Premier League

ဒီဘ႐ိုင္းနားဟာ မက္ဆီ၊ ေရာ္နယ္လ္ဒိုတုိ႔နဲ႔ တစ္တန္းတည္းပဲလို႔ ခ်ီးက်ဴးလုိက္တဲ့ ဂရီးလစ္ရွ္

ပရီးမီးယားလိဂ္ကလပ္ အက္စတန္ဗီလာအသင္းရဲ႕ အသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္က မန္ခ်က္စတာစီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားဟာ လက္ရွိကမာၻ႕အေကာင္းဆုံးဆုရွင္ေတြျဖစ္ၾကတဲ့ လီယြန္နယ္ မက္ဆီ၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတုိ႔နဲ႔ တစ္တန္းတည္းထားရမယ့္ အဆင့္အထိ ေရာက္ရွိေနသူျဖစ္ေၾကာင္း ခ်ီးက်ဴးေျပာၾကားလုိက္ပါတယ္။

ကမာၻ႕အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးလို႔ ေဘာလုံးပရိသတ္ေတြရဲ႕ တစ္ညီတစ္ညြတ္တည္း လက္ခံမွဳကို ရရွိထားတဲ့ အသက္ ၂၈ ႏွစ္အရြယ္ ကြင္းလယ္လူဟာ အသင္းကို ေရာက္လာခဲ့တဲ့ ၂၀၁၅-၁၆ ရာသီကတည္းက ေျခစြမ္းျပႏုိင္ခဲ့ၿပီး ပရီးမီးယားလိဂ္ ၁၄၆ ပြဲမွာ ၃၁ ဂိုးသြင္းၿပီး ၆၂ ဂိုး ဖန္တီးေပးထားႏုိင္ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္လက္ေရြးစင္ကြင္းလယ္လူ ဒီဘ႐ိုင္းနားအေနနဲ႔ မန္စီးတီးအသင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ ၂ ႀကိမ္အျပင္၊ အက္ဖ္ေအဖလား တစ္ႀကိမ္နဲ႔ လိဂ္ဖလား ၄ ႀကိမ္တုိ႔ကို ရယူထားႏုိင္ခဲ့ၿပီး ဂရီးလစ္ရွ္ကေတာ့ သူဟာ မယုံႏုိင္ေလာက္ေအာင္ ေကာင္းမြန္တဲ့ ကစားသမားမ်ဳိးလို႔ ေျပာလိုက္တာလည္းျဖစ္ပါတယ္။

“ကၽြန္ေတာ့္အတြက္ သိပ္ကို ႏွစ္သက္စရာေကာင္းတဲ့ ကစားသမားမ်ဳိးေပါ့ဗ်ာ။ မယုံႏိုင္ေလာက္ေအာင္ ေကာင္းမြန္တဲ့သူမ်ဳိးျဖစ္ၿပီး ကၽြန္ေတာ့္ ကစားပုံမွာ သူ႕ကို အတူယူခဲ့ရတာတခ်ဳိ႕လည္း ရွိခဲ့ပါတယ္။ သူ႕အေနနဲ႔ လုပ္ႏုိင္သမွ် အရာအားလုံးကို ေပးဆပ္ျပခဲ့ၿပီျဖစ္ၿပီး တခ်ဳိ႕သူေတြက သူ႕ကို အသိအမွတ္မျပဳၾကေပမယ့္လည္း ကၽြန္ေတာ့္အတြက္ေတာ့ အေကာင္းဆုံးကစားသမားပါပဲ”လို႔ ဗီလာအသင္းေခါင္းေဆာင္က ဆုိပါတယ္။

ဒါ့အျပင္ ဂရီလစ္ရွ္က ဒီဘ႐ိုင္းနားဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ၿပီး သူ႕ရဲ႕အျမင္မွာေတာ့ တျခားၿပဳိင္ပြဲေတြက အေကာင္းဆုံးေတြျဖစ္ၾကတဲ့ လီယြန္နယ္ မက္ဆီ၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ကိုင္လ်န္ အမ္ဘာေပတို႔နဲ႔ တစ္တန္းတည္းထားၿပီး ခ်ီးက်ဴးရမွာလည္း ျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကလပ် အက်စတန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်က မန်ချက်စတာစီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးဆုရှင်တွေဖြစ်ကြတဲ့ လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့နဲ့ တစ်တန်းတည်းထားရမယ့် အဆင့်အထိ ရောက်ရှိနေသူဖြစ်ကြောင်း ချီးကျူးပြောကြားလိုက်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးလို့ ဘောလုံးပရိသတ်တွေရဲ့ တစ်ညီတစ်ညွတ်တည်း လက်ခံမှုကို ရရှိထားတဲ့ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူဟာ အသင်းကို ရောက်လာခဲ့တဲ့ ၂၀၁၅-၁၆ ရာသီကတည်းက ခြေစွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၁၄၆ ပွဲမှာ ၃၁ ဂိုးသွင်းပြီး ၆၂ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်လက်ရွေးစင်ကွင်းလယ်လူ ဒီဘရိုင်းနားအနေနဲ့ မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ ၂ ကြိမ်အပြင်၊ အက်ဖ်အေဖလား တစ်ကြိမ်နဲ့ လိဂ်ဖလား ၄ ကြိမ်တို့ကို ရယူထားနိုင်ခဲ့ပြီး ဂရီးလစ်ရှ်ကတော့ သူဟာ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ကစားသမားမျိုးလို့ ပြောလိုက်တာလည်းဖြစ်ပါတယ်။

“ကျွန်တော့်အတွက် သိပ်ကို နှစ်သက်စရာကောင်းတဲ့ ကစားသမားမျိုးပေါ့ဗျာ။ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့သူမျိုးဖြစ်ပြီး ကျွန်တော့် ကစားပုံမှာ သူ့ကို အတူယူခဲ့ရတာတချို့လည်း ရှိခဲ့ပါတယ်။ သူ့အနေနဲ့ လုပ်နိုင်သမျှ အရာအားလုံးကို ပေးဆပ်ပြခဲ့ပြီဖြစ်ပြီး တချို့သူတွေက သူ့ကို အသိအမှတ်မပြုကြပေမယ့်လည်း ကျွန်တော့်အတွက်တော့ အကောင်းဆုံးကစားသမားပါပဲ”လို့ ဗီလာအသင်းခေါင်းဆောင်က ဆိုပါတယ်။

ဒါ့အပြင် ဂရီလစ်ရှ်က ဒီဘရိုင်းနားဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ပြီး သူ့ရဲ့အမြင်မှာတော့ တခြားပြိုင်ပွဲတွေက အကောင်းဆုံးတွေဖြစ်ကြတဲ့ လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ကိုင်လျန် အမ်ဘာပေတို့နဲ့ တစ်တန်းတည်းထားပြီး ချီးကျူးရမှာလည်း ဖြစ်ကြောင်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.