Bundesliga Premier League

ယူႏုိက္တက္က အလိုရွိေနတဲ့ ဟာဗတ္ဇ္ကို မလိုခ်င္တဲ့သူ ရွားမယ္လို႔ ဆုိလုိက္တဲ့ ဘုိင္ယန္နည္းျပ

မန္ခ်က္စတာယူႏုိက္တက္အသင္းက အလိုရွိေနတဲ့ လူငယ္ကြင္းလယ္တုိက္စစ္သမား ခုိင္ ဟာဗတ္ဇ္ကို မလိုခ်င္သူတဲ့ အသင္းမ်ဳိးနဲ႔ နည္းျပမ်ဳိး ေတာ္ေတာ္ေလးကို ရွာရခက္လိမ့္မယ္လို႔ ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပ ဟန္ဆီ(ဟန္းစ္-ဒီယက္တာ) ဖလစ္ခ္က ေျပာၾကားလိုက္ပါတယ္။

ဘြန္ဒက္စ္လီဂါကလပ္ ေဘယာေလဗာကူဆင္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ အသက္ ၂၀ အရြယ္ ဂ်ာမန္ခ်ာတိတ္ဟာ ဥေရာပအသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမွဳကို ရရွိထားခဲ့ၿပီး ကိုဗစ္-၁၉ ေၾကာင့္ ဝင္ေငြေလ်ာ့က်ေနခ်ိန္နဲ႔လည္း တုိက္ဆုိင္ေနလို႔ အသင္းဘက္က သတ္မွတ္ထားတဲ့ တန္ေၾကးနဲ႔ ကိုက္ညီမယ့္ ကမ္းလွမ္းမွဳေတြ ေရာက္မလာေသးတာလည္းျဖစ္ပါတယ္။

ေလဗာကူဆင္အတြက္ ေနာက္ဆုံး ၆ ပြဲမွာ ၇ ဂိုး သြင္းယူထားခဲ့တဲ့ ဟာဗတ္ဇ္ရဲ႕ ေျခစြမ္းဟာ ဒီရာသီ ဒုတိယဝက္မွာ သိသိသာသာ တစ္ရွိန္ထိုး တုိးတက္လာခဲ့ၿပီး သူ႕ရဲ႕ တုိက္စစ္ပုိင္းမွာ ေနရာစုံ ကစားႏုိင္မွဳနဲ႔အတူ အသင္းရဲ႕ေရွ႕တန္းမွာ False 9 ဆန္ဆန္ကစားရင္း ပုိမိုေျခစြမ္းျပလာခဲ့သူလည္း ျဖစ္ပါတယ္။

“ကၽြန္ေတာ့္အျမင္ေတာ့ သူတုိ႔အသင္းဆီ ဟာဗတ္ဇ္ကို မလိုခ်င္တဲ့ နည္းျပမ်ဳိး ေတာ္ေတာ္ရွားမယ္ ထင္ပါတယ္။ သူ႕ကို ဂ်ာမနီ ယူ-၁၇ အသင္းမွာကတည္းက ကၽြန္ေတာ္ သိခဲ့ၿပီး ဒီႏွစ္ပုိင္းေတြမွာေတာ့ သူက ေတာ္ေတာ္ႀကီးကို တုိးတက္လာခဲ့တာပါ။ တစ္ဖက္ခံစစ္တန္းေတြကို ေက်ာ္ျဖတ္ရာမွာ ထူးခၽြန္သူျဖစ္ၿပီး ငယ္ငယ္ရြယ္ရြယ္မွာကတည္းက ဂိုးဘယ္လိုသြင္းရမလဲဆုိတာကို နားလည္သူျဖစ္ပါတယ္”လို႔ ဖလစ္ခ္က ဆုိပါတယ္။

ဒီရာသီမွာ ေလဗာကူဆင္အသင္းအတြက္ ၁၅ ဂိုး သြင္းယူထားၿပီး ၈ ဂိုးဖန္တီးထားခဲ့တဲ့ ဟာဗတ္ဇ္ဟာ ေျခက်င္းအရြတ္ စုတ္ျပဲသြားခဲ့တဲ့ တုိက္စစ္မွဴး ကီဗင္ ေဖာ္လန္ေနရာမွာ ေရွ႕တန္းလူအျဖစ္ ေျပာင္းလဲကစားခဲ့ရၿပီးေနာက္ပုိင္း ဂိုးေတြလည္း ပုိမုိရရွိခဲ့ၿပီး အသင္းေခါင္းေဆာင္လက္ပတ္ကိုပါ ဝတ္ဆင္ခြင့္ရေနသလို မန္ခ်က္စတာယူႏုိက္တက္ကေတာ့ သူနဲ႔ ေဂ်ဒန္ ဆန္ခ်ဳိတို႔ ႏွစ္ဦးထဲ တစ္ဦးကို ဒီရာသီကုန္မွာ ေခၚယူသြားႏုိင္ဖို႔ ေစာင့္ၾကည့္ေနခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းက အလိုရှိနေတဲ့ လူငယ်ကွင်းလယ်တိုက်စစ်သမား ခိုင် ဟာဗတ်ဇ်ကို မလိုချင်သူတဲ့ အသင်းမျိုးနဲ့ နည်းပြမျိုး တော်တော်လေးကို ရှာရခက်လိမ့်မယ်လို့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီ(ဟန်းစ်-ဒီယက်တာ) ဖလစ်ခ်က ပြောကြားလိုက်ပါတယ်။

ဘွန်ဒက်စ်လီဂါကလပ် ဘေယာလေဗာကူဆင်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ အသက် ၂၀ အရွယ် ဂျာမန်ချာတိတ်ဟာ ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ဝင်ငွေလျော့ကျနေချိန်နဲ့လည်း တိုက်ဆိုင်နေလို့ အသင်းဘက်က သတ်မှတ်ထားတဲ့ တန်ကြေးနဲ့ ကိုက်ညီမယ့် ကမ်းလှမ်းမှုတွေ ရောက်မလာသေးတာလည်းဖြစ်ပါတယ်။

လေဗာကူဆင်အတွက် နောက်ဆုံး ၆ ပွဲမှာ ၇ ဂိုး သွင်းယူထားခဲ့တဲ့ ဟာဗတ်ဇ်ရဲ့ ခြေစွမ်းဟာ ဒီရာသီ ဒုတိယဝက်မှာ သိသိသာသာ တစ်ရှိန်ထိုး တိုးတက်လာခဲ့ပြီး သူ့ရဲ့ တိုက်စစ်ပိုင်းမှာ နေရာစုံ ကစားနိုင်မှုနဲ့အတူ အသင်းရဲ့ရှေ့တန်းမှာ False 9 ဆန်ဆန်ကစားရင်း ပိုမိုခြေစွမ်းပြလာခဲ့သူလည်း ဖြစ်ပါတယ်။

“ကျွန်တော့်အမြင်တော့ သူတို့အသင်းဆီ ဟာဗတ်ဇ်ကို မလိုချင်တဲ့ နည်းပြမျိုး တော်တော်ရှားမယ် ထင်ပါတယ်။ သူ့ကို ဂျာမနီ ယူ-၁၇ အသင်းမှာကတည်းက ကျွန်တော် သိခဲ့ပြီး ဒီနှစ်ပိုင်းတွေမှာတော့ သူက တော်တော်ကြီးကို တိုးတက်လာခဲ့တာပါ။ တစ်ဖက်ခံစစ်တန်းတွေကို ကျော်ဖြတ်ရာမှာ ထူးချွန်သူဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်မှာကတည်းက ဂိုးဘယ်လိုသွင်းရမလဲဆိုတာကို နားလည်သူဖြစ်ပါတယ်”လို့ ဖလစ်ခ်က ဆိုပါတယ်။

ဒီရာသီမှာ လေဗာကူဆင်အသင်းအတွက် ၁၅ ဂိုး သွင်းယူထားပြီး ၈ ဂိုးဖန်တီးထားခဲ့တဲ့ ဟာဗတ်ဇ်ဟာ ခြေကျင်းအရွတ် စုတ်ပြဲသွားခဲ့တဲ့ တိုက်စစ်မှူး ကီဗင် ဖော်လန်နေရာမှာ ရှေ့တန်းလူအဖြစ် ပြောင်းလဲကစားခဲ့ရပြီးနောက်ပိုင်း ဂိုးတွေလည်း ပိုမိုရရှိခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ်ကိုပါ ဝတ်ဆင်ခွင့်ရနေသလို မန်ချက်စတာယူနိုက်တက်ကတော့ သူနဲ့ ဂျေဒန် ဆန်ချိုတို့ နှစ်ဦးထဲ တစ်ဦးကို ဒီရာသီကုန်မှာ ခေါ်ယူသွားနိုင်ဖို့ စောင့်ကြည့်နေခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.