Analysis Premier League

တစ်က ပြန်စရမယ့် ဆာလားနဲ့ လီဗာပူးလ် 2-2 ဘရိုက်တန် ပွဲအပြီး ပြောစရာ 7 ချက်

နိုင်ပွဲနဲ့ သာယာနေသမျှကို လှုပ်နှိုးလိုက်တဲ့ အချိန်
လီဗာပူးလ်အသင်းအနေနဲ့ နိုင်ပွဲတွေ ဆက်တိုက်ရယူနေပြီး မိုဟာမက် ဆာလားဆိုတဲ့ ဂိုးသွင်းစက်ကြီးကလည်း မပျက်မကွက် ဂိုးတွေ ရှာဖွေ သွင်းယူနေချိန်မှာ ဒီပွဲက သူတို့အတွက် အားလုံးက သုံးမှတ်လို့ တွက်ထားတဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။ သူတို့တွေအနေနဲ့ ဆာလားဂိုးတွေနဲ့ နိုင်ပွဲဆိုတာကြီးကို အသားကျနေချိန်မှာ ဒီနေ့ပွဲမှာ Over Confidence ဆိုတာ မကောင်းကြောင်း သတိပေးခံလိုက်ရတဲ့ ပွဲစဉ်လည်းဖြစ်ပြီး ကွင်းလယ်နဲ့ ခံစစ်ပိုင်း ပေါ့လျော့မှု၊ တိုက်စစ်ရဲ့ ဖြုန်းတီးမှုတွေဟာ အနည်းဆုံးတော့ နိုင်ပွဲကို ပျောက်ဆုံးစေမှာဖြစ်ကြောင်း ဂရေဟမ် ပေါ့တာနဲ့အဖွဲ့က သရေတစ်မှတ်နဲ့ ပြသလိုက်တာ ဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ကလော့ပ်နဲ့ ကစားသမားတွေအတွက်တော့ ကျေးဇူးတင်စရာနဲ့ သင်ခန်းစာယူရမယ့်ပွဲလည်းဖြစ်ခဲ့တာပါ။

တစ်က ပြန်စရမယ့် ဆာလား
လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့တာဟာ သူ့ရဲ့ မှတ်တမ်းကောင်းဖြစ်တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကိုလည်း လာမယ့် ပွဲစဉ်တွေမှာ တစ်ကနေ ပြန်စရဖို့ ဖြစ်လာစေခဲ့ပါတယ်။ ဒီနေ့ပွဲမှာ လီဗာပူးလ်အသင်းအနေနဲ့ အီဂျစ်သားဆီကို ဖန်တီးပေးပို့ဖို့ထက် သူကပဲ သူများတွေကို လိုက်လံဖန်တီးပေးနေရတာကလည်း မြင်သာတဲ့ အချက်တစ်ချက်ဖြစ်ခဲ့ပြီး အသင်းရဲ့ Focus Passing က Down to the Left Flank ဖြစ်နေတော့ ညာခြမ်းကစားတဲ့ ဆာလားအတွက် အခွင့်အရေးနည်းစေခဲ့ပြီး ဘယ်နောက်ခံလူ ရောဘတ်ဆန် ခြေမပေါ်ခဲ့လို့လည်း သူ့ကို ပိုမိုထိခိုက်စေခဲ့တာဖြစ်ပါတယ်။

နိုင်ပွဲမရပေမယ့် လျှော့တွက်လို့မရတဲ့ ဘရိုက်တန်
ပြီးခဲ့တဲ့ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ဘရိုက်တန်ကို လီဗာပူးလ်တို့အနေနဲ့ အိမ်ကွင်းပဲဆိုပြီး လျှော့တွက်တာ မှားသွားခဲ့တာပါ။ ဒီပွဲဟာလည်း သူတို့အတွက် ၅ ပွဲမြောက် နိုင်ပွဲပျောက်ခဲ့တာဖြစ်ပေမယ့် ရှေ့ပွဲတွေမှာ တောက်ပနေတဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ အာဆင်နယ်တို့ဆီကနေ တစ်မှတ်စီ ဖဲ့သွားခဲ့တာက ကြီးမားတဲ့ အနှောင့်အယှက်လည်းဖြစ်ခဲ့တာပါ။ သူ့ဘာသာသူ ဘယ်လောက်နိုင်ပွဲပျောက်ဦး၊ ရှုံးပွဲမတွေ့ဘူးဆိုရင် ကိုယ့်ဆီက သုံးမှတ်ရခွင့်ကို လက်လွှတ်ရမယ်ဆိုတဲ့ အချက်ကို ပေါ့တွက်ပြီး ကစားခဲ့ချိန်မှာ ပရီးမီးယားလိဂ်ရဲ့ လူသစ် အမ်ဝီပူရဲ့ Genius ကန်ချက်နဲ့ ထရော့ဆတ်ရဲ့ မာယာများတဲ့ ကန်ချက်တွေက ဒီလိုအသင်း၊ ဒီလိုကွင်းဆီမှာ သရေရဖို့ လုံလောက်ခဲ့တာဖြစ်ပါတယ်။

ဖုန်းကြော်ငြာလိုမျိုး ကြည့်ခဲ့ရတဲ့ ဘီဆူးမား
ဒဏ်ရာကြောင့် နားနေခဲ့ရပြီး ဒီနေ့ပွဲမှာမှ ပြန်လည်ပွဲထွက်တဲ့ ဘရိုက်တန် ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားဟာ မနားခင်ကထက်တောင် ပိုကောင်းလာသလားလို့ မျက်လုံးပြူးစရာဖြစ်ခဲ့ရပြီး သူ့ရဲ့ အတက်အဆင်း ထိုးဖောက်ဖြတ်တောက်ကစားဟန်တွေမှာ အိမ်ရှင်တွေ တော်တော်လေး အခြေပျက်ခဲ့ရတာပါ။ အယ်လစ်ဆန် ပုတ်ထုတ်တာတောင် တိုင်ထိခဲ့တဲ့ မာလီသားရဲ့ ကန်ချက်က သူ့ရဲ့ အဆင့်အတန်းကို ပြသခဲ့ပြီး ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ ကင်းထောက်တွေ တကောက်ကောက်လိုက်နေတာဟာ အလကားမဟုတ်ဘူးလို့လည်း ဆိုနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေတဲ့ ဒီကွင်းလယ်လူရဲ့ ဒီနေ့ခြေစွမ်းကတော့ တီဗီကနေ ထိပ်တန်းဖုန်းတစ်လုံးရဲ့ ကြော်ငြာကို ကြည့်ခဲ့ရသလိုပါပဲ။

ဖြစ်မှဖြစ်ရလေလို့ သနားရတဲ့ ကီတာ
လွန်ခဲ့တဲ့ သုံးနှစ်က RB လိုက်ပ်ဇစ်ကနေ မျှော်လင့်ချက်ကြီးမားစွာနဲ့ ယူရိုသန်း ၆၀ ပေးပြီး ခေါ်ယူထားခဲ့တဲ့ ကြယ်ပွင့်ကွင်းလယ်လူဟာ ခြေစွမ်းလေးမို့လို့ ပြပြီဆိုရင် ဒဏ်ရာတွေနဲ့ နပမ်းလုံးရတာ အစဉ်အလာလို ဖြစ်နေခဲ့ပါပြီ။ ရွေ့လျားမှုကောင်းမွန်ပြီး မြန်ဆန်သွက်လက်တဲ့ ကီတာဟာ ဘယ်လောက်ကောင်းသလဲဆိုတာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာလည်း သက်သေပြခဲ့ပြီး ဘယ်လောက်နုသလဲဆိုတာကိုလည်း တစ်ပါတည်း သက်သေ ပြခဲ့ပါတယ်။ ဒီနေ့ပွဲမှာလည်း ပွဲချိန် ၁၉ မိနစ်အရောက်မှာ လူစားလဲခဲ့ရပြန်ပြီး နည်းပြ ကလော့ပ်အတွက်တော့ ခေါင်းခဲစရာဖြစ်ခဲ့ရသလို ခြေစွမ်း ကောင်းပေမယ့် မြက်ခင်းစိမ်းတွေကို ကြာကြာနင်းပြခွင့်မရတဲ့ ဂီနီယာသားကိုလည်း သနားစရာဖြစ်ခဲ့ရပါတယ်။

ဥရောပအဆင့်ဆီ အစမ်းသပ်ခံတဲ့ ပေါ့တာ
ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ့တာကတော့ ပြီးခဲ့တဲ့ ရာသီတွေကလို ခံစစ်ပိတ်ကစားပြီးမှ တိုက်စစ်ဆင်တဲ့ ပုံစံမဟုတ်တော့ဘဲ အသင်းကို ရင့်ကျက်တည်ငြိမ်သင့်ပြီလို့ သူ့ရဲ့ နည်းပြအတွေ့အကြုံတွေနဲ့အတူ ပြိုင်တူတိုးတက်ဖို့ ပြင်ဆင်ခဲ့ပြီး ဘီဆူးမား၊ ထရော့ဆတ်နဲ့ လူးဝစ် ဒန့်ခ်တို့ရဲ့ ပိုကောင်းလာတဲ့ ပုံစံမှာ အမ်ဝီပူ၊ ကူကူရဲလားတို့လို ကစားသမားကောင်းတွေကို စုစည်းပြီး ဥရောပအဆင့်ကို တက်လှမ်းဖို့ အစမ်းသပ်ခံရင်း အမျိုးမျိုးအဖုံဖုံ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ ဆော်လီ မာ့ချ်၊ မက်ကယ်လစ္စတာတို့လို လူငယ်တွေရဲ့ တိုးတက်လာမှုနဲ့ လမ့်ပ်တေ၊ လယ်လာနာ၊ မော်ပေတို့လို မတူညီတဲ့ ကစားသမားတွေရဲ့ ရုန်းအားတွေက ဒီရာသီမှာ အနည်းဆုံးတော့ ယူရိုပါ ကွန်ဖရင့်လိဂ်ကို ကစားနိုင်မလားလို့ ခန့်မှန်းချက်တွေလည်း ရှိလာစေခဲ့တာပါ။

တီကိုနဲ့ ပွဲအကြို ခြေစွမ်းပြတဲ့ ဂိုးသွင်းသူနှစ်ဦး
အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်နဲ့ တောင်ပံတိုက်စစ်မှူး ဆာဒီယို မာနေးတို့ဟာ အသင်းကို ဦးဆောင်မှု ပေးရမယ့်သူတွေလို့ သတ်မှတ်ခံထားရပြီး ပွဲကြီးတိုးတဲ့ ကစားသမားတွေဆိုတဲ့ တံဆိပ်ကပ်ခံရမှုနဲ့အတူ အပိုတာဝန်ကိုပဲ ထမ်းပိုးထားရသူတွေဖြစ်ပါတယ်။ ဆာလားရဲ့ ဒိုင်ခံဂိုးသွင်းတဲ့ တာဝန်အောက်မှာ သူတို့ရဲ့ အခန်းကဏ္ဍက အနည်းငယ် မှေးမှိန်နေခဲ့ပေမယ့် ဒီနေ့ကတော့ သူတို့တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြင်သာ ထင်သာဖြစ်ခဲ့ပြီး အက်သလက်တီကို,ကို အန်းဖီးလ်မှာ ဧည့်ခံနိုင်ဖို့ဆိုရင် သူတို့နှစ်ဦးရဲ့ တိုက်ပွဲဝင်နိုင်စွမ်းကို မျှော်လင့်ရမယ့်အချိန်မျိုးမှာ အကြိုသဘော ဂိုးသွင်းပြခဲ့တာက ဝမ်းသာစရာပဲဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ႏိုင္ပြဲနဲ႔ သာယာေနသမွ်ကို လႈပ္ႏႈိးလိုက္တဲ့ အခ်ိန္
လီဗာပူးလ္အသင္းအေနနဲ႔ ႏိုင္ပြဲေတြ ဆက္တိုက္ရယူေနၿပီး မိုဟာမက္ ဆာလားဆိုတဲ့ ဂိုးသြင္းစက္ႀကီးကလည္း မပ်က္မကြက္ ဂိုးေတြ ရွာေဖြ သြင္းယူေနခ်ိန္မွာ ဒီပြဲက သူတို႔အတြက္ အားလုံးက သုံးမွတ္လို႔ တြက္ထားတဲ့ပြဲလည္းျဖစ္ခဲ့ပါတယ္။ သူတို႔ေတြအေနနဲ႔ ဆာလားဂိုးေတြနဲ႔ ႏိုင္ပြဲဆိုတာႀကီးကို အသားက်ေနခ်ိန္မွာ ဒီေန႔ပြဲမွာ Over Confidence ဆိုတာ မေကာင္းေၾကာင္း သတိေပးခံလိုက္ရတဲ့ ပြဲစဥ္လည္းျဖစ္ၿပီး ကြင္းလယ္နဲ႔ ခံစစ္ပိုင္း ေပါ့ေလ်ာ့မႈ၊ တိုက္စစ္ရဲ႕ ျဖဳန္းတီးမႈေတြဟာ အနည္းဆုံးေတာ့ ႏိုင္ပြဲကို ေပ်ာက္ဆုံးေစမွာျဖစ္ေၾကာင္း ဂေရဟမ္ ေပါ့တာနဲ႔အဖြဲ႕က သေရတစ္မွတ္နဲ႔ ျပသလိုက္တာ ျဖစ္ပါတယ္။ လီဗာပူးလ္နည္းျပ ကေလာ့ပ္နဲ႔ ကစားသမားေတြအတြက္ေတာ့ ေက်းဇူးတင္စရာနဲ႔ သင္ခန္းစာယူရမယ့္ပြဲလည္းျဖစ္ခဲ့တာပါ။

တစ္က ျပန္စရမယ့္ ဆာလား
လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးေပါက္ေပ်ာက္ဆုံးခဲ့တာဟာ သူ႔ရဲ႕ မွတ္တမ္းေကာင္းျဖစ္တဲ့ ၿပိဳင္ပြဲစုံ ၁၀ ပြဲ ဆက္တိုက္ ဂိုးသြင္းႏိုင္တဲ့ မွတ္တမ္းကိုလည္း လာမယ့္ ပြဲစဥ္ေတြမွာ တစ္ကေန ျပန္စရဖို႔ ျဖစ္လာေစခဲ့ပါတယ္။ ဒီေန႔ပြဲမွာ လီဗာပူးလ္အသင္းအေနနဲ႔ အီဂ်စ္သားဆီကို ဖန္တီးေပးပို႔ဖို႔ထက္ သူကပဲ သူမ်ားေတြကို လိုက္လံဖန္တီးေပးေနရတာကလည္း ျမင္သာတဲ့ အခ်က္တစ္ခ်က္ျဖစ္ခဲ့ၿပီး အသင္းရဲ႕ Focus Passing က Down to the Left Flank ျဖစ္ေနေတာ့ ညာျခမ္းကစားတဲ့ ဆာလားအတြက္ အခြင့္အေရးနည္းေစခဲ့ၿပီး ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္ ေျခမေပၚခဲ့လို႔လည္း သူ႔ကို ပိုမိုထိခိုက္ေစခဲ့တာျဖစ္ပါတယ္။

ႏိုင္ပြဲမရေပမယ့္ ေလွ်ာ့တြက္လို႔မရတဲ့ ဘ႐ိုက္တန္
ၿပီးခဲ့တဲ့ ၄ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆုံးခဲ့တဲ့ ဘ႐ိုက္တန္ကို လီဗာပူးလ္တို႔အေနနဲ႔ အိမ္ကြင္းပဲဆိုၿပီး ေလွ်ာ့တြက္တာ မွားသြားခဲ့တာပါ။ ဒီပြဲဟာလည္း သူတို႔အတြက္ ၅ ပြဲေျမာက္ ႏိုင္ပြဲေပ်ာက္ခဲ့တာျဖစ္ေပမယ့္ ေရွ႕ပြဲေတြမွာ ေတာက္ပေနတဲ့ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ အာဆင္နယ္တို႔ဆီကေန တစ္မွတ္စီ ဖဲ့သြားခဲ့တာက ႀကီးမားတဲ့ အေႏွာင့္အယွက္လည္းျဖစ္ခဲ့တာပါ။ သူ႔ဘာသာသူ ဘယ္ေလာက္ႏိုင္ပြဲေပ်ာက္ဦး၊ ရႈံးပြဲမေတြ႕ဘူးဆိုရင္ ကိုယ့္ဆီက သုံးမွတ္ရခြင့္ကို လက္လႊတ္ရမယ္ဆိုတဲ့ အခ်က္ကို ေပါ့တြက္ၿပီး ကစားခဲ့ခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ လူသစ္ အမ္ဝီပူရဲ႕ Genius ကန္ခ်က္နဲ႔ ထေရာ့ဆတ္ရဲ႕ မာယာမ်ားတဲ့ ကန္ခ်က္ေတြက ဒီလိုအသင္း၊ ဒီလိုကြင္းဆီမွာ သေရရဖို႔ လုံေလာက္ခဲ့တာျဖစ္ပါတယ္။

ဖုန္းေၾကာ္ျငာလိုမ်ိဳး ၾကည့္ခဲ့ရတဲ့ ဘီဆူးမား
ဒဏ္ရာေၾကာင့္ နားေနခဲ့ရၿပီး ဒီေန႔ပြဲမွာမွ ျပန္လည္ပြဲထြက္တဲ့ ဘ႐ိုက္တန္ ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားဟာ မနားခင္ကထက္ေတာင္ ပိုေကာင္းလာသလားလို႔ မ်က္လုံးျပဴးစရာျဖစ္ခဲ့ရၿပီး သူ႔ရဲ႕ အတက္အဆင္း ထိုးေဖာက္ျဖတ္ေတာက္ကစားဟန္ေတြမွာ အိမ္ရွင္ေတြ ေတာ္ေတာ္ေလး အေျခပ်က္ခဲ့ရတာပါ။ အယ္လစ္ဆန္ ပုတ္ထုတ္တာေတာင္ တိုင္ထိခဲ့တဲ့ မာလီသားရဲ႕ ကန္ခ်က္က သူ႔ရဲ႕ အဆင့္အတန္းကို ျပသခဲ့ၿပီး ပရီးမီးယားလိဂ္ အသင္းႀကီးေတြရဲ႕ ကင္းေထာက္ေတြ တေကာက္ေကာက္လိုက္ေနတာဟာ အလကားမဟုတ္ဘူးလို႔လည္း ဆိုႏိုင္ခဲ့ပါတယ္။ လီဗာပူးလ္အသင္းကလည္း စိတ္ဝင္စားေနတဲ့ ဒီကြင္းလယ္လူရဲ႕ ဒီေန႔ေျခစြမ္းကေတာ့ တီဗီကေန ထိပ္တန္းဖုန္းတစ္လုံးရဲ႕ ေၾကာ္ျငာကို ၾကည့္ခဲ့ရသလိုပါပဲ။

ျဖစ္မွျဖစ္ရေလလို႔ သနားရတဲ့ ကီတာ
လြန္ခဲ့တဲ့ သုံးႏွစ္က RB လိုက္ပ္ဇစ္ကေန ေမွ်ာ္လင့္ခ်က္ႀကီးမားစြာနဲ႔ ယူ႐ိုသန္း ၆၀ ေပးၿပီး ေခၚယူထားခဲ့တဲ့ ၾကယ္ပြင့္ကြင္းလယ္လူဟာ ေျခစြမ္းေလးမို႔လို႔ ျပၿပီဆိုရင္ ဒဏ္ရာေတြနဲ႔ နပမ္းလုံးရတာ အစဥ္အလာလို ျဖစ္ေနခဲ့ပါၿပီ။ ေ႐ြ႕လ်ားမႈေကာင္းမြန္ၿပီး ျမန္ဆန္သြက္လက္တဲ့ ကီတာဟာ ဘယ္ေလာက္ေကာင္းသလဲဆိုတာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာလည္း သက္ေသျပခဲ့ၿပီး ဘယ္ေလာက္ႏုသလဲဆိုတာကိုလည္း တစ္ပါတည္း သက္ေသ ျပခဲ့ပါတယ္။ ဒီေန႔ပြဲမွာလည္း ပြဲခ်ိန္ ၁၉ မိနစ္အေရာက္မွာ လူစားလဲခဲ့ရျပန္ၿပီး နည္းျပ ကေလာ့ပ္အတြက္ေတာ့ ေခါင္းခဲစရာျဖစ္ခဲ့ရသလို ေျခစြမ္း ေကာင္းေပမယ့္ ျမက္ခင္းစိမ္းေတြကို ၾကာၾကာနင္းျပခြင့္မရတဲ့ ဂီနီယာသားကိုလည္း သနားစရာျဖစ္ခဲ့ရပါတယ္။

ဥေရာပအဆင့္ဆီ အစမ္းသပ္ခံတဲ့ ေပါ့တာ
ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ ေပါ့တာကေတာ့ ၿပီးခဲ့တဲ့ ရာသီေတြကလို ခံစစ္ပိတ္ကစားၿပီးမွ တိုက္စစ္ဆင္တဲ့ ပုံစံမဟုတ္ေတာ့ဘဲ အသင္းကို ရင့္က်က္တည္ၿငိမ္သင့္ၿပီလို႔ သူ႔ရဲ႕ နည္းျပအေတြ႕အႀကဳံေတြနဲ႔အတူ ၿပိဳင္တူတိုးတက္ဖို႔ ျပင္ဆင္ခဲ့ၿပီး ဘီဆူးမား၊ ထေရာ့ဆတ္နဲ႔ လူးဝစ္ ဒန႔္ခ္တို႔ရဲ႕ ပိုေကာင္းလာတဲ့ ပုံစံမွာ အမ္ဝီပူ၊ ကူကူရဲလားတို႔လို ကစားသမားေကာင္းေတြကို စုစည္းၿပီး ဥေရာပအဆင့္ကို တက္လွမ္းဖို႔ အစမ္းသပ္ခံရင္း အမ်ိဳးမ်ိဳးအဖုံဖုံ ျပင္ဆင္ေနခဲ့တာျဖစ္ပါတယ္။ ေဆာ္လီ မာ့ခ်္၊ မက္ကယ္လစၥတာတို႔လို လူငယ္ေတြရဲ႕ တိုးတက္လာမႈနဲ႔ လမ့္ပ္ေတ၊ လယ္လာနာ၊ ေမာ္ေပတို႔လို မတူညီတဲ့ ကစားသမားေတြရဲ႕ ႐ုန္းအားေတြက ဒီရာသီမွာ အနည္းဆုံးေတာ့ ယူ႐ိုပါ ကြန္ဖရင့္လိဂ္ကို ကစားႏိုင္မလားလို႔ ခန႔္မွန္းခ်က္ေတြလည္း ရွိလာေစခဲ့တာပါ။

တီကိုနဲ႔ ပြဲအႀကိဳ ေျခစြမ္းျပတဲ့ ဂိုးသြင္းသူႏွစ္ဦး
အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ ေတာင္ပံတိုက္စစ္မႉး ဆာဒီယို မာေနးတို႔ဟာ အသင္းကို ဦးေဆာင္မႈ ေပးရမယ့္သူေတြလို႔ သတ္မွတ္ခံထားရၿပီး ပြဲႀကီးတိုးတဲ့ ကစားသမားေတြဆိုတဲ့ တံဆိပ္ကပ္ခံရမႈနဲ႔အတူ အပိုတာဝန္ကိုပဲ ထမ္းပိုးထားရသူေတြျဖစ္ပါတယ္။ ဆာလားရဲ႕ ဒိုင္ခံဂိုးသြင္းတဲ့ တာဝန္ေအာက္မွာ သူတို႔ရဲ႕ အခန္းက႑က အနည္းငယ္ ေမွးမွိန္ေနခဲ့ေပမယ့္ ဒီေန႔ကေတာ့ သူတို႔ေတြရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကို ျမင္သာ ထင္သာျဖစ္ခဲ့ၿပီး အက္သလက္တီကို,ကို အန္းဖီးလ္မွာ ဧည့္ခံႏိုင္ဖို႔ဆိုရင္ သူတို႔ႏွစ္ဦးရဲ႕ တိုက္ပြဲဝင္ႏိုင္စြမ္းကို ေမွ်ာ္လင့္ရမယ့္အခ်ိန္မ်ိဳးမွာ အႀကိဳသေဘာ ဂိုးသြင္းျပခဲ့တာက ဝမ္းသာစရာပဲျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.