Carabao & FA Match Report Premier League

ပင်နယ်တီကျမှ ဆောက်သမ်တန်ကို ကျော်ဖြတ်ပြီး ကွာတားတက်နိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ၃-၄-၃ ပုံစံကို သုံးစွဲခဲ့သလို ပြီးခဲ့တဲ့ ပွဲတွေက ဘယ်တောင်ပံမှာ ခြေစွမ်းပြခဲ့တဲ့ ဟဒ်ဆန်-အိုဒွိုင်းကို ညာတောင်ပံမှာ Wing Back အဖြစ် သုံးစွဲသွားခဲ့ပြီး ခံစစ်မှာ မာလန်းဆားရ်၊ ချာလိုဘာနဲ့ ဂျိမ်းစ် ကွင်းလယ်မှာ ဆာအူးလ်နဲ့ ကိုဗာချစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာ ဘာကလီ၊ ဇီးယက်ရှ်နဲ့ ဟာဗတ်ဇ်တို့ကို ထည့်သွင်းပြီး ကစားကွက်စမ်းသပ်ခဲ့ပြန်ပါတယ်။

ဆောက်သမ်တန်ကတော့ ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာပဲ အနီကတ်နဲ့ အထုတ်ခံထားရတဲ့ အသင်းခေါင်းဆောင် ဝါ့ဒ်ပရောက်စ်ရဲ့ တတိယမြောက်နဲ့ နောက်ဆုံး ပွဲပယ်ပြစ်ဒဏ်အဖြစ် ဒီပွဲမှာ ကျခံခဲ့ရတာကြောင့် အရန်ကစားသမားအများစုနဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာတော့ ရှေအက်ဒမ်စ်နဲ့ အမ်းစ်ထရောင်းနှစ်ဦး ပါဝင်လာခဲ့တာပါ။

ချဲလ်ဆီးတို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့ကြတဲ့ ဒီနေ့ပွဲမှာ အခွင့်အရေး တော်တော်များများကိုလည်း ဖန်တီးနိုင်ခဲ့ပြီး အလွန်ဆိုနဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ လွဲချော်နေခဲ့ကြသလို ပွဲချိန် ၅ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ကွင်းလယ်လူ ဆာအူးလ်က အစွမ်းပြနိုင်ခဲ့တဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ဖော်စတာ ကာကွယ်နိုင်ခဲ့လို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပါတယ်။

အဝေးကွင်းမှာဖြစ်ပေမယ့် ဆောက်သမ်တန်တို့ ခပ်ကြမ်းကြမ်း ကစားခဲ့ကြသလို လူမစုံတဲ့ ကွင်းလယ်ကြောင့် ချဲလ်ဆီးတို့ အပိုင်အခွင့်အရေး ရရှိမှုတော့ နည်းခဲ့ပြီး ဟာဗတ်ဇ်ရဲ့ ကန်ချက်တွေ ကောင်းခဲ့ပေမယ့် အနည်းငယ်လွဲချော်ခဲ့တာနဲ့ ဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဂိုးမရဘဲဖြစ်ခဲ့သလို ကပ္ပတိန်လက်ပတ်ကြီးနဲ့ အလွန်ဆိုကတော့ အမြင့်ဘောတွေ ရှင်းထုတ်မှုမှာ ခပ်ကြောင်ကြောင်ဖြစ်နေကျပုံစံကိုလည်း ထပ်ပြခဲ့ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးရယူနိုင်ခဲ့ပြီး ဘယ်ထောင့်ကန်ဘောကနေ ဇီးယက်ရှ် ကန်တင်ပေးတာကို ဟာဗတ်ဇ်က အလွန်ဆို၊ မာလန်းဆားရ်တို့နဲ့အတူ ဆောက်သမ်တန်ခံစစ်ကြားထဲကနေ တိုးပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ အိမ်ရှင်တို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ၂ မိနစ်မှာတော့ ဆောက်သမ်တန်တို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ဆာအူးလ် ဘောလုံးပျက်တာကနေ ပြန်ရသွားခဲ့တဲ့ ဝေါ်လ်ကာ-ပီတာစ်က ညာခြမ်းထောင့်ကျဉ်းအနေအထားကနေ ကံစမ်းသလို ကန်သွင်းချက်ကို ဂိုးသမား ကီပါ ကာကွယ်ရာမှာ မပီပြင်ခဲ့တာကြောင့် သူ့လက်ကြားကနေ နောက်ဘက်ကို ထွက်လာတဲ့ ဘောလုံးကို ရှေအက်ဒမ်စ်က အနီးကပ်ပိတ်သွင်းပြီး ချေပဂိုး ရယူသွားခဲ့ပါတယ်။

ချဲလ်ဆီးတို့ ဂိုးပေါက် ၂၃ ကြိမ် ကန်ခွင့်ရခဲ့ပြီး ၁၄ ကြိမ် ဂိုးပေါက်တည့်တဲ့ပွဲမှာ မေဆန်မောင့်နဲ့ ဂျော်ဂျင်ညိုတို့ မပါဝင်တဲ့ တိုက်စစ်ပိုင်းရဲ့ အဆုံးသတ်က သာမန်သာ ရှိခဲ့သလို ချေးလ်ဝဲလ်နဲ့ မောင့်တို့ကို ပွဲချိန် ၆၇ မိနစ်မှာ ထပ်ထည့်ခဲ့ပေမယ့် ဆောက်သမ်တန်ခံစစ်နဲ့ ဂိုးသမားတို့ကလည်း အမှားအယွင်းနည်းခဲ့တာကြောင့် တစ်ဂိုးထက် ပိုမရယူနိုင်ခဲ့ဘဲ အနိုင်ရဖို့ မတတ်နိုင်ခဲ့တာကြောင့် မိနစ် ၉၀ အပြည့်မှာ ပင်နယ်တီ ကန်သွင်းခဲ့ရပါတယ်။

ပင်နယ်တီစကန်သွင်းရာမှာတော့ ဆောက်သမ်တန်တို့ စတင်ကန်ခွင့်ရခဲ့ရာမှာ တိုက်စစ်မှူး အဒမ် အမ်းစ်ထရောင်းက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပြီး ချဲလ်ဆီးဘက်က အလွန်ဆိုကလည်း ဂိုးသမားနဲ့ ဆန့်ကျင်ဘက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်ချေပနိုင်ခဲ့အပြီးမှာတော့ ညာဘက်ကိုချည်း ကန်ခဲ့ကြတဲ့ ဝဲလ်ကော့နဲ့ မေဆန်မောင့်တို့ရဲ့ ကန်ချက်တွေကို ဂိုးသမားတွေ ကာကွယ်သွားနိုင်ခဲ့ကြတာပါ။

ဆက်လက်ကန်သွင်းရာမှာတော့ ရှိန်းလောင်းက ကီပါကို လှည့်စားနိုင်ခဲ့သလို ဟဒ်ဆန်-အိုဒွိုင်းကတော့ အမှားအယွင်းမရှိ ပြန်လည်ချေပခဲ့ပြီး စမောလ်ဘုန်းရဲ့ ကန်ချက် မိုးပေါ်ထောင်သွားခဲ့ချိန်မှာ ချေးလ်ဝဲလ်ကတော့ ဂိုးသမားနဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းနိုင်ခဲ့လို့ ချဲလ်ဆီးတို့ ဦးဆောင်နေခဲ့ပါတယ်။

ပဉ္စမမြောက် နောက်ဆုံးပင်နယ်တီကို ဆောက်သမ်တန်ရဲ့ ချဲလ်ဆီးကစားသမားဟောင်း ရိုမီယူရော ရီးစ်ဂျိမ်းစ်ပါ ဝင်အောင်ကန်သွင်းနိုင်ခဲ့ကြလို့ ပင်နယ်တီအဆုံးအဖြတ်မှာ လေးဂိုး-သုံးဂိုးနဲ့ အိမ်ရှင်တွေ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အောင်ပွဲခံခဲ့ကြပြီး ကွာတားဖိုင်နယ်အဆင့်ကို ကစားကွက်စမ်းသပ်ရင်း တက်ရောက်သွားနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၃-၄-၃ ပုံစံကို သုံးစြဲခဲ့သလို ၿပီးခဲ့တဲ့ ပြဲေတြက ဘယ္ေတာင္ပံမွာ ေျခစြမ္းျပခဲ့တဲ့ ဟဒ္ဆန္-အိုဒြိဳင္းကို ညာေတာင္ပံမွာ Wing Back အျဖစ္ သုံးစြဲသြားခဲ့ၿပီး ခံစစ္မွာ မာလန္းဆားရ္၊ ခ်ာလိုဘာနဲ႔ ဂ်ိမ္းစ္ ကြင္းလယ္မွာ ဆာအူးလ္နဲ႔ ကိုဗာခ်စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာ ဘာကလီ၊ ဇီးယက္ရွ္နဲ႔ ဟာဗတ္ဇ္တို႔ကို ထည့္သြင္းၿပီး ကစားကြက္စမ္းသပ္ခဲ့ျပန္ပါတယ္။

ေဆာက္သမ္တန္ကေတာ့ ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ ပရီးမီးယားလိဂ္ပြဲမွာပဲ အနီကတ္နဲ႔ အထုတ္ခံထားရတဲ့ အသင္းေခါင္းေဆာင္ ဝါ့ဒ္ပေရာက္စ္ရဲ႕ တတိယေျမာက္နဲ႔ ေနာက္ဆုံး ပြဲပယ္ျပစ္ဒဏ္အျဖစ္ ဒီပြဲမွာ က်ခံခဲ့ရတာေၾကာင့္ အရန္ကစားသမားအမ်ားစုနဲ႔ပဲ ပြဲထြက္လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ေရွအက္ဒမ္စ္နဲ႔ အမ္းစ္ထေရာင္းႏွစ္ဦး ပါဝင္လာခဲ့တာပါ။

ခ်ဲလ္ဆီးတို႔ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ကစားခဲ့ၾကတဲ့ ဒီေန႔ပြဲမွာ အခြင့္အေရး ေတာ္ေတာ္မ်ားမ်ားကိုလည္း ဖန္တီးႏိုင္ခဲ့ၿပီး အလြန္ဆိုနဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ လြဲေခ်ာ္ေနခဲ့ၾကသလို ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ကြင္းလယ္လူ ဆာအူးလ္က အစြမ္းျပႏိုင္ခဲ့တဲ့ ေခါင္းတိုက္ခ်က္ကို ဂိုးသမား ေဖာ္စတာ ကာကြယ္ႏိုင္ခဲ့လို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရပါတယ္။

အေဝးကြင္းမွာျဖစ္ေပမယ့္ ေဆာက္သမ္တန္တို႔ ခပ္ၾကမ္းၾကမ္း ကစားခဲ့ၾကသလို လူမစုံတဲ့ ကြင္းလယ္ေၾကာင့္ ခ်ဲလ္ဆီးတို႔ အပိုင္အခြင့္အေရး ရရွိမႈေတာ့ နည္းခဲ့ၿပီး ဟာဗတ္ဇ္ရဲ႕ ကန္ခ်က္ေတြ ေကာင္းခဲ့ေပမယ့္ အနည္းငယ္လြဲေခ်ာ္ခဲ့တာနဲ႔ ဂိုးသမား ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ဂိုးမရဘဲျဖစ္ခဲ့သလို ကပၸတိန္လက္ပတ္ႀကီးနဲ႔ အလြန္ဆိုကေတာ့ အျမင့္ေဘာေတြ ရွင္းထုတ္မႈမွာ ခပ္ေၾကာင္ေၾကာင္ျဖစ္ေနက်ပုံစံကိုလည္း ထပ္ျပခဲ့ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုးရယူႏိုင္ခဲ့ၿပီး ဘယ္ေထာင့္ကန္ေဘာကေန ဇီးယက္ရွ္ ကန္တင္ေပးတာကို ဟာဗတ္ဇ္က အလြန္ဆို၊ မာလန္းဆားရ္တို႔နဲ႔အတူ ေဆာက္သမ္တန္ခံစစ္ၾကားထဲကေန တိုးၿပီး ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ အိမ္ရွင္တို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ၂ မိနစ္မွာေတာ့ ေဆာက္သမ္တန္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ဆာအူးလ္ ေဘာလုံးပ်က္တာကေန ျပန္ရသြားခဲ့တဲ့ ေဝၚလ္ကာ-ပီတာစ္က ညာျခမ္းေထာင့္က်ဥ္းအေနအထားကေန ကံစမ္းသလို ကန္သြင္းခ်က္ကို ဂိုးသမား ကီပါ ကာကြယ္ရာမွာ မပီျပင္ခဲ့တာေၾကာင့္ သူ႔လက္ၾကားကေန ေနာက္ဘက္ကို ထြက္လာတဲ့ ေဘာလုံးကို ေရွအက္ဒမ္စ္က အနီးကပ္ပိတ္သြင္းၿပီး ေခ်ပဂိုး ရယူသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ ဂိုးေပါက္ ၂၃ ႀကိမ္ ကန္ခြင့္ရခဲ့ၿပီး ၁၄ ႀကိမ္ ဂိုးေပါက္တည့္တဲ့ပြဲမွာ ေမဆန္ေမာင့္နဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ မပါဝင္တဲ့ တိုက္စစ္ပိုင္းရဲ႕ အဆုံးသတ္က သာမန္သာ ရွိခဲ့သလို ေခ်းလ္ဝဲလ္နဲ႔ ေမာင့္တို႔ကို ပြဲခ်ိန္ ၆၇ မိနစ္မွာ ထပ္ထည့္ခဲ့ေပမယ့္ ေဆာက္သမ္တန္ခံစစ္နဲ႔ ဂိုးသမားတို႔ကလည္း အမွားအယြင္းနည္းခဲ့တာေၾကာင့္ တစ္ဂိုးထက္ ပိုမရယူႏိုင္ခဲ့ဘဲ အႏိုင္ရဖို႔ မတတ္ႏိုင္ခဲ့တာေၾကာင့္ မိနစ္ ၉၀ အျပည့္မွာ ပင္နယ္တီ ကန္သြင္းခဲ့ရပါတယ္။

ပင္နယ္တီစကန္သြင္းရာမွာေတာ့ ေဆာက္သမ္တန္တို႔ စတင္ကန္ခြင့္ရခဲ့ရာမွာ တိုက္စစ္မႉး အဒမ္ အမ္းစ္ထေရာင္းက အမွားအယြင္းမရွိ ကန္သြင္းႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးဘက္က အလြန္ဆိုကလည္း ဂိုးသမားနဲ႔ ဆန႔္က်င္ဘက္ကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ျပန္လည္ေခ်ပႏိုင္ခဲ့အၿပီးမွာေတာ့ ညာဘက္ကိုခ်ည္း ကန္ခဲ့ၾကတဲ့ ဝဲလ္ေကာ့နဲ႔ ေမဆန္ေမာင့္တို႔ရဲ႕ ကန္ခ်က္ေတြကို ဂိုးသမားေတြ ကာကြယ္သြားႏိုင္ခဲ့ၾကတာပါ။

ဆက္လက္ကန္သြင္းရာမွာေတာ့ ရွိန္းေလာင္းက ကီပါကို လွည့္စားႏိုင္ခဲ့သလို ဟဒ္ဆန္-အိုဒြိဳင္းကေတာ့ အမွားအယြင္းမရွိ ျပန္လည္ေခ်ပခဲ့ၿပီး စေမာလ္ဘုန္းရဲ႕ ကန္ခ်က္ မိုးေပၚေထာင္သြားခဲ့ခ်ိန္မွာ ေခ်းလ္ဝဲလ္ကေတာ့ ဂိုးသမားနဲ႔ ဆန႔္က်င္ဘက္ကို ကန္သြင္းႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ပၪၥမေျမာက္ ေနာက္ဆုံးပင္နယ္တီကို ေဆာက္သမ္တန္ရဲ႕ ခ်ဲလ္ဆီးကစားသမားေဟာင္း ႐ိုမီယူေရာ ရီးစ္ဂ်ိမ္းစ္ပါ ဝင္ေအာင္ကန္သြင္းႏိုင္ခဲ့ၾကလို႔ ပင္နယ္တီအဆုံးအျဖတ္မွာ ေလးဂိုး-သုံးဂိုးနဲ႔ အိမ္ရွင္ေတြ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေအာင္ပြဲခံခဲ့ၾကၿပီး ကြာတားဖိုင္နယ္အဆင့္ကို ကစားကြက္စမ္းသပ္ရင္း တက္ေရာက္သြားႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.