Bundesliga Premier League Transfer News

အခ်ိန္တုိအတြင္းမွာပဲ တီမို ဗာနာနဲ႔ သေဘာတူညီႏုိင္ခဲ့တဲ့ ခ်ဲလ္ဆီး

Sports A2Z က ေရးသားခဲ့တဲ့အတုိင္းပဲ ပရီးမီးယားလိဂ္မွာ တီမို ဗာနာကို အမွန္တကယ္ အလိုအပ္ဆုံးျဖစ္ေနတဲ့ အေနအထားမွာရွိတဲ့ ခ်ဲလ္ဆီးဟာ သူ႕ရဲ႕ ေလ်ာ္ေၾကးစာခ်ဳပ္အတြက္ သတ္မွတ္ကာလ မကုန္ဆုံးခင္မွာ တရားဝင္ကမ္းလွမ္းၿပီး အခ်ိန္တုိအတြင္း သေဘာတူညီမွဳ ျပဳလုပ္ႏုိင္ခဲ့ၿပီျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ေပါင္သန္း ၃၀ ထက္ ပုိမတန္ဘူးလို႔ ေျပာတဲ့ ကိစၥကေတာ့ သူနဲ႔ ယာဂန္ ကေလာ့ပ္တုိ႔ရဲ႕ မ်က္ႏွာကို အုိးမည္းသုတ္လုိက္သလိုျဖစ္ခဲ့ၿပီး အီဂါလိုကို သက္တမ္းတုိး၊ ေဂ်ဒန္ ဆန္ခ်ဳိကို ေခၚယူဖို႔ ႀကံေနတဲ့ မန္ခ်က္စတာယူႏုိက္တက္၊ ကြင္းလယ္နဲ႔ ေနာက္တန္းကို အဓိက အားျဖည့္ရဦးမယ့္ မန္ခ်က္စတာစီးတီးအသင္းေတြထက္စာရင္ ခ်ဲလ္ဆီးဟာ သူတုိ႔ရဲ႕ လိုအပ္ခ်က္ကို အေကာင္အထည္ေဖာ္ႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဗာနာကို ေခၚယူဖို႔ ခ်ဲလ္ဆီးအေနနဲ႔ RB လိုက္ပ္ဇစ္အသင္းဆီ ေပါင္ ၅၃ သန္း ေပးေခ်ခဲ့ရတယ္လို႔ သိရၿပီး တစ္ႏွစ္လုပ္ခ ေပါင္ ၉ သန္းေက်ာ္၊ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းရွစ္ေသာင္း ေပးေခ်ဖို႔ ပုဂၢဳိလ္ေရးအရ သေဘာတူညီႏုိင္ခဲ့သလို တျခားစိတ္ဝင္စားေနတဲ့အသင္းေတြကိုလည္း ေနာက္ေကာက္ခ်ႏုိင္ခဲ့တာျဖစ္ပါတယ္။

ကိုဗစ္-၁၉ ေၾကာင့္ ဘဏၰာေရးအခက္အခဲၾကားမွာ ဗာနာရဲ႕ အေျပာင္းအေရႊ႕ မျဖစ္ေတာ့ဘူးလို႔ တခ်ဳိ႕ေတြက ခန္႔မွန္းေနခဲ့ၾကေပမယ့္ လုပ္သင့္တာကို ျဖစ္ေအာင္လုပ္တတ္တဲ့ မာရီနာ ဂရာေနာ့ဗ္စကားယာလို ျပတ္သားတဲ့ အမ်ဳိးသမီးက အဲလ္ဗာ႐ုိ မိုရာတာအတြက္ ရရွိေပမယ့္ ေျပာင္းေရႊ႕ေၾကးကို အသုံးျပဳၿပီး အေကာင္အထည္ေဖာ္ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဗာနာအေနနဲ႔ ခ်ဲလ္ဆီးအသင္းကို ေရာက္ရွိလာရင္ သူ႕ရဲ႕ လက္ရွိ နံပါတ္ ၁၁ အက်ႌကို ဝတ္ဆင္ႏုိင္မွာလည္းျဖစ္ၿပီး လက္ရွိအက်ႌပုိင္ရွင္ ေတာင္ပံကစားသမား ပက္ဒ႐ိုရဲ႕ စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ ထြက္ခြာခြင့္ေပးမွာျဖစ္လို႔ သူ႕ရဲ႕ အေျပာင္းအေရႊ႕ပုံျပင္ေတြ တစ္ခန္းရပ္သြားခဲ့ခ်ိန္မွာ ဖရန္႔ လမ္းပတ္အတြက္ေတာ့ ဝမ္းသာစရာ နိဂုံးနဲ႔ ၿပီးဆုံးခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: Sports A2Z က ရေးသားခဲ့တဲ့အတိုင်းပဲ ပရီးမီးယားလိဂ်မှာ တီမို ဗာနာကို အမှန်တကယ် အလိုအပ်ဆုံးဖြစ်နေတဲ့ အနေအထားမှာရှိတဲ့ ချဲလ်ဆီးဟာ သူ့ရဲ့ လျော်ကြေးစာချုပ်အတွက် သတ်မှတ်ကာလ မကုန်ဆုံးခင်မှာ တရားဝင်ကမ်းလှမ်းပြီး အချိန်တိုအတွင်း သဘောတူညီမှု ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ပေါင်သန်း ၃၀ ထက် ပိုမတန်ဘူးလို့ ပြောတဲ့ ကိစ္စကတော့ သူနဲ့ ယာဂန် ကလော့ပ်တို့ရဲ့ မျက်နှာကို အိုးမည်းသုတ်လိုက်သလိုဖြစ်ခဲ့ပြီး အီဂါလိုကို သက်တမ်းတိုး၊ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ ကြံနေတဲ့ မန်ချက်စတာယူနိုက်တက်၊ ကွင်းလယ်နဲ့ နောက်တန်းကို အဓိက အားဖြည့်ရဦးမယ့် မန်ချက်စတာစီးတီးအသင်းတွေထက်စာရင် ချဲလ်ဆီးဟာ သူတို့ရဲ့ လိုအပ်ချက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗာနာကို ခေါ်ယူဖို့ ချဲလ်ဆီးအနေနဲ့ RB လိုက်ပ်ဇစ်အသင်းဆီ ပေါင် ၅၃ သန်း ပေးချေခဲ့ရတယ်လို့ သိရပြီး တစ်နှစ်လုပ်ခ ပေါင် ၉ သန်းကျော်၊ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းရှစ်သောင်း ပေးချေဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီနိုင်ခဲ့သလို တခြားစိတ်ဝင်စားနေတဲ့အသင်းတွေကိုလည်း နောက်ကောက်ချနိုင်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် ဘဏ္ဏာရေးအခက်အခဲကြားမှာ ဗာနာရဲ့ အပြောင်းအရွှေ့ မဖြစ်တော့ဘူးလို့ တချို့တွေက ခန့်မှန်းနေခဲ့ကြပေမယ့် လုပ်သင့်တာကို ဖြစ်အောင်လုပ်တတ်တဲ့ မာရီနာ ဂရာနော့ဗ်စကားယာလို ပြတ်သားတဲ့ အမျိုးသမီးက အဲလ်ဗာရို မိုရာတာအတွက် ရရှိပေမယ့် ပြောင်းရွှေ့ကြေးကို အသုံးပြုပြီး အကောင်အထည်ဖော်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဗာနာအနေနဲ့ ချဲလ်ဆီးအသင်းကို ရောက်ရှိလာရင် သူ့ရဲ့ လက်ရှိ နံပါတ် ၁၁ အင်္ကျီကို ဝတ်ဆင်နိုင်မှာလည်းဖြစ်ပြီး လက်ရှိအင်္ကျီပိုင်ရှင် တောင်ပံကစားသမား ပက်ဒရိုရဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာခွင့်ပေးမှာဖြစ်လို့ သူ့ရဲ့ အပြောင်းအရွှေ့ပုံပြင်တွေ တစ်ခန်းရပ်သွားခဲ့ချိန်မှာ ဖရန့် လမ်းပတ်အတွက်တော့ ဝမ်းသာစရာ နိဂုံးနဲ့ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.