Premier League Transfer News

ေပါင္သန္း ၂၀ အထက္ မရရင္ စာခ်ဳပ္ကုန္မွ အူဘာမီယန္းကို လက္လႊတ္မယ္ဆုိတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းရဲ႕ စီမံခန္႔ခြဲမွဳ ျပႆနာေတြကေတာ့ တစ္စထက္တစ္စ ပုိမိုဆုိးရြားလာခဲ့ၿပီး ကစားသမားေတြရဲ႕ စာခ်ဳပ္ကို ကိုင္တြယ္တာ၊ နည္းျပသစ္ ခန္႔အပ္ဖို႔ ေႏွာင့္ေႏွးေနခဲ့တာနဲ႔ ပိုင္ရွင္မ်က္ႏွာၾကည့္လြန္းၿပီး ပရိသတ္ေတြနဲ႔ အသင္းသားေတြရဲ႕ မ်က္ႏွာကို မၾကည့္တာေတြဟာ လက္ရွိမွာ ခက္ခဲတဲ့ အေျခအေနကို ရင္ဆုိင္ခဲ့ရၿပီျဖစ္ပါတယ္။

ပရိသတ္အခ်စ္ေတာ္ ကြင္းလယ္ကစားသမား အာရြန္ ရမ္ေဆးကို လက္လႊတ္ရေတာ့မယ္လို႔ ေသခ်ာသြားခဲ့ၿပီးေနာက္ပုိင္း အသင္းပုိင္ရွင္ရဲ႕သား ဂ်ဳိ႕ရွ္ ခ႐ိုယန္ကီနဲ႔ သူတုိ႔ရဲ႕ အေႏၲဝါသိကတပည့္ႀကီး အားကစားဒါ႐ိုက္တာ ရာအူးလ္ ဆန္ယီအီတုိ႔က ကစားသမားေတြကို ဒီလိုမ်ဳိး အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္မလႊတ္ရေအာင္ ႏွစ္ႏွစ္စာခ်ဳပ္က်န္ရင္ သက္တမ္းတုိးဖို႔နဲ႔ မတုိးဘူးဆုိရင္ ေရာင္းမယ္လုိ႔ ရာဇသံေပးခဲ့ေပမယ့္ လက္ရွိမွာေတာ့ တိုက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို အက်ဳိးအျမတ္မရွိဘဲ လက္လႊတ္ရဖို႔ ႀကဳံေတြ႕ေနရပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီ စာခ်ဳပ္ႏွစ္ႏွစ္က်န္ခ်ိန္မွာ ႀကဳိးစားခဲ့ၿပီး တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းကို မေပးႏိုင္ခဲ့တဲ့ အူဘာမီယန္းအတြက္ ကိုဗစ္-၁၉ ေၾကာင့္ ဝင္ေငြေလ်ာ့က်လာခ်ိန္မွာ စာခ်ဳပ္သစ္ထပ္ကမ္းလွမ္းဖို႔ထက္ လစာပါ ျဖတ္ေတာက္ခဲ့ရၿပီး စာခ်ဳပ္ကလည္း ၁၃ လသာ က်န္ေတာ့ခ်ိန္မွာ သူ႕ကို ဘယ္အသင္းကမွလည္း ႀကီးမားတဲ့ ေျပာင္းေရႊ႕ေၾကး ေပးေခ်လိုခ်င္စိတ္ မရွိေတာ့တာျဖစ္ပါတယ္။

အာဆင္နယ္တာဝန္ရွိသူေတြနဲ႔ ဆန္ယီအီကေတာ့ ဒီအေနအထားကို ဘယ္လိုမွ ပုိေကာင္းေအာင္လုပ္ဖို႔ မတတ္ႏုိင္ေတာ့ေၾကာင္း ဝန္ခံသလိုလည္းျဖစ္ေနခဲ့ၿပီး ေနာက္ဆုံးထုတ္ျပန္ခ်က္ေတြအရေတာ့ အူဘာမီယန္းကို ေပါင္သန္း ၂၀ ထက္ ပုိေပးတဲ့အသင္းမ်ဳိး မရွိရင္ တစ္ရာသီ ဆက္လက္ထိန္းသိမ္းၿပီး ရာသီကုန္ခ်ိန္မွာမွ အလြတ္ေျပာင္းေရႊ႕ခြင့္ ျပဳသြားမွာျဖစ္တယ္လို႔ ဆုိခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအေနအထားအရေတာ့ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ဒီရာသီမွာ အသင္းကို ဘယ္ေလာက္တြန္းတင္ေပးႏိုင္ၿပီး လာမယ့္ရာသီမွာေရာ ပိုမို ေကာင္းမြန္တဲ့ ရလဒ္ေတြနဲ႔ ဆုဖလားေတြကို စိန္ေခၚႏုိင္မလားဆုိတာက အလြန္အေရးပါလာခဲ့ၿပီး လက္က်န္တစ္ႏွစ္အတြင္းမွာ အူဘာမီယန္းကို ေရာင္းခ်သြားဖို႔ထက္ အသင္းရဲ႕ ပုံစံေကာင္းနဲ႔ ရလဒ္ေတြကို ျပသၿပီး ထိန္းသိမ္းသြားႏိုင္ဖို႔သာ လုပ္ေဆာင္ရေတာ့မွာျဖစ္ေၾကာင္းလည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ စီမံခန့်ခွဲမှု ပြဿနာတွေကတော့ တစ်စထက်တစ်စ ပိုမိုဆိုးရွားလာခဲ့ပြီး ကစားသမားတွေရဲ့ စာချုပ်ကို ကိုင်တွယ်တာ၊ နည်းပြသစ် ခန့်အပ်ဖို့ နှောင့်နှေးနေခဲ့တာနဲ့ ပိုင်ရှင်မျက်နှာကြည့်လွန်းပြီး ပရိသတ်တွေနဲ့ အသင်းသားတွေရဲ့ မျက်နှာကို မကြည့်တာတွေဟာ လက်ရှိမှာ ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

ပရိသတ်အချစ်တော် ကွင်းလယ်ကစားသမား အာရွန် ရမ်ဆေးကို လက်လွှတ်ရတော့မယ်လို့ သေချာသွားခဲ့ပြီးနောက်ပိုင်း အသင်းပိုင်ရှင်ရဲ့သား ဂျို့ရှ် ခရိုယန်ကီနဲ့ သူတို့ရဲ့ အန္တေဝါသိကတပည့်ကြီး အားကစားဒါရိုက်တာ ရာအူးလ် ဆန်ယီအီတို့က ကစားသမားတွေကို ဒီလိုမျိုး အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရအောင် နှစ်နှစ်စာချုပ်ကျန်ရင် သက်တမ်းတိုးဖို့နဲ့ မတိုးဘူးဆိုရင် ရောင်းမယ်လို့ ရာဇသံပေးခဲ့ပေမယ့် လက်ရှိမှာတော့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို အကျိုးအမြတ်မရှိဘဲ လက်လွှတ်ရဖို့ ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ စာချုပ်နှစ်နှစ်ကျန်ချိန်မှာ ကြိုးစားခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းကို မပေးနိုင်ခဲ့တဲ့ အူဘာမီယန်းအတွက် ကိုဗစ်-၁၉ ကြောင့် ဝင်ငွေလျော့ကျလာချိန်မှာ စာချုပ်သစ်ထပ်ကမ်းလှမ်းဖို့ထက် လစာပါ ဖြတ်တောက်ခဲ့ရပြီး စာချုပ်ကလည်း ၁၃ လသာ ကျန်တော့ချိန်မှာ သူ့ကို ဘယ်အသင်းကမှလည်း ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပေးချေလိုချင်စိတ် မရှိတော့တာဖြစ်ပါတယ်။

အာဆင်နယ်တာဝန်ရှိသူတွေနဲ့ ဆန်ယီအီကတော့ ဒီအနေအထားကို ဘယ်လိုမှ ပိုကောင်းအောင်လုပ်ဖို့ မတတ်နိုင်တော့ကြောင်း ဝန်ခံသလိုလည်းဖြစ်နေခဲ့ပြီး နောက်ဆုံးထုတ်ပြန်ချက်တွေအရတော့ အူဘာမီယန်းကို ပေါင်သန်း ၂၀ ထက် ပိုပေးတဲ့အသင်းမျိုး မရှိရင် တစ်ရာသီ ဆက်လက်ထိန်းသိမ်းပြီး ရာသီကုန်ချိန်မှာမှ အလွတ်ပြောင်းရွှေ့ခွင့် ပြုသွားမှာဖြစ်တယ်လို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအနေအထားအရတော့ နည်းပြ မီခယ်လ် အာတီတာရဲ့ ဒီရာသီမှာ အသင်းကို ဘယ်လောက်တွန်းတင်ပေးနိုင်ပြီး လာမယ့်ရာသီမှာရော ပိုမို ကောင်းမွန်တဲ့ ရလဒ်တွေနဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်မလားဆိုတာက အလွန်အရေးပါလာခဲ့ပြီး လက်ကျန်တစ်နှစ်အတွင်းမှာ အူဘာမီယန်းကို ရောင်းချသွားဖို့ထက် အသင်းရဲ့ ပုံစံကောင်းနဲ့ ရလဒ်တွေကို ပြသပြီး ထိန်းသိမ်းသွားနိုင်ဖို့သာ လုပ်ဆောင်ရတော့မှာဖြစ်ကြောင်းလည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.