Premier League

ဆိုးလ်ရှားကို အသင်းမှာဆက်နေစေချင်နေတဲ့ ပြိုင်ဘက်အသင်း ပရိသတ်များ

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားဟာ လီဗာပူးလ်ကို ၅-၀နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်မှာ ဖိအားတွေ ကြီးထွားလာနေချိန်မှာ မြို့ခံပြိုင်ဘက်တွေဆီကနေ မမျှော်လင့်ထားတဲ့ ထောက်ခံမှုအချို့ ရရှိလာခဲ့ပါတယ်။

မန်ချက်စတာဒါဘီပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ ၂ ပတ်တောင် မလိုတော့တဲ့အချိန်မှာ မန်ချက်စတာစီးတီးအသင်း ပရိသတ်တွေက စိုးရိမ်နေကြတာဖြစ်ပြီး ဘာကိုစိုးရိမ်နေတာလဲဆိုတော့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကစားရမယ့် မန်ချက်စတာဒါဘီမှာ မန်ချက်စတာယူနိုက်တက်ကို နော်ဝေလူမျိုး နည်းပြ တာဝန်ယူမကိုင်တွယ်နိုင်တော့မှာကို ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးပရိသတ်တွေက ၎င်းတို့ရဲ့ခါးသီးပြိုင်ဘက်တွေအနေနဲ့ ဖရိုဖရဲဖြစ်နေတဲ့လူစာရင်းကို အမြင့်မားဆုံး စွမ်းဆောင်ရည်ရရှိအောင် တိုးမြှင့်ပေးနိုင်တဲ့ နည်းပြ ခန့်အပ်သွားမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အမြဲတမ်း မန်စီးတီးရဲ့ အမုန်းတီးဆုံးပြိုင်ဘက်ဖြစ်ခဲ့တာဖြစ်ပေမယ့် မြို့ခံ ၂ သင်းကြားက စိန်ခေါ်မှုဟာ တခါတရံမှာ အရေးမပါလုနီးပါး ဖြစ်လာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၂၀၁၃ ခုနှစ်တုန်းက နောက်ဆုံး ပရီးမီးယားလိဂ်ဖလား အပြင်းအထန် စိန်ခေါ်မှုဖြစ်ခဲ့စဉ် နေ့ရက်တွေမှာ ယူနိုက်တက်ဟာ လီဗာပူးလ်၊ ချဲလ်ဆီးတို့လိုအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မန်စီးတီးပရိသတ်တွေက မြို့ခံပြိုင်ဘက်အသင်းကို ယေဘုယျအားဖြင့် အနိုင်ရရှိစေချင်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယာဂန် ကလော့ပ်ရဲ့အသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရုပ်သံထုတ်လွှင့်မှုဟာ အိုးထရက်ဖို့ဒ််ကွင်းအထက်ကနေ ကင်မရာကို ကွင်းအပြင်ကို ဆွဲထုတ်ရိုက်ကူးခဲ့ပြီး ပထမပိုင်းမှာ အိမ်ကွင်းပရိသတ်တွေ တဖွဲဖွဲအိမ်ပြန်နေကြတဲ့မြင်ကွင်းကို ပြသခဲ့ပါတယ်။ အဲဒီအခြေအနေဟာ ပိုဆိုးရွားလာမှာကို စိုးရိမ်မှုတွေ ရှိနေပြီး အရှက်ရဖွယ် ရှုံးပွဲကြောင့် ယူနိုက်တက်ဘုတ်အဖွဲ့အနေနဲ့ မဖြစ်မနေ လုပ်ဆောင်စရာရှိတာတွေ လုပ်ဆောင်သွားရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.