Premier League Serie A Transfer News

အီတလီေျမကို ေရာက္ဖို႔ ေသခ်ာသေလာက္ရွိလာတဲ့ ေတာင္ပံကစားသမား ပက္ဒ႐ို

လာမယ့္ရာသီကုန္မွာ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမား ပက္ဒ႐ိုဟာလည္း အသင္းက တခ်ဳိ႕ကစားသမားေတြလိုပဲ စီးရီးေအက စိတ္ဝင္စားမွဳေတြနဲ႔တူ အီတလီေျမကို ေရာက္ဖို႔ မ်ားလာခဲ့ၿပီး ႐ိုးမားအသင္းနဲ႔ ေဆြးေႏြးမွဳေတြ စတင္ေနၿပီလို႔ သိရပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ စပိန္ေတာင္ပံကစားသမားဟာ ခ်ဲလ္ဆီးအသင္းကို ၂၀၁၅ ေႏြရာသီမွာ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၉ သန္းနဲ႔ ေရာက္ရွိလာသူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ ဘယ္ညာေတာင္ပံႏွစ္ဖက္မွာ အေကာင္းဆုံးကစားႏုိင္ခဲ့သူတစ္ဦးျဖစ္ေပမယ့္လည္း အသက္အရြယ္ေၾကာင့္ အသင္းနဲ႔ လမ္းခြဲဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းနဲ႔အတူ ဆုဖလားေတြ အေျမာက္အျမား ရယူခဲ့တဲ့ ပက္ဒ႐ိုအေနနဲ႔ ခ်ဲလ္ဆီးမွာ ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားေတြကို ရယူခဲ့အၿပီးမွာေတာ့ အီတလီေျမကို ဆက္လက္စြန္႔စားခန္းဖြင့္ဖို႔ ႐ိုးမားအသင္းနဲ႔ ေဆြးေႏြးမွဳေတြ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာလည္းျဖစ္ပါတယ္။

အေနာက္လန္ဒန္အသင္းအတြက္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ စုစုေပါင္း ၂၀၁ ပြဲ ကစားၿပီး ၄၃ ဂိုး သြင္းယူႏုိင္ခဲ့တဲ့ စပိန္လက္ေရြးစင္ေဟာင္းအေနနဲ႔ ပရီးမီးယားလိဂ္ထက္ ျမန္ႏွဳန္းနိမ့္ၿပီး ကၽြမ္းက်င္မွဳနဲ႔ နည္းစနစ္ပုိင္းကို ပုိမိုအသားေပးတဲ့ စီးရီးေအကို ေရြးခ်ယ္ခဲ့မယ္ဆုိရင္ေတာ့ သူ႕မွာ က်န္ရွိေနေသးတဲ့ အရည္အေသြးေတြကို ထုတ္ျပႏုိင္ဦးမွာပဲျဖစ္ပါတယ္။

ပက္ဒ႐ိုကို ႐ိုးမားအသင္းအျပင္ စီးရီးေအ အင္အားႀကီး ဂ်ဴဗင္တပ္စ္နဲ႔ စပိန္ကလပ္ေတြျဖစ္ၾကတဲ့ ဆီဗီလာ၊ ရီးရဲလ္ဘက္တစ္၊ ဗလင္စီယာတုိ႔ကလည္း ဆက္သြယ္ေနခဲ့ၾကၿပီး ေရာမေျမကေတာ့ စပိန္သားအေနနဲ႔ ပုိမိုေျခခ်ခ်င္တဲ့ ဦးစားေပးေနရာအျဖစ္ စဥ္းစားေနတယ္လို႔ စပိန္သတင္းဌာန AS က ေဖာ္ျပခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လာမယ့်ရာသီကုန်မှာ စာချုပ်ကုန်ဆုံးတော့မယ့် ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ပက်ဒရိုဟာလည်း အသင်းက တချို့ကစားသမားတွေလိုပဲ စီးရီးအေက စိတ်ဝင်စားမှုတွေနဲ့တူ အီတလီမြေကို ရောက်ဖို့ များလာခဲ့ပြီး ရိုးမားအသင်းနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် စပိန်တောင်ပံကစားသမားဟာ ချဲလ်ဆီးအသင်းကို ၂၀၁၅ နွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းနဲ့ ရောက်ရှိလာသူဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ ဘယ်ညာတောင်ပံနှစ်ဖက်မှာ အကောင်းဆုံးကစားနိုင်ခဲ့သူတစ်ဦးဖြစ်ပေမယ့်လည်း အသက်အရွယ်ကြောင့် အသင်းနဲ့ လမ်းခွဲဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားတွေ အမြောက်အမြား ရယူခဲ့တဲ့ ပက်ဒရိုအနေနဲ့ ချဲလ်ဆီးမှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ရယူခဲ့အပြီးမှာတော့ အီတလီမြေကို ဆက်လက်စွန့်စားခန်းဖွင့်ဖို့ ရိုးမားအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

အနောက်လန်ဒန်အသင်းအတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ စုစုပေါင်း ၂၀၁ ပွဲ ကစားပြီး ၄၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ စပိန်လက်ရွေးစင်ဟောင်းအနေနဲ့ ပရီးမီးယားလိဂ်ထက် မြန်နှုန်းနိမ့်ပြီး ကျွမ်းကျင်မှုနဲ့ နည်းစနစ်ပိုင်းကို ပိုမိုအသားပေးတဲ့ စီးရီးအေကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သူ့မှာ ကျန်ရှိနေသေးတဲ့ အရည်အသွေးတွေကို ထုတ်ပြနိုင်ဦးမှာပဲဖြစ်ပါတယ်။

ပက်ဒရိုကို ရိုးမားအသင်းအပြင် စီးရီးအေ အင်အားကြီး ဂျူဗင်တပ်စ်နဲ့ စပိန်ကလပ်တွေဖြစ်ကြတဲ့ ဆီဗီလာ၊ ရီးရဲလ်ဘက်တစ်၊ ဗလင်စီယာတို့ကလည်း ဆက်သွယ်နေခဲ့ကြပြီး ရောမမြေကတော့ စပိန်သားအနေနဲ့ ပိုမိုခြေချချင်တဲ့ ဦးစားပေးနေရာအဖြစ် စဉ်းစားနေတယ်လို့ စပိန်သတင်းဌာန AS က ဖော်ပြခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.