Match Report Premier League

နိုင်ပွဲပျောက်မှုကို ရပ်တန့်ပြီး ဆိုးလ်ရှားအတွက် စပါးစ်ကို ချေမှုန်းခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲအထိပဲ စောင့်ကြည့်တော့မယ်လို့ အဆိုခံရထားတဲ့ နည်းပြ ဆိုးလ်ရှားရဲ့ ကစားကွက် အဆန်းကြီးနဲ့အတူ စပါးစ်အသင်းရဲ့ ဝှိုက်ဟတ်လိန်းမှာ ပွဲထွက်လာခဲ့ပြီး ခံစစ်ကစားသမား ၅ ဦးအထိ ပါဝင်ခဲ့တဲ့ ၃-၅-၂/၅-၃-၂ ပုံစံကို သုံးစွဲခဲ့ချိန်မှာ တိုက်စစ်မှာ ရော်နယ်လ်ဒို၊ ကာဗာနီနဲ့ ဖာနန်ဒက်စ်တို့ သုံးဦးသာ ကစားပြီး ကျန်တဲ့သူတွေက တစ်ဖက်အသင်းရဲ့ ဖြစ်နိုင်ဖွယ်တိုက်စစ်ကို ထိန်းချုပ်ဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

စပါးစ်အသင်းကတော့ သူတို့ရဲ့ နာမည်ကြီးခဲ့တဲ့ အကွက်တွေထဲက ဘာဆိုဘာမှ ရှိမနေတဲ့ ပုံစံနဲ့ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ရာမှာ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ရဲ့ အတွဲမမိမှုကို လိုဆဲလ်ဆိုနဲ့ လူးကပ်စ် မော်ရာတို့ကပါ နောက်က ပံ့ပိုးမပေးနိုင်ဘဲ လွှတ်ထားခဲ့သလိုဖြစ်နေပြီး အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် အိုင်ဒီယာမရှိတဲ့ နူနို ဆန်တိုရဲ့ ကစားကွက်က စိတ်ဝင်စားစရာမကောင်းခဲ့တာပါ။

မီဒီယာတွေပေါ်မှာ စပိန်လာလီဂါရဲ့ El Clasico ကို အတုယူထားတဲ့ ရှုံးတဲ့ နည်းပြ ပြုတ်မယ့်ပွဲ “El Sackico”လို့ ရေးသားနေကြတဲ့ပွဲမှာ ယူနိုက်တက်တို့ရဲ့ ဗျူဟာက ပိုမှန်ခဲ့ပြီး မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ လုပ်နေကျ အမှားတွေနဲ့ ဟာကွက်တွေကို သူတို့ကြားမှာ နောက်ထပ်တစ်ဦးပိုပြီး ပံ့ပိုးထားတဲ့ ဗာရွန်းက တံမြက်စည်းလှဲသလို ရှင်းထုတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ သူ့ရဲ့ တစ်သက်လုံး လက်တွဲမဖြုတ်ပါဘူးလို့ ကျိန်ဆိုထားသလားမသိတဲ့ McFred အတွဲကိုလည်း ကွင်းလယ်မှာ ဆက်သုံးခဲ့ပြီး သူတို့အနေနဲ့ ဒီနေ့ပွဲမှာ လျှောက်ပြေးရုံထက် နည်းနည်းတော့ ပိုသာခဲ့ပေမယ့် ခံစစ်မှာ ၇ ယောက်အထိ စုဖွဲ့ခွင့်ရှိသွားတဲ့ ယူနိုက်တက်တို့ မာကျောခဲ့သလို သူမရှိကတည်းက နိုင်ပွဲတွေ ပျောက်နေတဲ့ နောက်တန်းကိုလည်း ဗာရွန်းက ထင်ထင်ရှားရှား အစွမ်းပြပြီး ဖြည့်ဆည်းနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ပွဲတွေမှာ ကျွမ်းကျင်သူတွေ အကြံပေးထားခဲ့တဲ့အတိုင်း တစ်ဖက်ခံစစ်ကို ထိုးခွဲတိုက်ဖျက်ဖို့ တာဝန်ကို ကာဗာနီဆီ ပေးထားခဲ့တဲ့ ဆိုးလ်ရှားကြောင့် ရော်နယ်လ်ဒိုရော ဘရူနို ဖာနန်ဒက်စ်ပါ နေရာလွတ်တွေ ပိုရခဲ့ပြီး ၃၆ နှစ်သားကြီးဟာ ဧရိယာထဲက တစ်ခုတည်းသော ပစ်မှတ် မဟုတ်တော့တဲ့အတွက် ခံစစ်သမားအများစုနဲ့ ကစားခဲ့တဲ့ ဒီနေ့ပွဲက ထင်တာထက်ပိုပြီး ထိုးဖောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ ဖရီးကစ်က ပြန်ထွက်လာတာကို လူကျွံဘောဖမ်းတဲ့ ယူနိုက်တက်နောက်တန်းရဲ့ အတိုင်အဖောက် မညီမှုကနေ ဆွန်ဟောင်မင် ဘောလုံးရသွားခဲ့ပေမယ့် အလောတကြီး ထိန်းသိမ်းပြီး ဘယ်နဲ့ကန်ရမယ့်အစား ညာနဲ့ကန်သွင်းရာမှာ မိုးပေါ်ထောင်သွားခဲ့လို့ စပါးစ်တို့ ဂိုးရနိုင်ခွင့်နဲ့ လွဲခဲ့ရပြီး ဒါက ဒီပွဲမှာ တစ်လုံးမှ ဂိုးပေါက်မတည့်ခဲ့တဲ့ သူတို့အတွက် ရှားရှားပါးပါး နီးစပ်မှုလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်ထဲအရောက်မှာ ဆွန်ဟောင်မင်ရဲ့ ညာထောင့်ကန်ဘောကနေ နောက်ခံလူ အဲရစ် ဒိုင်ယာက ခေါင်းတိုက်ချပေးခဲ့တာကို ဘယ်ခြမ်းမှာ အသင့်နေရာယူထားခဲ့တဲ့ ခရစ္စတီယန် ရိုမဲရိုးက ပိတ်သွင်းနိုင်ခဲ့ပေမယ့် စည်းကြပ်ဒိုင်က အလံထောင်ခဲ့သလို VAR ကပါ အတည်ပြုခဲ့တာဖြစ်လို့ စပါးစ်တို့ အောင်ပွဲခံပြီးမှ ကြေကွဲခဲ့ရတာပါ။

ခံစစ်သမားတွေ များပြားတဲ့ ယူနိုက်တက်တို့ကို စပါးစ်တို့က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ကစားခဲ့ပေမယ့် လူရွှင်တော်လိုဖြစ်နေတဲ့ ကိန်းနဲ့ အစေးမကပ်တဲ့ ဆွန်၊ ဖန်တီးမှု ကင်းမဲ့နေတဲ့ ကွင်းလယ်ကြောင့် El Sackico မှာ ပြုတ်မယ့်သူက နူနို ဆန်တိုပဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြချိန်မှာ အဖွင့်ဂိုးကိုလည်း ဆိုးလ်ရှားရဲ့ လူတွေကပဲ စတင်သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ သူ့ကို အမြဲတမ်း ပွဲထွက်ခွင့်ပေးတဲ့ ဆိုးလ်ရှားရဲ့ ကျေးဇူးကို ရော်နယ်လ်ဒိုက ပြန်ဆပ်ခဲ့ပြီး ကွင်းလယ်ဘယ်ခြမ်းကနေ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကို လူမကျွံအောင် ပြန်စောင့်ပြီးမှ ပြေးထွက်ခဲ့ရာမှာ နောက်ခံလူကို ကျော်ကျလာတဲ့ ဘောလုံးကို ထောင့်ကျဉ်း အနေအထားကနေ Volley ကန်သွင်းခဲ့ရာမှာ စပါးစ်ဂိုးသမား လိုရစ်ကို ငုတ်တုတ်မေ့စေပြီး အဖွင့်ဂိုးအဖြစ် ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ စပါးစ်တို့အနေနဲ့ အခွင့်အရေးတချို့ ရရှိခဲ့ပေမယ့် ဂိုးမသွင်းကြေး ကစားနေသလိုမျိုး ဘေးနဲ့ ဘားပေါ် အမျိုးမျိုး ဖျော်ဖြေခဲ့တာမို့ ချေပဂိုးလည်း ပြန်ရဖို့ ဝေလာဝေးနေခဲ့ပြီး Half Time ပြီးဆုံးချိန်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဝှိုက်ဟတ်လိန်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။

စပါးစ်တို့ဘက်က ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ကအစ ပျက်စီးနေချိန်မှာ အကောင်းဆုံးကစားပြခဲ့သူကတော့ ညာနောက်ခံလူ ဘရာဇီးလ်သား အီမာဆန် ရိုယယ်လ်ပဲဖြစ်ခဲ့ပြီး တိုက်စစ်ပိုင်းကတော့ ဘယ်သူလာလာ ရင်ခုန်စရာမဖြစ်ခဲ့ဘဲ ပွဲချိန် ၄၇ မိနစ်မှာ ဒဟေးယားက အမှားလုပ်တာတောင် အခွင့်အရေး ယူနိုင်စွမ်းမရှိခဲ့ကြတာပါ။

ပွဲချိန် ၄၈ မိနစ်မှာ ကွင်းလယ်ကနေ မက်တော်မီနေး ဆွဲယူလာပြီး ခံစစ်တန်းကြားက မျှောထိုးပေးလိုက်တာကို ရော်နယ်လ်ဒို ပြေးထွက်ရယူပြီး ကန်သွင်းချက်က နည်းစနစ်ပိုင်းအရ တော်တော်လေး ချီးကျူးစရာဖြစ်ခဲ့ပေမယ့် အနည်းငယ်လူကျွံနေခဲ့တာကြောင့် ဂိုးတစ်ဂိုး နှမြောစရာအဖြစ် ပယ်ဖျက်ခံခဲ့ရသလို ဒါကတော့ ယူနိုက်တက်တို့ကို ဆာလောင်မှု ပိုမိုပြင်းပြစေခဲ့သလားလို့လည်း ထင်စရာဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ စပါးစ်ကွင်းလယ်လူ စကစ်ပ် ဘောလုံးထိန်းပုံညံ့တာကနေ ဘရူနို ဖာနန်ဒက်စ်က ဝင်လုယူသွားခဲ့ပြီး နောက်ကနေ လိုက်လာခဲ့တဲ့ ရော်နယ်လ်ဒိုဆီ ချပေးခဲ့ရာမှာ သူက နောက်ခံလူတစ်ယောက်ကို ကျော်ဖြတ်ပြီး ခံစစ်ကြားက ခင်းပေးခဲ့တာကို ကာဗာနီက ဂိုးသမား လိုရစ်နဲ့ အတွေ့မှာ အသာအယာ ကျော်ကန်သွင်းပြီး ယူနိုက်တက်တို့အတွက် ဒုတိယဦးဆောင်ဂိုး ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ဒီဂိုးကတော့ မန်ချက်စတာယူနိုက်တက် ဝါရင့်တိုက်စစ်မှူးနှစ်ယောက်ရဲ့ အပြစ်ပြောစရာမရှိတဲ့ အတွေ့အကြုံတွေရဲ့ သွင်းဂိုးဖြစ်ခဲ့သလို လူက နေပေမယ့် ပညာက မနေဘူးဆိုတဲ့ စကားလိုပဲဖြစ်ခဲ့ပြီး ဖန်တီးပေးပို့သူနဲ့ ဂိုးသွင်းယူသူတို့ရဲ့ နှစ်ဦးပေါင်းအသက်က စုစုပေါင်း ၇၀ ဖြစ်ခဲ့တာကြောင့် ထူးခြားတဲ့ ဂိုးတစ်ဂိုးလည်း ဖြစ်ခဲ့တာပါ။

ပွဲချိန် ၇၁ မိနစ်မှာတော့ ရော်နယ်လ်ဒိုအစား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို လူစားလဲခဲ့ပြီး တိုက်စစ်မြှင့်လာမယ့် စပါးစ်ကို ကြိုကာတဲ့ အကွက်ကို နည်းပြ ဆိုးလ်ရှားက သုံးစွဲသွားခဲ့သလို စပါးစ်ကတော့ ဘာ့ဂ်ဗိန်း၊ အန်ဒွမ်ဘီလီနဲ့ အယ်လီတို့ကို ထည့်သွင်းပြီး ထိုးဖောက်ခဲ့ပေမယ့် နဂိုကတည်းကမှ နည်းဗျူဟာ တိတိကျကျ မရှိခဲ့တာက သူတို့ကို ဒုံရင်းဒုံရင်းပဲဖြစ်စေခဲ့ချိန်မှာ ယူနိုက်တက်ဘက်က ကာဗာနီအစား လင်ဂတ်ကို ထပ်မံ ထည့်သွင်းခဲ့ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ တိုက်စစ်ဆင်တာကလွဲရင် ဝါးအစည်းပြေသလို ကစားနေတဲ့ စပါးစ်တို့ကို လူစားဝင်ကစားသမား ရက်ရှ်ဖို့ဒ်က အပြစ် ပေးသွားခဲ့ပြီး ဘယ်လိုစိတ်ကူးမျိုးနဲ့ မာကင်မယူဘဲ ကစားနေမှန်းမသိတဲ့ နောက်ခံလူနှစ်ယောက်ကြားထဲကို ခင်းပေးလိုက်တဲ့ ဖာနန်ဒက်စ်အစား လူစားဝင်ခဲ့သူ မာတစ်ချ်ရဲ့ ဖန်တီးပေးပို့မှုကို “Dr.MBE”က ဂိုးသမား လိုရစ်နဲ့ တစ်ယောက်ချင်းအတွေ့မှာ လွယ်လွယ်ကူကူပဲ အဆုံးသတ်သွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ယူနိုက်တက်တို့ ပွဲကို ထိန်းကစားပြီး စပါးစ်တို့ကို ပညာပေးခဲ့ပြီး သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာကို အာဆင်နယ်ဆီကနေ ဂိုးကွာခြားချက်အသာနဲ့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်မှုကို ချေဖျက်သွားခဲ့သလို နည်းပြ ဆိုးလ်ရှားအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အောင်ပွဲတစ်ပွဲဖြစ်ခဲ့ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲအထိပဲ ေစာင့္ၾကည့္ေတာ့မယ္လို႔ အဆိုခံရထားတဲ့ နည္းျပ ဆိုးလ္ရွားရဲ႕ ကစားကြက္ အဆန္းႀကီးနဲ႔အတူ စပါးစ္အသင္းရဲ႕ ဝႈိက္ဟတ္လိန္းမွာ ပြဲထြက္လာခဲ့ၿပီး ခံစစ္ကစားသမား ၅ ဦးအထိ ပါဝင္ခဲ့တဲ့ ၃-၅-၂/၅-၃-၂ ပုံစံကို သုံးစြဲခဲ့ခ်ိန္မွာ တိုက္စစ္မွာ ေရာ္နယ္လ္ဒို၊ ကာဗာနီနဲ႔ ဖာနန္ဒက္စ္တို႔ သုံးဦးသာ ကစားၿပီး က်န္တဲ့သူေတြက တစ္ဖက္အသင္းရဲ႕ ျဖစ္ႏိုင္ဖြယ္တိုက္စစ္ကို ထိန္းခ်ဳပ္ဖို႔ လုပ္ေဆာင္လာခဲ့တာျဖစ္ပါတယ္။

စပါးစ္အသင္းကေတာ့ သူတို႔ရဲ႕ နာမည္ႀကီးခဲ့တဲ့ အကြက္ေတြထဲက ဘာဆိုဘာမွ ရွိမေနတဲ့ ပုံစံနဲ႔ ၄-၃-၃ ကစားကြက္ကို ခင္းက်င္းခဲ့ရာမွာ ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ရဲ႕ အတြဲမမိမႈကို လိုဆဲလ္ဆိုနဲ႔ လူးကပ္စ္ ေမာ္ရာတို႔ကပါ ေနာက္က ပံ့ပိုးမေပးႏိုင္ဘဲ လႊတ္ထားခဲ့သလိုျဖစ္ေနၿပီး အိမ္ကြင္းမွာ ကစားခဲ့ရေပမယ့္ အိုင္ဒီယာမရွိတဲ့ ႏူႏို ဆန္တိုရဲ႕ ကစားကြက္က စိတ္ဝင္စားစရာမေကာင္းခဲ့တာပါ။

မီဒီယာေတြေပၚမွာ စပိန္လာလီဂါရဲ႕ El Clasico ကို အတုယူထားတဲ့ ရႈံးတဲ့ နည္းျပ ျပဳတ္မယ့္ပြဲ “El Sackico”လို႔ ေရးသားေနၾကတဲ့ပြဲမွာ ယူႏိုက္တက္တို႔ရဲ႕ ဗ်ဴဟာက ပိုမွန္ခဲ့ၿပီး မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ရဲ႕ လုပ္ေနက် အမွားေတြနဲ႔ ဟာကြက္ေတြကို သူတို႔ၾကားမွာ ေနာက္ထပ္တစ္ဦးပိုၿပီး ပံ့ပိုးထားတဲ့ ဗာ႐ြန္းက တံျမက္စည္းလွဲသလို ရွင္းထုတ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားကေတာ့ သူ႔ရဲ႕ တစ္သက္လုံး လက္တြဲမျဖဳတ္ပါဘူးလို႔ က်ိန္ဆိုထားသလားမသိတဲ့ McFred အတြဲကိုလည္း ကြင္းလယ္မွာ ဆက္သုံးခဲ့ၿပီး သူတို႔အေနနဲ႔ ဒီေန႔ပြဲမွာ ေလွ်ာက္ေျပး႐ုံထက္ နည္းနည္းေတာ့ ပိုသာခဲ့ေပမယ့္ ခံစစ္မွာ ၇ ေယာက္အထိ စုဖြဲ႕ခြင့္ရွိသြားတဲ့ ယူႏိုက္တက္တို႔ မာေက်ာခဲ့သလို သူမရွိကတည္းက ႏိုင္ပြဲေတြ ေပ်ာက္ေနတဲ့ ေနာက္တန္းကိုလည္း ဗာ႐ြန္းက ထင္ထင္ရွားရွား အစြမ္းျပၿပီး ျဖည့္ဆည္းႏိုင္ခဲ့တာပါ။

ၿပီးခဲ့တဲ့ ပြဲေတြမွာ ကြၽမ္းက်င္သူေတြ အႀကံေပးထားခဲ့တဲ့အတိုင္း တစ္ဖက္ခံစစ္ကို ထိုးခြဲတိုက္ဖ်က္ဖို႔ တာဝန္ကို ကာဗာနီဆီ ေပးထားခဲ့တဲ့ ဆိုးလ္ရွားေၾကာင့္ ေရာ္နယ္လ္ဒိုေရာ ဘ႐ူႏို ဖာနန္ဒက္စ္ပါ ေနရာလြတ္ေတြ ပိုရခဲ့ၿပီး ၃၆ ႏွစ္သားႀကီးဟာ ဧရိယာထဲက တစ္ခုတည္းေသာ ပစ္မွတ္ မဟုတ္ေတာ့တဲ့အတြက္ ခံစစ္သမားအမ်ားစုနဲ႔ ကစားခဲ့တဲ့ ဒီေန႔ပြဲက ထင္တာထက္ပိုၿပီး ထိုးေဖာက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ဖရီးကစ္က ျပန္ထြက္လာတာကို လူကြၽံေဘာဖမ္းတဲ့ ယူႏိုက္တက္ေနာက္တန္းရဲ႕ အတိုင္အေဖာက္ မညီမႈကေန ဆြန္ေဟာင္မင္ ေဘာလုံးရသြားခဲ့ေပမယ့္ အေလာတႀကီး ထိန္းသိမ္းၿပီး ဘယ္နဲ႔ကန္ရမယ့္အစား ညာနဲ႔ကန္သြင္းရာမွာ မိုးေပၚေထာင္သြားခဲ့လို႔ စပါးစ္တို႔ ဂိုးရႏိုင္ခြင့္နဲ႔ လြဲခဲ့ရၿပီး ဒါက ဒီပြဲမွာ တစ္လုံးမွ ဂိုးေပါက္မတည့္ခဲ့တဲ့ သူတို႔အတြက္ ရွားရွားပါးပါး နီးစပ္မႈလည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္ထဲအေရာက္မွာ ဆြန္ေဟာင္မင္ရဲ႕ ညာေထာင့္ကန္ေဘာကေန ေနာက္ခံလူ အဲရစ္ ဒိုင္ယာက ေခါင္းတိုက္ခ်ေပးခဲ့တာကို ဘယ္ျခမ္းမွာ အသင့္ေနရာယူထားခဲ့တဲ့ ခရစၥတီယန္ ႐ိုမဲ႐ိုးက ပိတ္သြင္းႏိုင္ခဲ့ေပမယ့္ စည္းၾကပ္ဒိုင္က အလံေထာင္ခဲ့သလို VAR ကပါ အတည္ျပဳခဲ့တာျဖစ္လို႔ စပါးစ္တို႔ ေအာင္ပြဲခံၿပီးမွ ေၾကကြဲခဲ့ရတာပါ။

ခံစစ္သမားေတြ မ်ားျပားတဲ့ ယူႏိုက္တက္တို႔ကို စပါးစ္တို႔က ေဘာလုံးပိုင္ဆိုင္မႈ အသာစီးယူၿပီး ကစားခဲ့ေပမယ့္ လူ႐ႊင္ေတာ္လိုျဖစ္ေနတဲ့ ကိန္းနဲ႔ အေစးမကပ္တဲ့ ဆြန္၊ ဖန္တီးမႈ ကင္းမဲ့ေနတဲ့ ကြင္းလယ္ေၾကာင့္ El Sackico မွာ ျပဳတ္မယ့္သူက ႏူႏို ဆန္တိုပဲ ျဖစ္လိမ့္မယ္လို႔ ခန႔္မွန္းခဲ့ၾကခ်ိန္မွာ အဖြင့္ဂိုးကိုလည္း ဆိုးလ္ရွားရဲ႕ လူေတြကပဲ စတင္သြင္းယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ သူ႔ကို အၿမဲတမ္း ပြဲထြက္ခြင့္ေပးတဲ့ ဆိုးလ္ရွားရဲ႕ ေက်းဇူးကို ေရာ္နယ္လ္ဒိုက ျပန္ဆပ္ခဲ့ၿပီး ကြင္းလယ္ဘယ္ျခမ္းကေန ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ျဖတ္တင္ေဘာကို လူမကြၽံေအာင္ ျပန္ေစာင့္ၿပီးမွ ေျပးထြက္ခဲ့ရာမွာ ေနာက္ခံလူကို ေက်ာ္က်လာတဲ့ ေဘာလုံးကို ေထာင့္က်ဥ္း အေနအထားကေန Volley ကန္သြင္းခဲ့ရာမွာ စပါးစ္ဂိုးသမား လိုရစ္ကို ငုတ္တုတ္ေမ့ေစၿပီး အဖြင့္ဂိုးအျဖစ္ ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ စပါးစ္တို႔အေနနဲ႔ အခြင့္အေရးတခ်ိဳ႕ ရရွိခဲ့ေပမယ့္ ဂိုးမသြင္းေၾကး ကစားေနသလိုမ်ိဳး ေဘးနဲ႔ ဘားေပၚ အမ်ိဳးမ်ိဳး ေဖ်ာ္ေျဖခဲ့တာမို႔ ေခ်ပဂိုးလည္း ျပန္ရဖို႔ ေဝလာေဝးေနခဲ့ၿပီး Half Time ၿပီးဆုံးခ်ိန္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဝႈိက္ဟတ္လိန္းမွာ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

စပါးစ္တို႔ဘက္က ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတို႔ကအစ ပ်က္စီးေနခ်ိန္မွာ အေကာင္းဆုံးကစားျပခဲ့သူကေတာ့ ညာေနာက္ခံလူ ဘရာဇီးလ္သား အီမာဆန္ ႐ိုယယ္လ္ပဲျဖစ္ခဲ့ၿပီး တိုက္စစ္ပိုင္းကေတာ့ ဘယ္သူလာလာ ရင္ခုန္စရာမျဖစ္ခဲ့ဘဲ ပြဲခ်ိန္ ၄၇ မိနစ္မွာ ဒေဟးယားက အမွားလုပ္တာေတာင္ အခြင့္အေရး ယူႏိုင္စြမ္းမရွိခဲ့ၾကတာပါ။

ပြဲခ်ိန္ ၄၈ မိနစ္မွာ ကြင္းလယ္ကေန မက္ေတာ္မီေနး ဆြဲယူလာၿပီး ခံစစ္တန္းၾကားက ေမွ်ာထိုးေပးလိုက္တာကို ေရာ္နယ္လ္ဒို ေျပးထြက္ရယူၿပီး ကန္သြင္းခ်က္က နည္းစနစ္ပိုင္းအရ ေတာ္ေတာ္ေလး ခ်ီးက်ဴးစရာျဖစ္ခဲ့ေပမယ့္ အနည္းငယ္လူကြၽံေနခဲ့တာေၾကာင့္ ဂိုးတစ္ဂိုး ႏွေျမာစရာအျဖစ္ ပယ္ဖ်က္ခံခဲ့ရသလို ဒါကေတာ့ ယူႏိုက္တက္တို႔ကို ဆာေလာင္မႈ ပိုမိုျပင္းျပေစခဲ့သလားလို႔လည္း ထင္စရာျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ စပါးစ္ကြင္းလယ္လူ စကစ္ပ္ ေဘာလုံးထိန္းပုံညံ့တာကေန ဘ႐ူႏို ဖာနန္ဒက္စ္က ဝင္လုယူသြားခဲ့ၿပီး ေနာက္ကေန လိုက္လာခဲ့တဲ့ ေရာ္နယ္လ္ဒိုဆီ ခ်ေပးခဲ့ရာမွာ သူက ေနာက္ခံလူတစ္ေယာက္ကို ေက်ာ္ျဖတ္ၿပီး ခံစစ္ၾကားက ခင္းေပးခဲ့တာကို ကာဗာနီက ဂိုးသမား လိုရစ္နဲ႔ အေတြ႕မွာ အသာအယာ ေက်ာ္ကန္သြင္းၿပီး ယူႏိုက္တက္တို႔အတြက္ ဒုတိယဦးေဆာင္ဂိုး ရွာေဖြေပးႏိုင္ခဲ့ပါတယ္။

ဒီဂိုးကေတာ့ မန္ခ်က္စတာယူႏိုက္တက္ ဝါရင့္တိုက္စစ္မႉးႏွစ္ေယာက္ရဲ႕ အျပစ္ေျပာစရာမရွိတဲ့ အေတြ႕အႀကဳံေတြရဲ႕ သြင္းဂိုးျဖစ္ခဲ့သလို လူက ေနေပမယ့္ ပညာက မေနဘူးဆိုတဲ့ စကားလိုပဲျဖစ္ခဲ့ၿပီး ဖန္တီးေပးပို႔သူနဲ႔ ဂိုးသြင္းယူသူတို႔ရဲ႕ ႏွစ္ဦးေပါင္းအသက္က စုစုေပါင္း ၇၀ ျဖစ္ခဲ့တာေၾကာင့္ ထူးျခားတဲ့ ဂိုးတစ္ဂိုးလည္း ျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ေရာ္နယ္လ္ဒိုအစား မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို လူစားလဲခဲ့ၿပီး တိုက္စစ္ျမႇင့္လာမယ့္ စပါးစ္ကို ႀကိဳကာတဲ့ အကြက္ကို နည္းျပ ဆိုးလ္ရွားက သုံးစြဲသြားခဲ့သလို စပါးစ္ကေတာ့ ဘာ့ဂ္ဗိန္း၊ အန္ဒြမ္ဘီလီနဲ႔ အယ္လီတို႔ကို ထည့္သြင္းၿပီး ထိုးေဖာက္ခဲ့ေပမယ့္ နဂိုကတည္းကမွ နည္းဗ်ဴဟာ တိတိက်က် မရွိခဲ့တာက သူတို႔ကို ဒုံရင္းဒုံရင္းပဲျဖစ္ေစခဲ့ခ်ိန္မွာ ယူႏိုက္တက္ဘက္က ကာဗာနီအစား လင္ဂတ္ကို ထပ္မံ ထည့္သြင္းခဲ့ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ တိုက္စစ္ဆင္တာကလြဲရင္ ဝါးအစည္းေျပသလို ကစားေနတဲ့ စပါးစ္တို႔ကို လူစားဝင္ကစားသမား ရက္ရွ္ဖို႔ဒ္က အျပစ္ ေပးသြားခဲ့ၿပီး ဘယ္လိုစိတ္ကူးမ်ိဳးနဲ႔ မာကင္မယူဘဲ ကစားေနမွန္းမသိတဲ့ ေနာက္ခံလူႏွစ္ေယာက္ၾကားထဲကို ခင္းေပးလိုက္တဲ့ ဖာနန္ဒက္စ္အစား လူစားဝင္ခဲ့သူ မာတစ္ခ်္ရဲ႕ ဖန္တီးေပးပို႔မႈကို “Dr.MBE”က ဂိုးသမား လိုရစ္နဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ လြယ္လြယ္ကူကူပဲ အဆုံးသတ္သြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ယူႏိုက္တက္တို႔ ပြဲကို ထိန္းကစားၿပီး စပါးစ္တို႔ကို ပညာေပးခဲ့ၿပီး သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို အမွတ္ေပးဇယားမွာ အဆင့္ ၅ ေနရာကို အာဆင္နယ္ဆီကေန ဂိုးကြာျခားခ်က္အသာနဲ႔ ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ၄ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္မႈကို ေခ်ဖ်က္သြားခဲ့သလို နည္းျပ ဆိုးလ္ရွားအတြက္ေတာ့ အဖိုးမျဖတ္ႏိုင္တဲ့ ေအာင္ပြဲတစ္ပြဲျဖစ္ခဲ့ပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.