Carabao & FA Match Report Premier League

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ကာရာဘောင်းမှာ လိဒ်စ်ကို နိုင်ပွဲဆက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ အရန်ကစားသမားတွေကို အခွင့်အရေးပေးတဲ့အနေနဲ့ သုံးစွဲလာခဲ့ပြီး ဂိုးသမားနေရာမှာ လီနို၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဟိုးလ်ဒင်း၊ ကိုလာစီနက်ချ်၊ ကွင်းလယ်မှာ အယ်လ်နန်နီနဲ့ မိတ်လန်းနိုင်းလ်စ်၊ တိုက်စစ်မှာတော့ စမစ်ရိုး၊ ပေပေ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ ကစားလာခဲ့ကြပါတယ်။

ဆက်တိုက်နိုင်ပွဲပျောက်နေတဲ့ လိဒ်စ်ကတော့ မေလီယေး၊ ဒါးလက်စ်၊ စထရိုက်ခ်၊ ယော်ရန်တေ၊ ဖိလစ်၊ ဟာရစ်ဆန်၊ ဒန်ဂျိမ်းစ်၊ ရောဘတ်စ်နဲ့ ရိုဒရီဂိုတို့လို ပွဲထွက်ကစားသမားအများစုကို အသုံးပြုခဲ့ပြီး အရန်ကစားသမားနှစ်ယောက်တည်းကိုသာ နည်းပြ မာဆယ်လို ဘီယယ်လ်ဆာက သုံးစွဲခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာ အာဆင်နယ်တို့ တန်ပြန်တိုက်စစ်ကနေ ရရှိခဲ့တဲ့ အခွင့်အရေးကို မိတ်လန်းနိုင်းလ်စ် မယူနိုင်ခဲ့သလို သူနဲ့ ယော်ရန်တေတို့ လုပြီး လဲကျခဲ့ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ကိုလာစီနက်ချ်က ထောင့်ကျဉ်းအနေအထားကနေ ကန်သွင်းခဲ့ပေမယ့် ဂိုးသမား မေလီယေး ကာကွယ်သွားနိုင်ခဲ့ပါတယ်။

လိဒ်စ်ဘက်ကတော့ ဒန်နီယယ်လ် ဂျိမ်းစ်နဲ့ ဟာရစ်ဆန်တို့ရဲ့ ကန်ချက်တွေနဲ့ အာဆင်နယ်ဂိုးသမား လီနိုကို ခြိမ်းခြောက်ခဲ့သလို အဝေးဘောတွေ လျင်မြန်တဲ့ ကစားသမားတွေကို အသုံးပြုပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် နှစ်ဖက်စလုံး အဆုံးသတ်ပိုင်းတွေက အားရစရာမရှိခဲ့တဲ့အတွက် ပထမပိုင်းမှာ ဂိုးမရှိ သရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ ဒဏ်ရာရသွားခဲ့တဲ့ ဘန်ဝှိုက်အစား ချိမ်းဘားစ် ဝင်ကစားခဲ့ရသလို ကွင်းထဲရောက်လို့ စက္ကန့်ပိုင်းအတွင်းမှာပဲ စမစ်ရိုးရဲ့ ထောင့်ကန်ဘောကနေ ကျလာခဲ့တဲ့ ဘောလုံးကို ပေပေက ထောင့်ဖြတ်ပြန်တိုက်ပေးရာမှာ ချိမ်းဘားစ်ကပဲ ခေါင်းတိုက်သွင်းခဲ့ရာမှာ ဂိုးသမား ပုတ်ထုတ်ခဲ့ပေမယ့် ဂိုးစည်းကျော်သွားခဲ့လို့ ဒိုင်လူကြီးက ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပြီး အာဆင်နယ်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

ပထမပိုင်းပြီးကတည်းက ပြန်လည်စတင်ချိန်မှာ အာဆင်နယ်တို့က ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပြီး တိုက်စစ်ပိုင်းကလည်း မာတီနယ်လီနဲ့ နကီးတီးယားတို့ရဲ့ တိုးအားတွေနဲ့ သွက်လက်မြန်ဆန်ခဲ့သလို လိဒ်စ်တို့အနေနဲ့ ကောင်တာတွေကိုပဲ ပိုမိုအားပြုခဲ့ရပြီး အိမ်ရှင်ပရိသတ်တွေအတွက်တော့ အတိုင်းအတာတစ်ခုအထိ ကျေနပ်စရာဖြစ်ခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ လိဒ်စ်နောက်ခံလူတွေ နှစ်ကြိမ်ဆင့် ခေါင်းတိုက်ပြီး ဂိုးသမားဆီ ပြန်အပေးမှာ အမှားလုပ်ခဲ့မိပြီး မမီမကန်းဖြစ်ခဲ့လို့ တိုက်စစ်မှူး နကီးတီးယားက ပြေးထွက်ရယူပြီး ဂိုးသမား မေလီယေးနဲ့အတွေ့မှာ ကျော်ယူပြီး လျင်လျင်မြန်မြန် ကန်သွင်းနိုင်ခဲ့လို့ အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အယ်လ်နန်နီအစား ဆမ်ဘီ လိုကွန်ဂါ၊ စမစ်ရိုးအစား လာကာဇက်နဲ့ ဒဏ်ရာအနည်းငယ်ရသွားခဲ့တဲ့ ဟိုးလ်ဒင်းအစား တာဗာရက်စ်တို့ကို လူစားထည့်သွင်းသွားခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိတော့လို့ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ကာရာဘောင်းဖလားမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

အာဆင်နယ်တို့ ဒီပွဲကို အနိုင်ရရှိခဲ့လို့ နောက်ဆုံး ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကို ပြန်လည်တည်ဆောက်နိုင်ခဲ့သလို အရန်လူတွေနဲ့ မလွယ်ကူတဲ့ ပြိုင်ဘက် လိဒ်စ်ကို ကျော်ဖြတ်ခဲ့အပြီးမှာ ဘယ်အသင်းနဲ့ နောက်တစ်ဆင့်မှာ တွေ့ဆုံမလဲဆိုတာကိုတော့ လာမယ့် စနေနေ့ ဒေသစံတော်ချိန် နံနက် ဆယ်နာရီခွဲမှာမှ မဲခွဲရေးဆွဲမှုနဲ့အတူ သိရှိရမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ အရန္ကစားသမားေတြကို အခြင့္အေရးေပးတဲ့အေနနဲ႔ သုံးစြဲလာခဲ့ၿပီး ဂိုးသမားေနရာမွာ လီႏို၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဟိုးလ္ဒင္း၊ ကိုလာစီနက္ခ်္၊ ကြင္းလယ္မွာ အယ္လ္နန္နီနဲ႔ မိတ္လန္းႏိုင္းလ္စ္၊ တိုက္စစ္မွာေတာ့ စမစ္႐ိုး၊ ေပေပ၊ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ ကစားလာခဲ့ၾကပါတယ္။

ဆက္တိုက္ႏိုင္ပြဲေပ်ာက္ေနတဲ့ လိဒ္စ္ကေတာ့ ေမလီေယး၊ ဒါးလက္စ္၊ စထ႐ိုက္ခ္၊ ေယာ္ရန္ေတ၊ ဖိလစ္၊ ဟာရစ္ဆန္၊ ဒန္ဂ်ိမ္းစ္၊ ေရာဘတ္စ္နဲ႔ ႐ိုဒရီဂိုတို႔လို ပြဲထြက္ကစားသမားအမ်ားစုကို အသုံးျပဳခဲ့ၿပီး အရန္ကစားသမားႏွစ္ေယာက္တည္းကိုသာ နည္းျပ မာဆယ္လို ဘီယယ္လ္ဆာက သုံးစြဲခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာ အာဆင္နယ္တို႔ တန္ျပန္တိုက္စစ္ကေန ရရွိခဲ့တဲ့ အခြင့္အေရးကို မိတ္လန္းႏိုင္းလ္စ္ မယူႏိုင္ခဲ့သလို သူနဲ႔ ေယာ္ရန္ေတတို႔ လုၿပီး လဲက်ခဲ့ရာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ကိုလာစီနက္ခ်္က ေထာင့္က်ဥ္းအေနအထားကေန ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား ေမလီေယး ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

လိဒ္စ္ဘက္ကေတာ့ ဒန္နီယယ္လ္ ဂ်ိမ္းစ္နဲ႔ ဟာရစ္ဆန္တို႔ရဲ႕ ကန္ခ်က္ေတြနဲ႔ အာဆင္နယ္ဂိုးသမား လီႏိုကို ၿခိမ္းေျခာက္ခဲ့သလို အေဝးေဘာေတြ လ်င္ျမန္တဲ့ ကစားသမားေတြကို အသုံးျပဳၿပီး တိုက္စစ္ဆင္ခဲ့ေပမယ့္ ႏွစ္ဖက္စလုံး အဆုံးသတ္ပိုင္းေတြက အားရစရာမရွိခဲ့တဲ့အတြက္ ပထမပိုင္းမွာ ဂိုးမရွိ သေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ၅၅ မိနစ္မွာေတာ့ ဒဏ္ရာရသြားခဲ့တဲ့ ဘန္ဝႈိက္အစား ခ်ိမ္းဘားစ္ ဝင္ကစားခဲ့ရသလို ကြင္းထဲေရာက္လို႔ စကၠန႔္ပိုင္းအတြင္းမွာပဲ စမစ္႐ိုးရဲ႕ ေထာင့္ကန္ေဘာကေန က်လာခဲ့တဲ့ ေဘာလုံးကို ေပေပက ေထာင့္ျဖတ္ျပန္တိုက္ေပးရာမွာ ခ်ိမ္းဘားစ္ကပဲ ေခါင္းတိုက္သြင္းခဲ့ရာမွာ ဂိုးသမား ပုတ္ထုတ္ခဲ့ေပမယ့္ ဂိုးစည္းေက်ာ္သြားခဲ့လို႔ ဒိုင္လူႀကီးက ဂိုးအျဖစ္ သတ္မွတ္ေပးခဲ့ၿပီး အာဆင္နယ္တို႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပထမပိုင္းၿပီးကတည္းက ျပန္လည္စတင္ခ်ိန္မွာ အာဆင္နယ္တို႔က ပိုေကာင္းတဲ့ အသင္းျဖစ္ခဲ့ၿပီး တိုက္စစ္ပိုင္းကလည္း မာတီနယ္လီနဲ႔ နကီးတီးယားတို႔ရဲ႕ တိုးအားေတြနဲ႔ သြက္လက္ျမန္ဆန္ခဲ့သလို လိဒ္စ္တို႔အေနနဲ႔ ေကာင္တာေတြကိုပဲ ပိုမိုအားျပဳခဲ့ရၿပီး အိမ္ရွင္ပရိသတ္ေတြအတြက္ေတာ့ အတိုင္းအတာတစ္ခုအထိ ေက်နပ္စရာျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ လိဒ္စ္ေနာက္ခံလူေတြ ႏွစ္ႀကိမ္ဆင့္ ေခါင္းတိုက္ၿပီး ဂိုးသမားဆီ ျပန္အေပးမွာ အမွားလုပ္ခဲ့မိၿပီး မမီမကန္းျဖစ္ခဲ့လို႔ တိုက္စစ္မႉး နကီးတီးယားက ေျပးထြက္ရယူၿပီး ဂိုးသမား ေမလီေယးနဲ႔အေတြ႕မွာ ေက်ာ္ယူၿပီး လ်င္လ်င္ျမန္ျမန္ ကန္သြင္းႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ ဒုတိယ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အယ္လ္နန္နီအစား ဆမ္ဘီ လိုကြန္ဂါ၊ စမစ္႐ိုးအစား လာကာဇက္နဲ႔ ဒဏ္ရာအနည္းငယ္ရသြားခဲ့တဲ့ ဟိုးလ္ဒင္းအစား တာဗာရက္စ္တို႔ကို လူစားထည့္သြင္းသြားခဲ့ၿပီး လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္ဖက္စလုံး ဂိုးသြင္းယူႏိုင္ျခင္း မရွိေတာ့လို႔ အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ကာရာေဘာင္းဖလားမွာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

အာဆင္နယ္တို႔ ဒီပြဲကို အႏိုင္ရရွိခဲ့လို႔ ေနာက္ဆုံး ၈ ပြဲဆက္တိုက္ ရႈံးပြဲမရွိကစားႏိုင္ခဲ့တဲ့ မွတ္တမ္းေကာင္းကို ျပန္လည္တည္ေဆာက္ႏိုင္ခဲ့သလို အရန္လူေတြနဲ႔ မလြယ္ကူတဲ့ ၿပိဳင္ဘက္ လိဒ္စ္ကို ေက်ာ္ျဖတ္ခဲ့အၿပီးမွာ ဘယ္အသင္းနဲ႔ ေနာက္တစ္ဆင့္မွာ ေတြ႕ဆုံမလဲဆိုတာကိုေတာ့ လာမယ့္ စေနေန႔ ေဒသစံေတာ္ခ်ိန္ နံနက္ ဆယ္နာရီခြဲမွာမွ မဲခြဲေရးဆြဲမႈနဲ႔အတူ သိရွိရမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.