Premier League

၁၀.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လျပည့္ေက်ာ္ ၅ ရက္၊ ဗုဒၶဟူးေန႔။

၁၀.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လျပည့္ေက်ာ္ ၅ ရက္၊ ဗုဒၶဟူးေန႔၊ သမားညဳိ၊ သမားျဖဴ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၁:၀၃ အထိ တိထီ ၅ လုံး။ ေက်ာ္လွ်င္ ၆ လုံး။ ၆ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုေသာအလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း၊ လုပ္ငန္းသစ္၊ အဓိ႒ာန္သစ္စတင္ျခင္းမ်ား ျပဳလုပ္ႏုိင္။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၅:၅၆ အထိ သရဝဏ္နကၡတ္။ ေက်ာ္လွ်င္ ဓနသိဒၶိနကၡတ္။ နံနက္ ၁၁:၃၃ အထိ ဣျႏၵယုဂ္၊ အႀကီးအမွဴးျဖစ္ျခင္း၊ သူတပါးအား ဂ႐ုစိုက္အေလးထား၍ ကူညီေပးရျခင္း၊ နာယကဂုဏ္ႏွင့္ ျပည့္စုံေအာင္လုပ္၍ သူတပါး ခ်စ္ခင္ေလးစားမွဳအား ရယူပါ။ ေက်ာ္လွ်င္ ေဝဒရိယုဂ္၊ အားနည္းျခင္း၊ လႊမ္းမိုးခံရျခင္း၊ ခ်င့္ခ်ိန္ေနရျခင္း၊ မိမိဆႏၵကို ဦးစားမေပးဘဲ သူတပါးအရိပ္အေျခကို ၾကည့္၍ ခ်င့္ခ်ိန္လုပ္ေဆာင္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၈:၄၅ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၁:၀၃ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္းေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ည ၂၁:၀၃ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၀.၆.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဗုဒ္ဓဟူးနေ့၊ သမားညို၊ သမားဖြူ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၁:၀၃ အထိ တိထီ ၅ လုံး။ ကျော်လျှင် ၆ လုံး။ ၆ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသောအလုပ်များ လုပ်ဆောင်ရန်ကောင်း၊ လုပ်ငန်းသစ်၊ အဓိဋ္ဌာန်သစ်စတင်ခြင်းများ ပြုလုပ်နိုင်။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၅:၅၆ အထိ သရဝဏ်နက္ခတ်။ ကျော်လျှင် ဓနသိဒ္ဓိနက္ခတ်။ နံနက် ၁၁:၃၃ အထိ ဣန္ဒြယုဂ်၊ အကြီးအမှူးဖြစ်ခြင်း၊ သူတပါးအား ဂရုစိုက်အလေးထား၍ ကူညီပေးရခြင်း၊ နာယကဂုဏ်နှင့် ပြည့်စုံအောင်လုပ်၍ သူတပါး ချစ်ခင်လေးစားမှုအား ရယူပါ။ ကျော်လျှင် ဝေဒရိယုဂ်၊ အားနည်းခြင်း၊ လွှမ်းမိုးခံရခြင်း၊ ချင့်ချိန်နေရခြင်း၊ မိမိဆန္ဒကို ဦးစားမပေးဘဲ သူတပါးအရိပ်အခြေကို ကြည့်၍ ချင့်ချိန်လုပ်ဆောင်ပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၈:၄၅ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ည ၂၁:၀၃ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ည ၂၁:၀၃ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)