Premier League

၄.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း ၁၄ ရက္၊ ၾကာသပေတးေန႔။

၄.၆.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း ၁၄ ရက္၊ ၾကာသပေတးေန႔၊ ရက္ရာဇာ၊ သမားညဳိ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၇:၀၅ အထိ တိထီ ၁၃ လုံး။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၄:၁၅ အထိ တိထီ ၁၄ လုံး။ ေက်ာ္လွ်င္ ၁၅ လုံး။ ၁၄ လုံးတြင္ မတယုဂ္၊ လုပ္ငန္းသစ္မ်ား မစတင္ရ၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၁၉:၃၅ ဝိသာခါနကၡတ္။ ေက်ာ္လွ်င္ အႏုရာဓနကၡတ္။ တစ္္ေန႔လုံးႏွင့္ သန္းေခါင္ေက်ာ္ ၁၂:၂၃ အထိ သီဝယုဂ္၊ မဂၤလာရွိျခင္း၊ ဂုဏ္က်က္သေရႏွင့္ ျပည့္စုံျခင္း၊ မဂၤလာယူလိုသည့္ အလုပ္မ်ား၊ အခမ္းအနားမ်ား၊ ပူေဇာ္ဆုေတာင္းမွဳမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ သိဒၶယုဂ္၊ ျပည့္စုံျခင္း၊ ကၽြမ္းက်င္စြာျဖင့္ ေအာင္ျမင္ျခင္း၊ ဆႏၵရွိသည့္ အရာမ်ားအား စူးစိုက္လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၇:၀၅ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္းေျပာဆိုျခင္း ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ညေန ၁၇:၃၈ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၄:၁၅ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ ေက်ာ္လွ်င္ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
နံနက္ ၇:၀၅ အထိ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၄:၁၅ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၄.၆.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ကြာသပတေးနေ့၊ ရက်ရာဇာ၊ သမားညို။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၇:၀၅ အထိ တိထီ ၁၃ လုံး။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၄:၁၅ အထိ တိထီ ၁၄ လုံး။ ကျော်လျှင် ၁၅ လုံး။ ၁၄ လုံးတွင် မတယုဂ်၊ လုပ်ငန်းသစ်များ မစတင်ရ၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၁၉:၃၅ ဝိသာခါနက္ခတ်။ ကျော်လျှင် အနုရာဓနက္ခတ်။ တစ်နေ့လုံးနှင့် သန်းခေါင်ကျော် ၁၂:၂၃ အထိ သီဝယုဂ်၊ မင်္ဂလာရှိခြင်း၊ ဂုဏ်ကျက်သရေနှင့် ပြည့်စုံခြင်း၊ မင်္ဂလာယူလိုသည့် အလုပ်များ၊ အခမ်းအနားများ၊ ပူဇော်ဆုတောင်းမှုများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သိဒ္ဓယုဂ်၊ ပြည့်စုံခြင်း၊ ကျွမ်းကျင်စွာဖြင့် အောင်မြင်ခြင်း၊ ဆန္ဒရှိသည့် အရာများအား စူးစိုက်လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၇:၀၅ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ညနေ ၁၇:၃၈ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၄:၁၅ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ကျော်လျှင် ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၇:၀၅ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၄:၁၅ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)