Match Report Premier League

ဘရိုက်တန်ကို အိမ်ကွင်းမှာ ဖြုန်းတီးမှုတွေနဲ့အတူ မထင်မှတ်ဘဲ သရေကျခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ အိမ်ကွင်းကစားရတာနဲ့အညီ ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်ဖို့ လူစုံထုတ်လာခဲ့ပြီး မာတစ်ပ်အစား ကိုနာတေ ပါဝင်လာတာကလွဲလို့ အယ်လစ်ဆန်၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်၊ ဟန်ဒါဆန်၊ ကီတာ၊ မာနေး၊ ဆာလား၊ ဖာမီနိုတို့လို ဦးစားပေး ကစားသမားအများစု ပါဝင်လာခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ်က အနိုင်ရဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ဘရိုက်တန်ကတော့ ၃-၅-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ခံစစ်မှာ ဆန်ချက်ဇ်၊ ဒန့်ခ်၊ ဒပ်ဖီနဲ့ ဗဲလ်မန်း၊ ကွင်းလယ်မှာ ဘီဆူးမား၊ မိုဒါနဲ့ လယ်လာနာ၊ တောင်ပံတွေမှာ မာ့ချ်နဲ့ ကူကူရဲလား၊ တိုက်စစ်မှာ အမ်ဝီပူနဲ့ ထရော့ဆတ်တို့ ကစားခဲ့ကြပြီး လီဗာပူးလ်အသင်းကို အန်းဖီးလ်မှာ တန်ပြန်တိုက်စစ်နဲ့ ကစားဖို့ နည်းပြ ဂရေဟမ် ပေါ့တာက ရည်ရွယ်ခဲ့ပုံရပါတယ်။

ပွဲစလို့ ၃ မိနစ်မှာပဲ ဘရိုက်တန်ရဲ့ တိုက်စစ်တစ်ကြောမှာ နေရာစုံလှုပ်ရှားနေခဲ့တဲ့ ဘယ်လ်ဂျီယမ်သား ထရော့ဆတ်က ထိုးပေးတာကို လူကျွံထောင်ချောက်ကို ဖောက်ထွက်ခဲ့တဲ့ တောင်ပံသမား မာ့ချ်က ဘယ်ခြမ်းကနေ ကန်သွင်းခဲ့တာကို အယ်လစ်ဆန် ကာကွယ်ခဲ့ရပြီး စင်ရော်တွေရဲ့ ရှိန်မနေဘဲ ကစားခဲ့တာက သူတို့ကို အံ့အားသင့်စေခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ညာခြမ်းကနေ ဗန်ဒိုက်တင်ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းကနေ ရယူခဲ့တဲ့ ဆာလားက ကူကူရဲလားကို ကျော်ဖြတ်ပြီး အတွင်းကို ပြန်ချိုးပေးရာမှာ အသင်းခေါင်းဆောင်ကွင်းလယ်လူ ဟန်ဒါဆန်က မနားတမ်း ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ ကိုနာတေ ဘောလုံးပျက်တာကို ဘီဆူးမားက လီဗာပူးလ်ကွင်းလယ်ကြောကနေ တောက်လျှောက်ဆွဲပြေးပြီး ကန်သွင်းတာကို အယ်လစ်ဆန် ပုတ်ထုတ်ခဲ့ရာမှာ တိုင်ထိထွက်ခဲ့ပြီး ပွဲချိန် ၁၆ မိနစ်မှာတော့ ဆာလားရဲ့ အမြော်အမြင်ရှိရှိ ဖန်တီးပေးခဲ့တဲ့ အခွင့်အရေးကောင်းကို ဖာမီနို မယုံနိုင်လောက်အောင် လွဲချော်ခဲ့ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာတော့ ကီတာ ဒဏ်ရာရသွားခဲ့တဲ့အတွက် ချိမ်ဘာလိန်နဲ့ လဲကစားခဲ့ရပြီး ၅ မိနစ်အကြာ ပွဲချိန် ၂၄ မိနစ်မှာတော့ လူစားဝင် ကွင်းလယ်လူရဲ့ ဖြတ်တင်ဘောကို ဘရိုက်တန်နောက်ခံလူတွေကြားက မာကင်လွတ်နေတဲ့ မာနေးက ဒပ်ဖီရဲ့နောက်ကနေ အပိုင်ခေါင်းတိုက်သွင်းပြီး လီဗာပူးလ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာ လီဗာပူးလ်တို့ တတိယဂိုး ဆက်ပြီး ရရှိမယ့် အနေအထားကနေ လွဲချော်ခဲ့တာက ဒီပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပြီး နောက်ပြန် ပေးတဲ့ ဘောလုံးကို ဂိုးသမား ဆန်ချက်ဇ်ဆီ ဖိအားပေးတဲ့ မာနေးနဲ့ထိပြီး ဂိုးဝင်သွားခဲ့ပေမယ့် စပိန်ဂိုးသမားရဲ့ ကန်ချက်က ဆီနီဂေါသားရဲ့ ခြေထောက်နဲ့ ထိပြီးမှ လက်နဲ့ ပြန်ထိသွားခဲ့လို့ အိမ်ရှင်တွေက ကံမကောင်းခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာတော့ ဘရိုက်တန်တို့ ချေပဂိုး ပြန်ရခဲ့ပြီး ညာခြမ်းကနေ ထိုးဖောက်လာခဲ့တဲ့ တောင်ပံကစားသမား မာ့ချ်က အတွင်းကို ပြန်ချိုးပေးရာမှာ အမ်ဝီပူက ဂိုးသမား အယ်လစ်ဆန် ရှေ့ရောက်နေတဲ့အပေါ် ကံစမ်းတဲ့ အနေနဲ့ အမြင့်ဘော လှမ်းကန်ခဲ့ရာမှာ တိုင်မင်နဲ့ ဟန်ချက်ရော နေရောင်ကပါ ဘရာဇီးလ်သားဘက်မှာ မရှိဘဲ တစ်ဖက်ကနေ ကူညီခဲ့လို့ လီဗာပူးလ်တို့ တစ်ဂိုးပြန်ပေးခဲ့ရတာပါ။

ပထမပိုင်းမှာ လီဗာပူးလ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် သူတို့ရဲ့ တိုက်စစ်နဲ့ အဆုံးသတ်ပိုင်းကတော့ အလေအလွင့်တွေ များခဲ့သလို ဘရိုက်တန်တို့လောက်တောင် တိကျမှု မရှိခဲ့ဘဲ ဘောလုံးကိုင်ကစားနိုင်တာလောက်ပဲ သာလွန်ခဲ့သလို နည်းပြနဲ့ ကစားသမားတွေအနေနဲ့ လာမယ့် ချန်ပီယံလိဂ်ပွဲကို အာရုံများနေကြသလားလို့လည်း တွေးစရာဖြစ်ခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၄၈ မိနစ်မှာ မာနေးထိုးပေးတာကို ဆာလားက သွင်းယူနိုင်ခဲ့ပေမယ့် အပြေးစောနေလို့ လူကျွံထောင်ချောက်မှာ အမိခံခဲ့ရပြီး လီဗာပူးလ်တို့ နစ်နာခဲ့ရသလို တစ်မိနစ်အကြာမှာတော့ လယ်လာနာက အသင်းဟောင်းကို ပြန်ပြီး အကဲစမ်းခဲ့ပေမယ့် ဂိုးသမား အယ်လစ်ဆန် ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ ဘရိုက်တန်တို့ နှစ်ဂိုးစီ သရေကျစေမယ့်ဂိုးကို ပြန်လည်သွင်းယူခဲ့ပြီး ဂိုးသမား ဆန်ချက်ဇ်ရဲ့ တိကျတဲ့ အဝေးဘောကို ဘယ်ခြမ်းမှာ ရသွားတဲ့ ကူကူရဲလားက အတွင်းကို ပြန်ချိုးပေးခဲ့ရာမှာ လယ်လာနာက မပါးနပ်ဘဲ သူ့ကို လာကပ်တဲ့ ဗန်ဒိုက်ရဲ့ နောက်မှာ ရှိနေတဲ့ ထရော့ဆတ်ဆီ ချပေးခဲ့ချိန်မှာ ဒီအခွင့်အရေးကို ဘယ်လ်ဂျီယမ်သားက သူ့ကို ဝင်ဖျက်တဲ့ ရောဘတ်ဆန်ကို တစ်ချက်ခေါက်ပြီးမှ အနီးတိုင်ဘက်ကို ချိုးကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

နှစ်ဂိုးစီ သရေကျနေအပြီးမှာတော့ ဘရိုက်တန်ဘက်က မိုဒါအစား လမ့်ပ်တေကို လဲကစားပြီး ကောင်တာအတွက် ပြင်ဆင်ခဲ့သလို လယ်လာနာအစား ဂရော့စ်ကို ထပ်ထည့်ပြီး ထိန်းကစားဖို့ပါ ကြိုးစားခဲ့ပြီး လီဗာပူးလ်တို့ကတော့ စောစောစီးစီး ဖြုန်းတီးနေတဲ့ ဖာမီနိုကို ဂျိုတာနဲ့ လဲရမယ့်အစား ပွဲချိန် ၇၈ မိနစ်အထိ စောင့်ဆိုင်းခဲ့လို့ ရလဒ်ကို ထိခိုက်ခဲ့ရပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာ လမ့်ပ်တေ ပေးတာကို ထရော့ဆတ်က ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေလို့ လီဗာပူးလ်တို့ သက်သာခဲ့ရသလို လက်ကျန်ပွဲချိန်တွေမှာတော့ တစ်ဖက်နဲ့တစ်ဖက် အခွင့်အရေးတွေကို ထပ်မံအသုံးချနိုင်ခြင်းမရှိတော့လို့ မိနစ် ၉၀ အပြည့်မှာ မထင်မှတ်ဘဲ နှစ်ဂိုးစီသရေ ရလဒ်နဲ့ တစ်မှတ်စီ ခွဲယူခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် လီဗာပူးလ်တို့အနေနဲ့ ဒီရာသီမှာ ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် ဦးဆောင်သူ ချဲလ်ဆီးတို့နဲ့တော့ ၃ မှတ် ကွာဟသွားခဲ့ရသလို ဝက်စ်ဟမ်းနဲ့တွေ့မယ့် လာမယ့်ပွဲမှာ ဖိအားတွေ တိုးလာတော့မှာလည်းဖြစ်ပြီး ဘရိုက်တန်တို့ကတော့ နောက်ဆုံး ငါးပွဲဆက် နိုင်ပွဲပျောက်ခဲ့ချိန်မှာ အဆင့် ၇ နေရာအထိ ဆင်းပေးခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ အိမ္ကြင္းကစားရတာနဲ႔အညီ ရလဒ္ေကာင္းကို ပိုင္ဆိုင္ႏိုင္ဖို႔ လူစုံထုတ္လာခဲ့ၿပီး မာတစ္ပ္အစား ကိုနာေတ ပါဝင္လာတာကလြဲလို႔ အယ္လစ္ဆန္၊ ဗန္ဒိုက္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္၊ ဟန္ဒါဆန္၊ ကီတာ၊ မာေနး၊ ဆာလား၊ ဖာမီႏိုတို႔လို ဦးစားေပး ကစားသမားအမ်ားစု ပါဝင္လာခဲ့ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္က အႏိုင္ရဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ဘ႐ိုက္တန္ကေတာ့ ၃-၅-၂ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး ခံစစ္မွာ ဆန္ခ်က္ဇ္၊ ဒန႔္ခ္၊ ဒပ္ဖီနဲ႔ ဗဲလ္မန္း၊ ကြင္းလယ္မွာ ဘီဆူးမား၊ မိုဒါနဲ႔ လယ္လာနာ၊ ေတာင္ပံေတြမွာ မာ့ခ်္နဲ႔ ကူကူရဲလား၊ တိုက္စစ္မွာ အမ္ဝီပူနဲ႔ ထေရာ့ဆတ္တို႔ ကစားခဲ့ၾကၿပီး လီဗာပူးလ္အသင္းကို အန္းဖီးလ္မွာ တန္ျပန္တိုက္စစ္နဲ႔ ကစားဖို႔ နည္းျပ ဂေရဟမ္ ေပါ့တာက ရည္႐ြယ္ခဲ့ပုံရပါတယ္။

ပြဲစလို႔ ၃ မိနစ္မွာပဲ ဘ႐ိုက္တန္ရဲ႕ တိုက္စစ္တစ္ေၾကာမွာ ေနရာစုံလႈပ္ရွားေနခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သား ထေရာ့ဆတ္က ထိုးေပးတာကို လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ခဲ့တဲ့ ေတာင္ပံသမား မာ့ခ်္က ဘယ္ျခမ္းကေန ကန္သြင္းခဲ့တာကို အယ္လစ္ဆန္ ကာကြယ္ခဲ့ရၿပီး စင္ေရာ္ေတြရဲ႕ ရွိန္မေနဘဲ ကစားခဲ့တာက သူတို႔ကို အံ့အားသင့္ေစခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုးစတင္သြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းကေန ဗန္ဒိုက္တင္ေပးလိုက္တဲ့ ေဘာလုံးကို ညာျခမ္းကေန ရယူခဲ့တဲ့ ဆာလားက ကူကူရဲလားကို ေက်ာ္ျဖတ္ၿပီး အတြင္းကို ျပန္ခ်ိဳးေပးရာမွာ အသင္းေခါင္းေဆာင္ကြင္းလယ္လူ ဟန္ဒါဆန္က မနားတမ္း ကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ ကိုနာေတ ေဘာလုံးပ်က္တာကို ဘီဆူးမားက လီဗာပူးလ္ကြင္းလယ္ေၾကာကေန ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ကန္သြင္းတာကို အယ္လစ္ဆန္ ပုတ္ထုတ္ခဲ့ရာမွာ တိုင္ထိထြက္ခဲ့ၿပီး ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ဆာလားရဲ႕ အေျမာ္အျမင္ရွိရွိ ဖန္တီးေပးခဲ့တဲ့ အခြင့္အေရးေကာင္းကို ဖာမီႏို မယုံႏိုင္ေလာက္ေအာင္ လြဲေခ်ာ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ ကီတာ ဒဏ္ရာရသြားခဲ့တဲ့အတြက္ ခ်ိမ္ဘာလိန္နဲ႔ လဲကစားခဲ့ရၿပီး ၅ မိနစ္အၾကာ ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ လူစားဝင္ ကြင္းလယ္လူရဲ႕ ျဖတ္တင္ေဘာကို ဘ႐ိုက္တန္ေနာက္ခံလူေတြၾကားက မာကင္လြတ္ေနတဲ့ မာေနးက ဒပ္ဖီရဲ႕ေနာက္ကေန အပိုင္ေခါင္းတိုက္သြင္းၿပီး လီဗာပူးလ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာ လီဗာပူးလ္တို႔ တတိယဂိုး ဆက္ၿပီး ရရွိမယ့္ အေနအထားကေန လြဲေခ်ာ္ခဲ့တာက ဒီပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ခဲ့ၿပီး ေနာက္ျပန္ ေပးတဲ့ ေဘာလုံးကို ဂိုးသမား ဆန္ခ်က္ဇ္ဆီ ဖိအားေပးတဲ့ မာေနးနဲ႔ထိၿပီး ဂိုးဝင္သြားခဲ့ေပမယ့္ စပိန္ဂိုးသမားရဲ႕ ကန္ခ်က္က ဆီနီေဂါသားရဲ႕ ေျခေထာက္နဲ႔ ထိၿပီးမွ လက္နဲ႔ ျပန္ထိသြားခဲ့လို႔ အိမ္ရွင္ေတြက ကံမေကာင္းခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ ေခ်ပဂိုး ျပန္ရခဲ့ၿပီး ညာျခမ္းကေန ထိုးေဖာက္လာခဲ့တဲ့ ေတာင္ပံကစားသမား မာ့ခ်္က အတြင္းကို ျပန္ခ်ိဳးေပးရာမွာ အမ္ဝီပူက ဂိုးသမား အယ္လစ္ဆန္ ေရွ႕ေရာက္ေနတဲ့အေပၚ ကံစမ္းတဲ့ အေနနဲ႔ အျမင့္ေဘာ လွမ္းကန္ခဲ့ရာမွာ တိုင္မင္နဲ႔ ဟန္ခ်က္ေရာ ေနေရာင္ကပါ ဘရာဇီးလ္သားဘက္မွာ မရွိဘဲ တစ္ဖက္ကေန ကူညီခဲ့လို႔ လီဗာပူးလ္တို႔ တစ္ဂိုးျပန္ေပးခဲ့ရတာပါ။

ပထမပိုင္းမွာ လီဗာပူးလ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ သူတို႔ရဲ႕ တိုက္စစ္နဲ႔ အဆုံးသတ္ပိုင္းကေတာ့ အေလအလြင့္ေတြ မ်ားခဲ့သလို ဘ႐ိုက္တန္တို႔ေလာက္ေတာင္ တိက်မႈ မရွိခဲ့ဘဲ ေဘာလုံးကိုင္ကစားႏိုင္တာေလာက္ပဲ သာလြန္ခဲ့သလို နည္းျပနဲ႔ ကစားသမားေတြအေနနဲ႔ လာမယ့္ ခ်န္ပီယံလိဂ္ပြဲကို အာ႐ုံမ်ားေနၾကသလားလို႔လည္း ေတြးစရာျဖစ္ခဲ့ရပါတယ္။

ဒုတိယပိုင္း ျပန္စအၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာ မာေနးထိုးေပးတာကို ဆာလားက သြင္းယူႏိုင္ခဲ့ေပမယ့္ အေျပးေစာေနလို႔ လူကြၽံေထာင္ေခ်ာက္မွာ အမိခံခဲ့ရၿပီး လီဗာပူးလ္တို႔ နစ္နာခဲ့ရသလို တစ္မိနစ္အၾကာမွာေတာ့ လယ္လာနာက အသင္းေဟာင္းကို ျပန္ၿပီး အကဲစမ္းခဲ့ေပမယ့္ ဂိုးသမား အယ္လစ္ဆန္ ကာကြယ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ ႏွစ္ဂိုးစီ သေရက်ေစမယ့္ဂိုးကို ျပန္လည္သြင္းယူခဲ့ၿပီး ဂိုးသမား ဆန္ခ်က္ဇ္ရဲ႕ တိက်တဲ့ အေဝးေဘာကို ဘယ္ျခမ္းမွာ ရသြားတဲ့ ကူကူရဲလားက အတြင္းကို ျပန္ခ်ိဳးေပးခဲ့ရာမွာ လယ္လာနာက မပါးနပ္ဘဲ သူ႔ကို လာကပ္တဲ့ ဗန္ဒိုက္ရဲ႕ ေနာက္မွာ ရွိေနတဲ့ ထေရာ့ဆတ္ဆီ ခ်ေပးခဲ့ခ်ိန္မွာ ဒီအခြင့္အေရးကို ဘယ္လ္ဂ်ီယမ္သားက သူ႔ကို ဝင္ဖ်က္တဲ့ ေရာဘတ္ဆန္ကို တစ္ခ်က္ေခါက္ၿပီးမွ အနီးတိုင္ဘက္ကို ခ်ိဳးကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ႏွစ္ဂိုးစီ သေရက်ေနအၿပီးမွာေတာ့ ဘ႐ိုက္တန္ဘက္က မိုဒါအစား လမ့္ပ္ေတကို လဲကစားၿပီး ေကာင္တာအတြက္ ျပင္ဆင္ခဲ့သလို လယ္လာနာအစား ဂေရာ့စ္ကို ထပ္ထည့္ၿပီး ထိန္းကစားဖို႔ပါ ႀကိဳးစားခဲ့ၿပီး လီဗာပူးလ္တို႔ကေတာ့ ေစာေစာစီးစီး ျဖဳန္းတီးေနတဲ့ ဖာမီႏိုကို ဂ်ိဳတာနဲ႔ လဲရမယ့္အစား ပြဲခ်ိန္ ၇၈ မိနစ္အထိ ေစာင့္ဆိုင္းခဲ့လို႔ ရလဒ္ကို ထိခိုက္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာ လမ့္ပ္ေတ ေပးတာကို ထေရာ့ဆတ္က ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လူကြၽံေနလို႔ လီဗာပူးလ္တို႔ သက္သာခဲ့ရသလို လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ အခြင့္အေရးေတြကို ထပ္မံအသုံးခ်ႏိုင္ျခင္းမရွိေတာ့လို႔ မိနစ္ ၉၀ အျပည့္မွာ မထင္မွတ္ဘဲ ႏွစ္ဂိုးစီသေရ ရလဒ္နဲ႔ တစ္မွတ္စီ ခြဲယူခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ ဒီရာသီမွာ ရႈံးပြဲမရွိ မွတ္တမ္းကို ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ေပမယ့္ ဦးေဆာင္သူ ခ်ဲလ္ဆီးတို႔နဲ႔ေတာ့ ၃ မွတ္ ကြာဟသြားခဲ့ရသလို ဝက္စ္ဟမ္းနဲ႔ေတြ႕မယ့္ လာမယ့္ပြဲမွာ ဖိအားေတြ တိုးလာေတာ့မွာလည္းျဖစ္ၿပီး ဘ႐ိုက္တန္တို႔ကေတာ့ ေနာက္ဆုံး ငါးပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့ခ်ိန္မွာ အဆင့္ ၇ ေနရာအထိ ဆင္းေပးခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.