Premier League Serie A Transfer News

ေဂ်ာ္ဂ်င္ညဳိအထြက္နဲ႔ ေပါင္သန္း ၅၀ တန္ ကြင္းလယ္လူအဝင္ကို ခ်ဲလ္ဆီးတုိ႔ ျမင္ရမွာလား

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိကို ေရာင္းခ်သြားရႏုိင္ၿပီး ဂ်ဴဗင္တပ္စ္နည္းျပ ေမာ္ရီဇီယို ဆာရီနဲ႔ ရင္းႏွီးလြန္းတဲ့ အေနအထားက တားဆီးဖို႔ ခက္မွာျဖစ္သလို ဒီအတြက္ ျပန္လည္အစားထိုးဖို႔ ေပါင္သန္း ၅၀ တန္ ကြင္းလယ္လူကို ေစာင့္ၾကည့္ေနတယ္လို႔ ဆုိပါတယ္။

နာပုိလီအသင္းမွာ နည္းျပ ဆာရီနဲ႔ ခိုင္မာတဲ့ ဆက္ဆံေရးကို တည္ေဆာက္ခဲ့တဲ့ ေဂ်ာ္ဂ်င္ညဳိဟာ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ နည္းျပေနာက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၇ သန္းနဲ႔ လုိက္ပါလာခဲ့သူျဖစ္ၿပီး ရာသီအစက ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕သြားခ်ိန္မွာလည္း တစ္ပါတည္း ေခၚယူဖို႔ အလိုရွိခဲ့ေပမယ့္ အခုမွ ထပ္မံႀကဳိးစားလာခဲ့တာလည္းျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ညဳိရဲ႕ ေအးဂ်င့္ကေတာ့ ကစားသမားအေနနဲ႔ အသင္းေျပာင္းေရႊ႕ႏုိင္တဲ့သေဘာမ်ဳိးဆုိခဲ့ၿပီး တကယ္တမ္း အလိုရွိတယ္ဆုိရင္ ဂ်ဴဗင္တပ္စ္တာဝန္ရွိသူေတြအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ အေျပာင္းအေရႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကာယာကို လာေျပာပါလို႔ ဖိတ္ေခၚထားခဲ့သလို အသင္းအေနနဲ႔ကေတာ့ ေငြေၾကးသက္သက္ကိုပဲ အလိုရွိလို႔မယ္လို႔ ခန္႔မွန္းရပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ အီတလီလက္ေရြးစင္ကို လက္လႊတ္ရမယ့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ကေတာ့ လာဇီယိုအသင္းရဲ႕ ဆားဘီယားကြင္းလယ္လူ ဆာေဂး မီလင္ကိုဗစ္-ဆာဗစ္ကို အလိုရွိေနခဲ့ၿပီး ေရာမၿမဳိ႕ခံအသင္းအေနနဲ႔ ဘဏၰာေရးအေျခအေနကို ထိန္းညႇိဖို႔ သူ႕ကို ေရာင္းခ်ရမယ့္ အေနအထားကိုလည္း ေရာက္ရွိေနခဲ့ပါတယ္။

ခ်ဲလ္ဆီးအျပင္ ပရီးမီးယားလိဂ္အသင္းႀကီးေတြကလည္း စိတ္ဝင္စားေနၾကတဲ့ မီလင္ကိုဗစ္ကို လာဇီယိုအသင္းအေနနဲ႔ ေပါင္သန္း ၅၀ ထက္ တစ္ျပားမွ ေလွ်ာ့ၿပီး ေရာင္းခ်ဖို႔ စိတ္ကူးမရွိဘူးလို႔ အားကစားဒါ႐ိုက္တာ အီဂလီ တာရီက ေဈးႏွဳန္းသတ္မွတ္ခဲ့သလို အသင္းအေနနဲ႔ သူ႕ကို အလ်င္စလို ေရာင္းခ်မွာ မဟုတ္ဘဲ ကလပ္အသင္းအတြက္ေရာ ကစားသမားအတြက္ပါ ေကာင္းမြန္တဲ့ ကမ္းလွမ္းမွဳကို ေသေသခ်ာခ်ာ အာမခံႏုိင္မယ့္အသင္းကိုပဲ ေရြးခ်ယ္ေရာင္းခ်သြားမွာျဖစ္တယ္လို႔ ေၾကျငာထားေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO & DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုကို ရောင်းချသွားရနိုင်ပြီး ဂျူဗင်တပ်စ်နည်းပြ မော်ရီဇီယို ဆာရီနဲ့ ရင်းနှီးလွန်းတဲ့ အနေအထားက တားဆီးဖို့ ခက်မှာဖြစ်သလို ဒီအတွက် ပြန်လည်အစားထိုးဖို့ ပေါင်သန်း ၅၀ တန် ကွင်းလယ်လူကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

နာပိုလီအသင်းမှာ နည်းပြ ဆာရီနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့တဲ့ ဂျော်ဂျင်ညိုဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ နည်းပြနောက် ပြောင်းရွှေ့ကြေး ပေါင် ၅၇ သန်းနဲ့ လိုက်ပါလာခဲ့သူဖြစ်ပြီး ရာသီအစက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားချိန်မှာလည်း တစ်ပါတည်း ခေါ်ယူဖို့ အလိုရှိခဲ့ပေမယ့် အခုမှ ထပ်မံကြိုးစားလာခဲ့တာလည်းဖြစ်ပါတယ်။

ဂျော်ဂျင်ညိုရဲ့ အေးဂျင့်ကတော့ ကစားသမားအနေနဲ့ အသင်းပြောင်းရွှေ့နိုင်တဲ့သဘောမျိုးဆိုခဲ့ပြီး တကယ်တမ်း အလိုရှိတယ်ဆိုရင် ဂျူဗင်တပ်စ်တာဝန်ရှိသူတွေအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကာယာကို လာပြောပါလို့ ဖိတ်ခေါ်ထားခဲ့သလို အသင်းအနေနဲ့ကတော့ ငွေကြေးသက်သက်ကိုပဲ အလိုရှိလို့မယ်လို့ ခန့်မှန်းရပါတယ်။

အသက် ၂၈ နှစ်အရွယ် အီတလီလက်ရွေးစင်ကို လက်လွှတ်ရမယ့် ချဲလ်ဆီးအသင်းအနေနဲ့ကတော့ လာဇီယိုအသင်းရဲ့ ဆားဘီယားကွင်းလယ်လူ ဆာဂေး မီလင်ကိုဗစ်-ဆာဗစ်ကို အလိုရှိနေခဲ့ပြီး ရောမမြို့ခံအသင်းအနေနဲ့ ဘဏ္ဏာရေးအခြေအနေကို ထိန်းညှိဖို့ သူ့ကို ရောင်းချရမယ့် အနေအထားကိုလည်း ရောက်ရှိနေခဲ့ပါတယ်။

ချဲလ်ဆီးအပြင် ပရီးမီးယားလိဂ်အသင်းကြီးတွေကလည်း စိတ်ဝင်စားနေကြတဲ့ မီလင်ကိုဗစ်ကို လာဇီယိုအသင်းအနေနဲ့ ပေါင်သန်း ၅၀ ထက် တစ်ပြားမှ လျှော့ပြီး ရောင်းချဖို့ စိတ်ကူးမရှိဘူးလို့ အားကစားဒါရိုက်တာ အီဂလီ တာရီက ဈေးနှုန်းသတ်မှတ်ခဲ့သလို အသင်းအနေနဲ့ သူ့ကို အလျင်စလို ရောင်းချမှာ မဟုတ်ဘဲ ကလပ်အသင်းအတွက်ရော ကစားသမားအတွက်ပါ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို သေသေချာချာ အာမခံနိုင်မယ့်အသင်းကိုပဲ ရွေးချယ်ရောင်းချသွားမှာဖြစ်တယ်လို့ ကြေငြာထားကြောင်းလည်း သိရှိရပါတယ်။

REF: METRO & DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.