Ligue1 Premier League Transfer News

ဆန္ခ်ဳိနဲ႔ ေႏွာင့္ေႏွးေနတဲ့ ယူႏုိက္တက္အတြက္ ဖာတီကို ပုိ႔ေဆာင္ေပးဖို႔ ေအးဂ်င့္လွဳပ္ရွားေန

ေဒါ့မြန္အသင္းရဲ႕ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိကို ေခၚယူဖို႔ ေျပာင္းေရႊ႕ေၾကး ညႇိႏွဳိင္းလို႔ အဆင္မေျပေသးတဲ့ မန္ခ်က္စတာယူႏုိက္တက္အတြက္ ဘာစီလိုနာရဲ႕ အန္ဆူ ဖာတီကို ပုိ႔ေဆာင္ေပးဖို႔ သူ႕ရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့ခ်္ မန္ဒက္စ္က လွဳပ္ရွားေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ဆန္ခ်ဳိကို မေခၚယူႏုိင္ခဲ့ဘူးဆိုရင္ တျခားအေျပာင္းအလဲလုပ္ဖို႔ ပစ္မွတ္ေတြအျဖစ္ ဘြန္ဒက္စ္လီဂါက ေရွာ္လ္ကာကစားသမား ရက္ဘီ မာတြန္ဒိုနဲ႔ ေလဗာကူဆင္ရဲ႕ ခုိင္ ဟာဗတ္ဇ္တုိ႔ကို ေစာင့္ၾကည့္ေနခဲ့ၿပီး အန္ဆူ ဖာတီကိုလည္း ေခၚယူႏုိင္မယ္ဆုိရင္ စိတ္ဝင္စားေနေၾကာင္းလည္း ဆုိပါတယ္။

ေပၚတူဂီသား ဆူပါေအးဂ်င့္ ေဂ်ာ့ခ်္ မန္ဒက္စ္အေနနဲ႔ အသက္ ၁၇ ႏွစ္အရြယ္ စပိန္ယူ-၂၁ လက္ေရြးစင္ကို ယူႏုိက္တက္ဆီကို ယူ႐ိုသန္း ၁၀၀ (ေပါင္ ၈၉ သန္း)နဲ႔ ပုိ႔ေဆာင္ႏုိင္မယ္လို႔ ယုံၾကည္ေနၿပီး အနာဂတ္မွာ အက်ဳိးမ်ားလွမယ့္ ေခၚယူမွဳအျဖစ္ အသင္းဘက္က ရွဳျမင္ထားတယ္လို႔လည္း ဆုိပါတယ္။

ဘာစီလိုနာအသင္းကေတာ့ သူတို႔ရဲ႕ လာမာစီယာအကယ္ဒမီထြက္ ဂီနီဘစ္ေဆာႏြယ္ဖြားလူငယ္ကို အသင္းမွာ ဆက္လက္ထိန္းသိမ္းၿပီး လက္ရွိအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီကို ျပဳစုပ်ဳိးေထာင္ခဲ့သလိုမ်ဳိးပဲ ဆက္ရွိေနေစခ်င္တယ္လို႔ ဆုိထားခဲ့ၿပီး ကမ္းလွမ္းမွဳေတြအားလုံးကို ပယ္ခ်သြားမယ္လို႔ တုံ႔ျပန္ထားတယ္လုိ႔လည္း သိရပါတယ္။

ေအးဂ်င့္ မန္ဒက္စ္အေနနဲ႔ သူ႕ရဲ႕ ေဖာက္သည္ အန္ဆူ ဖာတီအတြက္ ဘာစီလိုနာအသင္းဘက္ကို ေဈးႏွဳန္းစုံစမ္းထားခဲ့ရာမွာေတာ့ ေရာင္းခ်ဖို႔ မရွိဘဲ သူ႕ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးျဖစ္တဲ့ ယူ႐ုိသန္း ၁၇၀ (ေပါင္သန္း ၁၅၀) ေပးမွပဲ ျဖစ္ႏုိင္လိမ့္မယ္လို႔ ဆုိခဲ့ၿပီး ယူႏိုက္တက္တာဝန္ရွိသူေတြကေတာ့ ဆန္ခ်ဳိရဲ႕ အရန္အစီအစဥ္ေတြထဲမွာ ထည့္သြင္းေစာင့္ၾကည့္ေနတယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ အဆင်မပြေသေးတဲ့ မန်ချက်စတာယူနိုက်တက်အတွက် ဘာစီလိုနာရဲ့ အန်ဆူ ဖာတီကို ပို့ဆောင်ပေးဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့ချ် မန်ဒက်စ်က လှုပ်ရှားနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဆန်ချိုကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် တခြားအပြောင်းအလဲလုပ်ဖို့ ပစ်မှတ်တွေအဖြစ် ဘွန်ဒက်စ်လီဂါက ရှော်လ်ကာကစားသမား ရက်ဘီ မာတွန်ဒိုနဲ့ လေဗာကူဆင်ရဲ့ ခိုင် ဟာဗတ်ဇ်တို့ကို စောင့်ကြည့်နေခဲ့ပြီး အန်ဆူ ဖာတီကိုလည်း ခေါ်ယူနိုင်မယ်ဆိုရင် စိတ်ဝင်စားနေကြောင်းလည်း ဆိုပါတယ်။

ပေါ်တူဂီသား ဆူပါအေးဂျင့် ဂျော့ချ် မန်ဒက်စ်အနေနဲ့ အသက် ၁၇ နှစ်အရွယ် စပိန်ယူ-၂၁ လက်ရွေးစင်ကို ယူနိုက်တက်ဆီကို ယူရိုသန်း ၁၀၀ (ပေါင် ၈၉ သန်း)နဲ့ ပို့ဆောင်နိုင်မယ်လို့ ယုံကြည်နေပြီး အနာဂတ်မှာ အကျိုးများလှမယ့် ခေါ်ယူမှုအဖြစ် အသင်းဘက်က ရှုမြင်ထားတယ်လို့လည်း ဆိုပါတယ်။

ဘာစီလိုနာအသင်းကတော့ သူတို့ရဲ့ လာမာစီယာအကယ်ဒမီထွက် ဂီနီဘစ်ဆောနွယ်ဖွားလူငယ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းပြီး လက်ရှိအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ပြုစုပျိုးထောင်ခဲ့သလိုမျိုးပဲ ဆက်ရှိနေစေချင်တယ်လို့ ဆိုထားခဲ့ပြီး ကမ်းလှမ်းမှုတွေအားလုံးကို ပယ်ချသွားမယ်လို့ တုံ့ပြန်ထားတယ်လို့လည်း သိရပါတယ်။

အေးဂျင့် မန်ဒက်စ်အနေနဲ့ သူ့ရဲ့ ဖောက်သည် အန်ဆူ ဖာတီအတွက် ဘာစီလိုနာအသင်းဘက်ကို ဈေးနှုန်းစုံစမ်းထားခဲ့ရာမှာတော့ ရောင်းချဖို့ မရှိဘဲ သူ့ရဲ့ စာချုပ်လျော်ကြေးဖြစ်တဲ့ ယူရိုသန်း ၁၇၀ (ပေါင်သန်း ၁၅၀) ပေးမှပဲ ဖြစ်နိုင်လိမ့်မယ်လို့ ဆိုခဲ့ပြီး ယူနိုက်တက်တာဝန်ရှိသူတွေကတော့ ဆန်ချိုရဲ့ အရန်အစီအစဉ်တွေထဲမှာ ထည့်သွင်းစောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.