Premier League

၉.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လျပည့္ေက်ာ္ ၄ ရက္၊ အဂၤါေန႔။

၉.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လျပည့္ေက်ာ္ ၄ ရက္၊ အဂၤါေန႔၊ ရက္ရာဇာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၀:၃၈ အထိ တိထီ ၄ လုံး။ ေက်ာ္လွ်င္ ၅ လုံး။ ၅ လုံးတြင္ ေလာင္ကၽြမ္းယုဂ္၊ အဖ်က္သေဘာေဆာင္ေသာအလုပ္မ်ား၊ ဓာတ္႐ိုက္ဓာတ္ဆင္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၄:၅၉ အထိ ဥတၱရာသ႒္နကၡတ္။ ေက်ာ္လွ်င္ သရဝဏ္နကၡတ္။ မြန္းလြဲ ၁၂:၂၅ အထိ ျဗဟၼယုဂ္၊ တန္ခိုးျပည့္စုံျခင္း၊ ပညာရွိျခင္း၊ ဂုဏ္ရွိျခင္း၊ ပညာသင္ၾကားေရးဆုိင္ရာ ကိစၥမ်ားႏွင့္ သင္တန္းမ်ား၊ ေက်ာင္းမ်ား စတင္အပ္ႏွံသင္ၾကားျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဣျႏၵယုဂ္၊ အႀကီးအမွဴးျဖစ္ျခင္း၊ သူတပါးအား ဂ႐ုစိုက္အေလးထား၍ ကူညီေပးရျခင္း၊ နာယကဂုဏ္ႏွင့္ ျပည့္စုံေအာင္လုပ္၍ သူတပါး ခ်စ္ခင္ေလးစားမွဳအား ရယူပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၈:၄၁ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ည ၂၀:၃၈ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ည ၂၀:၃၈ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၉.၆.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ အင်္ဂါနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၀:၃၈ အထိ တိထီ ၄ လုံး။ ကျော်လျှင် ၅ လုံး။ ၅ လုံးတွင် လောင်ကျွမ်းယုဂ်၊ အဖျက်သဘောဆောင်သောအလုပ်များ၊ ဓာတ်ရိုက်ဓာတ်ဆင်ခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၄:၅၉ အထိ ဥတ္တရာသဋ္ဌ်နက္ခတ်။ ကျော်လျှင် သရဝဏ်နက္ခတ်။ မွန်းလွဲ ၁၂:၂၅ အထိ ဗြဟ္မယုဂ်၊ တန်ခိုးပြည့်စုံခြင်း၊ ပညာရှိခြင်း၊ ဂုဏ်ရှိခြင်း၊ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စများနှင့် သင်တန်းများ၊ ကျောင်းများ စတင်အပ်နှံသင်ကြားခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဣန္ဒြယုဂ်၊ အကြီးအမှူးဖြစ်ခြင်း၊ သူတပါးအား ဂရုစိုက်အလေးထား၍ ကူညီပေးရခြင်း၊ နာယကဂုဏ်နှင့် ပြည့်စုံအောင်လုပ်၍ သူတပါး ချစ်ခင်လေးစားမှုအား ရယူပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၈:၄၁ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ည ၂၀:၃၈ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ည ၂၀:၃၈ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)