Match Report Serie A

ဖခင် ရေနစ်နေချိန်မှာ ဗီရိုနာအတွက် ၄ ဂိုးသွင်းပြီး လာဇီယိုကို အနိုင်ယူတဲ့ သားဆီမီယွန်နီ

အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ ဒီတနင်္ဂနွေနေ့မှာ အိမ်ကွင်းမှာ သရေအောင် နောက်က ပြန်လိုက်ကြိုးစားခဲ့ရပြီး ဆိုစီဒက်ရဲ့ သွင်းဂိုးနှစ်ဂိုးကို လူးဝစ် ဆွာရက်ဇ်က ချေပခဲ့ရချိန်မှာ အသင်းရဲ့ ပဲ့ကိုင်ရှင်နည်းပြဖြစ်တဲ့ ဒီယေဂို ဆီမီယွန်နီရဲ့ သားဖြစ်သူ ဂျိုဗန်နီ ဆီမီယွန်နီကတော့ အသင်းအတွက် ၄ ဂိုးသွင်းပြီး နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၆-၁၇ ရာသီကစပြီး အီတလီ စီးရီးအေမှာ ဂျီနိုအာနဲ့ စတင်ကျင်လည်ခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ဖီအိုရင်တီးနားနဲ့ ကက်ဂလီယာရီအသင်းတွေမှာလည်း ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးပြီး ဒီရာသီမှာတော့ ဗီရိုနာအသင်းကို အငှားနဲ့ ရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာတော့ အင်အားကြီးပြိုင်ဘက် လာဇီယိုနဲ့ ယှဉ်ပြိုင်ရာမှာ ဘယ်သူကမှ သူတို့ကို ဂိုးပြတ်နိုင်ပွဲဆင်မယ်လို့ ထင်မထားခဲ့ကြပေမယ့် ဂျိုဗန်နီက အစွမ်းပြခဲ့တာဖြစ်ပြီး ပွဲချိန် မိနစ် ၃၀ မှာ တွဲဖက်တိုက်စစ်မှူး ကက်ပရာရီ ထိုးပေးလိုက်တဲ့ ဘောလုံးကို သူက နောက်တန်းနှစ်ယောက်ကြားက ပြေးထွက်ပြီး ပိတ်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ ဗီရိုနာတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး ကွင်းလယ်က မီဂယ်လ် ဗီလိုဆို ပေးတဲ့ ဘောလုံးကို ကက်ပရာရီက ယောင်ပြပြေးပြီး ဆွဲခေါ်သွားတဲ့ နောက်မှာ လွတ်လွတ်ကျွတ်ကျွတ် လက်ခံရယူခဲ့တဲ့ ဆီမီယွန်နီက ဂိုးသမားရဲ့ အဝေးတိုင် အပေါ်ထောင့်ကို လှမ်းကန်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်အသင်းအနေနဲ့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ ဧည့်သည် လာဇီယိုတို့ တစ်ဂိုးပြန်လည်ရယူနိုင်ခဲ့ပြီး ဆားဘီးယားကြယ်ပွင့်ကွင်းလယ်လူ မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ရဲ့ ပေးပို့မှုကနေ ဝါရင့်တိုက်စစ်မှူး ချီရို အင်မိုဘီလီက ဘယ်ခြမ်းတောက်လျှောက်ဆွဲပြေးပြီး ကန်သွင်းခဲ့ရာမှာ ဂိုးသမား မွန်တီပို ကာကွယ်ခဲ့ပေမယ့် ဂိုးထဲ မဝင်အောင် တားဆီးဖို့တော့ မတတ်နိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ ဗီရိုနာတို့ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်စေမယ့် စိတ်အေးစရာ တတိယဂိုးကို ထပ်မံရှာဖွေနိုင်ခဲ့ပြီး ဒီတစ်ခါမှာလည်း ဂျိုဗန်နီ ဆီမီယွန်နီကပဲ အသင်းဖော် ကက်ပရာရီရဲ့ ပေးပို့မှုကို ဂိုးဧရိယာထဲ ပြေးဝင်ပြီး ဝါရင့်ဂိုးသမား ရေးနားရဲ့ ပေါင်ကြားကနေ ချိုးကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ လာဇီယိုတို့ ပုံပျက်ပန်းပျက် ကစားနေမှုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ဗီရိုနာတို့ ပွဲသိမ်းအနိုင်ဂိုး ရယူနိုင်ခဲ့ပြီး ညာနောက်ခံလူ ဖာရာအိုနီရဲ့ ဖြတ်တင်ဘောကို နောက်ခံလူ သုံးယောက်ရဲ့ လုံးဝ မာကင်ကပ်ခံမထားရတဲ့ ဆီမီယွန်နီက ပြေးဝင်ခေါင်းတိုက်နိုင်ခဲ့လို့ ပွဲအပြီးမှာ လေးဂိုး-တစ်ဂိုးနဲ့ အံ့အားသင့်စရာ ရလဒ်အဖြစ် အောင်ပွဲခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျိုဗန်နီ ဆီမီယွန်နီအနေနဲ့ ဒီရာသီ စီးရီးအေမှာ ဗီရိုနာအသင်းနဲ့ ၈ ပွဲ ကစားပြီးချိန်မှာ ၆ ဂိုးရယူထားနိုင်ခဲ့တာလည်းဖြစ်ပြီး ဂိုးသွင်းဘုရင်ဆု ကာပိုကန်နိုနျယ်ရီအတွက် တတိယနေရာကို တက်ရောက်ရပ်တည်နိုင်ခဲ့သလို သူ့ကို ကန်ထုတ်ခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ ကက်ဂလီယာရီတို့ရဲ့ ဒူရှန် ဗလာဟိုဗစ်ချ်နဲ့ ဂျာအို ပက်ဒရိုတို့နဲ့အပြိုင် ဂိုးတွေ သွင်းပြထားနိုင်ခဲ့တာပါ။

အာဂျင်တီးနား ယူ-၂၀ နဲ့ ၂၀၁၅ ခုနှစ် တောင်အမေရိကလူငယ်ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒီယေဂို ဆီမီယွန်နီကတော့ သူ့အစား တွဲဖက်တိုက်စစ်မှူး အန်ဟဲလ် ကော်ရီးယားကိုပဲ ခေါ်ယူသွားခဲ့တာကြောင့် ဖခင်နဲ့ အက်သလက်တီကိုလို အသင်းကြီးမှာ လက်တွဲဖို့ ဆန္ဒ မပြည့်ဝခဲ့ရတဲ့ ဂျိုဗန်နီအနေနဲ့ လာမယ့်နှစ်ပိုင်းအတွင်းမှာ တိုက်စစ်မှူးသစ် လိုအပ်ဖွယ်ရှိနေတဲ့ မက်ဒရစ်အသင်းနဲ့ ပူးပေါင်းဖို့နဲ့ သားအဖ ဆုံစည်းဖို့ အခွင့်အရေးတွေ ထပ်ရဦးမလားတော့ လက်ရှိခြေစွမ်းနဲ့အတူ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ ဒီတနဂၤေႏြေန႔မွာ အိမ္ကြင္းမွာ သေရေအာင္ ေနာက္က ျပန္လိုက္ႀကိဳးစားခဲ့ရၿပီး ဆိုစီဒက္ရဲ႕ သြင္းဂိုးႏွစ္ဂိုးကို လူးဝစ္ ဆြာရက္ဇ္က ေခ်ပခဲ့ရခ်ိန္မွာ အသင္းရဲ႕ ပဲ့ကိုင္ရွင္နည္းျပျဖစ္တဲ့ ဒီေယဂို ဆီမီယြန္နီရဲ႕ သားျဖစ္သူ ဂ်ိဳဗန္နီ ဆီမီယြန္နီကေတာ့ အသင္းအတြက္ ၄ ဂိုးသြင္းၿပီး ႏိုင္ပြဲရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

၂၀၁၆-၁၇ ရာသီကစၿပီး အီတလီ စီးရီးေအမွာ ဂ်ီႏိုအာနဲ႔ စတင္က်င္လည္ခဲ့တဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဖီအိုရင္တီးနားနဲ႔ ကက္ဂလီယာရီအသင္းေတြမွာလည္း ကစားသမားဘဝကို ျဖတ္သန္းခဲ့ဖူးၿပီး ဒီရာသီမွာေတာ့ ဗီ႐ိုနာအသင္းကို အငွားနဲ႔ ေရာက္ရွိေနခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာေတာ့ အင္အားႀကီးၿပိဳင္ဘက္ လာဇီယိုနဲ႔ ယွဥ္ၿပိဳင္ရာမွာ ဘယ္သူကမွ သူတို႔ကို ဂိုးျပတ္ႏိုင္ပြဲဆင္မယ္လို႔ ထင္မထားခဲ့ၾကေပမယ့္ ဂ်ိဳဗန္နီက အစြမ္းျပခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ မိနစ္ ၃၀ မွာ တြဲဖက္တိုက္စစ္မႉး ကက္ပရာရီ ထိုးေပးလိုက္တဲ့ ေဘာလုံးကို သူက ေနာက္တန္းႏွစ္ေယာက္ၾကားက ေျပးထြက္ၿပီး ပိတ္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ဗီ႐ိုနာတို႔ ဒုတိယဂိုး ထပ္မံရရွိခဲ့ၿပီး ကြင္းလယ္က မီဂယ္လ္ ဗီလိုဆို ေပးတဲ့ ေဘာလုံးကို ကက္ပရာရီက ေယာင္ျပေျပးၿပီး ဆြဲေခၚသြားတဲ့ ေနာက္မွာ လြတ္လြတ္ကြၽတ္ကြၽတ္ လက္ခံရယူခဲ့တဲ့ ဆီမီယြန္နီက ဂိုးသမားရဲ႕ အေဝးတိုင္ အေပၚေထာင့္ကို လွမ္းကန္သြင္းယူႏိုင္ခဲ့လို႔ ပထမပိုင္းမွာ အိမ္ရွင္အသင္းအေနနဲ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ ဧည့္သည္ လာဇီယိုတို႔ တစ္ဂိုးျပန္လည္ရယူႏိုင္ခဲ့ၿပီး ဆားဘီးယားၾကယ္ပြင့္ကြင္းလယ္လူ မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ရဲ႕ ေပးပို႔မႈကေန ဝါရင့္တိုက္စစ္မႉး ခ်ီ႐ို အင္မိုဘီလီက ဘယ္ျခမ္းေတာက္ေလွ်ာက္ဆြဲေျပးၿပီး ကန္သြင္းခဲ့ရာမွာ ဂိုးသမား မြန္တီပို ကာကြယ္ခဲ့ေပမယ့္ ဂိုးထဲ မဝင္ေအာင္ တားဆီးဖို႔ေတာ့ မတတ္ႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ဗီ႐ိုနာတို႔ အႏိုင္ရလဒ္ကို ထိန္းသိမ္းႏိုင္ေစမယ့္ စိတ္ေအးစရာ တတိယဂိုးကို ထပ္မံရွာေဖြႏိုင္ခဲ့ၿပီး ဒီတစ္ခါမွာလည္း ဂ်ိဳဗန္နီ ဆီမီယြန္နီကပဲ အသင္းေဖာ္ ကက္ပရာရီရဲ႕ ေပးပို႔မႈကို ဂိုးဧရိယာထဲ ေျပးဝင္ၿပီး ဝါရင့္ဂိုးသမား ေရးနားရဲ႕ ေပါင္ၾကားကေန ခ်ိဳးကန္သြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ လာဇီယိုတို႔ ပုံပ်က္ပန္းပ်က္ ကစားေနမႈကို အခြင့္ေကာင္းယူႏိုင္ခဲ့တဲ့ ဗီ႐ိုနာတို႔ ပြဲသိမ္းအႏိုင္ဂိုး ရယူႏိုင္ခဲ့ၿပီး ညာေနာက္ခံလူ ဖာရာအိုနီရဲ႕ ျဖတ္တင္ေဘာကို ေနာက္ခံလူ သုံးေယာက္ရဲ႕ လုံးဝ မာကင္ကပ္ခံမထားရတဲ့ ဆီမီယြန္နီက ေျပးဝင္ေခါင္းတိုက္ႏိုင္ခဲ့လို႔ ပြဲအၿပီးမွာ ေလးဂိုး-တစ္ဂိုးနဲ႔ အံ့အားသင့္စရာ ရလဒ္အျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ိဳဗန္နီ ဆီမီယြန္နီအေနနဲ႔ ဒီရာသီ စီးရီးေအမွာ ဗီ႐ိုနာအသင္းနဲ႔ ၈ ပြဲ ကစားၿပီးခ်ိန္မွာ ၆ ဂိုးရယူထားႏိုင္ခဲ့တာလည္းျဖစ္ၿပီး ဂိုးသြင္းဘုရင္ဆု ကာပိုကန္ႏိုန်ယ္ရီအတြက္ တတိယေနရာကို တက္ေရာက္ရပ္တည္ႏိုင္ခဲ့သလို သူ႔ကို ကန္ထုတ္ခဲ့တဲ့ ဖီအိုရင္တီးနားနဲ႔ ကက္ဂလီယာရီတို႔ရဲ႕ ဒူရွန္ ဗလာဟိုဗစ္ခ်္နဲ႔ ဂ်ာအို ပက္ဒ႐ိုတို႔နဲ႔အၿပိဳင္ ဂိုးေတြ သြင္းျပထားႏိုင္ခဲ့တာပါ။

အာဂ်င္တီးနား ယူ-၂၀ နဲ႔ ၂၀၁၅ ခုႏွစ္ ေတာင္အေမရိကလူငယ္ၿပိဳင္ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ဒီေယဂို ဆီမီယြန္နီကေတာ့ သူ႔အစား တြဲဖက္တိုက္စစ္မႉး အန္ဟဲလ္ ေကာ္ရီးယားကိုပဲ ေခၚယူသြားခဲ့တာေၾကာင့္ ဖခင္နဲ႔ အက္သလက္တီကိုလို အသင္းႀကီးမွာ လက္တြဲဖို႔ ဆႏၵ မျပည့္ဝခဲ့ရတဲ့ ဂ်ိဳဗန္နီအေနနဲ႔ လာမယ့္ႏွစ္ပိုင္းအတြင္းမွာ တိုက္စစ္မႉးသစ္ လိုအပ္ဖြယ္ရွိေနတဲ့ မက္ဒရစ္အသင္းနဲ႔ ပူးေပါင္းဖို႔နဲ႔ သားအဖ ဆုံစည္းဖို႔ အခြင့္အေရးေတြ ထပ္ရဦးမလားေတာ့ လက္ရွိေျခစြမ္းနဲ႔အတူ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.