Premier League

လာမယ့္ရာသီအတြက္ လမ္းပတ္နဲ႔ ခ်ဲလ္ဆီးရဲ႕ အနာဂတ္က ေတာက္ပေနၿပီလို႔ ရွီးရားခန္႔မွန္း

ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းအမ်ားဆုံး ဂႏၴဝင္တုိက္စစ္မွဴးႀကီး အလန္ ရွီးရားက ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားေခၚယူမွဳေတြကို အားရေနၿပီး တိုက္စစ္မွဴး တီမို ဗာနာဟာ သူတုိ႔ရဲ႕ ေနာက္ဆုံးေခၚယူမွဳမျဖစ္ႏုိင္ဘဲ ကစားသမားေကာင္းေတြ ထပ္မံေရာက္ရွိလာဦးမွာျဖစ္လို႔ ေႏြရာသီအလြန္ လာမယ့္ရာသီမွာ သူတုိ႔နဲ႔ နည္းျပ ဖရန္႔ လမ္းပတ္ရဲ႕ အနာဂတ္က ေတာက္ပေနၿပီလုိ႔ ခန္႔မွန္းေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ့ အပတ္ထဲမွာ RB လုိက္ပ္ဇစ္တုိက္စစ္မွဴး တီမို ဗာနာနဲ႔ ပုဂၢဳိလ္ေရးသေဘာတူညီခဲ့ၿပီး အသင္းဆီ တရားဝင္ကမ္းလွမ္းသြားဖို႔ ဆက္လက္ လုပ္ေဆာင္ေနတယ္လုိ႔ သတင္းေတြ ထြက္ခဲ့အၿပီးမွာ လက္စတာစီးတီးေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ကိုလည္း ခ်ိန္ရြယ္ေနခဲ့ၿပီး အုိင္းယက္စ္က ဟာကင္မ္ ဇီယက္ကို ေခၚယူထားတဲ့ ခ်ဲလ္ဆီးတုိ႔အေနနဲ႔ နည္းျပ လမ္းပတ္ရဲ႕ ေတာင္းဆုိမွဳေတြကို ျဖည့္ဆည္းေပးသြားဖြယ္ရွိေနပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမန္တုိက္စစ္မွဴးရဲ႕ ဘြန္ဒက္စ္လီဂါမွတ္တမ္းကေတာ့ အထင္ႀကီးေလာက္စရာလည္းျဖစ္ၿပီး ၁၅၅ ပြဲမွာ ၉၂ ဂိုး သြင္းယူခဲ့တဲ့ ေျခစြမ္းကိုေတာ့ ရွီးရားက သေဘာက်ေနသလို လာမယ့္ရာသီမွာ သူတုိ႔ရဲ႕ ခ်န္ပီယံလိဂ္ခရီးစဥ္အတြက္ ႀကဳိတင္ျပင္ဆင္မွဳလို႔လည္း သုံးသပ္လုိက္ပါတယ္။

“သူတုိ႔ေတြအေနနဲ႔ ဒီတုိင္း ၿပီးမသြားေလာက္ေသးဘူးဗ်… လူထပ္ေခၚဦးမွာပဲ။ ေခ်းလ္ဝဲလ္က ခ်ဲလ္ဆီးရဲ႕ ေရဒါထဲမွာ ရွိေနတယ္ဆုိတာ လူတုိင္း သိထားၾကသလို ကစားသမားေတြအေနနဲ႔လည္း ခ်န္ပီယံလိဂ္ကို ကစားဖို႔ အားလုံးႀကဳိးစားေနၾကတာပါ။ သူတုိ႔ရဲ႕ အေျပာင္းအေရႊ႕ေဈးကြက္ထဲ လွဳပ္ရွားပုံကလည္း တျခားအသင္းေတြ အတုယူစရာ နမူနာကို ျပသလိုက္တာပါပဲ”လို႔ ရွီးယားက ဆုိလိုက္ၿပီး အဆင့္ ၄ ကို ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔လည္း ခန္႔မွန္းလိုက္ပါတယ္။

ဒါ့အျပင္ နယူးကာဆယ္လ္တုိက္စစ္မွဴးေဟာင္းႀကီးက ဗာနာအေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာ ေအာင္ျမင္လိမ့္မယ္လို႔လည္း ေျပာလုိက္ၿပီး အသက္ ၂၄ ႏွစ္အရြယ္ဆုိတာဟာ အေကာင္းဆုံးအသက္အပုိင္းအျခားတစ္ခုလည္းျဖစ္ၿပီး သူ႕အေနနဲ႔ အသင္းသစ္ဆီ တစ္ရာသီကို အနည္းဆုံး ဂိုး ၂၀ ေပါင္းထည့္ေပးႏုိင္မယ့္သူလို႔လည္း ေျပာၾကားသြားခဲ့ၿပီး ဂိုးေရွ႕မွာ သက္ေတာင့္သက္သာရွိလြန္းသူလို႔လည္း ခ်ီးက်ဴးသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ဂန္ထဝင်တိုက်စစ်မှူးကြီး အလန် ရှီးရားက ချဲလ်ဆီးအသင်းရဲ့ ကစားသမားခေါ်ယူမှုတွေကို အားရနေပြီး တိုက်စစ်မှူး တီမို ဗာနာဟာ သူတို့ရဲ့ နောက်ဆုံးခေါ်ယူမှုမဖြစ်နိုင်ဘဲ ကစားသမားကောင်းတွေ ထပ်မံရောက်ရှိလာဦးမှာဖြစ်လို့ နွေရာသီအလွန် လာမယ့်ရာသီမှာ သူတို့နဲ့ နည်းပြ ဖရန့် လမ်းပတ်ရဲ့ အနာဂတ်က တောက်ပနေပြီလို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲမှာ RB လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဗာနာနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီခဲ့ပြီး အသင်းဆီ တရားဝင်ကမ်းလှမ်းသွားဖို့ ဆက်လက် လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ခဲ့အပြီးမှာ လက်စတာစီးတီးနောက်ခံလူ ဘန် ချေးလ်ဝဲလ်ကိုလည်း ချိန်ရွယ်နေခဲ့ပြီး အိုင်းယက်စ်က ဟာကင်မ် ဇီယက်ကို ခေါ်ယူထားတဲ့ ချဲလ်ဆီးတို့အနေနဲ့ နည်းပြ လမ်းပတ်ရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးသွားဖွယ်ရှိနေပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးရဲ့ ဘွန်ဒက်စ်လီဂါမှတ်တမ်းကတော့ အထင်ကြီးလောက်စရာလည်းဖြစ်ပြီး ၁၅၅ ပွဲမှာ ၉၂ ဂိုး သွင်းယူခဲ့တဲ့ ခြေစွမ်းကိုတော့ ရှီးရားက သဘောကျနေသလို လာမယ့်ရာသီမှာ သူတို့ရဲ့ ချန်ပီယံလိဂ်ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုလို့လည်း သုံးသပ်လိုက်ပါတယ်။

“သူတို့တွေအနေနဲ့ ဒီတိုင်း ပြီးမသွားလောက်သေးဘူးဗျ… လူထပ်ခေါ်ဦးမှာပဲ။ ချေးလ်ဝဲလ်က ချဲလ်ဆီးရဲ့ ရေဒါထဲမှာ ရှိနေတယ်ဆိုတာ လူတိုင်း သိထားကြသလို ကစားသမားတွေအနေနဲ့လည်း ချန်ပီယံလိဂ်ကို ကစားဖို့ အားလုံးကြိုးစားနေကြတာပါ။ သူတို့ရဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲ လှုပ်ရှားပုံကလည်း တခြားအသင်းတွေ အတုယူစရာ နမူနာကို ပြသလိုက်တာပါပဲ”လို့ ရှီးယားက ဆိုလိုက်ပြီး အဆင့် ၄ ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့လည်း ခန့်မှန်းလိုက်ပါတယ်။

ဒါ့အပြင် နယူးကာဆယ်လ်တိုက်စစ်မှူးဟောင်းကြီးက ဗာနာအနေနဲ့ ချဲလ်ဆီးအသင်းမှာ အောင်မြင်လိမ့်မယ်လို့လည်း ပြောလိုက်ပြီး အသက် ၂၄ နှစ်အရွယ်ဆိုတာဟာ အကောင်းဆုံးအသက်အပိုင်းအခြားတစ်ခုလည်းဖြစ်ပြီး သူ့အနေနဲ့ အသင်းသစ်ဆီ တစ်ရာသီကို အနည်းဆုံး ဂိုး ၂၀ ပေါင်းထည့်ပေးနိုင်မယ့်သူလို့လည်း ပြောကြားသွားခဲ့ပြီး ဂိုးရှေ့မှာ သက်တောင့်သက်သာရှိလွန်းသူလို့လည်း ချီးကျူးသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.