Bundesliga Premier League Transfer News

လက္လြတ္မခံခ်င္စရာ ေျခစြမ္းနဲ႔ ဆန္ခ်ဳိအတြက္ ယူႏိုက္တက္တို႔ ထပ္မံေဆြးေႏြးသြားဖို႔ ရွိေန

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ သူတို႔ အလိုရွိေနတဲ့ ေဒါ့မြန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ေငြသားသီးသန္႔ ေပးေခ်ရင္ ဘယ္ေလာက္က်သင့္မလဲဆုိတာကို ထပ္မံေဆြးေႏြးသြားဖို႔ ရွိေနၿပီး မူလက ေကာလဟာလေတြ ထြက္ခဲ့တဲ့ အလဲအထပ္အစီအစဥ္ေတြေတာ့ မပါဝင္ေၾကာင္း ေဒးလီး အိတ္စ္ပရက္စ္က ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ထြက္ေပၚခဲ့တဲ့ သတင္းေတြအရ ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ဳိအတြက္ ကမ္းလွမ္းရာမွာ ခ်ီလီေတာင္ပံကစားသမား အလက္ဆစ္ ဆန္းခ်က္ဇ္ကို အင္တာမီလန္နဲ႔ စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ အလိုက္ေပးမယ္လို႔ ဆုိခဲ့ၾကၿပီး ဒါေပမယ့္ ဒါက ေကာလဟာလသာျဖစ္ေၾကာင္း ေနာက္ထပ္သတင္းေတြအရ သိရပါတယ္။

ၿပီးခဲ့တဲ့ ပက္ဒါဘြန္းနဲ႔ အေဝးကြင္းပြဲစဥ္မွာ သူ႕ရဲ႕ ကစားသမားဘဝ ပထမဆုံး ဟက္ထရစ္ကို ရယူႏုိင္ခဲ့တဲ့ ဆန္ခ်ဳိရဲ႕ ေျခစြမ္းကေတာ့ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအတြက္ လက္လြတ္မခံႏုိင္တဲ့ အေနအထားလည္းျဖစ္ၿပီး ဒီရာသီၿပဳိင္ပြဲအရပ္ရပ္မွာ အဂၤလန္ေတာင္ပံသမားဟာ ဂိုးေရာ ဖန္တီးမွဳပါ အႀကိမ္ႏွစ္ဆယ္ ျပည့္ေျမာက္ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘြန္ဒက္စ္လီဂါမွာ ဂိုးသြင္းအမ်ားဆုံး တတိယေနရာက ရပ္တည္ေနတဲ့ အသက္ ၂၀ အရြယ္ ကစားသမားအေနနဲ႔ ပရီးမီးယားလိဂ္ကို ျပန္လည္ ေျခခ်ခ်င္တဲ့ ဆႏၵကိုေတာ့ မကြယ္မဝွက္တမ္း ထုတ္ေဖာ္ထားခဲ့ခ်ိန္မွာ ယူႏုိက္တက္တုိ႔အေနနဲ႔ ေဈးအနည္းငယ္ေလွ်ာ့ခ်ေပးႏုိင္ဖို႔ ရွိေနတဲ့ ေဒါ့မြန္တာဝန္ရွိသူေတြဆီ ထပ္ၿပီး ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။

လက္ရွိေဘာလုံးရာသီေတြ ကုန္ဆုံးခ်ိန္ျဖစ္တဲ့ ၾသဂုတ္နဲ႔ စက္တင္ဘာေလာက္က်မွ အေျပာင္းအေရႊ႕ေဈးကြက္ေတြကို ျပန္လည္ဖြင့္လွစ္ႏုိင္ဖို႔ ရွိေနၿပီး ကစားသမားေတြလည္း ဒီေနာက္ပိုင္းမွာမွ ပူးေပါင္းႏုိင္ခြင့္ရွိေနခ်ိန္မွာ အဂၤလန္နဲ႔ ဂ်ာမန္ႏွစ္သင္းၾကား ေအးေအးေဆးေဆး ေဆြးေႏြးသြားဖို႔လည္း ျဖစ္ႏုိင္သလို ပုံမွန္ရာသီနဲ႔ ႏွဳိင္းယွဥ္ၿပီး စိတ္မရွည္ျဖစ္ေနခဲ့ၾကတဲ့ ပရိသတ္ေတြအတြက္ကေတာ့ သည္းခံၿပီး ေစာင့္ၾကည့္ရဦးမွာလည္းျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ အလိုရှိနေတဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအတွက် ငွေသားသီးသန့် ပေးချေရင် ဘယ်လောက်ကျသင့်မလဲဆိုတာကို ထပ်မံဆွေးနွေးသွားဖို့ ရှိနေပြီး မူလက ကောလဟာလတွေ ထွက်ခဲ့တဲ့ အလဲအထပ်အစီအစဉ်တွေတော့ မပါဝင်ကြောင်း ဒေးလီး အိတ်စ်ပရက်စ်က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ယူနိုက်တက်အနေနဲ့ ဆန်ချိုအတွက် ကမ်းလှမ်းရာမှာ ချီလီတောင်ပံကစားသမား အလက်ဆစ် ဆန်းချက်ဇ်ကို အင်တာမီလန်နဲ့ စာချုပ်ကုန်ဆုံးချိန်မှာ အလိုက်ပေးမယ်လို့ ဆိုခဲ့ကြပြီး ဒါပေမယ့် ဒါက ကောလဟာလသာဖြစ်ကြောင်း နောက်ထပ်သတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ပက်ဒါဘွန်းနဲ့ အဝေးကွင်းပွဲစဉ်မှာ သူ့ရဲ့ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ကို ရယူနိုင်ခဲ့တဲ့ ဆန်ချိုရဲ့ ခြေစွမ်းကတော့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက် လက်လွတ်မခံနိုင်တဲ့ အနေအထားလည်းဖြစ်ပြီး ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ အင်္ဂလန်တောင်ပံသမားဟာ ဂိုးရော ဖန်တီးမှုပါ အကြိမ်နှစ်ဆယ် ပြည့်မြောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ဂိုးသွင်းအများဆုံး တတိယနေရာက ရပ်တည်နေတဲ့ အသက် ၂၀ အရွယ် ကစားသမားအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည် ခြေချချင်တဲ့ ဆန္ဒကိုတော့ မကွယ်မဝှက်တမ်း ထုတ်ဖော်ထားခဲ့ချိန်မှာ ယူနိုက်တက်တို့အနေနဲ့ ဈေးအနည်းငယ်လျှော့ချပေးနိုင်ဖို့ ရှိနေတဲ့ ဒေါ့မွန်တာဝန်ရှိသူတွေဆီ ထပ်ပြီး ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

လက်ရှိဘောလုံးရာသီတွေ ကုန်ဆုံးချိန်ဖြစ်တဲ့ သြဂုတ်နဲ့ စက်တင်ဘာလောက်ကျမှ အပြောင်းအရွှေ့ဈေးကွက်တွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ရှိနေပြီး ကစားသမားတွေလည်း ဒီနောက်ပိုင်းမှာမှ ပူးပေါင်းနိုင်ခွင့်ရှိနေချိန်မှာ အင်္ဂလန်နဲ့ ဂျာမန်နှစ်သင်းကြား အေးအေးဆေးဆေး ဆွေးနွေးသွားဖို့လည်း ဖြစ်နိုင်သလို ပုံမှန်ရာသီနဲ့ နှိုင်းယှဉ်ပြီး စိတ်မရှည်ဖြစ်နေခဲ့ကြတဲ့ ပရိသတ်တွေအတွက်ကတော့ သည်းခံပြီး စောင့်ကြည့်ရဦးမှာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.