Analysis Premier League

တူဟယ်လ်ရဲ့ ရှယ်လူစားလဲမှုတွေနဲ့ နယူးကာဆယ်လ် 0-3 ချဲလ်ဆီးပွဲအပြီး ပြောစရာ 7 ချက်

တိုက်စစ်မှူး မဟုတ်ဘူး၊ ထောင်ချောက်
ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ လူကာကူးနဲ့ တီမို ဗာနာတို့ ဒဏ်ရာရရှိခဲ့အပြီးမှာ လက်ရှိသုံးစွဲနေတဲ့ နည်းပြ တူဟယ်လ်ရဲ့ ဗျူဟာတွေမှာ ဟာဗတ်ဇ်တို့အဖွဲ့က ဂိုးသွင်းဖို့ ထည့်ထားတာရော ဟုတ်ရဲ့လားလို့ မေးချင်စရာဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲစလုံးမှာ ဟာဗတ်ဇ်အနေနဲ့ ဂိုးမသွင်းနိုင်ခဲ့သလို သူ့ရဲ့ အဓိက တာဝန်က ရွေ့လျားဖို့၊ နေရာလွတ်တွေ ရှာဖွေဖို့နဲ့ တစ်ဖက်နောက်ခံလူတွေကို အာရုံလွှဲဖို့ Decoy ပုံစံ ထောင်ချောက်တစ်ခု ဖြစ်နေခဲ့ချိန်မှာ တခြားကစားသမားတွေက ဂိုးတွေ သွင်းယူနေကြတာပါ။ လူကာကူးတို့ မရှိတာက တူဟယ်လ်အတွက်တော့ ပြဿနာ မဟုတ်ဘဲ အားသာချက်လိုတောင် ဖြစ်နေသေးတယ်လို့ ဆိုရတော့မလိုပါပဲ။

ပင်နယ်တီ ၁၀ လုံး ဆက်တိုက်သွင်းတဲ့ ဂျော်ဂျင်ညို
ဘယ်လွန်ဒေါဆုအတွက် ပြိုင်ဆိုင်နေတဲ့ ချဲလ်ဆီးကွင်းလယ်လူကတော့ အကောင်းဆုံးပုံစံကို ပြသနေခဲ့ပြီး ဒီဆုနဲ့ ထိုက်တန်ကြောင်းကိုလည်း အသင်းကို အမြဲတမ်း ချီးကျူးနိုင်တဲ့ ခြေစွမ်းတွေနဲ့ မောင်းနှင်ပေးနေတာပါ။ ပွဲချိန် ၈၁ မိနစ်မှာ ပင်နယ်တီ ရရှိခဲ့ချိန်မှာတော့ မခုန်ဘဲနဲ့လည်း ကန်တတ်ကြောင်း ပြသသွားခဲ့ပြီး ဂိုးသမား ဒါလိုးကို လှမ်းမှားကို ပို့ပေးခဲ့သလို ဂိုးပေါက်အလယ်ကို အပြင်းကန်သွင်းပြီး အဆုံးသတ်နိုင်ခဲ့တာက သူ့ရဲ့ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးလည်းဖြစ်ခဲ့တာပါ။ ဒီဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ၂၉ နှစ်သားအတွက်တော့ သူ့ရဲ့ ပရီးမီးယားလိဂ်မှာ သွင်းယူခဲ့တဲ့ နောက်ဆုံး ပင်နယ်တီ ၁၀ လုံးဆက်တိုက် ဝင်အောင် ကန်နိုင်ခဲ့တာလည်းဖြစ်ပြီး မှတ်တမ်းကောင်းကိုလည်း ရရှိသွားခဲ့ပါတယ်။

နိုင်ပွဲရှာဖွေပေးတဲ့ ရီးစ် ဂျိမ်းစ်
ဒီနေ့ပွဲမှာတော့ ညာတောင်ပံမှာ Wing Back အဖြစ် ကစားခဲ့တဲ့ ရီးစ်ဂျိမ်းစ်ရဲ့ အဆုံးသတ်ပိုင်းတွေက ရဲရင့်ထက်မြက်လွန်းနေခဲ့တာပါ။ ပွဲချိန် ၆၅ မိနစ်နဲ့ ၇၇ မိနစ်တွေမှာ ပြင်းထန်အားပါတဲ့ ကန်ချက်တွေနဲ့ နှစ်ဂိုးသွင်းယူခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ နော့ဝစ်ချ်နဲ့ပွဲမှာလည်း တစ်ဂိုးသွင်းယူခဲ့ပြီး နှစ်ပွဲဆက်တိုက် တောက်ပနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးတွေ မပါချိန်မှာ Wing Back တွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးပါသလဲ ဆိုတာကို ပြသဖို့ နိုင်ပွဲမှာ လုံလောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သလို အသင်းအတွက် ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု ၇ ကြိမ်နဲ့ ချဲလ်ဆီးအသင်းသားတွေကြား အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

ဘရာဇီးလ်သားတွေကို ကျော်တက်တဲ့ မန်ဒီ
အသင်းရဲ့ ဂိုးပေါက်မှာ ရေဘဝဲကြီးလို့ နာမည်ရထားတဲ့ မန်ဒီဟာ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားပြီးချိန်မှာ ၉ ပွဲ ပါဝင်ခဲ့ပြီး ဒီနေ့မှာ ၆ ပွဲမြောက် Clean Sheet ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာ လီဗာပူးလ်ရဲ့ အယ်လစ်ဆန်၊ မန်စီးတီးရဲ့ အီဒါဆန်တို့နဲ့ ၅ ပွဲချင်း တူညီနေခဲ့တဲ့ ဆီနီဂေါသားကြီးဟာ ဘရာဇီးလ်သားတွေ နှစ်ဂိုးစီ ပေးခဲ့ရတဲ့ ရက်သတ္တပတ်မှာ တစ်ဂိုးမှ မပေးရဘဲ ရွှေလက်အိတ်ဆုအတွက် တန်းစီဇယားမှာ ထိပ်ဆုံးကို ရောက်လာခဲ့တာပါ။ မန်ဒီအနေနဲ့ သူ့ရဲ့ ဂိုးပေါက်ကို ရောက်လာသမျှ ကန်ချက်တွေရဲ့ ၈၉.၇ ရာခိုင်နှုန်းကို ကာကွယ်ပြီး အမြင့်ဆုံး အနေအထားမှာလည်း ရှိနေခဲ့သလို ဒီရာသီမှာ ကာကွယ်မှု ၂၇ ကြိမ် ပြုလုပ်ခဲ့ပြီးလည်းဖြစ်ပါတယ်။

အခွင့်အရေးမပေးဘဲ ထိန်းချုပ်သွားတဲ့ ချဲလ်ဆီးခံစစ်
ချဲလ်ဆီးတို့အနေနဲ့ ဒီနေ့မှာ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းအထိ ရယူသွားခဲ့သလို ခံစစ်ကလည်း နယူးကာဆယ်လ်တို့ကို ဂိုးပေါက် တစ်ကြိမ်မှ မတည့်အောင် စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။ နယူးကာဆယ်လ်တို့အနေနဲ့ ချဲလ်ဆီးအသင်းကို ထိုးဖောက်နိုင်ခဲ့တယ်ဆိုရင် ဒါတွေအားလုံးက တည်ကန်ဘောတွေကနေ ခေါင်းတိုက်ခွင့်တချို့ ရခဲ့တာပဲဖြစ်ပြီး မြေပြင်အခြေအနေကို တည်ငြိမ်အောင် တူဟယ်လ်ရဲ့ လူတွေက ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်သန်တဲ့ Wing Back တွေဖြစ်ကြတဲ့ ချေးလ်ဝဲလ်နဲ့ ရီးစ်ဂျိမ်းစ်တို့ရဲ့ ရှေ့တက်ပုံနဲ့ဆိုရင် အသင်းအနေနဲ့ ကောင်တာတွေကနေ ထိုးဖောက်ခံရနိုင်မှု အန္တရာယ်ကြီးမားနိုင်ပေမယ့် ဒီကွက်လပ်တွေကို ဂျော်ဂျင်ညိုနဲ့ ကွန်တေတို့က အကွက်မြင်မြင် ဖြည့်ဆည်းပေးပြီး အမှားအယွင်း နည်းပါးတဲ့ ခံစစ်မှူးသုံးယောက်နဲ့ ပေါင်းစပ်မှုကတော့ ချန်ပီယံခြေစွမ်းလို့လည်း ဆိုရတော့မှာပါ။

တူဟယ်လ်ကို ချီးကျူးရမယ့် လူစားလဲမှုတွေ
ဒီနေ့ပွဲမှာ အလုပ်မဖြစ်ခဲ့တဲ့ ဇီးယက်ရှ်နဲ့ ကွင်းလယ်မှာ တစ်ဝါထိပြီး တိုင်ပတ်နေတဲ့ ကွန်တေတို့ကို ပွဲချိန် ၆၄ မိနစ်မှာ ဆွဲထုတ်ရဲခဲ့တဲ့ တူဟယ်လ်ရဲ့ ခပ်ကြမ်းကြမ်း ဆုံးဖြတ်ချက်ကတော့ နိုင်ပွဲရဖို့အတွက်ပါ အလုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘာကလီနဲ့ လော့ဖ်တပ်စ်ချိခ်တို့ဟာ ကွင်းလယ်ကို မတူညီတဲ့ အမြင်သစ်မျိုး ပေးစွမ်းပြီး တစ်ဦးက ကွင်းလယ်မှာ အားကောင်းကောင်းနဲ့ ကစားချိန်မှာ တစ်ဦးက Final Third မှာ ဘောလုံးဖြန့်ဝေမှုတွေကို တာဝန်ခံနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၅ မိနစ်ကစပြီး ချဲလ်ဆီးတို့ရဲ့ တစ်ဖက်ဂိုးဧရိယာထဲ ဝင်ရောက်နှုန်းက ပိုမိုမြင့်မားလာပြီး လူစားဝင်ကစားသမားနှစ်ဦးလုံးဟာ အသင်းရဲ့ သွင်းဂိုးနှစ်ဂိုးမှာ ပါဝင်ပတ်သက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒဏ်ရာတွေနဲ့တောင် ကြွားနိုင်သေးတဲ့ လူစာရင်း
လူကာကူး၊ တီမို ဗာနာ၊ ပူလီရှစ်ချ်၊ ကိုဗာချစ်၊ အက်ဇ်ပီလီကွေတာတို့ကို မသုံးစွဲနိုင်သေးအောင် ဒဏ်ရာတွေနဲ့ ကြုံထားရတဲ့ ချဲလ်ဆီးတို့အနေနဲ့ ဒီနေ့ပွဲမတိုင်ခင်မှာ မေဆန်မောင့်ကိုလည်း ပြန်လာဖို့ မမီနိုင်သေးတဲ့ အဖျားဝေဒနာနဲ့ ဆုံးရှုံးထားခဲ့ရတာပါ။ ဒါပေမယ့် ဒါက သူတို့ရဲ့ နိုင်ပွဲအတွက် ထူးထူးခြားခြား မထိခိုက်ခဲ့ဘူးလို့ ဆိုရမှာပဲဖြစ်ပြီး နည်းပြ တူဟယ်လ်အနေနဲ့ သူထည့်လိုက်တဲ့ ဇီးယက်ရှ်က သုံးစားမရတာတောင် အပြောင်းအလဲအတွက် ဘာကလီ၊ လော့ဖ်တပ်စ်ချိခ်၊ ဆာအူးလ်၊ အလွန်ဆိုတို့လို ကစားသမားတွေ ကျန်ရှိနေခဲ့သေးတာပါ။ တစ်ဦးချင်းဆိုရင် မန်ချက်စတာစီးတီးရဲ့ လူစာရင်းက ပိုမိုသာလွန်ကောင်းသာလွန်နိုင်ပေမယ့် တစ်ယောက်နေရာကို တစ်ယောက် ပျမ်းမျှ အစားထိုးနိုင်စွမ်းအရဆိုရင်တော့ ချဲလ်ဆီးလူစာရင်းက နက်ရှိုင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပဲဖြစ်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တိုက္စစ္မႉး မဟုတ္ဘူး၊ ေထာင္ေခ်ာက္
ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ လူကာကူးနဲ႔ တီမို ဗာနာတို႔ ဒဏ္ရာရရွိခဲ့အၿပီးမွာ လက္ရွိသုံးစြဲေနတဲ့ နည္းျပ တူဟယ္လ္ရဲ႕ ဗ်ဴဟာေတြမွာ ဟာဗတ္ဇ္တို႔အဖြဲ႕က ဂိုးသြင္းဖို႔ ထည့္ထားတာေရာ ဟုတ္ရဲ႕လားလို႔ ေမးခ်င္စရာျဖစ္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ပြဲစလုံးမွာ ဟာဗတ္ဇ္အေနနဲ႔ ဂိုးမသြင္းႏိုင္ခဲ့သလို သူ႔ရဲ႕ အဓိက တာဝန္က ေ႐ြ႕လ်ားဖို႔၊ ေနရာလြတ္ေတြ ရွာေဖြဖို႔နဲ႔ တစ္ဖက္ေနာက္ခံလူေတြကို အာ႐ုံလႊဲဖို႔ Decoy ပုံစံ ေထာင္ေခ်ာက္တစ္ခု ျဖစ္ေနခဲ့ခ်ိန္မွာ တျခားကစားသမားေတြက ဂိုးေတြ သြင္းယူေနၾကတာပါ။ လူကာကူးတို႔ မရွိတာက တူဟယ္လ္အတြက္ေတာ့ ျပႆနာ မဟုတ္ဘဲ အားသာခ်က္လိုေတာင္ ျဖစ္ေနေသးတယ္လို႔ ဆိုရေတာ့မလိုပါပဲ။

ပင္နယ္တီ ၁၀ လုံး ဆက္တိုက္သြင္းတဲ့ ေဂ်ာ္ဂ်င္ညိဳ
ဘယ္လြန္ေဒါဆုအတြက္ ၿပိဳင္ဆိုင္ေနတဲ့ ခ်ဲလ္ဆီးကြင္းလယ္လူကေတာ့ အေကာင္းဆုံးပုံစံကို ျပသေနခဲ့ၿပီး ဒီဆုနဲ႔ ထိုက္တန္ေၾကာင္းကိုလည္း အသင္းကို အၿမဲတမ္း ခ်ီးက်ဴးႏိုင္တဲ့ ေျခစြမ္းေတြနဲ႔ ေမာင္းႏွင္ေပးေနတာပါ။ ပြဲခ်ိန္ ၈၁ မိနစ္မွာ ပင္နယ္တီ ရရွိခဲ့ခ်ိန္မွာေတာ့ မခုန္ဘဲနဲ႔လည္း ကန္တတ္ေၾကာင္း ျပသသြားခဲ့ၿပီး ဂိုးသမား ဒါလိုးကို လွမ္းမွားကို ပို႔ေပးခဲ့သလို ဂိုးေပါက္အလယ္ကို အျပင္းကန္သြင္းၿပီး အဆုံးသတ္ႏိုင္ခဲ့တာက သူ႔ရဲ႕ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးလည္းျဖစ္ခဲ့တာပါ။ ဒီဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ ၂၉ ႏွစ္သားအတြက္ေတာ့ သူ႔ရဲ႕ ပရီးမီးယားလိဂ္မွာ သြင္းယူခဲ့တဲ့ ေနာက္ဆုံး ပင္နယ္တီ ၁၀ လုံးဆက္တိုက္ ဝင္ေအာင္ ကန္ႏိုင္ခဲ့တာလည္းျဖစ္ၿပီး မွတ္တမ္းေကာင္းကိုလည္း ရရွိသြားခဲ့ပါတယ္။

ႏိုင္ပြဲရွာေဖြေပးတဲ့ ရီးစ္ ဂ်ိမ္းစ္
ဒီေန႔ပြဲမွာေတာ့ ညာေတာင္ပံမွာ Wing Back အျဖစ္ ကစားခဲ့တဲ့ ရီးစ္ဂ်ိမ္းစ္ရဲ႕ အဆုံးသတ္ပိုင္းေတြက ရဲရင့္ထက္ျမက္လြန္းေနခဲ့တာပါ။ ပြဲခ်ိန္ ၆၅ မိနစ္နဲ႔ ၇၇ မိနစ္ေတြမွာ ျပင္းထန္အားပါတဲ့ ကန္ခ်က္ေတြနဲ႔ ႏွစ္ဂိုးသြင္းယူခဲ့တဲ့ အဂၤလန္လက္ေ႐ြးစင္ဟာ ၿပီးခဲ့တဲ့ ေနာ့ဝစ္ခ်္နဲ႔ပြဲမွာလည္း တစ္ဂိုးသြင္းယူခဲ့ၿပီး ႏွစ္ပြဲဆက္တိုက္ ေတာက္ပႏိုင္ခဲ့ပါတယ္။ တိုက္စစ္မႉးေတြ မပါခ်ိန္မွာ Wing Back ေတြရဲ႕ အခန္းက႑ ဘယ္ေလာက္အေရးပါသလဲ ဆိုတာကို ျပသဖို႔ ႏိုင္ပြဲမွာ လုံေလာက္တဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့သလို အသင္းအတြက္ ပရီးမီးယားလိဂ္မွာ ဂိုးပါဝင္ပတ္သက္မႈ ၇ ႀကိမ္နဲ႔ ခ်ဲလ္ဆီးအသင္းသားေတြၾကား အမ်ားဆုံးလည္း ျဖစ္ခဲ့ပါတယ္။

ဘရာဇီးလ္သားေတြကို ေက်ာ္တက္တဲ့ မန္ဒီ
အသင္းရဲ႕ ဂိုးေပါက္မွာ ေရဘဝဲႀကီးလို႔ နာမည္ရထားတဲ့ မန္ဒီဟာ ခ်ဲလ္ဆီးရဲ႕ ပရီးမီးယားလိဂ္ ၁၀ ပြဲ ကစားၿပီးခ်ိန္မွာ ၉ ပြဲ ပါဝင္ခဲ့ၿပီး ဒီေန႔မွာ ၆ ပြဲေျမာက္ Clean Sheet ကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီပြဲမတိုင္ခင္မွာ လီဗာပူးလ္ရဲ႕ အယ္လစ္ဆန္၊ မန္စီးတီးရဲ႕ အီဒါဆန္တို႔နဲ႔ ၅ ပြဲခ်င္း တူညီေနခဲ့တဲ့ ဆီနီေဂါသားႀကီးဟာ ဘရာဇီးလ္သားေတြ ႏွစ္ဂိုးစီ ေပးခဲ့ရတဲ့ ရက္သတၱပတ္မွာ တစ္ဂိုးမွ မေပးရဘဲ ေ႐ႊလက္အိတ္ဆုအတြက္ တန္းစီဇယားမွာ ထိပ္ဆုံးကို ေရာက္လာခဲ့တာပါ။ မန္ဒီအေနနဲ႔ သူ႔ရဲ႕ ဂိုးေပါက္ကို ေရာက္လာသမွ် ကန္ခ်က္ေတြရဲ႕ ၈၉.၇ ရာခိုင္ႏႈန္းကို ကာကြယ္ၿပီး အျမင့္ဆုံး အေနအထားမွာလည္း ရွိေနခဲ့သလို ဒီရာသီမွာ ကာကြယ္မႈ ၂၇ ႀကိမ္ ျပဳလုပ္ခဲ့ၿပီးလည္းျဖစ္ပါတယ္။

အခြင့္အေရးမေပးဘဲ ထိန္းခ်ဳပ္သြားတဲ့ ခ်ဲလ္ဆီးခံစစ္
ခ်ဲလ္ဆီးတို႔အေနနဲ႔ ဒီေန႔မွာ ေဘာလုံးပိုင္ဆိုင္မႈ ၈၀ ရာခိုင္ႏႈန္းအထိ ရယူသြားခဲ့သလို ခံစစ္ကလည္း နယူးကာဆယ္လ္တို႔ကို ဂိုးေပါက္ တစ္ႀကိမ္မွ မတည့္ေအာင္ စြမ္းေဆာင္သြားႏိုင္ခဲ့ပါတယ္။ နယူးကာဆယ္လ္တို႔အေနနဲ႔ ခ်ဲလ္ဆီးအသင္းကို ထိုးေဖာက္ႏိုင္ခဲ့တယ္ဆိုရင္ ဒါေတြအားလုံးက တည္ကန္ေဘာေတြကေန ေခါင္းတိုက္ခြင့္တခ်ိဳ႕ ရခဲ့တာပဲျဖစ္ၿပီး ေျမျပင္အေျခအေနကို တည္ၿငိမ္ေအာင္ တူဟယ္လ္ရဲ႕ လူေတြက ထိန္းခ်ဳပ္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ တိုက္စစ္သန္တဲ့ Wing Back ေတြျဖစ္ၾကတဲ့ ေခ်းလ္ဝဲလ္နဲ႔ ရီးစ္ဂ်ိမ္းစ္တို႔ရဲ႕ ေရွ႕တက္ပုံနဲ႔ဆိုရင္ အသင္းအေနနဲ႔ ေကာင္တာေတြကေန ထိုးေဖာက္ခံရႏိုင္မႈ အႏၲရာယ္ႀကီးမားႏိုင္ေပမယ့္ ဒီကြက္လပ္ေတြကို ေဂ်ာ္ဂ်င္ညိဳနဲ႔ ကြန္ေတတို႔က အကြက္ျမင္ျမင္ ျဖည့္ဆည္းေပးၿပီး အမွားအယြင္း နည္းပါးတဲ့ ခံစစ္မႉးသုံးေယာက္နဲ႔ ေပါင္းစပ္မႈကေတာ့ ခ်န္ပီယံေျခစြမ္းလို႔လည္း ဆိုရေတာ့မွာပါ။

တူဟယ္လ္ကို ခ်ီးက်ဴးရမယ့္ လူစားလဲမႈေတြ
ဒီေန႔ပြဲမွာ အလုပ္မျဖစ္ခဲ့တဲ့ ဇီးယက္ရွ္နဲ႔ ကြင္းလယ္မွာ တစ္ဝါထိၿပီး တိုင္ပတ္ေနတဲ့ ကြန္ေတတို႔ကို ပြဲခ်ိန္ ၆၄ မိနစ္မွာ ဆြဲထုတ္ရဲခဲ့တဲ့ တူဟယ္လ္ရဲ႕ ခပ္ၾကမ္းၾကမ္း ဆုံးျဖတ္ခ်က္ကေတာ့ ႏိုင္ပြဲရဖို႔အတြက္ပါ အလုပ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဘာကလီနဲ႔ ေလာ့ဖ္တပ္စ္ခ်ိခ္တို႔ဟာ ကြင္းလယ္ကို မတူညီတဲ့ အျမင္သစ္မ်ိဳး ေပးစြမ္းၿပီး တစ္ဦးက ကြင္းလယ္မွာ အားေကာင္းေကာင္းနဲ႔ ကစားခ်ိန္မွာ တစ္ဦးက Final Third မွာ ေဘာလုံးျဖန႔္ေဝမႈေတြကို တာဝန္ခံႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၆၅ မိနစ္ကစၿပီး ခ်ဲလ္ဆီးတို႔ရဲ႕ တစ္ဖက္ဂိုးဧရိယာထဲ ဝင္ေရာက္ႏႈန္းက ပိုမိုျမင့္မားလာၿပီး လူစားဝင္ကစားသမားႏွစ္ဦးလုံးဟာ အသင္းရဲ႕ သြင္းဂိုးႏွစ္ဂိုးမွာ ပါဝင္ပတ္သက္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဒဏ္ရာေတြနဲ႔ေတာင္ ႂကြားႏိုင္ေသးတဲ့ လူစာရင္း
လူကာကူး၊ တီမို ဗာနာ၊ ပူလီရွစ္ခ်္၊ ကိုဗာခ်စ္၊ အက္ဇ္ပီလီေကြတာတို႔ကို မသုံးစြဲႏိုင္ေသးေအာင္ ဒဏ္ရာေတြနဲ႔ ႀကဳံထားရတဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ဒီေန႔ပြဲမတိုင္ခင္မွာ ေမဆန္ေမာင့္ကိုလည္း ျပန္လာဖို႔ မမီႏိုင္ေသးတဲ့ အဖ်ားေဝဒနာနဲ႔ ဆုံးရႈံးထားခဲ့ရတာပါ။ ဒါေပမယ့္ ဒါက သူတို႔ရဲ႕ ႏိုင္ပြဲအတြက္ ထူးထူးျခားျခား မထိခိုက္ခဲ့ဘူးလို႔ ဆိုရမွာပဲျဖစ္ၿပီး နည္းျပ တူဟယ္လ္အေနနဲ႔ သူထည့္လိုက္တဲ့ ဇီးယက္ရွ္က သုံးစားမရတာေတာင္ အေျပာင္းအလဲအတြက္ ဘာကလီ၊ ေလာ့ဖ္တပ္စ္ခ်ိခ္၊ ဆာအူးလ္၊ အလြန္ဆိုတို႔လို ကစားသမားေတြ က်န္ရွိေနခဲ့ေသးတာပါ။ တစ္ဦးခ်င္းဆိုရင္ မန္ခ်က္စတာစီးတီးရဲ႕ လူစာရင္းက ပိုမိုသာလြန္ေကာင္းသာလြန္ႏိုင္ေပမယ့္ တစ္ေယာက္ေနရာကို တစ္ေယာက္ ပ်မ္းမွ် အစားထိုးႏိုင္စြမ္းအရဆိုရင္ေတာ့ ခ်ဲလ္ဆီးလူစာရင္းက နက္ရႈိင္းေတြ ပိုင္ဆိုင္ထားတယ္လို႔ ဆိုရမွာပဲျဖစ္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.