Other Leagues Premier League Transfer News

ဇင္းနစ္တုိက္စစ္မွဴးအတြက္ အသင္းေဖာ္ေဟာင္းဆီ စုံစမ္းခဲ့တဲ့ အာတီတာ

႐ုရွားပရီးမီးယားလိဂ္ရဲ႕ အင္အားႀကီးကလပ္အသင္းတစ္သင္းျဖစ္တဲ့ ဇင္းနစ္ စိန္႔ပီတာစ္ဘတ္အသင္းရဲ႕ ေရွ႕တန္းလူ ဆာဒါ အက္ဇ္မြန္ကို ေခၚယူဖို႔ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ကစားေဖာ္ေဟာင္း အင္ဒရီ အာရွာဗင္ကတစ္ဆင့္ ခ်ိတ္ဆက္စုံစမ္းေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္ကစားသမားေဟာင္း အာရွာဗင္ဟာ ကစားသမားဘဝကေန အနားယူခဲ့ၿပီးေနာက္ပုိင္း သူ႕ရဲ႕အသင္းေဟာင္း ဇင္းနစ္ရဲ႕ အေျပာင္းအေရႊ႕ေဆာင္ရြက္မွဳ ေကာ္မတီမွာ အဖြဲ႕ဝင္တစ္ဦးအျဖစ္ေဆာင္ရြက္ေနၿပီး စပိန္သားနည္းျပအေနနဲ႔ သူ႕ကို ဆက္သြယ္ခဲ့သလို တုိက္စစ္မွဴး အက္ဇ္မြန္နဲ႔ ပတ္သက္ၿပီးလည္း ေဆြးေႏြးျဖစ္ခဲ့တယ္လို႔ ဆုိပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အီရန္တုိက္စစ္မွဴးဟာ ျပည္တြင္းကလပ္ ဆီပါဟန္ကေန ႐ုရွားေျမကို ႐ူဘင္ကာဇန္အသင္းဆီ စတင္ေျခခ်ခဲ့သူျဖစ္ၿပီး ၂၀၁၈-၁၉ ရာသီမွာေတာ့ ဇင္းနစ္ဆီ ယူ႐ို ၁၂ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ေနာက္ လက္ရွိအခ်ိန္အထိ အသင္းအတြက္ ၄၅ ပြဲမွာ ၂၆ ဂိုး သြင္းယူထားႏိုင္ခဲ့ပါတယ္။

အီရန္ကစားသမားေတြထဲက လက္ရွိအခ်ိန္အထိ ဘ႐ိုက္တန္ရဲ႕ ေပါင္ ၁၇ သန္းတန္ အလီရီဇာ ဂ်ာဟန္ဘက္ရွ္ေနာက္ ဒုတိယအမ်ားဆုံး ေျပာင္းေရႊ႕ေၾကးရွင္ အက္ဇ္မြန္ကို အာဆင္နယ္အသင္းအျပင္ ဝက္စ္ဟမ္းနဲ႔ လက္စတာတို႔ကပါ စိတ္ဝင္စားေနၾကၿပီး အာတီတာကေတာ့ အူဘာမီယန္းနဲ႔ လာကာဇက္တို႔ ထြက္ခြာသြားခ်ိန္မွာ အစားထိုးဖို႔ ရည္ရြယ္ေနတာလည္းျဖစ္ပါတယ္။

အက္ဇ္မြန္ကို မီဒီယာေတြက အီရန္မက္ဆီလို႔လည္း ခ်ီးက်ဴးထားၾကၿပီး သူ႕ရဲ႕ တုိက္စစ္ျမားဦးနဲ႔ တုိက္စစ္မွဴးေနာက္ေနရာေတြမွာ ကစားေပးႏုိင္တဲ့ အသုံးဝင္မွဳေတြအတြက္ စိတ္ဝင္စားေနတဲ့အသင္းေတြ မ်ားျပားေနၿပီး ဇင္းနစ္အသင္းကေတာ့ သူ႕အတြက္ ေပါင္ ၂၂.၅ သန္း ရရွိမွ ေရာင္းခ်သြားမယ္လို႔ ေၾကျငာထားတယ္လုိ႔လည္း သိရွိရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရုရှားပရီးမီးယားလိဂ်ရဲ့ အင်အားကြီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဇင်းနစ် စိန့်ပီတာစ်ဘတ်အသင်းရဲ့ ရှေ့တန်းလူ ဆာဒါ အက်ဇ်မွန်ကို ခေါ်ယူဖို့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ကစားဖော်ဟောင်း အင်ဒရီ အာရှာဗင်ကတစ်ဆင့် ချိတ်ဆက်စုံစမ်းနေတယ်လို့ သိရပါတယ်။

အာဆင်နယ်ကစားသမားဟောင်း အာရှာဗင်ဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက်ပိုင်း သူ့ရဲ့အသင်းဟောင်း ဇင်းနစ်ရဲ့ အပြောင်းအရွှေ့ဆောင်ရွက်မှု ကော်မတီမှာ အဖွဲ့ဝင်တစ်ဦးအဖြစ်ဆောင်ရွက်နေပြီး စပိန်သားနည်းပြအနေနဲ့ သူ့ကို ဆက်သွယ်ခဲ့သလို တိုက်စစ်မှူး အက်ဇ်မွန်နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီရန်တိုက်စစ်မှူးဟာ ပြည်တွင်းကလပ် ဆီပါဟန်ကနေ ရုရှားမြေကို ရူဘင်ကာဇန်အသင်းဆီ စတင်ခြေချခဲ့သူဖြစ်ပြီး ၂၀၁၈-၁၉ ရာသီမှာတော့ ဇင်းနစ်ဆီ ယူရို ၁၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့နောက် လက်ရှိအချိန်အထိ အသင်းအတွက် ၄၅ ပွဲမှာ ၂၆ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

အီရန်ကစားသမားတွေထဲက လက်ရှိအချိန်အထိ ဘရိုက်တန်ရဲ့ ပေါင် ၁၇ သန်းတန် အလီရီဇာ ဂျာဟန်ဘက်ရှ်နောက် ဒုတိယအများဆုံး ပြောင်းရွှေ့ကြေးရှင် အက်ဇ်မွန်ကို အာဆင်နယ်အသင်းအပြင် ဝက်စ်ဟမ်းနဲ့ လက်စတာတို့ကပါ စိတ်ဝင်စားနေကြပြီး အာတီတာကတော့ အူဘာမီယန်းနဲ့ လာကာဇက်တို့ ထွက်ခွာသွားချိန်မှာ အစားထိုးဖို့ ရည်ရွယ်နေတာလည်းဖြစ်ပါတယ်။

အက်ဇ်မွန်ကို မီဒီယာတွေက အီရန်မက်ဆီလို့လည်း ချီးကျူးထားကြပြီး သူ့ရဲ့ တိုက်စစ်မြားဦးနဲ့ တိုက်စစ်မှူးနောက်နေရာတွေမှာ ကစားပေးနိုင်တဲ့ အသုံးဝင်မှုတွေအတွက် စိတ်ဝင်စားနေတဲ့အသင်းတွေ များပြားနေပြီး ဇင်းနစ်အသင်းကတော့ သူ့အတွက် ပေါင် ၂၂.၅ သန်း ရရှိမှ ရောင်းချသွားမယ်လို့ ကြေငြာထားတယ်လို့လည်း သိရှိရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.