Analysis Premier League

သက်ရှည်စပါးကို စားခဲ့တဲ့ ဆိုးလ်ရှားနဲ့ စပါးစ် 0-3 ယူနိုက်တက်ပွဲအပြီး ပြောစရာ 7 ချက်

သက်ရှည်စပါးကို စားနိုင်ခဲ့တဲ့ ဆိုးလ်ရှား
စပါးစ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရလဒ်ကောင်းတော့မယ်လို့ ပရိသတ်တချိုနဲ့ ဘောလုံးကျွမ်းကျင်သူတချို့ကတော့ ရလဒ်ဆိုးတွေ ဆက်နေပြီး ပြုတ်စော်နံလာရင် ရုန်းထွက်တတ်တဲ့ ဆိုးလ်ရှားရဲ့ အထာအရ ကြိုသိနေကြတာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း ဆိုးလ်ရှားအနေနဲ့ ခံစစ်ဦးစားပေး ကစားကွက်အဆန်းကြီးကို ထုတ်သုံးပြီး ရလဒ်ကောင်းဖို့ ပြင်ဆင်လာခဲ့ချိန်မှာ နော်ဝေသား ဘာလုပ်မယ်ဆိုတာကို ပရိသတ်တွေလိုတောင် မခန့်မှန်းနိုင်ခဲ့တဲ့ နူနိုဆန်တိုကတော့ ခွင်ထဲကို တည့်တည့်ကြီး ဝင်လာခဲ့ပြီး လွယ်ကူတဲ့ နိုင်ပွဲတစ်ပွဲကို လက်ဆောင်ပေးခဲ့တာကြောင့် နည်းပြသစ်တစ်ဦးကို မြင်ချင်နေကြသူတွေအတွက်တော့ အသက်ရှည်စပါးကို စားခဲ့မိတဲ့ ဆိုးလ်ရှားကို သည်းခံကြရဦးမှာပါ။

မှတ်တမ်းဆိုးကို ရှောင်လွှဲနိုင်ခဲ့တဲ့ ရော်နယ်လ်ဒို
ပြီးခဲ့တဲ့ တစ်ကြိမ် ယူနိုက်တက်မှာ ကစားတုန်းက ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မှတ်တမ်းဆိုးတစ်ခုက ငါးပွဲဆက် ဂိုးပေါက်ပျောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမတိုင်ခင်မှာ လေးပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့တဲ့ ပေါ်တူဂီသားကြီးအနေနဲ့ နာမည်ထပ် မပျက်ရစေဖို့ ဒီနေ့ပွဲမှာ ဂိုးသွင်းဖို့ လိုအပ်ခဲ့တာဖြစ်ပြီး ပွဲချိန် ၃၉ မိနစ်မှာတော့ အသင်းအတွက် အဖိုးတန် အဖွင့်ဂိုးကို လှလှပပ သွင်းယူပေးနိုင်ခဲ့သလို စပါးစ်နဲ့ ကစားထားခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ ၆ ဂိုးရရှိတဲ့ မှတ်တမ်းကိုလည်း ရေးထိုးနိုင်ခဲ့ပြီး အသင်းဖော် ကာဗာနီအတွက်ပါ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လူစာရင်း အပြောင်းအလဲက အသက်
ဒီနေ့ပွဲမှာ နည်းပြ ဆိုးလ်ရှားအနေနဲ့ ၃-၄-၁-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့တော့ အားလုံးအတွက်က အံ့ဩစရာတွေ ဖြစ်ကုန်တာပါ။ တချို့ ဝက်ဘ်ဆိုက်တွေရဲ့ ဖော်ပြမှုတွေမှာ ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ ဗာရွန်းကို ကွင်းလယ်အဖျက်လိုလို ဖော်ပြခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ သုံးယောက်တန်းခံစစ်ကို ပုံဖော်သွားခဲ့ပြီး ကျစ်လစ်တဲ့ ခံစစ်ကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ အမှားတွေ များပြီး ကွက်လပ်တွေ ပေးထားခဲ့တဲ့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ဟာ ဘယ်လောက်တောင် မစွံသလဲဆိုတာကိုလည်း ဗာရွန်းက ပြသွားနိုင်ခဲ့ပြီး ဒီနှစ်ယောက်ရဲ့ ကြားကနေ ကျွံလာသမျှကို ရှင်းထုတ်ပေးနိုင်ခဲ့သလို စပါးစ်တို့ရဲ့ ဆွန်ကိန်းအတွဲ ဘာမှ လုပ်မရအောင် တားဆီးပြသွားခဲ့တာဖြစ်ပါတယ်။

El Sackico မှာ ဘာတွေ ဆက်ဖြစ်မလဲ
ဒီပွဲမတိုင်ခင်မှာ မီဒီယာတွေကတော့ စပိန်လာလီဂါရဲ့ အကြီးဆုံးပွဲ El Clasico နဲ့ ယှဉ်ပြောပြီး ရှုံးတဲ့ နည်းပြ အထုတ်ခံရမယ့်ပွဲ El Sackico လို့ အမည်တပ်ခဲ့ကြတာပါ။ ဆိုးလ်ရှားကတော့ သူ့ရဲ့ အစဉ်အလာအတိုင်း ထိုင်ခုံလှုပ်ရင် သံနဲ့ပြန်ရိုက်၊ နန်းကြိုးနဲ့ ပြန်တုပ်တတ်တဲ့ ပုံစံကို ထပ်မံပြသခဲ့ချိန်မှာ တစ်လွဲဆံပင်ကောင်းပြီး ထိပ်ပြောင်မုတ်ဆိတ်ထူနေတဲ့ နူနိုဆန်တိုကတော့ ဘာပလန်မှ မရှိဘဲ လုပ်သမျှ လာခံတဲ့ ပုံစံကို ပြသခဲ့တာပါ။ စပါးစ်တိုက်စစ်က အဆိပ်နဲ့ အစွယ်မရှိရုံ မဟုတ်ဘဲ သွားမပေါက်သေးတဲ့ နို့စို့ကလေးလို ဖြစ်နေခဲ့ချိန်မှာ ဝါရင့်သမ္ဘာရင့်အဖွဲ့ကတော့ လိုအပ်တဲ့ သုံးမှတ်ကို ရိတ်သိမ်းခဲ့တော့ နက်ဖြန်သန်ဘက်များ ပေါ်တူဂီသား အထုတ်ခံရတယ်လို့ ကြားရမလားတော့ ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။

အသက် ၇၀ ရှိတဲ့ ဒုတိယဂိုး
တခြားဂိုးတွေထက် ထူးခြားခဲ့တာကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုတိယဂိုးက အသက် ၇၀ ရှိနေခဲ့တာပါ။ ဒီဂိုးကို ဖန်တီးပေးသူ ရော်နယ်လ်ဒိုက ၃၆ နှစ်နဲ့ သွင်းယူပေးသူ ကာဗာနီက ၃၄ နှစ်ဆိုတော့ နှစ်ယောက်ရဲ့ အသက်ကို ပေါင်းလိုက်ရင် ဒီပမာဏအထိ ရှိနေပြီး ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးတွေထဲက အသက်ကြီးဆုံး ဂိုးတစ်ဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဝါရင့်တိုက်စစ်မှူးနှစ်ယောက်ရဲ့ အပြစ်ပြောစရာမရှိတဲ့ အတွေ့အကြုံတွေရဲ့ ဂိုးဖြစ်ခဲ့သလို လူက နေပေမယ့် ပညာက မနေဘူးဆိုတဲ့အတိုင်း တစ်ဖက်ခံစစ်ကို အကောင်းဆုံး ပေါင်းစပ်ကျော်ဖြတ်ပြီး အနိုင်သေချာစေမယ့်ဂိုးကို ရရှိခဲ့တာပါ။

ခံစစ်အဖြေက ဗာရွန်းလား
ပြီးခဲ့တဲ့ ပွဲတွေမှာ အသင်းခေါင်းဆောင်နောက်ခံလူ မက်ဂွိုင်းယားရဲ့ အရောင်းကြမ်းချက်ကို ဘယ်သူကမှ မတားဆီးနိုင်ခဲ့သလို တွဲဖက် လင်ဒီလော့ဖ်ကလည်း သူ့ဘာသာသူတောင် အနိုင်နိုင်ရယ် ဖြစ်နေခဲ့တာပါ။ လက်စတာကို ရှုံးတဲ့ပွဲကစပြီး ဗာရွန်းတစ်ယောက် အသင်းလူစာရင်းကနေ ပျောက်ကွယ်သွားချိန်မှာ ယူနိုက်တက်တို့အနေနဲ့ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲအထိ ၃ ပွဲမှာ ၁၁ ဂိုးပေးခဲ့ရပြီး အမှားတွေကလည်း လက်ညှိုးထိုးလို့ မကုန်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ဒီနေ့မှာတော့ ဖရိုဖရဲနဲ့ စပါးစ်တိုက်စစ်က ထိုးဖောက်မှုတွေကို ပြန်လည်ပါဝင်လာတဲ့ ဗာရွန်းက တံမြက်စည်းလှဲသလို ရှင်းထုတ်ပြခဲ့ပြီး လာမယ့်ပွဲတွေမှာ ရလဒ်တွေ ပြန်ကောင်းလာတော့မလားလို့ ပရိသတ်တွေ အားတက်ချင်စရာလည်းဖြစ်ခဲ့ပါတယ်။

ဆွန်၊ ကိန်း… ပလုံပလမ်?
တချို့ပြောသလို ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ နှစ်ယောက် အစေးမကပ်ဘူးဆိုတာ မဟုတ်ဘဲ နူနို ဆန်တိုရဲ့ ကစားကွက်မှာ သူတို့နှစ်ယောက် အစေးကပ်ခွင့် မရှိဘဲဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ နည်းပြတွေလက်ထက်က ဆွန်ဟာ ဘယ်ခြမ်းမှ ဘယ်ခြမ်း ဦးစားပေးနေရာယူခဲ့ရပြီး ကိန်းကတော့ ဗဟိုနဲ့ ညာခြမ်းမှာ အဓိက ကစားခဲ့သလို သူတို့ကို ဘာ့ဂ်ဗိန်းနဲ့ လူးကပ်စ် မော်ရာတို့က အလျဉ်းသင့်သလို ဖြည့်ကစားပေးချိန်မှာ စပါးစ်ရဲ့ တိုက်စစ်ကို သိပ်ကို Fluid ဖြစ်ပြီး တန်ပြန်တိုက်စစ်တွေက အရမ်းကို ကြောက်စရာကောင်းခဲ့တာဖြစ်ပါတယ်။ နူနို ဆန်တိုလက်ထက်မှာတော့ ဘယ်သူက ဘယ်အခန်းကဏ္ဍကို ပိုင်ဆိုင်ထားမှန်း မသိသလို ပွဲထဲမှာ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာကို မသိဘဲ ကြုံသလို လျှောက်ကစားနေတာကတော့ အဖြစ်က မနှစ်ကထက် ဆိုးဦးမယ်ဆိုတာကို ညွှန်ပြနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

သက္ရွည္စပါးကို စားႏိုင္ခဲ့တဲ့ ဆိုးလ္ရွား
စပါးစ္ကြင္းမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ရလဒ္ေကာင္းေတာ့မယ္လို႔ ပရိသတ္တခ်ိဳနဲ႔ ေဘာလုံးကြၽမ္းက်င္သူတခ်ိဳ႕ကေတာ့ ရလဒ္ဆိုးေတြ ဆက္ေနၿပီး ျပဳတ္ေစာ္နံလာရင္ ႐ုန္းထြက္တတ္တဲ့ ဆိုးလ္ရွားရဲ႕ အထာအရ ႀကိဳသိေနၾကတာျဖစ္ပါတယ္။ ဒီေန႔ပြဲမွာလည္း ဆိုးလ္ရွားအေနနဲ႔ ခံစစ္ဦးစားေပး ကစားကြက္အဆန္းႀကီးကို ထုတ္သုံးၿပီး ရလဒ္ေကာင္းဖို႔ ျပင္ဆင္လာခဲ့ခ်ိန္မွာ ေနာ္ေဝသား ဘာလုပ္မယ္ဆိုတာကို ပရိသတ္ေတြလိုေတာင္ မခန႔္မွန္းႏိုင္ခဲ့တဲ့ ႏူႏိုဆန္တိုကေတာ့ ခြင္ထဲကို တည့္တည့္ႀကီး ဝင္လာခဲ့ၿပီး လြယ္ကူတဲ့ ႏိုင္ပြဲတစ္ပြဲကို လက္ေဆာင္ေပးခဲ့တာေၾကာင့္ နည္းျပသစ္တစ္ဦးကို ျမင္ခ်င္ေနၾကသူေတြအတြက္ေတာ့ အသက္ရွည္စပါးကို စားခဲ့မိတဲ့ ဆိုးလ္ရွားကို သည္းခံၾကရဦးမွာပါ။

မွတ္တမ္းဆိုးကို ေရွာင္လႊဲႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒို
ၿပီးခဲ့တဲ့ တစ္ႀကိမ္ ယူႏိုက္တက္မွာ ကစားတုန္းက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ မွတ္တမ္းဆိုးတစ္ခုက ငါးပြဲဆက္ ဂိုးေပါက္ေပ်ာက္ျခင္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေန႔ပြဲမတိုင္ခင္မွာ ေလးပြဲဆက္တိုက္ ဂိုးမသြင္းႏိုင္ခဲ့တဲ့ ေပၚတူဂီသားႀကီးအေနနဲ႔ နာမည္ထပ္ မပ်က္ရေစဖို႔ ဒီေန႔ပြဲမွာ ဂိုးသြင္းဖို႔ လိုအပ္ခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အသင္းအတြက္ အဖိုးတန္ အဖြင့္ဂိုးကို လွလွပပ သြင္းယူေပးႏိုင္ခဲ့သလို စပါးစ္နဲ႔ ကစားထားခဲ့တဲ့ ေနာက္ဆုံး ၆ ပြဲမွာ ၆ ဂိုးရရွိတဲ့ မွတ္တမ္းကိုလည္း ေရးထိုးႏိုင္ခဲ့ၿပီး အသင္းေဖာ္ ကာဗာနီအတြက္ပါ တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

လူစာရင္း အေျပာင္းအလဲက အသက္
ဒီေန႔ပြဲမွာ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ၃-၄-၁-၂ ပုံစံနဲ႔ ပြဲထြက္လာခဲ့ေတာ့ အားလုံးအတြက္က အံ့ဩစရာေတြ ျဖစ္ကုန္တာပါ။ တခ်ိဳ႕ ဝက္ဘ္ဆိုက္ေတြရဲ႕ ေဖာ္ျပမႈေတြမွာ ဒဏ္ရာကေန ျပန္ေကာင္းလာတဲ့ ဗာ႐ြန္းကို ကြင္းလယ္အဖ်က္လိုလို ေဖာ္ျပခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ သုံးေယာက္တန္းခံစစ္ကို ပုံေဖာ္သြားခဲ့ၿပီး က်စ္လစ္တဲ့ ခံစစ္ကိုလည္း ျပသႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ပြဲေတြမွာ အမွားေတြ မ်ားၿပီး ကြက္လပ္ေတြ ေပးထားခဲ့တဲ့ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ဟာ ဘယ္ေလာက္ေတာင္ မစြံသလဲဆိုတာကိုလည္း ဗာ႐ြန္းက ျပသြားႏိုင္ခဲ့ၿပီး ဒီႏွစ္ေယာက္ရဲ႕ ၾကားကေန ကြၽံလာသမွ်ကို ရွင္းထုတ္ေပးႏိုင္ခဲ့သလို စပါးစ္တို႔ရဲ႕ ဆြန္ကိန္းအတြဲ ဘာမွ လုပ္မရေအာင္ တားဆီးျပသြားခဲ့တာျဖစ္ပါတယ္။

El Sackico မွာ ဘာေတြ ဆက္ျဖစ္မလဲ
ဒီပြဲမတိုင္ခင္မွာ မီဒီယာေတြကေတာ့ စပိန္လာလီဂါရဲ႕ အႀကီးဆုံးပြဲ El Clasico နဲ႔ ယွဥ္ေျပာၿပီး ရႈံးတဲ့ နည္းျပ အထုတ္ခံရမယ့္ပြဲ El Sackico လို႔ အမည္တပ္ခဲ့ၾကတာပါ။ ဆိုးလ္ရွားကေတာ့ သူ႔ရဲ႕ အစဥ္အလာအတိုင္း ထိုင္ခုံလႈပ္ရင္ သံနဲ႔ျပန္႐ိုက္၊ နန္းႀကိဳးနဲ႔ ျပန္တုပ္တတ္တဲ့ ပုံစံကို ထပ္မံျပသခဲ့ခ်ိန္မွာ တစ္လြဲဆံပင္ေကာင္းၿပီး ထိပ္ေျပာင္မုတ္ဆိတ္ထူေနတဲ့ ႏူႏိုဆန္တိုကေတာ့ ဘာပလန္မွ မရွိဘဲ လုပ္သမွ် လာခံတဲ့ ပုံစံကို ျပသခဲ့တာပါ။ စပါးစ္တိုက္စစ္က အဆိပ္နဲ႔ အစြယ္မရွိ႐ုံ မဟုတ္ဘဲ သြားမေပါက္ေသးတဲ့ ႏို႔စို႔ကေလးလို ျဖစ္ေနခဲ့ခ်ိန္မွာ ဝါရင့္သမာၻရင့္အဖြဲ႕ကေတာ့ လိုအပ္တဲ့ သုံးမွတ္ကို ရိတ္သိမ္းခဲ့ေတာ့ နက္ျဖန္သန္ဘက္မ်ား ေပၚတူဂီသား အထုတ္ခံရတယ္လို႔ ၾကားရမလားေတာ့ ထင္ေၾကးေပးေနၾကတာျဖစ္ပါတယ္။

အသက္ ၇၀ ရွိတဲ့ ဒုတိယဂိုး
တျခားဂိုးေတြထက္ ထူးျခားခဲ့တာကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဒုတိယဂိုးက အသက္ ၇၀ ရွိေနခဲ့တာပါ။ ဒီဂိုးကို ဖန္တီးေပးသူ ေရာ္နယ္လ္ဒိုက ၃၆ ႏွစ္နဲ႔ သြင္းယူေပးသူ ကာဗာနီက ၃၄ ႏွစ္ဆိုေတာ့ ႏွစ္ေယာက္ရဲ႕ အသက္ကို ေပါင္းလိုက္ရင္ ဒီပမာဏအထိ ရွိေနၿပီး ပရီးမီးယားလိဂ္ရဲ႕ သြင္းဂိုးေတြထဲက အသက္ႀကီးဆုံး ဂိုးတစ္ဂိုးလည္းျဖစ္ခဲ့ပါတယ္။ ဝါရင့္တိုက္စစ္မႉးႏွစ္ေယာက္ရဲ႕ အျပစ္ေျပာစရာမရွိတဲ့ အေတြ႕အႀကဳံေတြရဲ႕ ဂိုးျဖစ္ခဲ့သလို လူက ေနေပမယ့္ ပညာက မေနဘူးဆိုတဲ့အတိုင္း တစ္ဖက္ခံစစ္ကို အေကာင္းဆုံး ေပါင္းစပ္ေက်ာ္ျဖတ္ၿပီး အႏိုင္ေသခ်ာေစမယ့္ဂိုးကို ရရွိခဲ့တာပါ။

ခံစစ္အေျဖက ဗာ႐ြန္းလား
ၿပီးခဲ့တဲ့ ပြဲေတြမွာ အသင္းေခါင္းေဆာင္ေနာက္ခံလူ မက္ဂြိဳင္းယားရဲ႕ အေရာင္းၾကမ္းခ်က္ကို ဘယ္သူကမွ မတားဆီးႏိုင္ခဲ့သလို တြဲဖက္ လင္ဒီေလာ့ဖ္ကလည္း သူ႔ဘာသာသူေတာင္ အႏိုင္ႏိုင္ရယ္ ျဖစ္ေနခဲ့တာပါ။ လက္စတာကို ရႈံးတဲ့ပြဲကစၿပီး ဗာ႐ြန္းတစ္ေယာက္ အသင္းလူစာရင္းကေန ေပ်ာက္ကြယ္သြားခ်ိန္မွာ ယူႏိုက္တက္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ပြဲအထိ ၃ ပြဲမွာ ၁၁ ဂိုးေပးခဲ့ရၿပီး အမွားေတြကလည္း လက္ညႇိဳးထိုးလို႔ မကုန္ႏိုင္ဘဲ ျဖစ္ေနခဲ့ပါတယ္။ ဒီေန႔မွာေတာ့ ဖ႐ိုဖရဲနဲ႔ စပါးစ္တိုက္စစ္က ထိုးေဖာက္မႈေတြကို ျပန္လည္ပါဝင္လာတဲ့ ဗာ႐ြန္းက တံျမက္စည္းလွဲသလို ရွင္းထုတ္ျပခဲ့ၿပီး လာမယ့္ပြဲေတြမွာ ရလဒ္ေတြ ျပန္ေကာင္းလာေတာ့မလားလို႔ ပရိသတ္ေတြ အားတက္ခ်င္စရာလည္းျဖစ္ခဲ့ပါတယ္။

ဆြန္၊ ကိန္း… ပလုံပလမ္?
တခ်ိဳ႕ေျပာသလို ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတို႔ ႏွစ္ေယာက္ အေစးမကပ္ဘူးဆိုတာ မဟုတ္ဘဲ ႏူႏို ဆန္တိုရဲ႕ ကစားကြက္မွာ သူတို႔ႏွစ္ေယာက္ အေစးကပ္ခြင့္ မရွိဘဲျဖစ္ေနခဲ့တာပါ။ ၿပီးခဲ့တဲ့ နည္းျပေတြလက္ထက္က ဆြန္ဟာ ဘယ္ျခမ္းမွ ဘယ္ျခမ္း ဦးစားေပးေနရာယူခဲ့ရၿပီး ကိန္းကေတာ့ ဗဟိုနဲ႔ ညာျခမ္းမွာ အဓိက ကစားခဲ့သလို သူတို႔ကို ဘာ့ဂ္ဗိန္းနဲ႔ လူးကပ္စ္ ေမာ္ရာတို႔က အလ်ဥ္းသင့္သလို ျဖည့္ကစားေပးခ်ိန္မွာ စပါးစ္ရဲ႕ တိုက္စစ္ကို သိပ္ကို Fluid ျဖစ္ၿပီး တန္ျပန္တိုက္စစ္ေတြက အရမ္းကို ေၾကာက္စရာေကာင္းခဲ့တာျဖစ္ပါတယ္။ ႏူႏို ဆန္တိုလက္ထက္မွာေတာ့ ဘယ္သူက ဘယ္အခန္းက႑ကို ပိုင္ဆိုင္ထားမွန္း မသိသလို ပြဲထဲမွာ ဘာၿပီးရင္ ဘာလုပ္ရမယ္ဆိုတာကို မသိဘဲ ႀကဳံသလို ေလွ်ာက္ကစားေနတာကေတာ့ အျဖစ္က မႏွစ္ကထက္ ဆိုးဦးမယ္ဆိုတာကို ၫႊန္ျပေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.