Premier League

တီမို ဗာနာကို မေခၚယူႏုိင္လို႔ အယ္လီဆန္နဲ႔ ဗန္ဒိုက္ကို သက္တမ္းတုိးမယ့္ လီဗာပူးလ္

လီဗာပူးလ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ပစ္မွတ္တစ္ခုျဖစ္တဲ့ တီမို ဗာနာကို လက္လႊတ္ခဲ့ရလို႔ အသင္းရဲ႕ ဘတ္ဂ်က္တခ်ဳိ႕ကို လက္ရွိ ၾကယ္ပြင့္ ကစားသမားေတြျဖစ္ၾကတဲ့ ဂိုးသမား အယ္လီဆန္ ဘက္ကာနဲ႔ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္တုိ႔ကို သက္တမ္းတုိးသြားဖို႔ အသုံးျပဳသြားမယ္လုိ႔ သိရပါတယ္။

ႀကဳိးၾကာနီေတြအေနနဲ႔ RB လုိက္ပ္ဇစ္တုိက္စစ္မွဴး ဗာနာကို ေပါင္သန္း ၃၀ သာ တန္ေၾကးရွိလို႔ ဂ်ာမန္အသင္းဘက္က သတ္မွတ္ေဈးကို မေပးႏုိင္ဘူးလို႔ ခပ္မာမာ ေျပာၾကားခဲ့အၿပီးမွာ ခ်ဲလ္ဆီးအသင္းက ေပါင္ ၅၃ သန္းေပးၿပီး သေဘာတူညီသြားခဲ့သလို အၿပီးသတ္ကိစၥျဖစ္တဲ့ ကစားသမားရဲ႕ ႀကံ့ခိုင္မွဳစစ္ေဆးဖို႔ေတြပဲ က်န္ေတာ့တာလည္းျဖစ္ပါတယ္။

ဗာနာကို ေခၚယူဖို႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က စိတ္ဝင္တစား ခ်ိတ္ဆက္ခဲ့ေပမယ့္ လက္ရွိ MSF တုိက္စစ္အထိုင္ကို ဖ်က္ဖို႔နဲ႔ အဓိကအားျဖင့္ သူတုိ႔သုံးေယာက္ထဲက ဂိုးသြင္းနည္းေပမယ့္ အေရးအပါဆုံး ဖာမီႏိုကို ထုတ္ပယ္ဖို႔က မျဖစ္ႏုိင္ခဲ့တာေၾကာင့္ ေနာက္ဆုံးမွာ လက္ေလွ်ာ့ခဲ့တာလို႔လည္း ယူဆရပါတယ္။

ဒီအခ်ိန္မွာ လီဗာပူးလ္တာဝန္ရွိသူေတြအေနနဲ႔ ကိုယ့္ရဲ႕ ကစားသမားေတြဘက္ကိုပဲ ျပန္လွည့္လာခဲ့ၿပီး အသင္းရဲ႕ ခံစစ္ပုိင္းက အေရးအပါဆုံး ႏွစ္ဦးျဖစ္တဲ့ အယ္လီဆန္နဲ႔ ဗန္ဒိုက္တုိ႔ကို ႏွစ္ရွည္စာခ်ဳပ္ေတြ ထပ္မံေပးအပ္သြားဖို႔ကိုပဲ အာ႐ုံစူးစိုက္ေတာ့မွာလည္းျဖစ္ပါတယ္။

ဆုဖလားေတြနဲ႔ လြဲေခ်ာ္တတ္လုိ႔ ေလွာင္ေျပာင္ခံခဲ့ရတဲ့ နည္းျပ ကေလာ့ပ္အတြက္ ခ်န္ပီယံလိဂ္ဖလားကို ၿပီးခဲ့တဲ့ ႏွစ္က ရယူေပးႏိုင္ခဲ့သလို ဒီႏွစ္မွာလည္း ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔ လက္တစ္ကမ္းသာလိုေတာ့တဲ့ အသင္းရဲ႕ အဓိက ေဒါက္တုိင္ေတြျဖစ္ခဲ့တဲ့ အယ္လီဆန္ဟာ အသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္က်န္ရွိေနေသးသလို ဗန္ဒိုက္ကလည္း ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ရွိေနေသးေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ တီမို ဗာနာကို လက်လွှတ်ခဲ့ရလို့ အသင်းရဲ့ ဘတ်ဂျက်တချို့ကို လက်ရှိ ကြယ်ပွင့် ကစားသမားတွေဖြစ်ကြတဲ့ ဂိုးသမား အယ်လီဆန် ဘက်ကာနဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်တို့ကို သက်တမ်းတိုးသွားဖို့ အသုံးပြုသွားမယ်လို့ သိရပါတယ်။

ကြိုးကြာနီတွေအနေနဲ့ RB လိုက်ပ်ဇစ်တိုက်စစ်မှူး ဗာနာကို ပေါင်သန်း ၃၀ သာ တန်ကြေးရှိလို့ ဂျာမန်အသင်းဘက်က သတ်မှတ်ဈေးကို မပေးနိုင်ဘူးလို့ ခပ်မာမာ ပြောကြားခဲ့အပြီးမှာ ချဲလ်ဆီးအသင်းက ပေါင် ၅၃ သန်းပေးပြီး သဘောတူညီသွားခဲ့သလို အပြီးသတ်ကိစ္စဖြစ်တဲ့ ကစားသမားရဲ့ ကြံ့ခိုင်မှုစစ်ဆေးဖို့တွေပဲ ကျန်တော့တာလည်းဖြစ်ပါတယ်။

ဗာနာကို ခေါ်ယူဖို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က စိတ်ဝင်တစား ချိတ်ဆက်ခဲ့ပေမယ့် လက်ရှိ MSF တိုက်စစ်အထိုင်ကို ဖျက်ဖို့နဲ့ အဓိကအားဖြင့် သူတို့သုံးယောက်ထဲက ဂိုးသွင်းနည်းပေမယ့် အရေးအပါဆုံး ဖာမီနိုကို ထုတ်ပယ်ဖို့က မဖြစ်နိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ လက်လျှော့ခဲ့တာလို့လည်း ယူဆရပါတယ်။

ဒီအချိန်မှာ လီဗာပူးလ်တာဝန်ရှိသူတွေအနေနဲ့ ကိုယ့်ရဲ့ ကစားသမားတွေဘက်ကိုပဲ ပြန်လှည့်လာခဲ့ပြီး အသင်းရဲ့ ခံစစ်ပိုင်းက အရေးအပါဆုံး နှစ်ဦးဖြစ်တဲ့ အယ်လီဆန်နဲ့ ဗန်ဒိုက်တို့ကို နှစ်ရှည်စာချုပ်တွေ ထပ်မံပေးအပ်သွားဖို့ကိုပဲ အာရုံစူးစိုက်တော့မှာလည်းဖြစ်ပါတယ်။

ဆုဖလားတွေနဲ့ လွဲချော်တတ်လို့ လှောင်ပြောင်ခံခဲ့ရတဲ့ နည်းပြ ကလော့ပ်အတွက် ချန်ပီယံလိဂ်ဖလားကို ပြီးခဲ့တဲ့ နှစ်က ရယူပေးနိုင်ခဲ့သလို ဒီနှစ်မှာလည်း ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ လက်တစ်ကမ်းသာလိုတော့တဲ့ အသင်းရဲ့ အဓိက ဒေါက်တိုင်တွေဖြစ်ခဲ့တဲ့ အယ်လီဆန်ဟာ အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ကျန်ရှိနေသေးသလို ဗန်ဒိုက်ကလည်း ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိနေသေးကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.