဆုိခဲ့သလို လက္ရွိေတြ႕ႀကဳံေနရတဲ့ နည္းျပအလုပ္ကို ရရွိခဲ့သူေတြရဲ႕ အေျခအေနကို ႏွဳိင္းယွဥ္လုိက္တာပါ။

“ကဲ… ကၽြန္ေတာ္ေျပာမယ္ဗ်ာ။ ဥပမာေပါ့… ဒီဘက္မွာက စတီဗင္ ဂ်ရတ္နဲ႔ ဖရန္႔ လမ္းပတ္၊ ခင္ဗ်ားဘက္က ဆိုးလ္ကမ္းဘဲလ္နဲ႔ အက္ရွ္လီ ကိုးလ္၊ သူတုိ႔အားလုံး အဂၤလန္လက္ေရြးစင္ေတြ၊ အသင္းေတြမွာလည္း ေအာင္ျမင္ခဲ့ၾကတယ္၊ အျမင့္ဆုံးနည္းျပလုိင္စင္လည္း ရွိတယ္။ ဒါေပမယ့္ သူတုိ႔ လူမည္းႏွစ္ေယာက္အတြက္ မွန္ကန္တဲ့ အခြင့္အေရးရရဲ႕လား”လို႔ စတာလင္က ေမးခြန္းထုတ္လုိက္တာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကစားသမားေတြရဲ႕ သုံးပုံတစ္ပုံဟာ လူမည္းကစားသမားေတြျဖစ္ၾကေပမယ့္ နည္းျပထဲမွာေတာ့ ဝုလ္ဗ္စ္နည္းျပ ႏူႏို ဆန္တိုတစ္ဦးတည္းသာ လူမည္းနည္းျပ(ေပၚတူဂီကိုလိုနီေဟာင္း ဆုန္တိုမဲႏွင့္ ပရင္စီပီ São Tomé and Príncipe တြင္ ေမြးဖြား)အျဖစ္ ရွိေနသလို စတာလင္ေျပာျပခဲ့တဲ့ ဆုိးလ္ကမ္းဘဲလ္ကေတာ့ လိဂ္တူးက ေဆာက္သန္းယူႏုိက္တက္နဲ႔ အက္ရွ္လီ ကိုးလ္ကေတာ့ ခ်ဲလ္ဆီး ယူ-၁၅ နည္းျပအျဖစ္သာ အလုပ္ရရွိေနတာျဖစ္တယ္လို႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အမေရိကန်လူမည်း ဂျော့ချ် ဖလွိုက်ရဲ့ အသက်ဆုံးရှုံးခဲ့ရမှုနောက်ပိုင်းမှာ လူမည်း Celebrity တွေအနေနဲ့ ပိုပြီး လေးနက်တဲ့ စကားတွေကို ပြောကြားခဲ့ကြပြီး Black Lives Matter ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြသလို မန်ချက်စတာစီးတီးကစားသမား ရာဟင်းမ် စတာလင်ကတော့ ဘောလုံး လောကထဲက လူမျိုးရေးခွဲခြားမှုတွေထက် နည်းပြအဆင့်မှာ ခွဲခြားမှုတွေ များနေတာကို ထောက်ပြပြောကြားသွားခဲ့ပါတယ်။

စတာလင်က လူမည်းကစားသမားဟောင်းတွေ၊ နည်းပြတွေအနေနဲ့ အသင်းကြီးတွေကို ကိုင်တွယ်ခွင့် ရရှိဖို့ ခက်ခဲနေတယ်လို့ ပြောကြားလိုက်သလို ဖရန့် လမ်းပတ်နဲ့ စတီဗင် ဂျရတ်တို့ အသင်းကြီးတွေမှာ နေရာရနေချိန်မှာ ဆိုးလ် ကမ်းဘဲလ်နဲ့ အက်ရှ်လီ ကိုးလ်တို့လို့ ထူးချွန်တဲ့ ကစားသမားဟောင်းတွေက လိဂ်ပြိုင်ပွဲတွေရဲ့ အောက်ဆုံးအဆင့်က စတင်နေရတယ်လို့လည်း ထောက်ပြလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမားကတော့ ဒါဟာ အကြီးအကျယ် အထင်အရှား မဖြစ်ခဲ့ပေမယ့် ဘောလုံးလောကရဲ့ လူမျိုးရေးခွဲခြားမှုကို သိသာထင်ရှားစေခဲ့တဲ့ အချက်လည်းဖြစ်တယ်လို့ ဆိုခဲ့သလို လက်ရှိတွေ့ကြုံနေရတဲ့ နည်းပြအလုပ်ကို ရရှိခဲ့သူတွေရဲ့ အခြေအနေကို နှိုင်းယှဉ်လိုက်တာပါ။

“ကဲ… ကျွန်တော်ပြောမယ်ဗျာ။ ဥပမာပေါ့… ဒီဘက်မှာက စတီဗင် ဂျရတ်နဲ့ ဖရန့် လမ်းပတ်၊ ခင်ဗျားဘက်က ဆိုးလ်ကမ်းဘဲလ်နဲ့ အက်ရှ်လီ ကိုးလ်၊ သူတို့အားလုံး အင်္ဂလန်လက်ရွေးစင်တွေ၊ အသင်းတွေမှာလည်း အောင်မြင်ခဲ့ကြတယ်၊ အမြင့်ဆုံးနည်းပြလိုင်စင်လည်း ရှိတယ်။ ဒါပေမယ့် သူတို့ လူမည်းနှစ်ယောက်အတွက် မှန်ကန်တဲ့ အခွင့်အရေးရရဲ့လား”လို့ စတာလင်က မေးခွန်းထုတ်လိုက်တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကစားသမားတွေရဲ့ သုံးပုံတစ်ပုံဟာ လူမည်းကစားသမားတွေဖြစ်ကြပေမယ့် နည်းပြထဲမှာတော့ ဝုလ်ဗ်စ်နည်းပြ နူနို ဆန်တိုတစ်ဦးတည်းသာ လူမည်းနည်းပြ(ပေါ်တူဂီကိုလိုနီဟောင်း ဆုန်တိုမဲနှင့် ပရင်စီပီ São Tomé and Príncipe တွင် မွေးဖွား)အဖြစ် ရှိနေသလို စတာလင်ပြောပြခဲ့တဲ့ ဆိုးလ်ကမ်းဘဲလ်ကတော့ လိဂ်တူးက ဆောက်သန်းယူနိုက်တက်နဲ့ အက်ရှ်လီ ကိုးလ်ကတော့ ချဲလ်ဆီး ယူ-၁၅ နည်းပြအဖြစ်သာ အလုပ်ရရှိနေတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.