Match Report Serie A

အရင်အပတ်က ၄ ဂိုးသွင်းပြီး ဒီတစ်ပတ်မှာ ဂျူဗီကို ထပ်ဘုတဲ့ ဆီမီယွန်နီ့သား

ပြီးခဲ့တဲ့အပတ်က လာဇီယိုကို လေးဂိုးသွင်းယူခဲ့တဲ့ ဟဲလားစ် ဗီရိုနာတိုက်စစ်မှူး ဂျိုဗန်နီ ဆီမီယွန်နီကတော့ ဒီတစ်ပတ်မှာလည်း အသင်းကြီး နောက်တစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ တွေ့ဆုံမှုမှာ နှစ်ဂိုးသွင်းယူပြီး တစ်သက်လုံး မလှန်နိုင်ခဲ့တဲ့ စီးရီးအေဘီလူးကြီးကို နောက်ကောက်ကျစေဖို့ စွမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

လာဇီယိုကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိတုန်းက အသင်းအတွက် တစ်ဦးတည်း လေးဂိုးသွင်းပြီး ဟက်ထရစ်ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဂျိုဗန်နီဟာ သူ့ဖခင် ဒီယေဂို ဆီမီယွန်နီရဲ့ အသင်းမှာ ကစားနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေကိုလည်း ချေဖျက်နေပြီး အာဂျင်တီးနား ယူ-၂၁ တုန်းက တွဲဖက် အန်ဟဲလ် ကော်ရီးယားလို ကစားသမားမျိုးကို အက်သလက်တီကိုဆီ ရွေးချယ်ခဲ့တဲ့ လုပ်ရပ်ကို တုံ့ပြန်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

အိမ်ကွင်း မာ့ခ်အန်တိုနီယို ဘန်တီဂိုဒီမှာ ဂျူဗင်တပ်စ်ကို လက်ခံကစားခဲ့တဲ့ပွဲရဲ့ ပွဲချိန် ၁၁ မိနစ်မှာပဲ အသင်းဖော် ချက်ကွင်းလယ်လူ ဘားရက်ရဲ့ ကန်ချက်ကို ဂိုးသမား ရှချက်စနီ ပုတ်ထုတ်လို့ ပြန်ထွက်လာတာကို နောက်ကနေ လိုက်ပါတဲ့ ဂျိုဗန်နီက လွတ်လွတ်ကျွတ်ကျွတ် အနီးကပ်ပိတ်သွင်းပြီး အဖွင့်ဂိုးကို ရယူပေးခဲ့တာပါ။

ပွဲချိန် ၁၄ မိနစ်မှာလည်း သူကပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီး လာဇိုဗစ်ချ် ပေးတဲ့ ဘောလုံးကို လက်ခံထားစဉ်မှာ အသင်းဖော်တွေရဲ့ အသီးသီး ပြေးဝင်နေရာယူမှုတွေကြောင့် နေရာလွတ်ရသွားတဲ့ ဆီမီယွန်နီအနေနဲ့ ဂိုးဧရိယာထိပ်ကနေ ဂျူဗင်တပ်စ်ဂိုးသမား ရှချက်စနီရဲ့ အဝေးတိုင် အပေါ်ထောင့်ကို ဝေ့ဝိုက်ကန်ချက်နဲ့ သွင်းယူခဲ့ပြီး အသင်းအတွက် နိုင်ပွဲရဖို့ ဦးတည်စေခဲ့ပါတယ်။

ဒီပွဲမှာ ဗီရိုနာတို့အနေနဲ့ ဒုတိယပိုင်း ပွဲချိန် မိနစ် ၈၀ မှာ လူစားဝင်ကွင်းလယ်လူ ဝက်စ်တန် မက်ကင်နီရဲ့ ချေပဂိုးတစ်ဂိုးကိုသာ ရယူနိုင်ခဲ့တဲ့အတွက် စီးရီးအေမှာ လေးပွဲမြောက်ရှုံးပွဲကို ပိုင်ဆိုင်သွားခဲ့တာလည်းဖြစ်ပြီး သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့မှ မကိုက်ညီအောင် ၁၁ ပွဲမှာ ၁၅ မှတ်သာ စုဆောင်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အနိုင်ရရှိခဲ့တဲ့ အိမ်ရှင် ဗီရိုနာတို့အနေနဲ့ ဂျူဗင်တပ်စ်အသင်းရဲ့အထက် အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အိုးလ်လေဒီတွေရဲ့ နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ နည်းပြ အီဂေါ် တူဒေါ်အနေနဲ့ အသင်းဟောင်းကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တာဖြစ်သလို ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အသင်းကို ဆွဲတင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျိုဗန်နီ ဆီမီယွန်နီကတော့ အသက် ၂၆ နှစ်အရွယ် ရှိလာခဲ့ချိန်မှာ အာဂျင်တီးနားသားတွေရဲ့ ပါရမီနဲ့ ဘောလုံးစွမ်းရည်ကို ရင့်ကျက်တည်ငြိမ်မှုနဲ့အတူ ပြသနိုင်ခဲ့ပြီး ဒီရာသီ စီးရီးအေမှာ ၉ ပွဲကစားအပြီးမှာ ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းနဲ့ ပွဲစဉ်ကတော့ ဘိုနူချီနဲ့ ခေးလီနီတို့ဆီမှာ သူ့ရဲ့ အရည်အသွေးကို မှတ်ကျောက်တင်နိုင်ခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့အပတ္က လာဇီယိုကို ေလးဂိုးသြင္းယူခဲ့တဲ့ ဟဲလားစ္ ဗီ႐ိုနာတိုက္စစ္မႉး ဂ်ိဳဗန္နီ ဆီမီယြန္နီကေတာ့ ဒီတစ္ပတ္မွာလည္း အသင္းႀကီး ေနာက္တစ္သင္းျဖစ္တဲ့ ဂ်ဴဗင္တပ္စ္နဲ႔ ေတြ႕ဆုံမႈမွာ ႏွစ္ဂိုးသြင္းယူၿပီး တစ္သက္လုံး မလွန္ႏိုင္ခဲ့တဲ့ စီးရီးေအဘီလူးႀကီးကို ေနာက္ေကာက္က်ေစဖို႔ စြမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

လာဇီယိုကို ေလးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိတုန္းက အသင္းအတြက္ တစ္ဦးတည္း ေလးဂိုးသြင္းၿပီး ဟက္ထရစ္ကို ပိုင္ဆိုင္ႏိုင္ခဲ့တဲ့ ဂ်ိဳဗန္နီဟာ သူ႔ဖခင္ ဒီေယဂို ဆီမီယြန္နီရဲ႕ အသင္းမွာ ကစားႏိုင္မွာ မဟုတ္ဘူးဆိုတဲ့ ေဝဖန္မႈေတြကိုလည္း ေခ်ဖ်က္ေနၿပီး အာဂ်င္တီးနား ယူ-၂၁ တုန္းက တြဲဖက္ အန္ဟဲလ္ ေကာ္ရီးယားလို ကစားသမားမ်ိဳးကို အက္သလက္တီကိုဆီ ေ႐ြးခ်ယ္ခဲ့တဲ့ လုပ္ရပ္ကို တုံ႔ျပန္ဖို႔ ႀကိဳးစားေနတာလည္းျဖစ္ပါတယ္။

အိမ္ကြင္း မာ့ခ္အန္တိုနီယို ဘန္တီဂိုဒီမွာ ဂ်ဴဗင္တပ္စ္ကို လက္ခံကစားခဲ့တဲ့ပြဲရဲ႕ ပြဲခ်ိန္ ၁၁ မိနစ္မွာပဲ အသင္းေဖာ္ ခ်က္ကြင္းလယ္လူ ဘားရက္ရဲ႕ ကန္ခ်က္ကို ဂိုးသမား ရွခ်က္စနီ ပုတ္ထုတ္လို႔ ျပန္ထြက္လာတာကို ေနာက္ကေန လိုက္ပါတဲ့ ဂ်ိဳဗန္နီက လြတ္လြတ္ကြၽတ္ကြၽတ္ အနီးကပ္ပိတ္သြင္းၿပီး အဖြင့္ဂိုးကို ရယူေပးခဲ့တာပါ။

ပြဲခ်ိန္ ၁၄ မိနစ္မွာလည္း သူကပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူေပးႏိုင္ခဲ့ၿပီး လာဇိုဗစ္ခ်္ ေပးတဲ့ ေဘာလုံးကို လက္ခံထားစဥ္မွာ အသင္းေဖာ္ေတြရဲ႕ အသီးသီး ေျပးဝင္ေနရာယူမႈေတြေၾကာင့္ ေနရာလြတ္ရသြားတဲ့ ဆီမီယြန္နီအေနနဲ႔ ဂိုးဧရိယာထိပ္ကေန ဂ်ဴဗင္တပ္စ္ဂိုးသမား ရွခ်က္စနီရဲ႕ အေဝးတိုင္ အေပၚေထာင့္ကို ေဝ့ဝိုက္ကန္ခ်က္နဲ႔ သြင္းယူခဲ့ၿပီး အသင္းအတြက္ ႏိုင္ပြဲရဖို႔ ဦးတည္ေစခဲ့ပါတယ္။

ဒီပြဲမွာ ဗီ႐ိုနာတို႔အေနနဲ႔ ဒုတိယပိုင္း ပြဲခ်ိန္ မိနစ္ ၈၀ မွာ လူစားဝင္ကြင္းလယ္လူ ဝက္စ္တန္ မက္ကင္နီရဲ႕ ေခ်ပဂိုးတစ္ဂိုးကိုသာ ရယူႏိုင္ခဲ့တဲ့အတြက္ စီးရီးေအမွာ ေလးပြဲေျမာက္ရႈံးပြဲကို ပိုင္ဆိုင္သြားခဲ့တာလည္းျဖစ္ၿပီး သူတို႔ရဲ႕ ဂုဏ္သိကၡာနဲ႔မွ မကိုက္ညီေအာင္ ၁၁ ပြဲမွာ ၁၅ မွတ္သာ စုေဆာင္းထားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အႏိုင္ရရွိခဲ့တဲ့ အိမ္ရွင္ ဗီ႐ိုနာတို႔အေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းရဲ႕အထက္ အဆင့္ ၇ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး အိုးလ္ေလဒီေတြရဲ႕ ေနာက္ခံလူေဟာင္းတစ္ဦးျဖစ္သူ နည္းျပ အီေဂၚ တူေဒၚအေနနဲ႔ အသင္းေဟာင္းကို အေကာင္းဆုံး တုံ႔ျပန္ႏိုင္ခဲ့တာျဖစ္သလို ရမွတ္တူ ဂိုးကြာျခားခ်က္အသာနဲ႔ အသင္းကို ဆြဲတင္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ိဳဗန္နီ ဆီမီယြန္နီကေတာ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ရွိလာခဲ့ခ်ိန္မွာ အာဂ်င္တီးနားသားေတြရဲ႕ ပါရမီနဲ႔ ေဘာလုံးစြမ္းရည္ကို ရင့္က်က္တည္ၿငိမ္မႈနဲ႔အတူ ျပသႏိုင္ခဲ့ၿပီး ဒီရာသီ စီးရီးေအမွာ ၉ ပြဲကစားအၿပီးမွာ ၈ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ပြဲစဥ္ကေတာ့ ဘိုႏူခ်ီနဲ႔ ေခးလီနီတို႔ဆီမွာ သူ႔ရဲ႕ အရည္အေသြးကို မွတ္ေက်ာက္တင္ႏိုင္ခဲ့တဲ့ပြဲလည္း ျဖစ္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.